ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Tuesday, May 23, 2017

ရက္ခိုင်အမျိုးသား အဖွဲ့ ချုပ်မှ “ အသိပေးနှိုးဆော်ခြင်း” ထုတ်ပြန်ချက် နှင့် ပတ်သက်၍



ရက္ခိုင်အမျိုးသား အဖွဲ့ ချုပ်မှ “ အသိပေးနှိုးဆော်ခြင်း” ထုတ်ပြန်ချက် နှင့် ပတ်သက်၍

ရက္ခိုင်အမျိုးသား အဖွဲ့ ချုပ်မှ “ အသိပေးနှိုးဆော်ခြင်း” ထုတ်ပြန်ချက်သည် မြန်မာပြည်အတွက် သတိပေး ဥသြဆွဲသံဖြစ်သည်။ မြန်မာ့ နိုင်ငံရေးတွင် တရုတ်၏ တိုက်ရိုက်စွက်ဖက်မှုကို ဗြောင်ပြသ ခြင်းလည်းဖြစ်သည်။ မြန်မာ့ပြည်တွင်းရေးကို  တရုတ်ကျောထောက်နောက်ခံပြု စစ်အာဏာရှင် နှင့် တရုတ်တို့ တို့ပူး ပေါင်း လုပ်ဆောင်နေသည့် လုပ်ရပ်များ အနက် နောက်ဆုံးပေါ် သက်သေလည်းဖြစ် ပါသည်။
တရုတ်အစိုးရသည်  ကွန်မြူနစ်တံဆိပ်ဖြင့် နိုင်ငံတော်အရင်းရှင်စံနစ်ကို ကျင့်သုံးနေသည့် အစိုး ရဖြစ် သည်။ အမျိုးသားအကျိုစီးပွါးကို ဦးစားပေး ပေါ်လစီအဖြစ်ကျင့်သုံးစဉ်မှ စ၍ကွန်မြူနစ်တို့၏ နိုင်ငံတ ကာ ၀ါဒကို စွန့်လွှတ်ဆန့်ကျင်ပြီးဖြစ်သည်။မြန်မာပြည်တွင် ပြည်သူလူထုကို ကမ္ဘာသိ အကြိမ်ကြိမ် ဖိနှိပ် အနိုင်ကျင့် သည့် စစ်အာဏာရှင်တို့ကို စီပွါးရေး အမြတ်ရလိုမှုတခုထည်းဖြင့် အဘက်ဘက်မှ အားပေးခါ ပြည်သူလူ ထုအပေါ် ဆက်လက်ဖိနှိပ်နိုင်ရေးအတွက် သိက္ခါကင်းမဲ့စွာ ကူညီအားပေးခဲ့ပေသည်။ မြန်မာပြည်ရှိ စစ်အာဏာ ရှင်တို့မှာ တရုတ်တို့၏ ကျွေးမွေးမှုအောက်ရှိ ကျွန်သာသာသာရှိနေပေသည်။
တရုတ်တို့၏ နိုင်ငံရေးအရစွက်ဖက်မှုသည် မြန်မာပြည် အနာဂါတ်နိုင်ငံရေးအတွက် များစွာ အန္တရာယ် များပါသည်။ ပါတီစုံ ဒီမိုကရေစီ စံနစ်ကို ပြန်လည် စတင် ကျင့်သုံးနေသည့် မြန်မာပြည်နိုင် ငံရေးစံနစ်၊ ဖက်ဒရာယ်စံနစ် ရည်မှန်းချက်တို့သည် တရုတ် အစိုးရပေါ်လစီနှင့် စပ်ဟပ်ခြင်း လုံးဝမရှိပါ။ သူတို့သည်  စစ်အာဏာရှင် တို့ကို သုံး၍ ပါတီစုံဒီမိုကရေစီ စံနစ်ကို ဖျက်ဆီးကြမည်သာဖြစ်သည်။  ထိုကြောင့်ပင် တရုတ်၏ သြဇာပြန့်နှံ့မှုသည် ဒီမိုကရေစီလိုလားသော မြန်မာပြည်သူအတွက် အန္တရာယ်များ လှပါသည်။ ထိုကြောင့် ဆန့်ကျင်ကြရမည်။ တရုတ်လူမျိုးဖြစ်သောကြောင့်မဟုတ် ကျင့်သုံးသောစံနစ်ကြောင့် ဖြစ်သည်။
မြန်မာပြည်ရှိ အခွင့်ထူးခံ စစ်အာဏာရှင်တို့သည် “အမျိုးသားရေး” “နိုင်ငံ့အရေး” ဟုပြောနေ သော်လည်း လက်တွေ့လုပ်ရပ်တို့မှာ တိုင်းပြည်ကို တရုတ်လက်အပ်ရေး၊ ကျွန်ခံရေး၊ ကိုယ်ကျိုးစီးပွါးကာ ကွယ်ရေး များသာဖြစ်နေသည်။ တိုင်းပြည်နှင့် ပြည်သူလူထူကို ချစ်မြတ်နိုးသူတိုင်း ကျရောက်နေသော တရုတ်သြဇာကို တားဆီးကြ၊ ဆန့်ကျင်ကြရ တော့ မည်။ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် ၏ နိုးဆော်ချက်ကို အ လေးထား တုန့်ပြန်ကြရတော့မည်။
တိုင်းပြည်တွင် လိုအပ်နေသည်မှာ ပြည်ပသြဇာကို တားဆီးနိုင်ရေးအတွက် “ပြည်တွင်းစည်း လုံး ရေး”ဖြစ်သည်။ စစ်တပ်နှင့် ပူးရသည့် “ရင်ကြားစေ့ရေး” မဟုတ် ပေ။ ပြည်တွင်းစည်းလုံးရေးအတွက် နိုင်ငံရေး အဖွဲ့အစည်းအားလုံး ညှိနှိုင်းအဖြေရှာရမည်။ လက်နက်ကိုင်အဖွဲ့များက တရုတ်ကြောက်ရပြီး၊ ပြည်တွင်းနိုင်ငံ ရေး သမားများ စစ်တပ်ကိုကြောက်နေရလျှင် ကျွန်တော်တို့ နိုင်ငံ၏ရှေ့ရေးသည် ကျွန်အ ဆင့် မဟုတ် သပေါက် အဆင့်မှ ပင် တက်စရာမရှိပေ။
တိုင်းပြည်၏ အခြေအနေမှန်ကို အမှန်အတိုင်းမြင်ကြပြီး ရဲရဲ ၀င့်ဝင့် ဆန့်ကျင်သင့်သည်တို့ကို ဆန့်ကျင် ရင်း တိုင်းပြည်စည်းလုံးရေးနှင့် အနာဂါတ်  နောင်လာနောက်သားများအတွက် အနစ်နာခံ ကြိုးပမ်းသင့်သည့် အချိန်ဖြစ်ကြောင်း ထပ်ဆင့်နိုးဆော်လိုက်ရပါသည်။
လွတ်လပ်မှုကို စောင့်ရှောက်ကြ။
တရုတ်သြဇာကို ဆန့်ကျင်ကြ။
ဒီမိုကရေစီ တော်လှန်ရေး မုချအောင်ရမည်။
ဦးအေးဆောင်
မေ ၂၄၊ ၂၀၁၇။

0 comments: