ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Sunday, December 11, 2016

စစ်တပ်၊ရဲတပ်ကို ကယ်တင်ကြလော့။




စစ်တပ်၊ရဲတပ်ကို ကယ်တင်ကြလော့။
ဒီဇင်ဘာ ၉ ရက်နေ့က သမတ ဦးထင်ကျော်လက်မှတ်နဲ့ ထုတ်တဲ့ ပြည်ထောင်စုလွှတ်တော် အမှတ် ၄၂   ဥပဒေက စစ်တပ်နဲ့ ရဲတပ်ကို ၀န်ထမ်းအဖြစ် အကျုံးမ၀င်ရလို့ ဆိုထားတယ်။ဒီဥပဒေဟာ   ထုတ်ပြန် ချက် ဟာ အဿုဘ ကိုမြေမြုပ်ခါနီး အမိန့်ပြန်ဌါန်းဖတ်သလို “ သင်သွားလိုရာသွားနိုင်ပြီ” လို့ ကျေညာလိုက် သလိုပါဘဲ။ စစ်ဗိုလ်ချုပ်တွေ ကြီးစိုးထားတဲ့ စစ်တပ်ရဲတပ် တွေ နိုင်ငံတော်နဲ့ မပတ်သက်တော့ ပြီဖြစ်ရာ လုပ်ချင်ရာ လုပ်ကြတော့ လို့ အခွင့်ပြုလိုက်တာဖြစ်တယ်။ စစ်အာဏာရှင်စံနစ်အောက်မှာ ဒီဥပဒေမရှိမီက တည်းက စစ်တပ်ရဲတပ်တွေ လုပ်ချင်ရာလုပ် နေတာ လည်း အများကသိနေပြီးသားပါ။
ဒါပေမဲ့ အခုလို ၀န်ထမ်းတာဝန်မထမ်းဆောင်ကြလျှင် စစ်တပ်ရဲတပ်က ဘယ်လို တာဝန်တွေ ထမ်းမှာ လည်း မေးရပေတော့မယ်။ စစ်တပ်ရဲတပ်တွေဟာ သူ့သက်ဆိုင်ရာ ဒါရိုက်တာနဲ့ ကုမ္ပဏီ တာဝန် သာ ထမ်းဖို့သာရှိ တော့တယ်။ဒါဆိုရင် သူတို့ကုမ္ပဏီက လစာထောက်ပံ့ကြေးကိုမှီပြီး စားကြရ ပါတော့ မယ်။ အဲတော့ နိုင်ငံတော် တို့၊ အမျိုးသားရေးတို့၊ အချုပ်အခြာအာဏာ တို့ထက် ကုမ္ပဏီပိုင်ရှင်နဲ့  ဒါရိုက်တာဆိုသူတွေခိုင်းတာသာလုပ်တော့မည်ဖြစ်ရာ နိုင်ငံတော်နဲ့ပြည်သူများကိုကာကွယ်စောင့်ရှောက်ရေး တာဝန်ကို ယူကြ တော့မည် မ ဟုတ် တာကြောင့် နိုင်ငံတော်နဲ့ ပြည်သူကလည်း ဘာမှအားကိုးလို့မရသလို ဘာမှလည်း ထောက်ပံ့ကူ ညီစရာမလိုတော့ပါ။
ပြည်လူထုက အကူအညီမပေးလို့ ဒီကုမ္ပဏီစစ်တပ်ရဲတပ်တို့က ဒီအတိုင်းနေကြမှာလား။ သူတို့ဟာ သူ့ပိုင်ရှင်ကြီးပွါးချမ်းသာရေးအတွက် ပြည်သူကိုရက်ရက်စက်စက်ဖိနှိပ်ကြတော့မယ်။ သွေးစုတ်ချယ်လှယ်အနိုင်ကျင့်ကြ တော့မယ်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေး၊အမျိုးသားလွတ်မြောက်ရေး တွေမှာ ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့တဲ့ စစ်တပ် ဟာ အခုတော့ ကိုယ်ပြည်သူကို ပြန်ဖိနှိပ်သွေးစုတ် အမြတ်ထုတ်တဲ့ စစ်တပ်ရဲတပ် အဖြစ် ပြောင်းလဲပြီး၊ ပြည်သူအပေါ် သစ္စာဖေါက် ကြတော့မလား။
နိုင်ငံတော်ကို တာဝန်မခံတဲ့ စစ်တပ်ရဲတပ်တွေဟာ နိုင်ငံတော်အရေး အမျိုးသားရေး၊ တရား ဥပဒေအရေး ဆိုတဲ့ စကားလုံးတွေကို သုံးပိုင်ခွင့် မရှိတော့သလို ဒီစကားလုံးတွေနဲ့ ပြည်သူအပေါ် အမြတ် ထုတ်ပိုင်ခွင့် မရှိတော့ဘူးဆိုကိုလည်း သိကြရမယ်။ မဟုတ်မမှန်သုံးစွဲလျှင်လည်း  တားဆီးဆန့်ကျင် ရတော့ မယ်။
တော်လှန်ရေး အဆင့်ဆင့်က ပေါက်ဖွါးလာတဲ့ပြည်သူ့ကျိုးပြုလက်နက်ကိုင်အင်အားစုကို နေ၀င်းစစ် အာဏာရှင်မျိုးဆက်တွေရဲ့တလက်ကိုင် ပြည်သူ့ဆန့်ကျင်ရေးတပ်အဖြစ်အဖြစ်ခံကြမလား။ ပြည်သူ တွေဟာ ပိုမိုကြီးမားတဲ့ဖိနှိပ်မှုဒဏ်ကိုခံကြရမည့်အန္တရာယ်ကျရောက်နေပါတယ်။ ပြည်သူတွေကိုကာကွယ် စောင့်ရှောက်တဲ့ ပြည်သူ့တပ်၊ ရဲတပ် အဖြစ် ပြန်လည် တည်ထောင်နိုင်ဖို့ လှည်းနေလှေအောင်း မြင်း ဇောင်းမကျန် အားစိုက်ခွန်စိုက် လုပ်ဆောင်ဖို့ အချိန်ကျ ပြီဖြစ်တယ်။
  ပြည်သူ့အကျိုးဆောင်ကြ။
စစ်အာဏာရှင်ကို တိုက်ဖျက်ကြ။
ဒီမိုကရေစီ တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
ဒီဇင်ဘာ ၁၁၊ ၂၀၁၆