ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, March 10, 2008

နအဖ ဆန္ဒခံယူပွဲကို အယုံအကြည်မရှိ

ရန်ကုန်တက္ကသိုလ်ကျောင်းသားများကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့က သတ်ဖြတ် ပြီး သမိုင်းဝင်ကျောင်းသား သမဂအဆောက်အဦးကို မိုင်းနှင့် ခွဲ၍ဖျက်စီးခဲ့သော အာဏာသိမ်း ဗိုလ်နေ၀င်းသည် သူ့အပစ်ကို ဖုံးကွယ်ပြည်သူလူထုကို လှုစားရန် ၆၃ ခုနှစ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်ပါ သည်၊ ထိုနောက်ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းခါ သူထင် သလိုစိုင်းပါတော့သည်၊
၁၉၈၈ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို ဗိုလ်စောမောင်က လူထောင်ချီသတ်ပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားများကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့က သတ်ဖြတ် ပြီး သမိုင်းဝင်ကျောင်းသား သမဂအဆောက်အဦးကို မိုင်းနှင့် ခွဲ၍ဖျက်စီးခဲ့သော အာဏာသိမ်း ဗိုလ်နေ၀င်းသည် သူ့အပြစ်ကို ဖုံးကွယ်ပြည်သူလူထုကို လှည့်စားရန် ၆၃ ခုနှစ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်ပါ သည်၊ ထိုနောက်ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းခါ သူထင် သလိုစိုင်းပါတော့သည်၊
၁၉၈၈ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ ဗိုလ်စောမောင်က လူထောင်ချီသတ်ပြီးနောက် လူထုကို ချွှေးသိပ်လှည့်စားရန် ရွေးကောက်ပွဲဆိုသည်ကို ၁၉၉၀ တွင် ကျင်းပပေးပါသည်၊ ထိုနောက် အနိုင်ရ ပါတီကို အာဏာမပေးဘဲမျက်နှာပြောင်စွာ နည်းမျိုးစုံဖြင့် ဖိနှိပ်ဖျက်ဆီး ပြန်ပါသည်၊
ယခုတခါ ၂၀၀၇ ခုနှစ်သြဂုတ်စက်တင်ဘာ သံဃာများအေးချမ်းစွာ လမ်းလျှောက် ဆုတောင်းသည်ကို ရက်စက်စွာ သတ်ဖြတ်လိုက်ပြီးနောက် ဗိုလ်သန်းရွှေသည် လူထုအမျက်ကို ဖျောက်ဖျက် လှည့်စားရန် အခြေခံဥပဒေအတွက် ဆန္ဒမဲပေးပွဲကို လုပ်ရန်ကြံစည်နေပြန်ပါပြီ၊ ထိုဥပဒေမှာလည်း သူတို့အကြိုက်ရေးထားသော ဥပဒေများသာဖြစ်ပါသည်၊
ဤသို့ယုတ်မာကောက်ကျစ်စွာ လှည့်စားလုပ်ဆောင်လေ့ရှိသောစစ်အာဏာရှင်အဆက်ဆက်တို့ကိုကျွန်ုပ်တို့ပြည်သူ့ လွတ်မြောက်ရေးတပ်ဦးက လုံးဝအယုံအကြည်မရှိ၊နည်းမျိုး စုံဖြင့် ဆန့်ကျင်သွားပါမည်၊
တိုင်းပြည်ပြဿနာကို မှန်ကန်စွာဖြေရှင်းလိုပါက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး။ စာနယ်ဇင်း လွတ်လပ်ခွင့်။ ဟောပြောစည်းရုံးခွင့် အပြင် တပြည်လုံးအပစ် အခတ် ရပ်စဲရေး။ နိုင်ငံရေး အဖွဲ့အားလုံးပါဝင်သော ပါတီပေါင်းစုံ ကွန်ဖရင့် ခေါ်ရေးတို့ကို လုပ်ဆောင် ရပါလိမ့်မည်၊
တခြားသော လုပ်ရပ်များမှာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး အတွက်ပရိယာယ်များ သာဖြစ်လေရာ ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ပြင်းထန်စွာ ကန့်ကွက် ပါသည်၊
၂၀၀၇ သြဂုတ်စက်တင်ဘာ ရဟန်းရှင်လူပြည်သူအပေါင်း ငြိမ်းချမ်းစွာ လမ်းလျှောက် ဆုတောင်းခြင်းကိုနအဖကရက်စက် ကြမ်းကြုတ်စွာ ပစ်ခတ်သတ်ဖြတ်မှုသည် မြန်မာ့သမိုင်း တွင် သာမက ကမ္ဘာ့ယဉ်ကျေးမှုသမိုင်းတွင်လည်း အကျည်းတန်လှသော ဖုန်းကွယ်လို့မရသည့် အမဲ စက်ကြီး ဖြစ်ခဲ့ပေရာ စစ်အာဏာရှင် သန်းရွှေ။ မောင်အေး။ ရွှေမန်းတို့ဂိုဏ်းကို ပြည်သူအပေါင်းက ထိုက်သင့်သော ဒဏ်ခတ်နိုင်ရေးအတွက် လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်၍ နအဖ ကိုအင်အားသုံးဖြုတ်ချရန်မှတပါး တခြားမရှိကြောင်း တင်ပြလိုက်ပါသည်၊

စစ်အာဏာရှင်စနစ်ဆိုးကို ၀ိုင်းတိုက်ကြ၊
တော်လှန်ရေး မုချအောင်ရမည်၊
ဒီမိုကရေစီမုချ ရရမည်၊

ဦးစီးကော်မီတီ
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊
မတ်လ ၇ ရက် ၂၀၀၈၊


ဆက်သွယ်ရန် - မင်းသစ် - ၀၈၇ ၅၇၁ ၇၁၅၅ ၊