ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Friday, June 28, 2013

လယ်ယာမြေ၊လုပ်ခလစာ၊ လွတ်လပ်မှု



လယ်ယာမြေ၊လုပ်ခလစာ၊ လွတ်လပ်မှု
“လယ်ယာမြေ၊ လုပ်ခလစာ၊ နဲ့ လွတ်လပ်မှု”ဟာ ဒီနေ့ ကျွန်တော်တို့ လိုအပ်နေတဲ့ အရာတွေ ဘဲ။ ကြွေးကြော်သံလည်း ဖြစ်သင့်တယ်။လယ်သမားတွေအတွက် လယ်ယာနဲ့ ကိုယ်ပိုင်မြေယာတွေဟာ ဘယ်တော့ လာသိမ်းမလဲ ပူနေရတဲ့ဘ၀က ပြည်သူတွေဟာ လွတ်မြောက်ချိန်တန်ပြီ။ဒီလိုဖြစ်နေရတာဟာ ကြံ့ဖွတ်အစိုးရ က မြေယာတွေအားလုံးကို “နိုင်ငံ တော်”နံမည်နဲ့ သူတို့ အပိုင် ရေးဆွဲထားတဲ့ဥပဒေကြောင့် ဘဲ။ ဒီလိုမျိုး မြေယာကိုချုပ်ကိုင်ပြီးလူထုအပေါ် အနိုင်ကျင့်တဲ့နည်းကို နေ၀င်းလက်ထက်ကစခဲ့တာဘဲ။ ၇၄ ဥပဒေကနေဒီနေ့၂၀၀၈ဥပဒေရောက်လာတာ ဖြစ်တယ်။နေ၀င်းခေတ်ကဆိုရှယ်လစ်ယောင်ယောင်နဲ့ သေနတ် မိုးသိမ်းခဲ့တာ။
စစ်တပ်၊ကုမ္ပဏီတွေ၊စစ်အာဏာရှင်အသစ်အဟောင်းတွေရဲ့ နောက်တော်ပါး ဆွေတော်မျိုးတော် တွေဟာ လယ်သမားတွေရဲ့ လယ်မြေတွေကို အာဏာရှင် ပီပီ စိတ်ကြိုက်ထင်ရာစိုင်း သိမ်းချင်သလိုသိမ်း ယူနေခဲ့ကြတယ်။ အခုတော့ စက်မှုဇုံလိုလို၊ စီးပွါးရေးဇုံလိုလို၊ စက်ရုံလိုလို၊စိုက်ကွင်းလိုလို၊ စစ်တပ်ပိုင်လိုလို အကြောင်းပြချက် အမျိုးမျိုးနဲ့သိမ်းနေကြပြန်ပါပြီ။လယ်သမားတွေဟာဘ၀ရှင်သန်ဖို့အခက်အခဲကြီး တွေရင် ဆိုင်နေရတယ်။ ဒါကြောင့်ဘဲ အဖမ်းခံ၊ အဆီးခံပြီး ထွန်တုံးတိုက်ပွဲ ကို ဒီနေ့ဆင်နွဲနေကြတာပါ။
ဘာကြောင့်လယ်ယာမြေတွေကို သိမ်းယူနေကြရပါသလဲ။ အရင်က မဆလ၊ နအဖ တွေက သူတို့ စစ်အာဏာတည်မြဲရေးအတွက်၊စစ်တပ်တည်ဆောက်ဖို့ ခေတ်နောက်ကျတဲ့ မြန်မာပြည်မှာလယ်ယာ တွေဆီ က ထွက်ကုန်ကို သွေးစုတ် အမြတ်ထုတ်ခဲ့တယ်။ လယ်ယာမြေသီးနှံတွေကို ချုပ်ကိုင်ရင်း သူတို့စစ်တပ် ကိုတည်ဆောက်ရတယ်။ လယ်သမားထုကို စစ်သားအဖြစ် စုဆောင်းအသုံးပြုနိုင်ရေးလုပ်ခဲ့တယ်။ အခု လည်းဒီ အတိုင်းပါဘဲ။ ပုံစံတွေတော့ပြောင်းတယ်၊ ကော်မီတီ၊ ကော်မီရှင် အမျိုးမျိုးနဲ့ လူထုကိုလှည့်စားထား တယ်။ စစ်အာ ဏာရှင် တွေရဲ့ အကျိုးစီးပွါးနဲ့ လယ်သမားတွေရဲ့ အကျိုးစီးပွါးက ဆန့်ကျင်ဘက်ဖြစ်တယ်။ စစ်အာဏာရှင်တွေ ကောင်းစားနေသမျှလယ်သမားတွေဆင်းရဲတွင်းနက်မြဲနက်နေမှာဘဲ။ဒုက္ခရောက်မြဲ ရောက်နေ  မှာဘဲ။ နိုင်ငံရဲ့ လူဦးရေ ၇၀% ရှိတဲ့ လယ်သမားအတွက် တိုက်ပွဲဝင်မလား ၊ လက် တ ဆုတ်စာ စစ်အာဏာရှင်တွေနဲ့ သူ့နောက် တော်ပါး တွေအတွက် လည်စင်းခံမလား ဆုံးဖြတ်ကြရမှာဖြစ်တယ်။
ကြံ့ဖွတ်အစိုးရဟာ မြေယာကိုချုပ်ကိုင်ပြီးကြီးစိုးတဲ့ မြေရှင် စစ်ပဒေသရာဇ် ဥပဒေပြဌါန်းထား တာ ကြောင့် လယ်သမားတွေ အတွက်၊ တိုင်းပြည်အတွက် ကောင်းစားစရာ အလားအလာ မရှိဘူး။ ဒီတော့ လယ်သ မားတွေအတွက် “လယ်လုပ်သူ လယ်ပိုင်ရေး” ဟာ လယ်သမားတွေ ရှင်သန်ရေးအတွက် မဖြစ်မနေ လို အပ်နေတယ်။တိုက်ပွဲဝင်ရမည့် အဓိကအချက်လည်းဖြစ်တယ်။စစ်အာဏာရှင်ထိပ်သီးတွေ ကိုယ်တိုင်ကမြေသိမ်းသူတွေ ဖြစ်နေတော့လယ်သမားတွေ မြေပြန်ရရေးမှာ တောင်းဆိုယုံနဲ့မရတာတော့ သေချာတယ်။ စစ်အာ ဏာရှင်တွေနဲ့ သူ့လက်ပါစေ၊ လက်ဝေခံတို့ဟာ သဘောကောင်း သလိုလို၊ စာနာသလိုလို ဟန်ဆောင်ပြပေမဲ့ လယ်ယာမြေ အားလုံးကို လယ်သမားတွေဆီ ပြန်ပေးဖို့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး ၊ သူတို့ဟာမြေကို ချုပ်ကိုင်ပြီးကြီးပွါးလာတဲ့ လူတွေမို့ဘဲ။ တကယ့်ပြည်သူ့အစိုးရမှသာ “လယ်လုပ်သူ လယ်ကိုင်းရေး”မူကိုကျင့်သုံး နိုင်လိမ့်မယ်။
“လယ်လုပ်သူလယ်ပိုင်ရေး”ဟာ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ဖြစ်တယ်။ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ဟာ ဓနရှင် စံနစ်ရဲ့ နုလုံးအိမ်ဘဲ။ အရင်းရှင် ဓနရှင် စံနစ်ကိုရှင်သန်အောင်အားပေးဖို့ဆိုရင် “ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်” ကို အသိအမှတ်ပြု ဖို့လိုပါတယ်။ ပဒေသရာဇ်ဆန်ဆန် မြေကိုချုပ်ကိုင်၊ စစ်တပ်ကို အားကိုးပြီး ဖိနှိပ်အုပ်ချုပ်နေ ရင်တော့ ပဒေသရာဇ်စံနစ်လည်း မပီ၊ ဓနရှင် စံနစ်လည်း မရောက် ဇော်ကန့်လန့်ဖြစ်ပြီး တိုင်းပြည်က တိုးတက် သင့်သလောက်မတိုးတက်သည့်အပြင် မြေယာမတရားသိမ်းမှုကြောင့် ပေါ်လာတဲ့ စစ်ပဒေသရာဇ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တိုးပွါးများပြား ပြင်းထန်လာပါလိမ့်မယ်။ သဘာဝအတိုင်းဘဲ မြေပေါ် အခြေပြုတဲ့ ပဒေသရာဇ် စံနစ်က ၊ ငွေပေါ် အခြေပြုတဲ့ ဓနရှင်စံနစ်အောက်ကျရှုံးသွားမှာဘဲ။
နှိုင်းယှဉ်ချက်အရ ငွေနဲ့လွှမ်းမိုးမှုက မြေယာကို ချုပ်ကိုင်တဲ့ လွှမ်းမိုမှုထက် “ကိုယ့်ကြမ္မာကိုယ် ဖန်တီး နိုင်တယ်” လို့ ထင်မြင်ယူဆကြလို့ဘဲ။ ပိုလွတ်လပ်လို့ဘဲ။ ပုဂ္ဂိုလ်ရေး အစွမ်းအစ ပို ပြသနိုင်လို့ဘဲ။ ဒီတော့ လွတ်လွတ်လပ်လပ် စိုက်ပျိုးထုတ်လုပ်နိုင်အောင် လယ်သမားတွေ အတွက် မြေယာရဖို့ တိုက်ပွဲ ၀င်ရမယ်။ စစ်မြေရှင် ပဒေသရာဇ်စံနစ်ကို ဖြိုချကြရမယ်။ ဒါမှသာ ဓနရှင် စနစ်ရဲ့ အရှိန်အဟုန် နဲ့ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်လာမယ်။ စီးပွါးရေး ဒီမိုကရေစီလွတ်လပ်ခွင့်တွေ လယ်သမားလူတန်းစားက ခံစားလာနိုင်လိမ့် မယ်။ တိုင်းပြည်လည်း ဖွံဖြိုးလာနိုင်မယ်။ ဆင်းရဲသားလျှော့နည်းမယ်။
လုပ်ခလစာ
လုပ်ခလစာဟာဘ၀ရပ်တည်ရေးအတွက်မဖူလုံရင်အကျင့်ပျက်ချစားတာတွေပေါ်လာမယ်။ ငွေပိုလျှံ ရက်နဲ့ လာဘ်စားသူတွေကိုတော့ ထည့်မတွက်ပါဘူး။လုပ်ခတွေဟာ လူတယောက်ရပ်တည်နိုင်ရေးအတွက် လုံလောက်တဲ့ လုပ်ခရသင့်ပါတယ်။ မရလို့ ကြပ်တည်းတဲ့ အလုပ်သမားတွေ ဆန္ဒပြနေကြတာက သတင်းထဲမှာ နေ့စဉ်လိုလိုဖြစ်နေတာလက်တွေ့ဘဲ။ကုန်ဈေးနှုန်းကြီးမြင့်တာကလည်းလုပ်ခနည်းသူတွေကို ထိုးနက် နေတော့ လုပ်ခအကြောင်းကို စဉ်းစားရင် စံနစ်အထိတက်လာစရာရှိတော့တယ်။
စံနစ်ကလည်း စစ်ပဒေသရာဇ် အုပ်စိုးသူဖြစ်နေတော့ ပြည်သူ့မျက်နှာကြည့်မှာ မဟုတ်ဘဲ အရင်း အနှီးလာစိုက်တဲ့ အရင်းရှင်တွေ အားရအောင် အလုပ်သမားတွေကို ဖိနှိပ်ပေးဖို့သာရှိနေတော့တယ်။ ဆုံးဖြတ် ချက်တို့ ၊ ဥပဒေတို့ ရှိပေမဲ့ကြံ့ဖွတ်အစိုးရရဲ့ငန်းငန်းတက် ဒေါ်လာရလိုမှုကိုသိတဲ့အရင်းရှင်တွေက ဘာမှ ဂရုမစိုက်ကြပါ။ ဒါကြောင့်ဘဲ အများဆုံးဥပဒေချိုးဖေါက်သူမှာ အလုပ်ရှင်တွေသာဖြစ်ကြောင်း သတင်းမှာပေါ် လာတော့တယ်။
တတိုင်းပြည်လုံး တပြေးတည်းညီ အခြေခံလုပ်ခလစာကို မသတ်မှတ်နိုင်သည့်တိုင် ယေဘုယျ သတ်မှတ်နိုင်အောင် ကြိုးပမ်းသင့်ပါတယ်။ သို့မှသာ အလုပ်သမားရော၊ အလုပ်ရှင်ပါ အခြေခံလုပ်ခလစာ ကကိုအခြေပြုပြီးတွက်ဆလုပ်ကိုင်နိုင်ပါလိမ့်မယ်။အလုပ်သမားများဘ၀ရပ်တည်ရေးခက်ခဲမှုကြောင့် ပေါ်လာ မည့် ပြဿနာများကို တွေးဆ ဆင်ခြင်သင့်ပြီးအလုပ်သမားအများစုအတွက်ရပ်တည်ဖြေရှင်းပေးသင့်တယ်။
လွတ်လပ်မှု
နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးလွတ်လပ်မှုတွေက ယနေပအထိမရှိသေးပါ။ နိုင်ငံရေးအရ လွတ်လပ် စွာ ဟောပြောစည်းရုံးခွင့်၊ စုဝေးခွင့် ၊ပါတီထောင်ခွင့်တွေ မရှိသေးပါ။ အားလုံးကို ကြံ့ဖွတ်အစိုးရ ယန္ဒယားက ချုပ်ကိုင်ထားစဲပါဘဲ။ သူတို့ရဲ့ခွင့်ပြုချက် မရက ဘာမှလုပ်ခွင့်မရှိပါ။စီးပွါးရေးမှာကြံ့ဖွတ်စစ်အာ ဏာရှင်တို့နှင့် မနီး စပ်သူများအတွက် စီးပွါးရေး အခွင့်အလမ်းနည်းပါးနေတယ်။ စီးပွါးရေးလုပ်ငန်းကြီးများ ကို  စစ်တပ်ပိုင်ဦးပိုင် လီမီတက် က လွှမ်းမိုးနေပါတော့တယ်။ တိုင်းရင်းသား ဓနရှင်များအတွက် စီးပွါးရေး အခွင့်အလမ်းနည်းပါးနေပြီး စစ်အာဏာအရိပ်မဲကြီးက ရှိမြဲရှိနေပါတယ်။ လူမှုရေးလွတ်လပ်မှု ဆိုရာမှာ လည်း စာသင်ကျောင်းများကို ကိုသင်ကြားမှုအထောက်အကူပြုပစ္စည်းများလှူတမ်းသည်ကိုပင်ချုပ်ချယ်ကန့် သတ်နေသည်မှာ လွတ်လပ်မှု ချို့ငဲ့ ခြင်းပြရုပ်ဖြစ်သလို ကြံ့ဖွတ်စစ်အာဏာရှင်တို့ ဟာ ပြည် သူလူထုအကျိုးထက်သူ့တို့သြဇာအာဏာထိပါးမည်ကိုသာစိုးရိမ်နေကြောင်း၊အာဏာပါဝါပြခြိမ်းခြောက်နေတာသာဖြစ်တယ်။ သတင်းလွတ်လပ်မှုပြဿနာကယနေ့အထိရှင်းရှင်းလင်းလင်းမရှိသေးသည့် ပြဿနာအဖြစ်တည်ရှိနေတုန်း။
လွတ်လပ်မှုရှိမှ စိတ်ကူးစိတ်သန်း၊ သိပ္ပံ၊အနုပညာ၊ လှုပ်ရှားမှု သွက်လက် မြန်ဆန်မည်ဖြစ်သလို တိုးတက်မှု တို့၏ ရေသောက်မြစ်လည်းဖြစ်ပါတယ်။ ပိတ်ပင်တားဆီးခံထားရတဲ့ ရာစုနှစ်ဝက်အတွင်း ဘယ် လေက်ဆင်းရဲ၊ဘယ်လောက်အောက်တန်းကျ၊ဘယ်လောက်ချို့ငဲ့ခဲ့ရသလဲဆိုတာကို ပြန်ကြည့်ရင်သိနိုင် ပါ တယ်။  အထွေထွေ လွတ်လပ်မှုအတွက် ကျွန်ုပ်တို့တတွေ ဆက်လက်ကြိုးပမ်း တိုက်ပွဲဝင်သွားရဦးမည် သာ ဖြစ် တော့တယ်။“ လယ်ယာမြေ၊ လုပ်ခလစာ၊ လွတ်လပ်မှု။”
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ပြည်သူ့အကျိုးကို သယ်ပိုးကြ။               
စစ်အာဏာရှင်စံနစ်ကျဆုံးရမယ်။

ဦးအေးဆောင်
ဂျွန် ၂၈ ၊ ၂၀၁၃။