ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Sunday, November 22, 2015

ရွေးကောက်ပွဲအပြီး နိုင်ငံရှေ့ရေး



ရွေးကောက်ပွဲအပြီး နိုင်ငံရှေ့ရေး

ဒီမိုကရေစီမင်းသမီးကြီးရဲ့ ကကွက်တွေကို လူကြိုက်များတဲ့အတွက် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ သူကမဲအပြတ်နဲ့နိုင်တော့ ပြည်သူတွေရဲ့ အိမ်မက်တွေ မျှော်လင့်ချက်တွေ ပြန်လည်နိုးထ တော့မယောင် နဲ့ ပျော်မြူးပြီး စိတ်ကူးစိတ်သန်းအသစ်လေးတွေ ပေါ်ပေါက်နေတာကို မြင်ရတော့ စာနာထောက်ထားပြီး အား ပေးချင်စိတ်ကို နိုးဆွစေခဲ့ပါတယ်။
ရာစုနှစ်တ၀က်ကျော် စစ်အာဏာရဲ့ ကြီးစိုးမှုအောက်မှာ ဖိနှိပ်မှုအမျိုးမျိုး၊ ကောက်ကျစ်မှုအမျိုးမျိုး၊ လိမ် လည်မှု အမျိုးမျိုး တွေကြောင့် ပြည်သူတွေအနေနဲ့ စစ်အစိုးရအပေါ်ယုံကြည်စိတ်တွေ ပျက်ပြားနေခဲ့ ရတယ်။ ရွေး ကောက်ပွဲရလာဒ်ဆိုတာကလည်း ၉၀ ပြည့်နှစ်ကအစ စစ်အာဏာရှင်လက်ထဲက နှံပြည် စုတ်ငှက်က လေး လို အသေအရှင်က သူတို့ပေါ်ဘဲတည်နေခဲ့ရတယ်။ အခုလည်း ရထားတဲ့ ရလာဒ်ကို တကယ် ကောင်အထည်ဖေါ်ပေးဖို့အရေး ဆိုင်ရာ ပိုင်ရာတွေ၊ နိုင်ငံခြားသြဇာတွေ၊ မျက်နှာချို သွေး ရမှုတွေနဲ့ ကျား ကန်နေရတာကလည်း  သံသယစိတ်ကို မပွါးဘဲ မနေနိုင်ခဲ့ပါဘူး။တကယ်တော့လည်း ပြည်သူတွေရဲ မဲဟာ အမှတ်တံဆိပ်တခုသာဖြစ်နေပြီး အထဲက ပစ္စည်းမှန်မမှန်က အပြန်ပြန်အလှန် လှန်စစ်ယူရဦးမည့် ကိစ္စတွေ ရှေ့မှာ တန်းစီနေပါတော့တယ်။
မနေ့တနေ့က ဗိုလ်သန်ရွှေမြေး ဖိုးလပြည့် ဒေါ်စုနဲ့တွေ့တယ် ဆိုတာဟာ အကာင်းမြင်စရာတွေ၊ အဆိုး မြင်စရာတွေ ပေါ်လာနိုင်စေခဲ့ပါတယ်။ဒါဟာ ဗိုလ်သန်းရွှေရဲ့ နိုင်ငံရေးပရိယာယ်ရွေ့ကွက်ပါ။သေချာတာက ဒေါ်စု အနေနဲ့ လစ်ဘရာယ်ကျကျ တုန့်ပြန်ဖို့ကများပါတယ်။  အာဏာဟာ မြန်မာပြည်မှာ ပုဂ္ဂိုလ်ရေးပေါ် တည် နေခဲ့တာ ကြာခဲ့ပါပြီ။ အခုကော ပုဂ္ဂိုလ်ရေးပေါ် တည်တုန်းဘဲမို့ နိုင်ငံ့သြဇာရှိပုဂ္ဂိုလ်တွေ လှုပ်ရှားပုံကို အကဲခတ်ကြည့်ရင် သိနေဦး မှာ ပါ။ဒီမိုကရေစီရဲ့ စံနှုန်းက ဤမှာတင်ကျပါတော့တယ်။ ဒါကို ပြည်သူတွေ စီစစ်ကြည့် တတ်ဖို့လိုနေတယ်။ ဒီအတွက် ပြည်သူ့ဘက်ကရပ်တည်မည့် သူတွေက မျက်စေ့ဒေါက် ထောက်ကြည့်၊ ကြိုတင် ပြောဆိုဝေဖန်ကြဖို့ အသင့်ပြင်ထားသင့်ပါတယ်။
ဒေါ်စုကတွေ့ချင်ပါတယ် ဆိုတဲ့ ဗိုလ်သိန်းစိန်နဲ့ ဗိုလ်မင်းအောင်လှိုင်တို့ တုန့်ပြန်မှုကလည်း ကစားကွက် တခုဖေါ်နေတာကို တွေ့နိုင်တယ်။ ဗိုလ်သိန်းစိန်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ စည်းရုံးတာ၊ NCA လုပ်ငန်းမှာ နိုင်ငံရေးပါတီက လူတွေနဲ့ စုဖွဲ့ပေးပြီး ချည်နှောင်လိုက်တာကလည်း ဒေါ်စုရဲ့ အာဏာကို ကန့်သတ် လိုက်သလို လူမွေးသြဇာထူထောင်လိုက်တာဖြစ်နေတော့ အခုကတည်းက အားပြိုင်နေတာကို တွေ့နိုင်ပါတယ်။ တကယ်ဆို ဒီအလုပ်တွေဟာ နောက်လာမည့် အစိုးရက လုပ်ဆောင်ရမည့် အလုပ်တွေ မဟုတ်ပါလား။ဒီလုပ်ရပ်က ပြည်တွင်းနိုင်ငံရေးရော၊ တောတွင်းလက်နက်ကိုင် တွေကိုပါချုပ်ကိုင်ဖို့ စစ်အာ ဏာရဲ့ခြေကုတ်ယူလိုက်တာပါ။
ပြည်တွင်းနိုင်ငံရေးမှာ တိုးတက်ဂိုဏ်နဲ့ ဖေါက်ပြန်ဂိုဏ်းရှိနေမှာဖြစ်ပြီး စစ်အာဏာရှင် အလိုတော်ရှိ၊ ပေါင်း စားမည့် ဖေါက်ပြန်ဂိုဏ်သားတွေများမှာကတော့ ခလေးတွေကအစတွက်တတ်တာမှာပါ။ ဒီတော့ ပြည် တွင်းရှိ တိုးတက်ဂိုဏ်တွေက အောက်လက်က ခွပ်ရကိန်းကြုံနေမှာပါ။ ဒေါ်စုကလည်း ပင်းချင်းပင်းရင် ဖေါက်ပြန်ဂိုဏ်းဘက်ပင်းနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူကမီးခိုးဗုံးလို့လက်ပံတောင်း ကိစ္စမှာ ပြောခဲ့လို့ဘဲ။ အခုလည်း စစ်ဗိုလ်ချုပ် အဟောင်း အသစ်တွေကို မျက်နှာချိုသွေးနေလို့ဘဲ။ဒါကြောင့် တိုးတက်ဂိုဏ်းတွေအနေနဲ့ ပြည်သူတွေ ဘ၀တိုးတက် ရှင်သန်ဖို့ ဖေါက်ပြန်ဂိုဏ်းကို ဆန့်ကျင်ရင်း၊ စစ်အာ ဏာထောက်တိုင်တွေကို ရဲရဲရင့်ရင့် အနစ်နာခံတိုက်ပွဲဝင်ရင်ဆိုင် ဖယ်ရှားရမည် တာဝန်တွေရှိ လာနိုင် တယ်။ပိ လာ နိုင် ပါတယ်။ဒါပေမဲ့ လူထုရဲ့ နိုင်ငံရေး နိုးကြားလာမှုနဲ့ ဒီမိုကရေစီ ရောင်ခြည်လေး သန်းလာတာ၊နည်းပညာသစ်တွေက သတင်းပြန့်နှံ့ရေး၊ အသိဖလှယ်ရေး၊ စုစည်းရေးတွေက တိုက်ပွဲကို များစွာ အထောက်အကူပြုနေပါလိမ့်မယ်။ ပြီးခဲ့တဲ့ ရွေးကောက် ပွဲရ လာဒ်ကလည်း လူထုစစ်အာဏာရှင် အုပ်စု ကြံ့ဖွတ်ကို ဘယ်လောက်ရွံမုန်းတယ် ဆိုတာပြသခဲ့လို့ဘဲ။
အခုတော့  အင်တာနက်မှာ ဖက်ရတဲ့စာထဲကလို ရန်သူစစ်အာဏာရှင်တွေက ခြေဥရယ်၊ ရွေးကောက် ပွဲ ရယ်၊ ဒေါ်စုရယ် ရသွားတော့မည့်ပုံတွေတွေ့နေရတယ်။ လက်ငင်းတော့ မြေပေါ်တိုက်ပွဲမှာ ၂၀၀၈ ခြေဥ ဖျက်သိမ်းရေး၊ စစ်အာဏာရဲ့ ထောက်တိုင်တွေ ပယ်ဖျက်ရေးကို ဒေါ်စုနဲ့ နောက်လွှတ်တော်က ဟန်ပြလုပ်၊ အချိန်ဆွဲရင်း စစ်အာဏာသက်ဆိုးရှည်စေမှာဖြစ်ပါတယ်။
 စစ်ပဒေသရာဇ် စံနစ်ကအရင်းရှင်စံနစ်ကို ကူးပြောင်းရာမှာ အရင်းရှင်စံနစ်ရဲ့ လက္ခဏာဖြစ်တဲ့ တရားမျှ တာတဲ့ရွေးကောက်ပွဲနဲ့၊ ပုဂ္ဂိလပိုင်ဆိုင်ခွင့် ( လယ် လုပ် သူလယ်ပိုင်ခွင့်) နိုင်ငံရေးလွတ် လပ်ခွင့် တွေ၊တန်းတူအခွင့်အရေးရပိုင်ခွင့်တွေ အပြည့်အ၀ရရှိရေး တိုက်ပွဲ တွေဟာ ကျွန်တော်တို့ ကိုယ်တိုင် မဖြစ်မနေလုပ်ဆောင်နေရဦးမည့်တိုက်ပွဲတွေ ဖြစ်မြဲ ဖြစ်နေမှာပါ။
စစ်အာဏာရှင်စံနစ်က မြန်မာပြည်မှာ ပျောက်သွယ်တာမဟုတ်ဘဲ ဒေါ်စုခေတ်မှာလည်း ပုံစံတမျိုးနဲ့ ရှင်သန်ကြီးထွါးရင်း ပြည်သူတွေအပေါ် သဏ္ဍာန်သစ်နဲ့ ဆက်လက်သွေးစုတ်နေဦးမှာဖြစ်လို့ အနီးဆုံးဘူ တာဖြစ်တဲ့  အရင်းရှင် ဒီမိုကရေစီ စံနစ် အပြည့်အ၀ ခံစားနိုင်ရေးအတွက် အဖိနှိပ်ခံ လူတန်းစားများက ဆက်လက်တိုက်ပွဲ ၀င် သွားရမှာသာဖြစ်ပါတယ်။
စစ်အာဏာရှင်စံနစ်ကို ၀ိုင်းတိုက်ကြ။
ဖေါက်ပြန်ဂိုဏ်းကို ဆန့်ကျင်ကြ။
လူထုအစိုးရ ပေါ်ထွန်းရမည်။
ဦးအေးဆောင်
နိုဝင်ဘာ ၂၃၊ ၂၀၁၅။



Saturday, November 14, 2015

တော်လှန်ရေးဟာ မြန်မာပြည်မှာ လိုအပ်မြဲ လိုအပ်နေတယ်။



တော်လှန်ရေးဟာ မြန်မာပြည်မှာ လိုအပ်မြဲ လိုအပ်နေတယ်။

ကြာပြီ ဆိုတော့လဲ မေ့လောက်ပါပြီဆိုတဲ့ သီချင်းစာသားလို ၁၉၉၀ ခုရွေးကောက်ပွဲရလဒ် က လွန်ခဲ့တဲ့ ၂၅ နှစ်ကဆိုတော့ မေ့လောက်ပါပြီ၊ အခုလောက်ဆို ၉၀ ခုရွေးကောက်ပွဲ အကြောင်း သိသူ တော်တော်များများလည်း ကွယ်လွန် သွားကြတာတွေလည်းရှိမယ်။ ဒီတော့ ၃၀ ပတ်ဝန်း ကျင်ရှိသူတွေ သတိရဖို့ ခက်ကောင်းခက်နေမယ်။ လက်ငင်း ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်ကလည်း စိတ်ကို လှုပ်ရှား စေနိုင်တော့ အတိတ်မေ့ ပြီး အပျော်ကျူး တာကို ဘာမှလည်း အပြစ်တင်စ ရာမရှိ ပါ။ဒါပေမဲ့ အရက်မူးလို့ သောကက ပျောက်ရိုး မရှိပါ။
၉၀ ခုနှစ်ရေးကောက်ပွဲ၊ ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ၊ တွေ နိုင်ခဲ့လို့ ပြည်သူတွေ ဘာတွေ ထွေထွေထူးထူး သက်သာ တိုးတက်နေခဲ့ရသလဲ။အခု ၂၀၁၅ ရွေးကောက်ပွဲတွေနိုင်တော့ ကော ဘာတွေမျှော်လင့် နိုင်မလဲ၊ အတိတ်က ဖြစ်ခဲ့တာတွေကို အခြေခံ ကြည့်ရင် သိပ်တော့ ၀မ်းသာစရာ မရှိနိုင်ပါ။ လူထုအနေနဲ့ စစ်အာဏာကို ရွံမုန်းကြောင်း ပြသတဲ့ ပြကွက်တခု ဖြစ်ခဲ့တာမှန်ပေမဲ့ လူထုရဲ့ ဆန္ဒကို ပြည့်ဝဖို့ရန်မှာ ဆူးခင်းလမ်းနဲ့ မိုင်ကွင်းလမ်းများကိုသာ ရှေ့မှာ တွေ့နေရပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ယေဘုယျအားဖြင့် ဒေါ်စုရဲ့ အောင်ပွဲ လို့သာ မှတ်ယူနိုင်တယ်။ NLD ပေါ်လစီအောင်ပွဲလို့ ပြောရဖို့က ချထားတဲ့ လုပ်ငန်းတွေရဲ့ အကောင်အထည် ဖေါ်နိုင်မဖေါ်နိုင်တာကို ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ဒီတော့ ဒေါ်စုကို မူတည်ပြီး စဉ်းစားဖို့လိုလာတော့တယ်။ ဒေါ်စု အနေနဲ့ ဖိနှိပ်သွေးစုတ်တဲ့ စစ်အာဏာရှင်ကို တိုက်ဖျက်ရေး မလုပ်မှာသေချာပါတယ်။ သူက စစ်အာဏာရှင်တိုက်ဖျက်ရေးနဲ့ စစ်တပ်ဖြိုချရေး ကို ခွဲခြားမမြင်တော့ဖေဖေ့ စစ်တပ်လို့ဘဲ တွေးမယ်။ အနောက်တိုင်းက လက်ဖွါရေး ၀ါဒအတိုင်း ရန်သူနဲ့ အပေး အယူလုပ် စေ့စပ်ရင်း တော်လှန်ရေး အစား တရွေ့ရွေ့ ပြောင်းလဲရေး ကိုဘဲ ဦးတည်နိုင်ပါတယ်။
တိုင်းပြည်ကို စစ်အာဏာရှင်တွေက ကြီးစိုးမင်းမူ နေပုံက နံမယ်အမျိုးမျိုး၊ ဥပဒေအမျိုးမျိုး၊ သူတို့ချုပ်ကိုင်ထားတဲ့ ရွေးကောက်ပွဲအမျိုးမျိုးတွေဟာ သူတို့အာဏာကို နှစ်ပေါင်းများစွာ တရွေ့ရွေ့ ထိန်းသိမ်းသွားဖို့သာဖြစ်တယ်။ ဒီတော့ တရွေ့ရွေ့ ဖြစ်စဉ်၊ ရွှေပြည်အေးတရား၊ စတော့ဟုမ်းရောဂါ တွေ၊ နငယ် အမြီး အတိုအရှည် အပြောင်းအလဲတွေ ဟာ လက်ရှိအုပ်ချုပ် နေသူ သက်ဆိုးရှည်ရေးကို အားပေး နေမှာ အမှန်ပါဘဲ။
ပြည်သူလူထုတွေဟာ စောင့်ဆိုင်းနေရတာ ကြာပါပြီ၊ သူတကာနဲ့ နှိုင်းယှဉ်လျှင်လည်းအောက်တန်းနောက်တန်း သိပ်ကျ၊ ဆင်းရဲတွင်းနက်၊ စာရိတ္တတွေ ပျက်၊ ဘ၀လုံခြုံမှုတောင် မရှိတဲ့ အခြေအနေမှာ နောက်ထပ် နှစ်တွေဘယ်လောက်စောင့်နီုင်တော့မှာလဲ။ တိုင်းပြည်မှာ လူငယ်တွေ ဘယ်ရောက်ကုန်ပြီလဲ နေသာထိုင်သာရှိမည့် တိုင်းပြည်ဖြစ်ဖို့ ဒီ တိုင်းပြည်နဲ့ ပြည်သူလူထုကို ဖိနှိပ် သွေးစုတ် အနိုင်ကျင့်တဲ့ စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေး ကို အလျှင်အမြန်လုပ်ဖို့လိုတယ်။ အဓိပါယ်မရှိတဲ့ အပေါ်ယံအပြောင်းအလဲတွေ၊ ဟန်ပန်တွေ၊ အဆောက်အုံတွေ၊ အ၀တ်အစားတွေဟာ ပြည်သူတွေရဲ့ ထမင်းပုဂံထဲ ထမင်းတဆုတ် မတိုးစေခဲ့ရင် အလကားပါဘဲ။
ဒီတော့ လူထုဆန္ဒ ကပေါ်လာတဲ့ ရွေးကောက်ပွဲရလာဒ်လှိုင်းလုံးပေါ်မှာ တော်လှန်ရေးအမြင် တပ်ဆင်ပြီး စစ်အာဏာရှင် တိုက်ဖျက်ရေး၊ စစ်အာဏာရှင်နဲ့ အပေးအယူလုပ်၊ပြည်သူကို ခွစီးသွေးစုတ်ဗိုလ်ကျချင်တဲ့ သူတွေ၊ စစ်အာဏာရှင်ကိုကြားကန်ထားတဲ့ ထောက်တိုင်ဥပဒေတွေ၊ မြေယာသိမ်းမှုတွေ၊ မတရား ဖိနှိပ်မှုတွေ ကို လူထုအားနဲ့ အမြန်ဆုံး တိုက်ဖျက်ဖြိုချကြရမှာပါ။
လူထုတွေ အနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်လိုပေမဲ့ NLD ကလွှဲလို့ တခြားရွေးချယ်စရာ မြေပေါ်မှာ မရှိတာ လည်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အားနည်းချက်ဘဲ။ ဒါကို ဖြည့်ဆည်းဖို့ တိုးတက်တယ်လို့ ကိုယ့်ကိုယ်ကိုယူဆကြတဲ့ ကျွန်တော်တို့လို ပညာတတ်တွေမှာ လုံးဝတာဝန်ရှိပါတယ်။ ဒီတာဝန်ကို ဒီနေ့ခေတ် သမိုင်းပေးတာဝန်အဖြစ်နဲ့ ပညာတတ်တွေဟာ မဖြစ်မနေလက်တွေ့ကျကျ ထမ်းဆောင်သင့်ပါတယ်။
တိုင်းပြည်နဲ့ ပြည်သူတွေကို ဒိထက် ပိုမိုမနစ်နာစေသင့်တော့ပါဘူး။အားလုံးနိုးနိုးကြားကြား ထထကြွကြွ လုပ်ဆောင်သင့်ပါတယ်။
စစ်အာဏာရှင်စံနစ်ကို ၀ိုင်းတိုက်ကြ။
ပြည်သူ့ အစိုးရထူထောင်ကြ။
တော်လှန်ရေးမုချအောင်ရမယ်။

ဦးအေးဆောင်။
နိုဝင်ဘာ ၁၂၊ ၂၀၁၅၊