ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, October 13, 2012

လတ်တလော KNU အရေး



လတ်တလော KNU အရေး
 ဖါးအံမှာ ဆက်ဆံရေးရုံး ဖွင့်ခြင်းနှင့်ပတ်သက်ပြီး KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ KNU စစ်ဦးစီး ချုပ်လုပ်သူ တို့ အကြားအကွဲ အပြဲ ဖြစ်ကြတာကို အားလုံးသိပြီးဖြစ်မှာပါ။ ဖြစ်နေတဲ့ ပြဿနာတွေက ကြာခဲ့ ပေမဲ့ အခု ဆက်ဆံရေးရုံးကိစ္စမှာ ထိပ်တက်လာခဲ့ကြတာပါ။ ဒီဖြစ်ရပ်က ဒီနေ့ မြန် မာပြည်  နိုင်ငံရေးကို ထင်ဟပ် နေလို့ လေးနက်တဲ့ သုံးသပ်ချက်တွေ လိုနေတော့တယ်။
ဒီနေ့ မြန်မာပြည်က နိုင်ငံရေး ပါတီအဖွဲ့အစည်းတိုင်းလိုလို ဖြစ်နေတာဖြစ်တယ်။ ပြဿနာရဲ့ အ ရင်း အမြစ်ဟာ လမ်းစဉ် ပြဿနာဖြစ်နေပေမဲ့ လမ်းစဉ်ပေါ်လစီ ဆိုတာတွေကို အလေးအနက်ထား လုပ် ဆောင်တာ မရှိသ လောက် ဖြစ် နေတယ်။ ဒီလိုဖြစ်ရတာက နိုင်ငံရေး လေ့လာမှုအားနည်းလို့ဘဲ။ အား နည်းတော့ အထင်ကြီးစရာဖြစ်တဲ့ အင်အား ကြီးသူ၊ နံမည်ကြီးသူ၊ ငွေများသူတွေနောက် လိုက်ရင်း  “နိုင်ငံ ရေးဆိုတာ လည်သူစားစတမ်း” ဆိုတဲ့ မူ လောက်နဲ့ လုပ်နေကြလို့ဘဲ။ ခေါင်းဆောင်ပိုင်းတွေမှာက အဓိက တာဝန်ရှိပါတယ်။
လမ်းစဉ်ပေါ်လစီ “မူ” အကြောင်းပြောရင် “လူ”အကြောင်းကို အဓိကထားလို့ မဖြစ်ပါ။“မူ” ချပြီးရင် လူက နောက်က အပီလိုက်ရမှာပါ။ ဒါပေမဲ့ ချတဲ့ “မူ”ကိုက မရှင်းရင် လူကလိုက်ဖို့ ခက်ပါတယ်။ ဒီတော့ “လူ”ဘက် ပြန် လှည့် သလိုဖြစ်ဦးမယ်။ ဟုတ်ပါတယ်။ မူရှိတဲ့ လူကို ရွေးပြီးလုပ်ရမှာပါ။ မူမရှိတဲ့ လူနဲ့ မလုပ်ရပါဘူး။ မူရှိတဲ့ လူ ဖြစ်ပြန်ရင်လည်း တူတဲ့မူကို ကိုင်စွဲသူနဲ့သာ အတူလုပ်လို့ရပါတယ်။ ဒါဟာ ပြတ်သား တဲ့ သဘောဆောင်တော့ ခေါင်းဆောင်စုကလူနည်းချင်နည်းမယ် လူထုတွေက ကြိုက်မယ်။ ဖေါက်ပြန်တဲ့ ခေါင်းဆာင် ဆိုသူ တွေကကြိုက်မှာမဟုတ်ဘူး။ မူကို အရေးထားရင်၊ ယုံကြည်ရင် ခေါင်းဆောင် နည်းတာ များတာ အရေးမကြီးတော့ဘူး။ ဒါက လစ်ဘရာယ်ဝါဒနဲ့ ကွဲပြားတဲ့ အချက်ပါ။လစ်ဘရာယ်ဆန်ဆန် ဖြေရှင်းခဲ့ တာတွေက ကင်ဆာလို လှိုက်စားတတ်ပါတယ်။
KNU မှာ လက်နက်ကိုင်တိုက်ပွဲ လမ်းစဉ်နဲ့ ပတ်သက်ပြီး ယုံကြည့်မှု မရှိသူတွေ ရှိနေတာကြာလာပြီ်။ ဒါကို မရှင်းထုတ်နိုင်ဘူး၊ သတ်ဖြတ်ဖို့လိုတယ်လို့ မဆိုလိုပါဘူး၊ ခေါင်းဆောင်ပိုင်းမှာ မထားရပါဘူး။ လက်နက် ကိုင် လမ်းစဉ်ကို မယုံတော့ ရင်လည်း မယုံဘူးကွာ မလုပ်ဘူး ဆိုပြီး ဘေးထွက်ထိုင်ရမှာပါ၊ ဒီလိုလည်း မ ဟုတ်ပြန်ဘူး။ ခေါင်းဆောင်တွေက ကိုင်တွယ်ရမှာ ဖြစ်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် မကိုင်တွယ်နိုင်ဘူး ဆိုတော့ ခေါင်း ဆောင်ပိုင်းမှာဘဲ တာဝန်ပြန်ရှိတယ်။
ဒီနေရာမှာ ဗကပမှာဖြစ်ခဲ့တဲ့ ကိုးကန့် ပြဿနာရဲ့ ခါးသီးတဲ့ အတွေ့အကြုံကို သင်ခန်းစာ ယူဖို့လို တယ်။ ဗကပက အချိန်မှီကာကွယ် တားဆီးလို့ရနီုင်တယ်၊ ဒါပေမဲ့ သွေးထွက်သံယို တ ချို့ ဖြင်္စ နိင်တယ်။ ဗကပက မ လုပ် ခဲ့ တော့ နောက်ပိုင်း ၀ နယ်တွေအထိတက်လာပြီး ဒီနေ့ ဗကပရဲ့ အခြေအနေကို ရောက် ရတာကို အ လေးအနက် ထားလေ့လာသင့်တယ်။ အခုလည်း လက်နက်ကိုင် တိုက်ပွဲ လမ်းစဉ်ပေါ်မှာ KNU က ကွဲနေခဲ့တာပါ။
လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကိုအားနည်းစေတဲ့“ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး ” ဆိုတာရှိတယ်။ ဒီနေ့ ကြံ့ဖွတ်စစ်အအာဏာရှင်တွေက ၆၂ ၊ ၈၈ တွေရဲ့ စစ်အာဏာရှင်မျိုးဆက် တွေပါ။ လက်နက်နဲ့ အာဏာသိမ်းပြီး ကြီးစိုးနေတာ ဖြစ်လို့  နိုင်ငံရေး ပြဿနာမဟုတ်တော့ဘဲ “ လက်နက်အားကိုး စစ်အာဏာ ကြီးစိုးတဲ့ ပြဿနာဆိုတာကိုေ၀၀ါးသွားစေနေပါတယ်။ နိုင်ငံရေးနည်း၊ လူထုနည်း ဆို တာတွေ ကို လက်နက်နဲ့ ချေမှုန်းပြီး စစ်အာဏာထူထောင်ထားတာ ကြာပါပြီ။
“ဆွေးနွေးရေး” နဲ့“ ငြိမ်းချမ်းရေး”ဟာ တခြားစီပါ။ ဆွေးနွေးပွဲတွေက တဘက်ရဲ့ အားနည်းချက်ကို ရှာဖွေ အမြတ်ထုတ်ဖို့ပါဘဲ။ ဗီယက်နမ်စစ်ပွဲတုန်းက ပဲရစ်မှာ အမေရိကန်နဲ့ ဗီယက်နမ် ဆွေးနွေးကြပါတယ်၊ တိုက်ပွဲ တွေကလည်း တချိမ်းချိမ်းဗီယက်နမ်မှာ ဖြစ်နေတာပါဘဲ။ နောက်ဆုံး ဆိုင်းဂုံဗီယက်ကောင်း လက်ထဲ ကျသွားမှ ပဲရစ် ဆွေးနွေး ပွဲလည်း အလိုလို ရပ်သွားတော့တယ်။ ဒီတော့ ဆွေးနွေးပွဲရဲ့ သဘော သဘာဝကို သိသင့်ပါတယ်။
 ဒီမှာတော့“ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ”လို့ ခေါ်ပြီး ကိုယ့်အလုပ် က ဘာလဲဆိုတာကို မေ့နေကြတယ်။ ရန်သူကြံ့ဖွတ်က သူ့ ဗဟိုချုပ်ကိုမှု  လမ်းညွှန်မှု(လမ်းစဉ်မဟုတ်) အောက်က အမိန့်အတိုင်း အကောင် အ ထည် ဖေါ်ပြီး၊ စစ်အာဏာကို လှပအောင် ဖန်တီးနေတယ်။ မြန်မာပြည်က ဆွေးနွေးပွဲတွေက လက်နက်ချ ဖို့ ဈေးဆစ်နေတာနဲ့ တူနေတယ်။
ကြံ့ဖွတ် စစ်အာဏာရှင်တွေရဲ့ “စေ့စပ်ရေး ထိုးစစ်” အောက်မှာ ကျွန်တော်တို့တော်လှန်ရေးတွေ ဘက်က နိုင်ငံရေး အားနည်းတော့ လမ်းစဉ်မရှင်းတာ၊ ရန်သူအပေါ် မပြတ်သားတာ၊ ဗဟိုချုပ်ကိုင်မှုအား နည်း တာ၊နည်း ပရိ ယာယ်နဲ့ ဗျူဟာ မရှင်းတာတွေကြောင့်၊ ရန်သူကလည်း ရုပ်ဝတ္တု မက်လုံးတွေ ဗန်းပြ ပြီး “ လက်နက်မှ လက် တော့ဗ်” ဆိုတော့  အကွဲအပြဲတွေကြုံ တွေ့နေရတယ်။
အခုတော့ KNU မှာ လမ်းစဉ်နှစ်ရပ်နဲ့ တိုက်ပွဲက ပေါ်လွင်လာပြီ၊KNU ဗဟို ခေါင်းဆောင်တွေက လမ်းစဉ်မှန်ကန်တည့်မတ်အောင် စတင်လုပ်ဆောင်နေကြရပြီ။ လက်နက်ကိုင်လမ်းစဉ်ကို ကိုယ်စားပြုတဲ့ ဘက်နဲ့ ရန်သူကြံ့ဖွတ်ကို အလုပ်အကြွေးပြုမည့်ဘက် ဖြစ်တဲ့ ဖေါက်ပြန်တဲ့ဘက် တို့ရဲ့တိုက်ပွဲ ဖြစ် တယ်။ အမြင်မတူသူတွေဟာ တွဲလုပ်လို့မရတာ သဘာဝပါဘဲ။ ဒီတော့ ကရင် ပြည်သူလူထုတွေ အပါအ၀င် တိုင်း ရင်းသား အားလုံး အတွက်၊ အဖိနှိပ်ခံ ပြည်သူတွေ အားလုံးအတွက်၊ ဒီနေ့ ဒီမိုကရေစီစကားလုံးတွေ အရည်ခြုံ ထားတဲ့ သိန်းစိန်စစ်အာဏာရှင် ရုပ်သေး အစိုးရကို လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲတွေ ထိထိရောက် ရောက်တဲ့  ဆင်နိုင် အောင် အတွေးအခေါ် ရှင်းလင်းရေး၊ လမ်းစဉ်ထိရောက်အောင်ြ မင်ရေး အတွက် ဖေါက်ပြန် တဲ့ အစိပ်အပိုင်းတွေကို ဖြုချချန်ရစ်ထားခဲ့ရမှာသာဖြစ်တော့တယ်။
ကရင့်တော်လှန်ရေး အောင်မြင်ရမယ်။
စစ်အာဏာရှင်စံနစ် မုချကျဆုံးရမယ်။
လူထုအစိုးရ ပေါ်ပေါက်ရမယ်။
ဦးအေးဆောင်
အောင်တိုဘာ ၁၁ ၊ ၂၀၁၂