ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Wednesday, April 9, 2014

ခြေထောက်နဲ့ မဲပေးသူများ



ခြေထောက်နဲ့ မဲပေးသူများ

ဖေဝေါရီလ လဆန်းပိုင်းတုန်းက လှည်းကူးမြို့နယ်အတွင်း သမီးလေး၊ အုတ်ဖို၊ အင်းပုတီး၊ တောင် လုံးမြောင်စတဲ့ ကျေးရွာတွေရှိတဲ့နေရာကို တပ်ပိုင်မြေ ဆိုပြီး ရွာသားပိုင်အိမ်တွေကို အဓမ္မအဖျက်ခံရ၊  မောင်း ထုတ်ခံရလို့ သူရွာသား ၂၀၁ ရွာယာက်ဟာ နေစရာ မရှိ၊စားစရာမရှိဖြစ်နေတဲ့အတွက် DKBA အဇွဲ့က ဗိုလ် မှူးကြီး စောစန်းအောင်ရဲ့ ဖိတ်ခေါ်ချက်အရ DKBA ထိန်းချုပ်ရာ ကရင်ပြည်နယ် ၊ထိုင်းမြန် မာနယ်စပ် ကျောက် ခက်ရွာကို ဒီဧပြီလ ရက်မှာ ရောက်လာကြပါတယ်။ သူတို့ရွာက ဧပြီ ရက်နေ့မှာ ထွက်ခဲ့ပြီး လေးရပ်ကြာမှ ရောက်လာရတာပါ။
ဒီလိုရောက်လာဖို့ကလည်းလမ်းမှာ အတားအဆီး အဟန့်အတားတွေကို ကြံ့ဖွတ် အစိုးရ ဆို သူတွေက နှောက်ရှက်ဟန့်တားကြလို့  မောင်းထုတ်ခံ ရွာသားတွေ၊ဘုန်းကြီးတွေ မိုပိုဒုက္ခရောက်ကြရပါ တယ်။ ဒုက္ခရောက် တဲ့လူတွေကို ပိုမိုဒုက္ခပေးတတ်တဲ့ အစိုးရမျိုးသည် မြန်မာပြည်မှ တပါး တခြား တိုင်းပြည်မှာ ရှိလိမ့် မထင်ဘူး။ မိဘပြည်သူများခင်ဗျား”“ဆင်းရဲသားပပျောက်ရေး”“အစိုရကောင်းဖြစ်ရေး”  ဆိုပြီး တစာစာ အော် နေတဲ့ သမတကြီစကားဆိုတာတွေဟာ ဒီ အဖြစ်အပျက် တခုတည်းနဲ့ပင် အဓိပ္ပါယ် မဲ့ကြောင်း ထင်ရှားခဲ့ရ ပါတော့ တယ်။
ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာတွေ၊ ၂၀၁၅ ရွေကောက်ပွဲ ဆိုတာတွေဟာ လူထုဆန္ဒအမှန်ကို သိရှိ နားလည်းဖို့ လုပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မယ်ဆိုရင် အခုနယ်စပ်ကို ထွက်ခွါလကြတဲ့ ရွာသားတွေဟာ သိန်း စိန်ကြံ့ဖွတ်အစိုးရကို ဆန့်ကျင်ပြီး ခြေထောက်နဲ့ မဲပေးလိုက်ကြတဲ့ မဲဆန္ဒရှင်များသြာ ဖ စ်နေတော့ တယ်။
ပြည်သူများရဲ့ အားကိုမှု၊ ယုံကြည်မှုကုန်ဆုံးပြီး ကျောခိုင်းစွန့်ခွါကြတဲ့ မြင်ကွင်းဟာ တာဝန်သိတဲ့ အုပ်ချုပ်သူ ဖြစ်တယ်ဆိုရင် သေနတ်နှင့်ပစ်သည့်ထက်နာစရာကောင်းကြောင်း မသိလောက် အောင် မိုက်တွင်း နက်ပုံ၊ နောက်တခါလမ်းမှာတားဆီးတာတွေလုပ် လူဆိုးလူမိုက်ဖြစ်ကြောင်း ပုံဖေါ်ပုံမှာ လူကြမ်း ဇာတ်ကား တမင်ရိုက်နေသလိုထင်ရတော့တယ်။ ဒီလူမိုက်ဇာတ်ဟာ ဒီမှာတင် တခန်းရပ်မယ်လို့ကျွန်တော် တို့ ထင်ဖို့ တော်တော်ခက်ပါတယ်။ နောက်ဆက်တွဲဇာတ်လမ်းတွေ ကိုကား ထည့်တွက်ရပါတော့ မယ်။ အာဏာ ချုပ် ကိုင်ပြီး ကြမ်းချင်တိုင်းကြမ်းရမ်းချင်ချင်တိုင်း ရမ်းနေနိုင်တဲ့ စစ်အာဏာရှင်တွေဟာ စိတ်ထား မကောင်းကြပေမဲ့ ညစ်ဥာဏ် တော်တော်များတဲ့ ဘူတွေဖြစ်ကြတယ်။
    စစ်တပ် နဲ့ လူထု တခြားင်္စဖြစ်ပုံဟာ ဒီအဖြစ်အပျက်က သိထားထင်ရှားစေခဲ့ပြီ။ တိုင်းပြည်ကို အုပ်ချုပ်နေ သူဆိုတဲ့ လူတွေဟာ လူထုဘက်မှာ မရှိကြောင်း ရင်နင့်ဖွယ် နောက်ဆုံးပေါ် သက်သေ လည်း ဖြစ်နေတော့ တယ်။ တိုင်းပြည် အခြေ အနေ ဟာ ဝေသာလီပြည်ထဲ ဘီလူးဝင်တာတောင် လူတ သက် သာအစားခံရမှာဖြစ်ပေမဲ့ အခုစစ်အာဏာရှင်က မျိုးဆက်များစွာ အထိ အန္တရာယ်များပြီး တိုင်းပြည်က ကို မျိုးရိုးဆင်ဆက် ကျွန်ဇာတ်သွင်းနေတာပါ။ တိုင်းပြည်ဟာ တနေ့တခြား ပိုပိုယိုယွင်းပျက်စီး နေ တာကို လည်း မြင်နိုင်တယ်။ အုပ်ချုပ်သူများက အမျှော်အမြင်မဲ့တဲ့ စကားတွေပြော၊ တာဝန်ရှိသူတွေက အကျင့် ပျက်ခြစား၊ ခေါင်းဆောင်ဆိုသူတွေကလည်း အားကိုးမရ၊ သာမန် ဆင်း ရဲသားတွေ ဘ၀ ဟာ ဇကောထဲ ဇီးဖြူသီးအလှိမ့်ခံရသလို၊ ဆောက်တည်ရာမရ။ လဲရာသူခိုးထောင်း၊ အာဏာပါဝါရှိသူတွေက ဂိုဏ်းဖွဲ့လူထု ကိုနှိပ်စက်၊ဆိုတော့ ဒီလိုအစိုးရမျိုးရှိတာထက် မရှိတာတောင် ပိုကောင်းမယ်လိုဖြစ်နေတော့တယ်။
သမီးလေးရွာသားတွေကို ကြံ့ဖွတ်အစိုးရက နှိပ်စက်တာကို မြင်ရသလို တပြညိးလုံးကို နှိပ်စက်ပုံက လျှပ်စစ်မီးရရေးမှာ တွေ့နိုင်တယ်။ စွမ်းအင်နဲ့ လောင်စာတွေကို တရုပ်ပြည်ပို့ပြီး ကိုယ့်တိုင်းပြည်ထဲက လူထုတွေကို အမှောင်ထဲထားလောက်အောင်  ယုတ်ကန်းတာတော့ ဘယ်လိုမှသည်းခံနိုင်စရာမရှိဘူး။ ဒီလို လူထုအပေါ် ရက်စက်ယုတ်မာလှတဲ့ ကြံဖွတ်စစ်အာဏာရှင်တွေကို ထောက်ကူအားပေးနေကြတဲ့ သစ္စာေ ဖါက် ဖေါက်ပြန်ရေးသမား လောက်ကောင်တွေကလည်း ဘနဖူးသိုက်တူးရပြီးတမ်း၊ ကိုယ်ဝမ်းဝပြီတန်း ကျင့်ကြံကြ တော့ စစ်အာဏာရှင် ကိုင်းဖျားကိုင်းနားကအစ မိုးမမြင်လေမမြင် ရောင့်တက် ဘ၀င်လေဟ တ် နေကြတော့ တယ်။
ဒီလို စစ်အာဏာရှင်စံနစ် ရဲ့ အမျိုးမျိုးဖိနှိပ်ချုပ်ချယ်မှုအောက်မှာ မြင်မကောင်းလှတဲ့ သမီးလေရွာက  အဖြစ်အပျက်တွေကို နယ်မြေလူမျိုးမခွဲခြားဘဲ ကူညီကယ်တင် ပေးတဲ့ ဗိုလ်မှူးကြီးစန်းအောင်အပါအ၀င် DKBA အဖွဲ့ကို ကျွန်တော်တို့ပြည်သူ တယောက်အနေနဲ့  ဂုဏ်မပြုဘဲမနေနိုင်ပါဘူး။ဒီလိုသဘောထားကြီး၊  အနစ်နာ ခံ တဲ့ စံနမူနာဟာ မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲ သမိုင်းမှာ မှေးမှိန်ပျောက် ကွယ်စရာ မရှိဘူး။ ဒီလို ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေကို ကယ်တင်တဲ့ လုပ်ငန်းတွေအတွက် လူထုကိုအကျိုးပြု လိုတဲ့ မည်သည့် အဖွဲအစည်းက မဆို ဂုဏ်ယူစွာနဲ့ ကျင့်သုံးသင့်တဲ့ အကြောင်း ရေးသားတိုက်တွန်းအပ်ပါတယ်။
စစ်အာဏာရှင်ရှိနေသ၍ ငြိမ်းချမ်းရေး မရှိနိုင်။
စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်ကြ။

ဦးအေးဆောင်
ဧပြီ ၂၀၁၄။