ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, October 27, 2014

“အာဏာ” ပြဿနာ



“အာဏာ” ပြဿနာ
ဗကပ က “ပြည်သူ့အာဏာ” ဂျာနယ်ထုတ်တယ်။အလံနီက “ အာဏာသစ်” ဂျာနယ်ထုတ်ခဲ့တယ်။ အာဏာကို ကွန်မြူနစ်ပါတီ တိုင်းက အဓိကထားစဉ်းစားကြတာချည့်ဘဲ။အာဏာပြဿနာဟာလူမှုပဋိပက္ခတွေရဲ့ အချက်အခြာနေရာဖြစ်ကြောင်းမကြာခဏလည်းရှင်းပြကြတယ်။  အာဏာမမက်ပါဘူပြောတဲ့သူတောင်နောက် ပိုင်း အာဏာမရှိလို့ ဘာမှ လုပ်မရတော့ အာဏာရချင် တယ်လို့ ပြောလာရတယ်။ သမတဖြစ်ချင်တယ်လို့ ပြောလာရတယ်။ ဒီနေရာမှာလည်း အာဏာနဲ့ သမတကို မကွဲသေးတာတွေ့ရပြန်တယ်။အာဏာက မြန်မာပြည်မှာသမတမှာမရှိကြောင်းလူတိုင်းလောက်နီးနီးသိနေကြပြီးသား။ရွေးကောက်ပွဲဟာ အာဏာပြောင်း လဲတဲ့ ကိစ္စမဟုတ်ဘူး ဆိုတာလည်း ၁၉၉၀ ရွေးကောက်ပွဲက သက်သေပြခဲ့ပြီ။ ဆန္ဒပြပွဲတွေလောက်ကလည်း အာဏာမရနိုင်တာကို ၈၈ လှုပ်ရှားမှု၊ ရွေဝါရောင်လှုပ်ရှားမှုတို့က ပြခဲ့ပြီ။ ဒီတော့ အာဏာက ဘယ်တော့ လူထုလက်ထဲရောက်လာမှာလဲ ဆိုတာကျွန်တော်တို့မစဉ်းစားသင့်ဘူးလား။
အခုတော့ “ လူထုတော်လှန်ရေးကြီးစတင်ကြ” လို့ မျက်နှာဖုံးစွပ်အဖွဲ့က တင်လာပြီ။ မြန်မာပြည်မှာ တော် လှန်ရေးတွေ စခဲ့တာများပြီ ဒါပေမဲ့ ဘာမှ သိသိသာမပြောင်းခဲ့ဘူး။စစ်အာဏာရှင်ဟောင်းက စစ်အာဏာ ရှင် အသစ်နဲ့ အစားထိုးခဲ့တာချည့်ဘဲ ဖြစ်နေ ခဲ့တယ်။ အခုတခါတော်လှန်ရေး “စ”ဖို့ လှုပ်ဆော်တော့ မကောင်း တာမဟုတ်ကောင်းပါတယ်။ ဒါပေမဲ့ အရင့်အ ရင် တုန်းကလို အဖျားရှုးသွားမှာကို တော့ မလိုလား တော့ဘူး။တိုးတက်ဖြစ်ပေါ်မှုတော့ ရှိကိုရှိအောင်လုပ်ရ လိမ့်မယ်။ အဖျားမ ရှုးအောင်ဆိုရင် အစဦးကတင်ပြခဲ့သလိုအာဏာ ပြဿနာကိုစဉ်းစားပြီးဘယ်လိုအာဏာရအောင်လုပ်မယ်ဆိုတာ ဖြစ်နိုင်သမျှတိတိ ကျကျတော့စဉ်းစားသုံးသပ်ထားရမှာပါ။အာဏာ ပြဿနာကိုမစဉ်းစားရင်တော့ တော်လှန်ရေးလို့လည်း ပြောနေစရာ မလိုတော့ပါဘူး။
အာဏာက စစ်တပ်မှာ ရှိတာ။တိကျအောင်ပြောရရင် စစ်တပ်ကို ချုပ်ကိုင်ပြီး လူထုကိုဖိနှိပ်နေတဲ့ ဗိုလ်ချုပ်ကြီး အဟောင်းနဲ့ အသစ်ဆီမှာ။ သူတို့ဟာ ကြီးမားတဲ့ အကြပ်အတည်း မဖြစ်မချင်း အာဏာပေးမှာ၊ လွှဲမှာ မဟုတ် ဘူး။ဒီလိုအကြပ်အတည်း ဖြစ်အောင်က ဆန္ဒပြပွဲသာမက လက်နက်ကိုင်ဖိအားပေးတဲ့ တိုက်ပွဲပါ လိုလာစ ရာရှိတယ်။ ဒါကြောင့်ဘဲ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး အနေနဲ့ “လူထုတိုက်ပွဲနဲ့လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကိုချမှတ်ကျင့်သုံးနေတာပါ။လက်နက်ကိုင်တိုက်ပွဲဆိုတာ တောမှာသာတိုက်တာ တင်မ ဟုတ်ဘူး၊ မြို့မှာ လိုအပ်ရင် လူထုတွေအနေနဲ့ သေနတ်နဲ့ အာဏာသိမ်းဖို့ကိုပါဆိုလိုတာ။
ဒီလိုလမ်းစဉ်ချရတာကလည်း ဆန္ဒပြပွဲတို့၊ ရွေးကောက်ပွဲတို့ဟာ ဘာမှထိထိရောက်ရောက်အရာမထင်ခဲ့လို့ ခါးသည်းတဲ့အတွေ့အကြုံအရချမှတ်ရတာပါ။မှတ်မိပါသေးတယ်။ဗကပ ပြည်သူ့အသံရှိတုန်းက ရေဒီယိုက နေအသံဝါကြီးနဲ့ “ လောကတလွှား - ဥက္ကဌမော်တရား ကတော့ လက်နက်နဲ့ အာဏာကိုသာ သိမ်းယူရမှာ” ဆိုတာကို။ တကယ်တော့ ၆၂က ဗိုလ်နေ၀င်းကလည်း ဦးနုဆီက အာဏာကို လက်နက်နဲ့ သိမ်းခဲ့တာပါဘဲ။ အင်အား(ဒါမှမဟုတ်) လက်နက်ကိုင် မပါတဲ့ အာဏာသိမ်းမှု၊ အမှန်တကယ်လွှဲပြောင်းမှု ဆိုတာ မရှိပါဘူး။ လက်အုပ် ချီပြီးအာဏာတောင်းလို့ ရတယ်လို့ ဘယ်သမိုင်းမှလည်း မရှိပါဘူး။
၈၈ လူထုတွေ အားကောင်းနေတုန်းက “ဒီမိုကရေစီရဖို့ လက်တကမ်းသာ လိုတော့တယ်” ဆိုတဲ့ လူ၊ “ဒီမိုကရေစီမရရင် ကိုယ့်ကိုယ်ကို မီးရှို့ ပြမယ်” ဆိုပြီးတားဆီးခဲ့ သူတွေ ဘယ်မှာ ဂိတ်ဆုံးကုန်လဲ သိခဲ့ကြပြီ မဟုတ်လား။ သင်ခန်းတွေက အထပ်ထပ်ထုနဲ့ ဒေးပါ။
ဒီတော့တော်လှန်းရေးဆိုတဲ့ သဘောတရားဟာ ပေါ့ပေါ့လေးမဟုတ်တာတော့ လေးနက်စေချင်တယ်။ မှာယွင်း တဲ့ အမြင်ကြောင့် တော်လှန်ရေး မအောင်မြင်၊ထိခိုက်နစ်နာမှုတွေကကြီးမားလွန်းလို့လမ်းစဉ်မှန်ပြီး ဆုံးဖြတ် ချက်ရှိရှိလုပ်တတ်စေချင်ပါတယ်။
ဒီနေ့ဟာ ဖိနှိပ်သူ စစ်အာဏာရှင်တွေ၊ အခွင့်ထူးခံ သူ့လက်ပါးစေလက်ဝေခံ တွေကို ကြီးမားကျယ်ပြန့်တဲ့ လူမျိုးစုံ အဖိနှိပ်ခံ ပ်ြညသူတွေက ၀ိုင်းတိုက်နေတဲ့ လူတန်းစားတိုက်ပွဲဖြစ်နေတာကို သိမြင်ဖို့လိုတယ်။ အမျိုးသားသွေးစည်း ရေးတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ မဟုတ်ဘူး၊ငြိမ်းချမ်းရေးကာလ မဟုတ်ဘူး၊ စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေးကာလဖြစ်တယ်။ တိုက်ပွဲဝင်ကာလဖြစ်တယ်။ ကိုလိုနီစံနစ်ဆန့်ကျင်ရေး မ ဟုတ်၊ အမျိုးသားလွတ် မြောက် ရေးကာလ မဟုတ်ဘူး။ တိုင်းရင်းသားတွေရဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေဟာ လူတန်းစား တိုက်ပွဲရဲ့ လက်အောက်ခံသာဖြစ်တယ်။ဒီနေ့ဖြစ်ပေးနေတဲ့ ပြဿနာရဲ့ လက် သယ်က စစ်အာဏာရှင်တွေဘဲ။ သူတို့ရှိနေသ၍ မလိုလားအပ်တဲ့ ပြဿနာတွေ တိုးပွါးနေမှာဘဲ။
ဒီနေ့ မြန်မာပြည်တော်လှန်ရေးမှာ ဦးးဆောင်ပါတီ ၊ တပ်ပေါင်းစု မဲ့နေတာဟာ အမည်နာမမဲ့နေတာမဟုတ် ဘူး မှန်ကန်တဲ့ လမ်းစဉ်မဲ့နေတာ။ ကျွန်တော်လေ့လာမိသလောက် ကျွန်တော်တို့ ပြည်သူတွေ ဂိုဏ်းဂဏစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ သိပ်ကြီးကြတယ်။ အခုအခါမှာ “အဖိနှိပ်ခံ ညီညွတ်ရေးစိတ်ဓါတ်”၊ “ဘုံရန်သူ စစ်အာဏာရှင် တိုက်ဖျက်ရေး စိတ်ဓါတ်”တွေနဲ့ သာအလုပ်လုပ်ရမှာ။အထက်က တင်ပြခဲ့ တဲ့ နိုင်ငံရေးလမ်းစဉ် ဟာ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးရဲ့ လမ်းစဉ်ဖြစ်တယ်။ မည်သူမဆို ဘယ်လိုနံမည်နဲ့ ဖြစ်ဖြစ် ဘာအဖွဲ့ဖြစ်ဖြစ်ယူ ကျင်သုံးနိုင်တယ်။ ကျွန်တော်တို့ က တော် လှန်ရေးတရပ် မှန်မှန်ကန်ကန်ဖြစ်ပေါ်ဖို့ အတွက် အထောက်အကူပြုချင်တာသာဖြစ်တယ်။
ကျွန်တော်တို့ ပြည်သူဖြစ်တဲ့ ၊ လယ်သမားတွေ၊ အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ မြို့နဲ့ ကျေးလက်မှာ ရှိတဲ့ ဆင်းရဲသားတွေ လူတန်းစားအလွှာပေါင်းစုံဟာ စစ်အာဏာနဲ့ သူလက်ပါးစေ၊ လက်ဝေခံတွေ၊ အရာရှိဆိုးတွေရဲ့ ဖိနှိပ်မှုအောက်မှာ ကျောကော့အောင်ခံနေရ၊ ဘ၀တွေ ကျိုးကျေပျက်ပြုန်းနေရတဲ့ အခုလို ခေတ်ပျက်ကြီးထဲမှာ တော်လှန်ရေးဟာ မုချလိုအပ်သလို၊ ဒီစံနစ်ဆိုးကြီးကို ဖေါက်ခွဲ ပစ် ဖို့လည်း လိုနေတာအမှန်ဘဲ။ ဒီလိုဖြစ်ဖို့ အဖိနှိပ်ခံ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။
နိုးနိုးကြားကြားရှိကြ။
တော်လှန်ရေးကို ဦးတည်ကြ။
စစ်အာဏရှင် စံနစ် မုချပျက်သုန်းရမယ်။
ဦးအေးဆောင်
အောက်တိုဘာ ၂၈၊ ၂၀၁၄။

Wednesday, October 22, 2014

မြေနီကုန်း ၁၉၊၁၀ လှုပ်ရှားမှု ကို ကြည့်မြင်ခြင်း



မြေနီကုန်း ၁၉၊၁၀ လှုပ်ရှားမှု ကို ကြည့်မြင်ခြင်း

အောက်တိုဘာ ၁၉ ရက်နေ့ ညနေ မြေနီကုန်းမှာ လူငယ်တစု ဆန္ဒပြကြတယ်။ လွှတ်တော်ပုံ ဗွီနှိုင်းကို မီးရှို့ခဲ့ကြတယ်။  သူတို့က Anonymous Burma(နံမည်မဲ့) ဖြစ်ကြတယ်တဲ့။သူတို့ကြွေးကြော်သံတွေက
၁ - စစ်ဖိနပ်အောက်ကပညာရေး အလိုမရှိ၊
၂ - ကျောင်းသားပြည်သူအခြေမခံတဲ့ ပညာရေးဥပဒေ ဖျက်သိမ်းပစ်
၃ - စစ်တပိုင်းအစိုးရ အလိုမရှိ
၎ - ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး - ဒို့အရေး
၅ - ဘောင်းဘီချွတ်သိန်းစိန်အစိုးရ - ချက်ချင်းဆင်း  -  တို့ ဖြစ်ကြတယ်။
သူတို့ရဲ့ အဲဒီလုပ်ရပ်ကို ကျွန်တော် ထောက်ခံအားပေးပါတယ်။ သူတို့ ကြွေးကြော်သံကို ချုပ်လိုက်ရင် ပညာရေး၊ စစ်အစိုးရ ဆန့်ကျင်ရေး၊ ၂၀၀၈ ဥပဒေ ဆန့်ကျင်ရေး ဖြစ်တယ်။ ဒါတွေကိုလည်း ကျွန်တော် သဘောတူ ပါ တယ်။ သူတို့ နံမည်မဖေါ်ချင်ဘူး။ ကျော်ကြားမှုမလိုလားဘူး။ကိုယ်ကျိုး မလိုလားဘူး၊ ဆိုတာ ကိုလည်းပြောလို့ သဘောကျပါတယ်။ဒါတွေက လှုပ်ရှားမှု လုပ်သူတိုင်းပြောကြတာပါဘဲ။လက်တွေ့မှာမှ အ ကဲဖြတ် ရမည့်ကိစ္စ။ ဒါပေမဲ့ ကွှန်တော် သဘောမတွေ့ဒါက သူတို့ အယူအဆဖြစ်နေပါတယ်။ သူတို့ဟာ နိုင်ငံရေး သမား ဆန့်ကျင်ရေးသဘောထား ရှိနေတယ် ဆိုတာသိလာရတယ်။ အဖွဲ့အစည်း အဖြစ်မလိုလားဘူး ဆိုတာတွေလည်း သိလာရတယ်။
ဒီတော့ သူတို့ ရည်ရွယ်ချက်က Occupay Wall Street လှုပ်ရှားမှုလို လုပ်ချင်ပုံရပါတယ်။ မျက်နှာဖုံးတွေ လည်းစွပ်ထားတော့။OccupayWallStreetလှုပ်ရှားမှုကအခုဘယ်လိုဖြစ်နေသလဲ။မရေမရာဖြစ်သွားပြီ။သူတို့ မှာ ဦးဆောင်သူမရှိ၊ ပါတီမရှိ၊ ထင်သလိုလုပ်ကြရင်း လမ်းပျောက်နေရရှာပြီ။ ဆန္ဒပြပွဲဟာ တော်လှန်ရေး တရပ် အထိ ဦးတည်မယ်ဆိုရင် တော်လှန်ရေးတွေ ဖြစ်ပေါ်ပုံကို လေ့လာထားကြရလိမ့်မယ်။ အပျော် တမ်းတော် လှန်ရေး လုပ်လို့ရပါတယ်။ ဒါပေမဲ့ အာဏာရစရာအကြောင်းမရှိပါဘူး။ အာဏာမရှိဘဲ သိန်းစိန်အစိုးရ -ချက်ချင်းဆင်း - ဆိုပြီးခိုင်းလို့ရမလား -။
ဘော့လုံးအသင်းမရှိဘဲ ဆုဖလားမရသလိုပေါ့။ အာဏာ အကြောင်းပြောတော့ တော်တော်ရွံရှာ နေဦးမယ် ထင်ပါတယ်။ဘယ်လိုနန်တော်ပဲဖြစ်ပါစေ အိမ်သာရှိဖို့ လိုသလိုပေါ့။ လူထုတွေအာဏာ မရှိလို့ စစ်ဖိနပ်အောက် မှောက်နေရတာကို သိသင့်ပါတယ်။ သူတို့က အာဏာ (လွတ်လပ်ခွင့်)ရချင်နေတာ။ မယူနိုင်လို့၊မယူတတ်လို့ဘ၀တွေကျိုးကြေခံနေရရှာတာ။အာဏာမယူရဲဘဲနဲ့၊မယူချင်ဘဲနဲ့ဆန္ဒပြယုံလောက်က ဘယ်သူတွေ ထောက် ခံမှာလဲ၊ အလကား အရိုက်ခံ ထောင်ချ ခံကြမှာ တဲ့လား၊တောင်ကိုရီးယားတို့ အမေရိကားတို့မှာဒီလိုဆန္ဒပြပွဲတွေရိုးနေခဲ့ပြီ။ မြန်မာပြည်မှာ ဖြစ်ခဲ့ဆန္ဒပြပွဲကြီးမျိုး တွေဆိုကမ္ဘာမှာတောင်ရှားပါတယ်။ အာဏာ မရှိတော့ ၉၀ ခုနှစ်ရွေးကောက်ပွဲရလာဒ် တောင်ဘယ်ရောက်သွားလဲ။ ဒီနေရာမှာ ရွေးကောက်ပွဲနဲ့ အာဏာက မြန်မာပြည်မှာ တဆက်တစပ်ထည်းမရှိဘဲတခြားစီဖြစ်နေတာကိုလည်းသတိထားမိစေချင်တယ်။ အာဏာ မယူဘဲ လူတွေကို ကယ်တင် မယ်ဆိုရင် ဦးကျော်သူတို့ လုပ်ငန်း တွေလို ဘဲ လုပ်နိုင်တယ်။ ဒါတောင် အမိန့်ရမှ လုပ်နိုင်မယ်။ အမှိုက်ကောက်တာတောင်  ပိတ်ပင်ခံရတာကို သိမှာပါ။
 ရှင်းအောင်ပြောရရင် ဒေါ်စုကို အာဏာရမလားလို့ ထောက်ခံခဲ့ကြတာ၊ အခုတော့ နိုင်ငံခြားက ဘယ်သူ့ ကို ထောက်ခံနေသလဲ၊ အာဏာရှိတဲ့ အုပ်စုကိုဘဲပေါ့၊ ကြံ့ဖွတ်စစ်အာဏာရှင်တွေကိုပေါ့။ အာဏာကို လူထုဟာ လူထုလက်ထဲ ရောက်အောင်တိုက်ယူရတယ် ဆိုတဲ့ တရားကို အနောက်တိုင်းအရင်းရှင် ပညာရှင်တွေက ဖုံးထားတယ်။ နိုင်ငံရေး ဆိုတာကိုတောင် “ Politic is a dirty job” ( နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ အလုပ်)လို့ သူတို့လူငယ်နားတွေထဲ ရိုက်သွင်းထား တာ။နိုင်ငံရေးသမား တွေ ဟာ လူလိမ်လူကောက်တွေလို့ အပုတ် ချထားကြတယ်။ ဒီအယူအဆတွေက အခု မြေနီကုန်းမှာ ပေါ် လာနေတယ်။ တော်လှန်ရေး ဆိုတာကို အရင်းရှင်စံနစ်အောက်က Institutions တွေဆီကမရနိုင်ဘူး။ ပါတီမရှိဘဲ တော်လှန်ရေးမရှိနိုင်ဘူး။အာဏာဆို တာ ဝေလာဝေး။  
ရိုးသားတယ်၊ အနစ်နာခံတယ်ဆိုတာကောင်းပါတယ်။ကိုယ့်ရိုးသားမှု၊အနစ်နာခံမှုဟာဘယ်လိုလူတန်းစားကို အကျိုးပြုနေသလဲ ဆိုတာကိုတော့ ဆန်းစစ်ရမယ်။ မဆန်းစစ်ရင် ဖိနှိပ်သူတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ အ ကျိုးပြုနေသလိုဖြစ်နေတတ်ပြီး။ တကယ်တော်လှန်ရေး လုပ်ချင်တဲ့ လူတွေရဲ့ အချိန်တွေ၊ ပစ္စည်းဥစ္စာတွေ၊ အချိန် တွေ၊ဘ၀တွေ၊ အသက်တွေတွေ ကို ဖြုန်းတီးရာကျတယ်။
မြန်မာပြည်ကစစ်အာဏာရှင်တွေက ပြည်သူကို ဗြောင်အနိုင်ကျင့်ရာကနေ၊ဟန်ဆောင်ဥပဒေတွေ၊ဟန်ပြလွတ် တော်တွေ၊ငြိမ်းချမ်းရေး စကားလုံးတွေ၊လက်ဝါးကြီးအုပ်ထားတဲ့ စီးပွါးရေး အခွင့်အလမ်းတွေဗန်းပြပြီး သူတို့စစ် အာဏာကို ဆက်လက်ကာကွယ်နေပါတယ်။
တော်လှန်ရေး ဆိုတာ လူတန်းစားတရပ်က တခြားလူတန်းစားတရပ်ကို အင်အားသုံး ဖယ်ရှားတာကို ဆိုလို တယ်။အခုမြန်မာပြည်မှာ စစ်အာဏာရှင်နဲ့ သူ့လက်ပါစေ၊လက်ဝေခံလူတန်းစားက ကြီးစိုးနေတာပါ။ သူတို့နဲ့စေ့စပ်တောင်းခံဖြေရှင်းတယ်ဆိုတာ တော်လှန်ရေးမဟုတ်ဘဲဖိနှိပ်မှုကိုသက်ဆိုးရှည်စေတာဘဲ ဖြစ်ပါ တယ်။ နားလည်မှုယူတယ်ဆိုတာကလည်း ရန်သူရဲ့ ပရိယာယ်ညွတ်ကွင်းမျှသာဖြစ်ပါတယ်။သူတို့စာ အာဏာနဲ့ အကျိုး စီးပွါးကို ဘယ်တော့မှ ခွဲပေးမှာ မဟုတ်ပါဘူး။ တောင်းယူလို့ မရနိုင်ပါဘူး။
တိုင်းပြည်ရဲ့ အနာဂါတ်ကို ပုံဖေါ်မည့် လူငယ်တွေအနေနဲ့လက်ရှိကြီးစိုးနေတဲ့ဖိနှိပ်သူစစ်အာဏာရှင်တွေကို ဘယ်လိုရင်ဆိုင်ရမယ်။ ဘယ်လို အနိုင်တိုက်ရမယ် ဆိုတာကို ပြတ်ပြတ်ထင်ထင် သိစေချင်ပါတယ်။
တော်လှန်ရေးကို ပီပြင်အောင်ဖေါ်ဆောင်ကြ။
အောင်ပွဲကို တိုက်ယူကြ။
ဦးအေးဆောင်
အောက်တိုဘာ ၂၂၊ ၂၀၁၄။