ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, October 1, 2016

ငြိမ်းချမ်းရေး မျောက်များနှင့် လူတန်းစားတိုက်ပွဲ



ငြိမ်းချမ်းရေး မျောက်များနှင့် လူတန်းစားတိုက်ပွဲ

၂၁ရာစုငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ရလာဒ်က မြန်မာပြည်မှာ ပြည်တွင်းစစ်ရပ်ဖို့မဟုတ်ဘဲစစ်အာဏာ ရှင်တွေကို ဖိထားတဲ့ ကန့်သတ်ချက်တွေဖယ်ဖို့လုပ်တဲ့ပွဲ ဆိုတာ သိသာသွားပြီ၊ စစ်ပွဲ တွေက မလျှော့တဲ့ အပြင် ကရင်ပြည်နယ်မှာတောင်ပြန့်လာနေ တယ်၊ ဒီတော့ လုပ်လိုက်တဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကို တက်တဲ့လူတွေမျောက် ဖြစ်မှန်းမသိ ဖြစ်သွားရရှာတယ်။ ဒီတော့ အမြတ်ထွက်တဲ့ မအလ စစ်တပ် အနေနဲ့ ဒေါ်စုကို အဆင့်မြင့်စစ်တပ်ဂုဏ်ထူးဆောင် ဆုတံဆိပ် ကြီးကြီး တခုကို ပေးသင့်ပါတယ်။
ရွေးကောက်ပွဲမှာရှုံးခဲ့ပေမဲ့ စစ်တပ်နောက်ခံထားတဲ့ ကြံ့ဖွတ်ပါတီက ရေဘ၀ဲနဲ့ တူတဲ့ သူတို့ရဲ့လက်တွေ၊ လက်ငုတ်အာဏာတွေနဲ့ လူထုအပေါ် ခြိမ်းခြောက်လွှမ်းမိုးနေဦးမှာပါ။ အခုလို ဒေါ်စုရဲ့ ပင်ပန်းကြီးစွာ စစ်အာဏာရှင်လက်တဆုတ်စာအတွက်အလုပ်လုပ်ပြတော့ ပြည်သူက ၀မ်း သာ ဖို့ တော်ေ တ်ာခက်နေတယ်။ နိုင်ငံတော်နဲ့ အာဏာကို မခွဲခြားနိုင်သ၍ ဒေါ်စု ကိုအားပေးဖို့ နက်နက်နဲနဲ စဉ်းစားသင့်နေပြီ။
ဒီနေ့ ဖြစ်နေတဲ့ ပဋိပက္ခက စစ်အာဏာရှင် လက်တဆုတ်စာတစုရယ်၊ သူ့လက်ပါး စေ လက်ဝေ ခံတွေရယ်၊ သူကိုမှီပြီး အကျိုးအမြတ်ရသူတွေ က တဖက်၊ အဖိနှိပ်ခံ တိုင်းရင်းသားတွေရယ်၊ ဆင်းရဲသားနင်းပြားတွေရယ်၊ လယ်သိမ်းခံလယ်သမားတွေရယ်၊ လခနည်းအလုပ်သမားတွေရယ် တိုးတက် တဲ့ ကျောင်သားတွေရယ်က ဖက် ဖြစ်နေတဲ့ ၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတို့ တိုက်ပွဲ၊ အခွင့်ထူးခံနှင့် အနှိမ်ခံတို့ တိုက်ပွဲ ဖြစ်နေတာပါ။
ဒီလူတန်းစားတိုက်ပွဲ ဘက်နှစ်ဖက်ရဲ့ ပဋိပက္ခဟာ ပြင်းထန်လာတာနဲ့ အမျှ ဖိနှိပ်ခံနှင့် ဖိနှိပ် သူတွေကြား ခြားတဲ့ မျဉ်းဟာ ထင်ရှားကြီးထွားလာသလို ပဋိပက္ခက နေရာတကာကို ပြန့်နှံ့ သွားပါလိမ့် မယ်။ပြင်းထန်လာလိမ့်မယ်။ ဒီပြန့်နှံ့မှုဟာ စစ်တပ်ကိုလည်းမချန်၊ ဒေါ်စုကိုလည်းမချန်၊ လူမျိုးစုတွေကို လည်း မချန် တက်ကြိတ်ဝါးမြိုသွားပါလိမ့်မယ်။
လူထုတိုက်ပွဲ၊လက်နက်ကိုင်တိုက်ပွဲ ဟာ မကျင့်သုံးမဖြစ် ကျင့်သုံးရမည့်နည်း ဖြစ်မြဲဖြစ် နေတယ်။ ဒီလိုဖြစ် ရတာက ဒီမိုကရေစီအခွင့်အရေး ချို့တဲ့နေလို့ပါ။ ဒီမိုကရေစီ အပြည့်အ၀ရရှိရေးနဲ့ စစ်တပ်အခွင့် ထူးခံမှုဆန့်ကျင်ရေးက ဒင်းဂါး တချပ်ရဲ့ခေါင်းနဲ့ ပန်းပါ။ စစ်တပ်အာဏာသိမ်းရာ က ပေါ် လာတဲ့  ပြဿနာတွေအတွက်  စစ်တပ်ကိုမထိန်းချုပ် မဖြေရှင်းရင် ဒီမိုကရေစီပြဿနာရော၊ ငြိမ်းချမ်းရေး ပြဿနာရော၊ စီးပွါးရေးပြဿနာတွေဘာ ထိထိမိမိ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။
စစ်တပ်ကိုချော့မြူ၊ ရိုကျိုးဖို့ လုပ်နေသမျှ စစ်အာဏာကြီးစိုးမှုက မလျှော့နည်းတဲ့ အပြင် ပိုတောင် ကြီးထွားလာစရာရှိပါတယ်။ ကျွန်တော်တို့တတွေ ပြဿနာရဲ့ အရင်းအမြစ်ကို ကိုက်တွယ် ရဲသင့်တယ်။ စစ်အာဏရှင်တပ်ကို ချော့မြူ၊အားပေးအားမြှောက်လုပ်နေခြင်း က ပြည်သူတွေကို စတေးနေတာ သာဖြစ်ပါတယ်။
ပြဿနာတွေက ရှုပ်ထွေးသယောင်ဖြစ်နေတာက ကိုယ့်လူသူဘက်သားတွေကြောင့်ပါ။ အမျိုး သားရေး အရည်ခြုံ အမြတ်ထုတ်နေသူတွေကြောင့်ပါ။ သူတို့ကိုလည်း စစ်အာဏာရှင်က လက်သပ် မွေးပေး ထားတာပါ။စစ်အာဏာရှင်တွေဟာ လူထုလှုပ်ရှား မှုတိုင်းကို အမျိုးသားရေး၊ အခွင့်ထူး ပေးခြင်းတွေနဲ့ မျှားခေါ်သိမ်းသွင်းပါတယ်။ စစ်အာဏာရှင်တွေ အနေနဲ့ သူ့စစ်တပ်ကို ထိန်းထား ဖို့လည်း ဒီနည်းဘဲရှိတာပါ။ ဒီနည်းက တကယ်တော့ ပြည်သူကို ဖိနှိပ်တဲ့နည်း၊ လက်ပါစေမွေး နည်းမျှ သာဖြစ်ပါတယ်။
အခုတော့ တိုင်းရင်သားတွေက အစ ကျောင်းသားအဆုံး ကွဲပြဲ နေပါတယ်။ ဒါဟာ အတန်း စားအသိကိုရှိကြဖို့ ရန်သူ့ဘက် အကျိုးပြုနေတာပါ။ ဒါပေမဲ့ အများပြည်သူအကျိုး၊ တိုင်းပြည် အကျိုး ကို မြင့်မြင့်မားမား မထားဘဲ  အတ္တအကျိုးစီးပွါးနဲ့ အမြင်ကျဉ်း၊ဂိုဏ်းဂဏ လောက်နဲ့သာ လုပ် နေကြ သူတွေက အရောင်တောက် အသံကျယ်နေတော့ ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ ဖြစ် နေရတာပါ။
ပဋိပက္ခတွေက တိုးသထက်တိုးလာနေပါတယ်။ ဘီလူးစည်း၊ လူ့စည်းလည်း ရှင်းသ ထက်ရှင်း လာနေပါတယ်။ စစ်အာဏာကို ဖြိုချ တိုက်ခိုက်တာ၊ဖေါက်ပြန်သူတွေကို ဖေါ်ထုတ်ဖွင့်ချ ဆန့်ကျင် တာ၊  တော်လှန်သူ၊ တိုးတက်သူချင်း စုစည်းတာ၊ လှုရှားမှုအတွက် ပြင်ဆင်တာတွေကို မြင်သမျှ လက်လှမ်းမှီသမျှ လုပ်ဆောင်နေဖို့တော့ အရေးကြီးတယ်။ အခွင့်ထူးခံတဲ့ သူတွေက သူ့အလို လိုမဆင်းသွားမှာတော့ သေချာပါတယ်။ အထူးသဖြင့် သွေးစွန်လက်တွေနဲ့ အခွင့်ထူးခံတွေ ဆိုရင် ပိုဆိုးပါတယ်။ဒီတော့ပြတ်သားတဲ့ လူတန်းစားတိုက်ပွဲ ကို ဖေါ်ထုတ်ဆင်နွှဲကြရမယ်။  လိုအပ်တဲ့ လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲကို ပြည့်ဝတဲ့ ဒီမိုက ရေစီ ရရှိရေးအတွက် ဆင်နွဲတာဟာ ယနေ့ သမိုင်းတာဝန် ထမ်းဆောင်တာဖြစ်ပါတယ်။  
အဖိနှိပ်ခံတို့ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ကြ။
စစ်အာဏာမုချကျဆုံးရမယ်။

ဦးအေးဆောင်
စက်တင် ၂၊ ၂၀၁၆။