ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Tuesday, June 17, 2008

ပြည်သူ့စစ်ပွဲမီးပင်လယ်ထဲမှာ နအဖစစ်အာဏာရှင်စနစ်ကို သဂြိုလ်ပစ်။

လူထုဆန္ဒမဲဖြင့် ရွေးကောက်ထားသော ဦးနု အရပ်သားအစိုးရကို စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းက သစ္စာဖေါက်ခါ စစ်တပ်အားကိုးနဲ့ ၁၉၆၂ မှစ၍အကြမ်းဖက် အာဏာသိမ်းခဲ့ပြီးနောက် ၁၉၆၃ အတုအယောင်ငြိမ်းချမ်းရေးလုပ်ခဲ့သည်၊ သူကပင်ဖျက်လိုက်သည်၊ ၁၉၇၄ တွင် သူ့စိတ်ကြိုက် မဆလ ဖွဲစည်းပုံ ဆိုသည်ကို ရေးဆွဲခါ အဖြူအမဲဟန်ပြဆန္ဒခံယူ ပွဲလုပ်ခဲ့ပြီး ၉၃% ကျော်ရသည်ဆိုကာ အတည်ပြုလိုက်သည်၊ မဆလ စစ်တပ်လွှတ်တော် ဖြင့် ၁၉၈၈ အထိ ကြီးစိုး အုပ်ချုပ်ခဲ့သည်၊ ၁၉၈၈တွင် နေ၀င်းနောက်လိုက် ဗိုလ်စောမောင်က ဆန့်ကျင်ဆန္ဒပြသော ကျောင်းသားများတွေ ကို ထောင်ချီသတ်ဖြတ်ပြီးနောက် ဆန့်ကျင်သူများ ပြိုကွဲရန်နှင့် ငြိမ်သွားရန် ဟန်ပြ ၁၉၉၀ ရွေးကောက်လုပ်ခဲ့ပြန်သည်။ အာဏာကိုတော့မလွှဲ။
ဗိုလ်စောမောင်နောက် ဗိုလ်သန်းရွှေက စစ်တပ်နဲ့ လက်ပါး စေများပေါင်းခါ ဒီပဲယင်း ကျည်ရွာတွင်ကျော်မ ကောင်းကြားမကောင်း လူသတ် မှုကိုလုပ်ပြန်သည်၊ ၂၀၀၇ သြဂုတ် စက်တင်ဘာ ကုန်ဈေးနှုန်းကျဆင်းရေး၊ သံဃာဆန္ဒ ပြပွဲများကို အမျိုးသားရေး၊ ဘာသာရေးတို့ကိုပင်မထောက်ထား ဘဲ ငြိမ်းချမ်းစွာ ဆုတောင်းမေတ္တာပို့သည့်သံဃာတော် များကို ရက်ရက်စက်စက် စစ်တပ်နဲ့ နှိမ်နင်းသတ်ဖြတ်ခဲ့သည်။
စစ်အာဏာရှင်စနစ် ရေရှည်တည်တန့်ရန်အတွက် နအဖဖွဲစည်းပုံကို သူ့လက်ပါးစေများနှင့်ရေးဆွဲခါမသမာ သောနည်း အဓမ္မနည်းများဖြင့် ဆန္ဒခံယူပွဲဆိုသည်ကိုလုပ်ပြန်သည်။ လူထုက ကန့်ကွက်မဲပေးသည့်တိုင် ၉၄ %ကျော် ထောက်ခံမဲရသည်ဆိုကာ ပြောင်လိမ်အတည်ပြုလိုက်ပြန်သည်။
ထိုမျှသာမက၊ နာဂစ်မုန်တိုင်းဒဏ်ခံရသော ပြည်သူ အသိန်းအသန်းတို့အပေါ် အကူအညီရနိုင်ရေးနည်းလမ်း များကို ထောက်ထားညှာ တာမှုကင်းစွာ ၊ ကောက်ကျစ်ယုတ်မာစွာ တားဆီးပိတ်ဆို့ ဖြတ်တောက်စားသောက်သော လုပ်ရပ်များလည်းလုပ်ရက်သည်၊ ထို့အပြင် ပြည်သူများကို အတင်းအဓမ္မနေရာရွှေပြောင်းခိုင်းရာတွင် လျှို့ဝှက်သတ်ဖြတ် မှုတွေ လုပ်ခါ ပြည်သူလူထုအပေါ် အဘက်ဘက်မှ အမျိုးမျိုး ဒုက္ခပေးနေပေးသည်။
မြန်မာပြည်သည် စစ်အာဏာရှင်စနစ်ကြီးစိုးခံခဲ့ရသည်မှစ၍ အဖက်ဖက်တွင်ဆုတ်ယုတ်ပျက်စီးကာပြည်သူ လူထုမှာ ကြိမ်မီးအုန်း သကဲ့သို့ လည်းကောင်း၊ စကောတွင် အလှိမ့်ခံရသော ဇီးဖြူသီးများကဲ့သို့လည်းကောင်း၊ ဆောက် တည်ရာမဲ့ ဒုက္ခအဖုံဖုံ အထပ်ထပ် ခံစားနေကြရစဲ ဖြစ်ပေသည်။
စစ်အာဏာရှင်စံနစ် သက်ဆိုးရှည်နေသရွေ့ ပြည်သူလူထုတို့ဘ၀သည် အေးချမ်းသာယာစရာလုံးဝမရှိပေ။ စေ့စပ်ဆွေနွေးခြင်းသည် စစ်အာ ဏာရှင်ဘီလူးတို့အား အားပေးအားမြှောက် ပြုရာကျခဲ့သည်။ ထိုကြောင့် စစ်အာဏာရှင် သန်းရွှေ မောင်အေးဂိုဏ်းကိုတိုက်ဖျက်ချေမှုန်းနိုင်ရေးအတွက် ပြည်သူတ ရပ်လုံးသည် လှည်းနေလှေအောင်းမြင်းဇောင်း အကျန် ကိုယ်ကျရာနေရာမှ စစ်အာဏာ ရှင် စနစ်တိုက်ဖျက်ရေးကိုလုပ် ကြရန်သာရှိပါသည်။
စစ်အာဏာရှင့် လက်ပါစေ လက်ဝေခံများ. ခြောက်လုံး၊ လှန်းလုံးများ၊ မြူလုံးဆွယ်လုံးများ၊ လှိမ့်လုံးပတ် လုံးများကို ၆၂ ခုနှစ်မှ စ၍ အထပ် အခါခါ တွေ့ကြုံခံစားရပြီးဖြစ်ရာ မတွေမဝေမကြောက်မလှန့်ဘဲ တော်လှန်ရေး လမ်းကြောင်းပေါ်မသွေမဖီ ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းကြ ရန် လိုလှပါသည်။
တကိုယ်တော်ကောင်းစားရေး၊ ဆွေမျိုးညာတကာကောင်းစားရေး၊ မိမိအုပ်စုကောင်းစားရေးတို့အတွက် နိုင်ငံရေးနှင့် တော်လှန်ရေးကို ခုတုံး လုပ်ခါ နအဖစစ်အာဏာရှင်တို့နှင့် ပေါင်း၍ ပြည်သူလူထုအပေါ် ခွစီးအမြတ်ထုပ် သွေးစုတ်နေကြသည့်ဖေါက်ပြန်သူတို့ကိုပြတ်သားသော သတိမြင့်မစေ့ စပ်စတမ်းတိုက်ဖျက်ကြရပါတော့မည်။
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်မှာ လူထုတိုက်ပွဲနည်း၊ လက်နက်ကိုင်တိုက်ပွဲနည်း၊ မြေပေါ်မြေအောက် နည်း များသာဖြစ်ပါသည်၊ွှသို့လုပ်ဆောင်နိုင်ရေးအတွက် မြန်မာပြည်သူများသည် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး တိုက်၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲ အတွေ့ အကြုံများသာမက စစ်အာဏာရှင် စနစ်အောက် မြောက်များစွာသော သပိတ်တိုက်ပွဲ၊ ဆန္ဒပြပွဲ၊ လက်နက်ကိုင် တိုက်ပွဲအတွေ့ အကြုံများရရှိကြပြီးဖြစ်သည်။
ထိုသို့အတွေ့အကြုံများရရှိခဲ့သည်တိုင် စစ်အာဏာရှင်စံနစ်အား အောင်ပွဲမဆင်ခဲ့ရခြင်းမှာ - ကိုယ်ကျိုး ကြည့်လွန်းမှု၊ လူမျိုးရေးအမြင်ကျဉ်း မှု၊ မဟာလူမျိုးကြီးဆန်မှု၊ အောင်ပွဲကို အချောင်နည်းနှင့် ရလိုပြီး ဖြတ်လမ်းလိုက်မှု၊ ယနေ့ဆင်နွဲနေသော တော်လှန်ရေးသည်၊ လက်တ ဆုတ်စာ စစ် အာဏာရှင် ဗမာစစ်ဗိုလ်တစုကို တိုင်းရင်းလူမျိုးပေါင်းစု အပါအ၀င် ဖိနှိပ်ခံ ဗမာများက ဖိနှိပ်သူဗမာစစ်အာဏာရှင်တို့အပေါ်ဆင်နွဲနေသောလူတန်းစား တိုက်ပွဲကြီးဖြစ်နေသည် ကို သဘောမပေါက်ကြခြင်းကြောင့် သာဖြစ်ပေသည်။
ယနေ့လုပ်ဆောင်ရမည့် ပြည်သူ့စစ်ပွဲမီးပင်လယ်မှာ - ရွာသားများ၊ ရပ်ကွက်သားများက ရပ်ကွက်လူကြီး ဆိုးများကိုတိုက်ခိုက်ခြင်းအမှုထမ်း တို့က အရာရှိဆိုးများကို တိုက်ခိုက်ခြင်း။ ရဲသားတို့က ရဲ အရာရှိဆိုးကိုတိုက်ခိုက်ခြင်း၊ စစ်သားများက စစ်အရာရှိဆိုးများကို တိုက်ခိုက်ခြင်းဖြစ် ပါသည်။
ဤအချက်တို့ကို ကျေလည်စွာသဘောပေါက်ကျင့်သုံးပါက စစ်အာဏာရှင် သန်းရွှေမောင်အေးဂိုဏ်း သာမက တခြာတခြားသော မတရား ဖိနှိပ် သွေးစုတ်အုပ်စိုးသူတို့ကို ပြည်သူများအနေနှင့် မလွှဲမသွေတော်လှန်ချေမှုန်းနိုင်မည် သာဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

ဘုံရန်သူစစ်အာဏာရှင်စံနစ်ကို ၀ိုင်းတိုက်ကြ၊
ပြည်သူဏ္ဍစစ်ပွဲမီးပင်လယ်ကို ဖန်တီးကြ၊
လူထု အစိုးရထူထောင်ကြ၊
ဒီမိုကရေစီ မုချရရမည်၊

ဦးစီးကော်မီတီ၊
ဂျွန်။ ၁၆ ။ ၂၀၀၈၊