ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Wednesday, February 24, 2016

ကမ္ဘာ့ကွန်မြူနစ်အခြေအနေနှင့်ပတ်သက်၍



ကမ္ဘာ့ကွန်မြူနစ်အခြေအနေနှင့်ပတ်သက်၍

စိမ်းမြမြ၀ိုင်းဆောင်းပါးကို ကိုးကားထားတဲ့ ရဲဝင့်အောင်ရဲ့ ဆောင်ပါးကို ရန်နိုင်ထွေးက ဖြန့်ဝေလို့ ဖတ်ရတော့ ကမ္ဘာ့ကွန်မြူနစ်အခြေအနေကို ကျွန်တော် သုံးသပ်ထားတာနဲ့ ပတ်သက်လို့ ဖေါ်ပြချင်စိတ် ကို နိုးထ စေခဲ့ ပါ တယ်။ တကယ်တော့ ကမ္ဘာ့ ကွန်မြူနစ် အခြေအနေကို ဖေါ်ပြတဲ့ မြန်မာဆောင်းပါးတွေ နည်းပါးလွန်းပါတယ်။ ကျွန်တော်ဘဲ မဖတ်မိလို့လားတော့ မသိပါ။
ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တတိယ ကွန်မြူနစ်အင်တာနေရှင်နယ် ချုပ်ငြိမ်းသွားရတာ ကို နုမျော နေမိပါတယ်။ ဒုတိယကမ္ဘာစစ်မှာ အဲဒီတုန်းက စတာလင်တို့ဦးဆောင်တဲ့ နိုင်ငံတ ကာကွန်မြူနစ်တွေက ဖက်ဆစ် တိုက်ဖျက်ရေး လုပ်ရာမှာ ရုစဘဲလ်၊ ချာချီတို့နဲ့ ညှိနှိုင်းရာက ကမ္ဘာ့ကွန်မြူနစ် တတိယ အင်တာ နေရှင်နယ်ကို ခေါက်ထားခဲ့တယ်လို့ လေ့လာမိပါတယ်။ စတာလင်ရဲ့ ဒီဗျူဟာက မှန်တယ်မှားတယ် ဆိုတာကိုတော့ စာဖတ်သူကိုယ်တိုင် စဉ်းစားဖို့ ချန်ထားချင်ပါတယ်။
ကျွန်တော်အနေနဲ့တော့ စလာလင်ပေးတာလွန်သွားတယ်လို့ ထင်ပါတယ်။ ဖက်ဆစ်ကို တိုက်ဖို့ ဒီလောက်ကြီး ကွန်မြူနစ်အင် တာနေရှင်နယ် (CI)ကို ဖျက်စရာမလိုလှဘူးလို့ ထင်ပါတယ်။ အခုတော့ CI မရှိတော့ဘူး။ ဒါဟာ ကမ္ဘာ့ ကွန်မြူနစ်လှုပ်ရှားမှုအတွက် ခေါင်းပျောက်သွားရတာပါ။ ဒါအတွက် ၀မ်းနည်းတယ်။
SI(Socialist International) ကို မာက်စ်နှင့် အိန်ဂျယ်လို့ ဦးဆောင်ပြီး ၁၈၈၉ မှာ တည်ထောင် ခဲ့ကြတယ်။အစက ကွန်မြူနစ်မဟုတ်သေးဘဲ နိုင်ငံတကာဆိုရှယ်လစ်ဆိုတဲ့ စုဖွဲ့မှု ဖြစ်တယ်။ ပထမ ကမ္ဘာ စစ်ဖြစ်တော့ “ အဖနိုင်ငံကို ကာကွယ်ကြ” ဆိုတဲ့အမျိုးသားရေးဝါဒကြောင့် ကိုယ့်တိုင်းပြည်ကိုယ် ကာ ကွယ် ရေးပဲလုပ်ကြတော့ CI ပျက်ရတယ်။
ဒုတိယ (SI) ကိုတော့ Anarchisim ( လုပ်ကြံရေးဝါဒ) ကြောင့်ပျက်ရပြန်တယ်။ လုပ်ကြံရေးဝါဒဆိုတာ ပုဂ္ဂိုလ် တဦးတယောက် ဥပမာ ဘုရင် လိုလူတယောက်ကို သတ်လိုက်တာနဲ့ စံနစ်ပြောင်းသွားမယ် လို့ယူဆတာ၊ လူထုကို တော်လှန်ရေးထဲ ပါဝင်အောင်မလုပ်တော့ဘဲ အလွယ်နည်း ၊ ဖြတ်လမ်းနည်းကို အားကိုးတဲ့ အယူအဆဖြစ်တယ်။
တတိယ CI က အထက်မှာပြောခဲ့သလို ဒုတိယကမ္ဘာစစ်မှာ ပျက်တာပါ၊ ၀ါဒအရပြောရရင်တော့ အလျှော့ပေးလွန်ဝါဒ လို့ဆိုရမှာပေါ့။ ဆိုဗီယက်ယူနီယ ပြိုကွဲပြီးတဲ့နောက်၊ ယခင်က ၀င်ရိုးနှစ်ခု ဆိုဗီယက်အမေရိကန် ရှိရာက ၀င်ရိုးတခုထည်း( အမေရိကန်)သာရှိတဲ့ အခြေအနေကိုကမ္ဘာက ရောက် သွားခဲ့တယ်။ ကွန်မြူနစ် စံနစ်က ကျဆုံးပျောက်ကွယ်ပျောက်သွားတော့မယောင် အရင်းရှင်တွေဘက် က ကောင်းကောင်း ၀ါဒဖြန့်ကြတယ်။  အဲဒီအခြေ အနေအောက်မှာ ဘယ်နိုင်ငံမှ အမေရိကန်ငြူစူစေမည့် အလုပ် ကမ္ဘာ့ ကွန်မြူနစ်လှုပ်ရှားမှုကို ဦးဆောင်ဖို့ မလုပ်လိုကြတော့ဘူး။ဝန်လေးနေခဲ့ကြတယ်။ ဒီနေ့က အဲဒီအခြေအ နေအောက်မှာ ကွန်မြူနစ်ဝါဒ ယုံကြည်သူတွေ လှုပ်ရှား နေကြ ရတာပါ။ ရေနည်း ငါးတွေလိုပေါ့။
ဆိုဗီယက်ပြိုကျသွားတာ ၊ တရုတ်ပြည်က အရင်းရှင်စံနစ် ကျင့်သုံးတာ၊ ဗီယက်နမ်က အမျိုးသားရေး ဘက်ယိမ်းတာတွေက ကွန်မြူနစ်ဝါဒပြိုကျတာမဟုတ်ပဲ တိုင်းပြည်တခုချင်းစီရဲ့ အခြေအနေ၊အုပ်စိုးသူတွေရဲ့ လုပ်ရပ်များသာဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒက လူ့သမိုင်းရဲ့ ကြောင်လိမ်လှေခါးအတိုင်း တက်နေတာပါဘဲ။
အခုဆိုရင် ကမ္ဘာကို ပတ်သွေးစုတ်နေတဲ့ လက်တဆုတ်စာသွေးစုတ်သူတွေကို လူတွေသိနေကြပြီ၊ ဖေါ် ထုတ်ကဲ့ရဲ့နေကြပြီ၊ ဥရောပနိုင်ငံတချို့မှာ ဆိုရှယ်ဒီမိုကရက်စံနစ်နဲ့ အလုပ်သမားတွေကိုချွေးသိပ် နေကြ ရတယ်။ကမ္ဘာ့ နိုင်ငံတွေဟာလည်းသီးခြားနေလို့ မရမှန်းသိလာကြလို့ ဥရောပသမဂ္ဂလို၊ အာရှန်လို၊ အဖရိက အသင်း၊ လက်တင်အမေရိကအသင်းလို ၊BRIC  လို ပေါင်းစည်းလုပ်ဆောင်လာနေကြရ တယ်။ကုလသမဂ္ဂလို  စုပေါင်း နေတဲ့နေရာမှာလည်း ကမ္ဘာ့လူထုအကျိုးတကယ်ပြုနိုင်ရေးအတွက် ၀ိုင်း လုပ်နေကြ တာကို တွေ့ နိုင်ပါတယ်။ စုပေါင်းလုပ်တဲ့ လှုပ်ရှားမှုတွေဟာ သီခြားအကျိုးကို ဦးထိပ်တင်တဲ့၊ အတ္တအခြေပြု အရင်းရှင်စံနစ်နဲ့ ဆန့်ကျင် ဘက်တွေ မဟုတ်ပါလား။ကမ္ဘာမှာ အစိုးရတခုထည်းပေါ် ထွန်းရေးဦးတည်ချက်တောင် ပေါ်လာ နေတယ်။ ဒါပေမဲ့ လက်ရှိကာလမှာဘဲ EU ထဲက UK ထွက်မည့် သတင်းရှိနေတာကလည်း  သမိုင်းမှာ နောက်ပြန် ဆွဲသူတွေလည်း ပေါ်လာတတ်တာကိုပြနေ ပြန်တယ်။ တရုပ်ပြည်မှာ ဒေါက်တာဆွန်ယက်ဆင်က သမတနိုင်ငံထူထောင်ဖို့ ကြိုးစား နေတုန်း၊ ယွန်ရှီကိုင်ဆိုတဲ့ စစ်ဘုရင် တယောက်က သူကိုယ်သူ တရုပ်ဧကရာဇ်အဖြစ်ကျေညာ ခဲ့ဘူးတယ်။နောက်တောလည့်း ပျောက် ပျက်သွားတာဘဲ။ ဒါမျိုးတွေကလည်း လူ့သမိုင်းမှာ ရှိဘူးတယ်။ ဒါပေမဲ့ လူ့သမိုင်းလှည်းဘီက ရှေ့ကိုဘဲ သွားမှာပါ။ဒီနေ့ကမ္ဘာ့ အပြောင်းအလဲက မြန်ဆန်နိုင်လွန်းလို့ တိုးတက်ပြောင်းလဲမှုလည်း မြန်ဆန်မှာ ဓမ္မတာပါဘဲ။
လူတန်းစားကွာဟမှု၊ ဆင်းရဲချမ်းသာကွာဟမှု၊ အလုပ်လက်မဲ့ပြဿနာ၊ စီပွါးရေးကပ်ဆိုက်မှု၊ ဒုက္ခသည်ပြ ဿနာ၊ ရာသီဥတုဖေါက်ပြန်မှုနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေက အရင်းရှင်စံနစ်ရဲ့ မွေးရာပါရောဂါ ဖြစ်နေတာကို ကမ္ဘာ့လူထုက ပိုပိုသိနားလည် လာနေကြတယ်။အရင်းရှင်စံနစ်နဲ့ ဖြေရှင်းလို့ မရတာကို လည်းပိုပိုသိ လာကြတယ်။ကွန်မြူနစ်စံနစ်ကလည်းဆီုဗီယက်မှာ နှစ်ပေါင်းခြောက်ဆယ်ခန့်၊တရုတ်ပြည်မှာ နှစ်ပေါင်း လေးဆယ်ခန့် တွေ့ကြုံဘူးတော့ လူတွေစိတ်မှာ လက်ရှိဘ၀နဲ့ မနှိုင်းယှဉ်ဘဲနေမိမှာ မဟုတ်ပါ ဘူး။ပြင် သစ်ပြည်က အချိန်တို တောင်းလှတဲ့ ပဲရစ်ကွန်မြူန်း အကြောင်းကိုတောင် အကြီးအကျယ်စာဖွဲ့နေခဲ့ကြတာဘဲ။
ဒါပေမဲ့ အခုအချိန်မှာ အားကိုးစရာ ကွန်မြူနစ်စံနစ်ဘက်ကိုကြည့်တော့ အရင်းရှင်ဂိုဏ်းရဲ့ ထိုးနှက်မှုကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့လဲနေသလို၊ကွန်မြူနစ်အရည်ခြုံ၊ဆိုရှယ်လစ်အရည်ခြုံ၊အချောင်သမားဖေါက်ပြန် ရေးသမားတွေရဲ့ တိုက်ခိုက်မှုကိုလည်းခံနေရတယ်။ကွန်မြူနစ်တွေရဲ့ လှုပ်ရှားမှုက  ပြန့်ကျဲနေပြီး စုစည်းဖို့ မတတ်နိုင်ကြဘူး။ ဒါကြောင့်ဘဲ CI အသစ်ဟာ မပေါ်နိုင်ဘဲ ဒီနေ့အထိ စုပေါင်းခေါင်းဆောင်မှုကို မရ ဖြစ်နေတယ်။ ကမ္ဘာအခြေအနေက ကွန်မြူနစ်ဝါဒဘက်ကို ညွှတ်နေပေမဲ့ ထိန်းကျောင်းတည့်မတ်မည့် CI လိုနေတယ်လို့ ကျွန်တော်ယူဆပါတယ်။
အထက်ကညွှန်းခဲ့တဲ့ စိမ်းမြမြ၀ိုင်း ဆောင်းပါအရ ကမ္ဘာတ၀ှမ်းက ကွန်မြူနစ်ပါတီ အများစုဟာ အမျိုး သားဝါဒကိုမှီခိုနေရတုန်းဘဲရှိနေကြတယ်လို့သုံးသပ်မိတယ်။ဒါကပထမSIလို ဖြစ်လာနိုင်ချေရှိသလို၊ နိုင်ငံတကာစိတ်ဓါတ်ကိုတစုံတရာထိခိုက်နေနိုင်တယ်လို့ယူဆပါတယ်။ ပြန့်ကျဲနေတယ်၊သီးခြားလက္ခဏာ ဆောင် နေကြတယ် ဆိုပေမဲ့ကမ္ဘာမှုပြုခြင်းတွေ၊စုဖွဲ့လာမှုတွေ၊ဆက်သွယ်ဆက်စပ်လ်ာလာနိုင်မှုတွေ၊ နိုင်ငံတကာ ကော်ပိုရေးရှင်တွေရဲ့ ဖိနှိပ်သွေးစုတ်မှုတွေက ကမ္ဘာတ၀ှမ်းမှာ ယေဘုယျဖြစ်နေတဲ့ အတွက် ကွန်မြူနစ် စံနစ်ယုံကြည်သူတွေအဖို့ ဘုံလုပ်ငန်း စဉ်တွေကို ချလို့ရနိုင်တယ်လို ကျွန်တော်က ယုံကြည် နေမိတယ်။
အမေရိကမှာ ဖြစ်ခဲ့တဲ့ Occupy Wall Street လှုပ်ရှားမှုဟာ လက်ဝါးကြီးအုပ် အရင်းရှင်စံနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ဖြစ်ခဲ့ပေမဲ့ ဦးဆောင်ခန်းနဲ့ ရည်မှန်းချက်မဲ့ နေတာဟာ သိသာထင်ရှားတဲ့ အားနည်းချက်ဖြစ်ပါ တယ်။ ဒါကလည်း CI ဟာလိုအပ်မြဲ လိုအပ်နေတာကို ပြသတဲ့ သာဓက ကြီးတခုပါ။ ကမ္ဘာ့အမြင်နဲ့ ယှဉ်တဲ့ ကွန်မြူနစ်တွေရဲ့ အမြင်ကို ဖေါ်ထုတ်ပေးနိုင်ရေးဟာ ယနေ့အခြေအနေမှာ အထူးလိုအပ်နေပါတယ်။
လေ့လာမိတဲ့ အထဲမှာ ဟိုချီးမင်းက အင်ဒိုချိုင်းနား ကွန်မြူနစ်ပါတီ ထူထောင်ဖို့ ကြိုးစားဘူးတယ်လို့ မှတ်သားဘူးတယ်။ ပြင်သစ်လက်အောက်က ကိုလိုနီတွေလွတ်မြောက်အောင်လို့နဲ့ တူပါတယ်။ ဖိနှိပ်သူက တူနေတော့ အဖိနှိပ်ခံတွေလည်း စုနိုင်တာပေါ့၊ အခုလည်း ကမ္ဘာမှုပြုခြင်းက ကမ္ဘာလူထုကိုစုဖွဲ့ဖို့ ပိုမို အားကောင်းစေပါတယ်။ နောက်ထပ်သတိပြုမိတာက ဗင်နီးဇွီးလားက ကွယ်လွန်သူ သမတ ဟူဂို ချီဗာစ်ဟာ သူမဆုံးမီCIအသစ် ဖြစ်ရေးအတွက် ကြိုးပမ်းခဲ့ဘူးတယ်လို့ ဖတ်မိတယ်။ ကြိုးပမ်းသူတွေပေါ်နေတာကို သိစေချင်လို့ပါ။
ဗမာပြည်ကဘခက်ရဲ့ ဘခက်စာအုပ်မှာတော့ သူဟာ CI ရဲ့ အတွင်းရေးမှူးဖြစ်ချင်တယ်လို့ ရေးတာ ဖတ်မိလို့ ။ သူလည်းအမြင်ကျယ်ပြီး အမြင့်ကြံသူတဦးပါလားလို့ မှတ်ချက်ပြုမိတယ်။ သူဘ၀ဖြစ်စဉ်တွေ ကတော့ သူ့ကိစ္စပေါ့။ ရည်ရွယ်ဘူးတာကိုသာ ပြောတာပါ။
ကျွန်တော်ကြိုက်တဲ့ စကားတခုက “ စိတ်ကူးထဲမှာ ဘုရားတည် မငယ်စေနဲ့” ဆိုတဲ့စကားပဲ၊ အများက စိတ်ကူးမိဖို့တောင် တော်တော်ခက်နေတတ်ကြတယ်။ လူတွေနဲ့ ပတ်သက်ပြီး ကျွန်တော်ကိုယ်ကျွန်တော် မှတ်ချက်ပြုမိတာက “ ဒီလောကကြီးထဲမှာ ရုပ်ဝါဒကိုယုံကြည်တဲ့ငါက သဘောတရားတို့၊ ခံယူချက်တို့ကို အလေးထား လိုက်နာပြီး၊ နမ်ဝါဒကိုသာယုံတဲ့ လူတွေက စစ်တပ်တို့၊စာ်းဇိမ်တို့၊ ငွေကြေးတို့ဆိုတဲ့ ရုပ်ပစ္စည်း တွေအပေါ်မှာ အလေးထားတွက်တတ်ကြတာကို ထူးဆန်းစွာ ငါသိလာရတယ်။” လို့ မှတ်ချက်ရေးသား ထားမိဘူးတယ်။
ကမ္ဘာဟာရွာကြီးတရွာလောက်သာဖြစ်နေပြီ၊ သွေးစုတ်အမြတ်သူတွေကိုလည်းသိနေတယ်။ နည်းနာတွေ လည်း သိနေ တယ်ဆိုရင် ကမ္ဘာလူထုကြီးကို စုစည်းနိုင်တဲ့၊ရှေ့ဆောင်နိုင်တဲ့ CI အဟောင်းတွေ လည်းပေါ်ဘူးခဲ့တယ်။ CIအသစ်ကဘာကြောင့် မပေါ်နိုင်ရမှာလဲလို့ ကျွန်တော်တို့ မတွေးသင့်ဘူးလား။ ကွန်မြူနစ်တွေရဲ့ စံနစ်နဲ့ လှုပ်ရှားမှုကသာ လက်ရှိလူ့လောကမှာ လောက နိဗ္ဗာန်လိုပေါ်ထွန်းလာအောင် လုပ်နိုင်မှာလို့ ကျွန်တော်က အခိုင်အမာယုံကြည် မျှော်လင့်ရင်း - ။
 ကမ္ဘာ့ဖိနှိပ်ခံတို့ညီညွှတ်ကြ။
အနာဂါတ်ဟာ အတွက်တိုက်ပွဲဝင်ကြ ။

ဦးအေးဆောင်
ဖေဖ၀ါရီ ၂၄၊ ၂၀၁၆။