ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Friday, January 6, 2012

ရန်သူ့ ပရိယာယ်နဲ့ ကျွန်တော်တို့ လုပ်ရမည့် လုပ်ငန်းစဉ်။


ရန်သူ့ ပရိယာယ်နဲ့ ကျွန်တော်တို့ လုပ်ရမည့် လုပ်ငန်းစဉ်။
ဒီနေ့ ရန်သူ စစ်အာဏာရှင် ကြံ့ဖွတ်က မီးစတဖက်၊ ရေမှုတ်တဖက် ပရိယာယ်ကို ကျင့်သုံးနေ ပါတယ်။ စေ့စပ်ရေး နဲ့ စစ်ရေးထိုးစစ် ပါဘဲ။ ရည်မှန်းချက်က သူတို့ စစ်အာဧာ ကြာရှည် ဖို့ပါ ။ ကမ္ဘာတည်သရွေ့ လို့တော့ မပြောနိုင်ပေမဲ့ မြင်သာတဲ့ အနာဂါတ် အထိ တော့လွှမ်းမိုးထား ဖို့ဖြစ်တယ်။ ဒါကို ကျွန်တော်တို့က လက်ခံမှာလား။ ဒီနေ့ လက်ခံရင် မနက်ဖန်အတွက် ကြံ့ဖွတ်စစ်အာဏာာ ရှင် စံနစ်က ခိုင်မာသွားမှာပါ။
သူတို့ကျင့်သုံးတဲ့ နည်းပရိယာယ် အောက်မှာ သူတို့ရဲ့ လက်ပါးစေတွေ၊ လက်ဝေ ခံတွေ၊ အလိုတော် ရှိတွေ၊ အချောင်သမားတွေ၊ ပြည်သူကို အထင်သေးပြီး ဖိနှိပ်ချင်တဲ့လူတွေ၊ စီးပွါးရေး မက်လုံးမျှော်သူတွေ က အခုအချိန်မှာစည်ကားသိုက်မြိုက်စွါအကွက်ကျကျအားပေးနေကြပါတယ်။သူတို့လုပ်သမျှက ပြည်သူလူထုမျက်စေ့
ကိုသဲနဲ့ ပက်ပြီး သူတို့တီးတဲ့ တီးလုံးအတိုင်း လိုက်,က ကြအောင်လုပ်နေတာသာဖြစ် တယ်။ ပြည်သူတွေ အတွက် “ ဟုတ်နိုးနိုး” နဲ့သာ ဆက် စခန်းသွားရစရာရှိတယ်။
“ဟုတ်နိုးနိုး” ဖြစ်အောင်လုပ်ပြီး၆၂ခုကနေစစ်အာဏာကြီးစိုးလာခဲ့တာပါဘဲ၊ဗိုလ်နေ၀င်းက တော်လှန်ရေးကောင်စီဆိုပြီး အာဏာသိမ်း၊။  မဆလအမြုတေ ပါတီကာလ လုပ်တော့ လူထုက ဟုတ်လေမလား  ဟုတ်နိုးနိုး၊ဘာမှ မဟုတ်ခဲ့။ မဆလလွှတ် တော်ကာလ ရောက်ပြန်တော့ လူထုက ဟုတ်လေမလား  ဟုတ်နိုးနိုး၊ ဘာမှမဟုတ်ခဲ့။ ၈၈ န၀တ ခေတ် ၉၀ ခု ရွေး ကောက်ပွဲ လူထုက ဟုတ်လေမလား  ဟုတ်နိုးနိုး၊ ဘာမှမဟုတ်ခဲ့။ နအဖခေတ် ဖွဲ့စည်းပုံ ရေးပြန်တယ်။ အစတည်းကမဟုတ်၊ နောက်တော့ ပိုမဟုတ်တော့တဲ့ အခြေကနေ၊ အခု ကြံ့ဖွတ် လွှတ်တော်လုပ်နေပြန်ပြီ၊ အစကကိုမကောင်းခဲ့တဲ့ ၂၀၀၈ ဥပဒေကနေ ထွက်လာတဲ့ ကြံ့ဖွတ် မသမာတဲ့ လွှတ်တော်ဟာအခုတော့ဟုတ်တိပတ်တိလူရာဝင်နေ တော့တယ်။သူတို့ကလဲမက်လုံး၊ချော့လုံး၊ ခြောက်လုံးတွေနဲ့ အချောင်သမားနဲ့ စီးပွါးရေး သမား တော်တော်များများကို အခွင့်အရေးပမ်းပြပြိး မြူဆွယ်နိုင်ခဲ့ပါတယ်။ ဒီတော့ “ဟုတ်နိုး နိုး” က “ဟုတ် မယောင် ယောင်” ဖြစ်လာတယ်။
နောက်ကို ပြန်လှဲ့ ကြည့်လိုက်ရင် ၊ ကြံ့ဖွတ်ပါတီကို လူမှုရေး အဇွဲ့ ကနေ မလှိမ့်တ ပတ်နဲ့ နိုင်ငံရေးပါတီလုပ်တာ၊ ၂၀၀၈ ဥပဒေကို ကောာက်ကောက်ကျစ်ကျစ်နဲ့ အတည်ပြုတာ၊ ၂၀၁၀ ရွေးကောက်ပွဲကို မသမာတဲ့  ဥပဒေတွေ၊ နည်းတွေနဲ့ လုပ်ခဲ့တာ၊တွေ ဟာ စစ်အာ ဏာကို အလွယ်တကူ စွန့်လွှတ်ဖို့ လုပ်ခဲ့တာလို့များ ကျွန်တော်တို့က ထင်ရမ လား။ဒီတော့ “နိုးနိုး” တို့ “ ယောင်ယောင် “ တို့ အတွက် ကျွန်တော်တို့ အချိန်ကုန်လူပမ်း ၊ လေကုန်လူနွမ်း မဖြစ်သင့်တော့ဘူး၊ “စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ တည် ဆောက်ရေး “လုပ်ငန်း စဉ်ကို သာ စိုက်စိုက်မတ်မတ် အကောင်အထည် ဖေါ်ရတော့ မှာဖြစ် တယ်။
ရန်သူက ဒီနေ့ ဖန်တီးနေတဲ့ လေထုက “ ကြံ့ဖွတ်ထဲမှာ အပြော့ဂိုဏ်း သိန်းစိန် နဲ့ အမာဂိုဏ် သန်းရွှေတို့ ရှိတယ်။ အမာဂိုဏ်းတွေက အာဏာသိမ်းချင်တာ ၊ သိန်းစိန်ခံနေလို့ သိန်းစိန်ကိုအားပေးကြ ၊ သိပ်ပြိး မဆန့်ကျင်ကြနဲ့ “ ဆိုတဲ့သဘောနဲ့ ပြည်သူလူထုကို သုံ့းပုံဖဲ ကစားသလို ကစားပြနေတယ်။ ဒါကလဲ နေ၀င်းနဲ့ မျက်မှန်တင်ဥိး မတည့်ဒါမျိုး၊ သန်းရွှေနဲ့ စောမောင်မတည့်ဒါမျိုး၊သန်းရွှေနဲ့ မောင်အေး မတည့်ဒါမျိုး၊ အခု သိန်စိန်နဲ့ မင်းအောင်လှိုင် မတည့်တာမျိုး သတင်းတွေက စစ်အာဏာရှင်ကြီးစိုးတဲ့ သက်တန်းတလျှောက်မှာ လူတွေကို နိုးနိုးဖြစ်အောင်လုပ်တဲ့ ပရိယာယ်တွေချည့်ဘဲ။ လက်တွေ့ ကျွန်တော်တို့မှာ ဘာတွေထူးခြား ခြား ခံစားခဲ့ရလို့လဲ။  ကျွန်တော်တို့မှာ လက်ဆုတ်လက်ကိုင် အောင်မြင်မှု မရမချင်း စိတ်ကူး ယဉ်မျှော် လင့်ချက်ပေါ်မှာ ကျွန်တော်တို့ လုပ်ငန်းစဉ်တွေ မတည်ဆောက်မိဖို့အရေးကြီးတယ်။
 ဒီရည်မှန်းချက်အတွက် အောက်ပါလုပ်ငန်းတွေကို မဖြစ်မနေလုပ်ရပါလိမ့်မယ်။
၁ - ရန်သူ့ ရဲ့ ဖိနှိပ်တဲ့ လုပ်ရပ်တွေကို နည်းမျိုးစုံနဲ့ ဖွင့်ချပါ။
သတင်းအချက်အလက်ပိတ်ဆို့တားဆီးခံခြင်းဟာ ဖိနှိပ်သူ အာဏာရှင်တွေ အဓိက သုံး တဲ့ လက်နက်ဖြစ်တယ်။ သူတိုကတားဆီး ကျွန်တော်တို့က ဖေါက်ထွက်နိုင်အောင် လုပ်ရ လိမ့်မယ်။ ဒီအလုပ်တွေက တဆင့်စကားတဆင့်ပါးရာကအစ၊ ရေဒီယိုအင်တာနက်တွေ အထိ ပါတယ်။ ဘယ်သတင်းဌာနဟာ ဘယ်လိုရန် သူကို အလုပ်အကျွေးပြုတယ်ဆိုတာကိုလဲ ဖေါ် ထုတ် ထွင့်ချရလိမ့်မယ်။ ဘယ်သူတွေ ရန်သူဘက်ယိမ်း သွားပြီဆိုတာလဲလူထုတွေသိ အောင်ရှင်းလင်းပြရလိမ့်မယ်။ဒီနေရာမှာကြံ့ဖွတ်လွှတ်တော်မှာလဲရတဲ့အခွင့်အရေး ကို ရသ လောက်ယူပြိး မတရားတဲ့ ၊ ဖိနှိပ်တဲ့ ၊ လုပ်ရပ်တွေဥပဒေတွေကို ဆန့်ကျင်တိုက်ဖျက်ကြရမယ်။
အထက်ကတင်ပြခဲ့သလို သိန်းစိနကိုပင်းရေးအမြင်လောက်နဲ့ လွှတ်တော်ထဲ ၀င်မည့် သူ တွေကိုတော့ ကျွန်တော်တို့အားကိုးလိုရမှာမဟုတ်ပါ၊ဒီလူတွေကိုတော့သူမဲဆန္ဒနယ်ကလူတွေသိအောင်  ဝေဖန်တိုက်ခိုက်ပြစ်ရမယ်။
ဒီနေရာမှာ ကြံ့ဖွတ် လွှတ်တော်ကို အားပေးထောက်ခံတာ မဟုတ်ဘဲ ၊ ကြံ့ဖွတ် လွှတ်တော်ကို လူထုလှုပ်ဆော်ရေး စဉ်အဖြစ်သာအသုံးချဖို့ တင်ပြခြင်း သာဖြစ်ပါ တယ်။ ကြံ့ ဖွတ်လွှတ်တော်ကို သာ အားကိုးတဲ့ ဆန္ဒနဲ့ ၀င်တဲ့ လူတွေဟာ ကြံ့ဖွတ်ကို အလှ ချယ် ပေးသူ၊ ပြည်သူကို ကြံ့ဖွတ်နဲ့ ပေါင်းပြိး ဖိနှိပ်သွေးစုတ်သူ သာဖြစ်ပေလိမ့်မယ်။
ကျွန်တော်တို့အနေနဲ့ လူထုတွေကို အကြံပေးနိုင်တာ ကြံ့ဖွတ်အလိုတော်ရှီတွေ၊ လူထု ကို နှိပ် စက်တဲ့သူတွေကို မရွေးမိဖို့နဲ့ ၊ ကြံ့ဖွတ်စစ်အာဏာရှင်စံနစ်ကို အပြင်းထန်ဆုံး ဆန့်ကျင်ပြီး ၊ ပြည်သူဘက်ကမား မားမတ်မတ်ရပ်မည့် လူတွေကို သာ ရွေးချယ် ကြဖို့ သတင်း အ ချက်အ လက်ပေး ထောက်ပြ၊ ရှင်းလင်ဲးပြကြရ လိမ့်မယ်။
၂ - စေ့စပ်ရေးနဲ့ အချောင်သမားဝါးဟာ ရန်သူကို အားပေးရာကျတာကို ထောက်ပြ ဆန့်ကျင်ပါ။
ရန်သူကို အထောက်အကူပြု နေတာတွေကို မတားမြစ်ဘဲ မဖြတ်တောက်ဘဲ  စစ်အာ ဏာရှင်စံနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ မကြီးထွားလာနိုင်ဘူး၊ ဒီနေ့ ကြံ့ဖွတ်တို့သုံးနေတဲ့ စေ့စပ်ရေးက ငြိမ်းချမ်းရေးမဟုတ် ဘူးဆိုတာကို ရှင်းရှင်းသိထားဖို့လိုပါတယ်။ ဒီနေ့သိန်းစိန် တို့လုပ်နေတဲ့ စေ့စပ်ရေးကသူတို့အကြပ်အတည်းဖြစ်ေ နတဲ့စစ်တပ်ထဲကလူထုတွင်းကမကြေနပ်မှု တွေကိုရှင်းနိုင်အောင်၊သူတို့ကထုတ်ခိုင်ခိုင်တည်ဆောက်နိုင်အောင် အေးချမ်းတဲ့ ကာလတရပ်ကို ဖန်တီးယူနေ တာပါ၊ ပြည်သူတွေကို ဖိနှိပ်သွေးစုတ်မှ ရှင်သန် နိုင်တဲ့ စစ်အာဏာရှင် စံနစ်ဟာ ပြည်သူတွေ ရဲ့ အကျိုးစီးပွါးနဲ့ တိုက်ရိုက် ဆန်ကျင် ဘက်ဖြစ် နေတာကြောင့် ပြည်သူတွေ ဧချမ်းသာ ယာဖွံ့ဖြိုးတိုး တက်မှာ အားကြီးမှာ ကြောက် လန့်နေ မှာပါဘဲ။ ဒီတော့ သူတို့က ဘယ်တော့မှ အားမပေးဘူး  ကမ္ဘာကျော်အစုလိုက်အပုံလိုက် သတ် ထားကြတော့လဲ ပို လိုတောင် စိုးရိမ် နေမှာပါ။ ဒါတွေက ရန်လိုလို့ဆို တာမဟုတ်ဘဲ သူတို့မှာ ဖြစ်နေတဲ့ စိတ်ထားကိုပြောတာပါ။ ဒီလိုသဘောထားရှိသူကို ကျွန်တော် တိုဲ့ပြုပြင်လို ရင် ပြည်သူတွေမှာက လုံခြုံတဲ့ အာမခံနိုင်တဲ့ အခြေအနေတရပ် ဟာရှိရမယ်။ ဒါက ပြည်သူ့ အုပ်ချုပ် ရေးကို လက်ခံဖို့ဘဲ။ ဒါမှမဟုတ်ရင်တော့ သူတို့ကလဲ ပူပန်၊ ကျွန်တော်တို့ ကလဲ မလုံခြုံတော့ လုံခြုံအောင်လုပ် ရင် ပြဿနာကထပ်တက်လာဦးးမှာပါဘဲ။သူတို့အပါအ၀င်လူထုတရပ်လုံးကလွတ်လွတ်လပ်လပ်အခြေအနေအောက်မှာ လွတ်လွတ်လပ်လပ်ရွေး ကောက် လိုက်တဲ့ ပြည်သူ့အစိုးရ တရပ်ကသာ သူတို့အတွက်ရော ၊ ပြည်သူတွေအ တွက်ရော အာမခံတဲ့ ဥပဒေအောက်မှာ ဧချမ်းမှုရှိစွာ နေထိုင် ရှင်သန်နိုင်ကြမှာပါ၊
စစ်တပ်က ဓါးမိုးထားတဲ့ဥပဒေ အောက်မှာ ငြိမ်းချမ်းရေး မပြောနဲ့ တန်းတူညီမျှတဲ့ စေ့စပ်ရေး ဟာ ဖြစ်နိုင်တာမဟုတ်ပါဘူး၊ဒါကြောင့်ဒီနေ့စစ်အာဏာရှင်ကိုယ်စားလှယ်ကြံ့ဖွတ်သိန်းစိန်တို့နဲ့ စေ့စပ်ရေးဘဲလုပ်လုပ်၊ နားလှယ်မှုဘဲယူယူ ဒါတွေဟာ စစ်အာဏာရှင်ကို တနည်းတဖုံနဲ့ အကျိုးပြုနေတာဖြစ်ပြိး၊ စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေး လုပ်ငန်းနဲ့ ဖြောင့် ဖြောင့် ဆန့်ကျင်နေတော့တယ်။ ဒီလိုရှင်းရှင်းမသိဘဲ ကမ္ဘာဖိအား လိုလို၊ ငြိမ်းချမ်းရေးလိုလို နဲ့ ပြည်သူတွေကို နားလှည့်ပါးရိုက်တာကို ကျွန်တော်တို့ ပြတ်ပြတ်သားသားဆန့်ကျင် ကြရလိမ့် မယ်၊ ဒါမှ မဟုတ်ရင် တော်လှန်ရေးနဲ့ စေ့စပ်ရေးဟာ တူတူလိုဖြစ်သွားလိမ့်မယ်။  
                  
- တော်လှန်ရေးတွေအကြောင်းကို လေ့လာပါ။
တော်လှန်ရေးဆိုတဲ့  စကားလုံးဟာအခုအခါမြန်မာပြည်မှာ တော်တော်ရှားပါးတဲ့စကားလုံးဖြစ် နေတယ်။ ကတ္တီပါတို့၊ခရမ်းရောင်တို့၊စပယ်တို့ငြိမ်းချမ်းရေးတို့စတဲ့စကား တွေနဲ့ တော်လှန်ရေးကို ပေါင်းပြစ်ကြလို့ တော်လှန်ရေးဟာ ဖေါင်းပွပြီးပီပိသသ သိရှိဖို့ခက်လာ တယ်။ ဒါပေမဲ့တော်လှန်ရေးဟာ စဘာဝအရ ဒီနေ့ ပိုရှင်သန်နေပါတယ်။ အာရပ်ကမ္ဘာမှာ ၊ အမေရိကန် ဝေါလ် လမ်းမက တဆင့် ကမ္ဘာတခုလုံး ဆင်းရဲချမ်းသာ ကွါဟ လွမ်းလို့လူတန်းစားတိုက်ပွဲ ပိပိပြင်ပြင်ဖြစ်နေပါတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာတော့စစ်အာဏာရှင်စံနစ်ကိုဘဲ ပြုပြင်ဖါထည်းပြီး ချော့မြူပေါင်းသင်းနေနေရပါတယ်။ ဒါတွေက ကျွန်တော်တို့ ပြည်သူတွေ ရဲ့ အသိဥာဏ်ကို ရာစုနှစ် ၀က် လောက် စစ်အာဏာရှင်တို့ ပိတ်ဆို့ထား ခဲ့လို့ပါ။ဒီလိုပိတ်ဆို့နိုင်လို့လဲစစ်အာဏာရှင်စံနစ်ဟာအခုထိသက်ဆိုရှည်နေတာပါ၊သူတို့အတွက်အကောင်း၊ ပြည်သူတွေ အတွက် အနှစ်ငါးဆယ် အကန်းဘ၀မှာ ကျင်လည်နေခဲ့ရတယ်။ အခုထိလည်း  လွတ်လပ်တဲ့ စာနယ်ဇင်းနဲ့ ဆက်သွယ်ရေးတွေ ချို့ငဲ့တုန်းပါဘဲ။ လက်ကိုင်ဖုန်းတွေကို စစ်အာဏာရှင်အသိုင်း အ၀ိုင်းက ချုပ်ကိုင်ထားပြီး အမြတ်ထုတ်သွေးစုတ်နေတာတွေကလဲ စစ်အာဏာရှင် စံနစ်ရဲ့ မတရား ဖိနှိပ်ချုပ် ချယ်ရင်း အသိဥာဏ်တွေ၊ သတင်းအချက်အလက်တွေကို ပိတ်ဆို့တဲ့ နည်းတခုဖြစ်နေတုန်းပါဘဲ။
 ကမ္ဘာ့သတင်းအချက်အလက်နဲ့အသိဥာဏ်တွေကိုကန့်သတ်ချုပ်ချယ်တဲ့စစ်အာဏာရှင်တွေရဲ့တားဆီးတွေ ကို ကျော်လွှားဖေါက်ထွက်နိုင်ရေး၊ တော်လှန်ရေး အသိပြန့်ပွါး ရေး ၊ ဆက်စပ်စုစည်းရေးတွေကို လေ့လာပြီး အားထုတ်ကျင့်သုံးကြရလိမ့်မယ်။ကြရမယ်။
- စံနစ်ကျတဲ့ စုစည်းမှုကို အသေးဆုံးက စပြီး စုစည်းပါ။
စုစည်းရေး စည်းလုံးရေး ဟာအင်အားမှန်းသိကြပါတယ်။ မသိကြတာက ဘယ်မှာစု စည်းမှာလဲ။ ဘယ်လိုစုစည်းမှာလဲ ဆိုတာကို ရှင်းနိုင်တဲ့လူရှားနေတာပါ။ စံနစ်တကျစုစည်း တတ်ဖို့ က အသင်းအပင်းနဲ့ လက်တွေ့လှုပ်ရှားလုပ်ကိုင်သူတွေက သိကြပါတယ်။ သာမန်လူ တွေအနေနဲ့က၊ ဘော့ လုံးအသင်းဖြစ်ဖြစ်၊ ဆွမ်းလောင်းအသင်းဖြစ်ဖြစ် စတင်ပါဝင်လုပ်ကိုင် ရင် ယေဘုယျအားဖြင့် တယောက်ထည်းလုပ်တာထက် အကျိုးပိုရှိတာတွေ့ရမှာပါ။ နိုင်ငံ ရေးအမြင်ရှိရှိစုစည်းနိုင်တော့ပိုကောင်းပါတယ်။ တော်လှန်ရေးလှုပ်ရှားမှုအထိတက်နိုင် ရင် တော့ အတိုင်းထက်အလွန်ပေါ့၊
ဘယ်မှာစုစည်းမလဲ ဆိုတဲ့ကိစ္စက ပြည်တွင်းထဲမှာ ဆိုရင် စစ်အာဏာရှင်စံနစ်ကို အပြင်းထန်ဆုံး ဆန့်ကျင် တဲ့ အုပ်စုကို အားပေးရမှာဖြစ်ပြီ၊ နယ်စပ်မှာဆိုရင်တော့ DAB လို့ခေါ် တဲ့ မြန်မယပြည်ဒီမိုကရက်တစ် မဟာမိတ်အမွဲ့ချုပ်မှာ စုစည်းသင့်တယ်၊။ ကျွန်တော် က ဒီအဖွဲ့မှာ ပါနေရလို့ ပြောတာမဟုတ်ပါဘူး။ DAB ဆိုတာ -၈၈လူထုအုံကြွမှုကြောင့် ပေါ်ထွက်လာတဲ့ရလာဒ်ဖြစ်တယ်။လူမျိုးစုတွေ၊ဒီမိုကရေစီအင်အားစု တွေ ပေါင်းမိတယ်။ အဖွဲ့ အစည်းစုံအများဆုံးပါဝင်တဲ့ အဖွဲ့ဖြစ်တယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကို အယုံအကြည်မရှိခဲ့ဘူး။နောက်မှ NLDနဲ့ ထိပ်တိုက်မတွေ့ရအောင် ရလာဒ်ကို အသိအမှတ်ပြုခဲ့ တာ။တ ကယ်က ၉၀ ခုနှစ်ရွေးကောက်ပွဲဟာ အတုအယောင်လိမ်ဆင်ဆိုတာ အခုတော့ ပေါ်လွင်သွား ခဲ့ ပါပြီ။  DABက အနစ်နာခံပြီး ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းပေးခဲ့တယ်၊ ဖက်ဒ ရာယ်ဖွဲ့ စည်းပုံကိုလဲ အုတ်ဖြစ်ချပေးခဲ့တယ်။ ၁၉၉၄ မှာစပေါ်လာတဲ့ရန်သူ့နဲ့စေ့စပ်ရေး လမ်းစဉ် ကိုလဲ ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့တယ်။ စေ့စပ်ရေးလမ်းစဉ်ကြောင့် တော်လှန်ရေးကိုဘယ် လောက် ထိခိုက်တယ်ဆိုတာ အခုအချိန်မှာ သက်သေတွေအများအပြားရှိနေပါပြီ။ မာနပလော ကာ ကွယ်ရေး တိုက်ပွဲတွေမှာ တိုက်ပွဲ ၀င်ခဲ့ကြတယ်။ ကြံ့ဖွတ်၂၀၀၈ ဖွဲ့စည်းပုံကိုလဲ ပြတ်ပြတ် သားသားဆန့်ကျင်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုလဲ ဆန့်ကျင်တယ်။ DAB နောက်ဆုံး ညီလာခံက လူထုတိုက်ပွဲနဲ့ လက်နက် ကိုင်တိုက်ပွဲလမ်းစဉ်ကို အခိုင်အမာချ လုပ် ဆောင်နေ တယ်။DAB  ဟာ စေ့စပ်ရေးဝါီးတွေ၊ စီပွါးရေးဝါဒီတွေ၊ အချောင်သမားဝါဒီတွေကို ဆန့်ကျင် ရင်း  ဒဏ်ရာဒဏ်ချက်တွေ ရရှိခဲ့ပေမဲ့  မှန်ကန်တော်လှန်တဲ့လမ်းပေါ်မှာ မသွေမတိန်းလျှောက် လှမ်း နေပါတယ်။
ဒီလိုအချက်အလက်ဂုဏ်အင်္ဂါတွေရှိတဲ့တိုင် လူတွေကသိသင့်သလောက်မသိ၊ထောက် ခံသင့်သလောက် မထောက်ခံခဲ့ဘူး၊အားနည်းချက်တွေရှိတာမှန်တယ်။ဒီအားနည်းချက် တွေကို ကျော်လွှားနိုင်ရေးကကျွန်တော်တို့ရဲ့အရည်အချင်းကိုစမ်းသပ်နေတာပါဘဲ။ရင်ဆိုင်ဖြေ ရှင်း ကြမှာက ကျွန်တော် တို့တာဝန်ဖြစ်တယ်။ အချောင်သမားဝါဒနဲ့၊ စီးပါါးရေးဝါး၊ တော်လှန် ရေး ကို ဖျက်စီး မည့် အတွေး အခေါ် တွေက ခေတ်အလိုက်၊ ခြေအနေအလိုက်ရန်သူက ဖေါ် နေ မှာ ပါ။  တော် လှန် ရေး အပေါ် သစ္စာရှိ သူ၊ စစ်အာ ဏာရှင်ဆန့်ကျင်ရေးကိုပြတ်ပြတ်သား သား လုပ်သူတွေဟာ DAB မှာ စုစည်းသင့်တယ်။
ပြီးပြည့်စုံတဲ့ အရာကို စိတ်ကူးယာဉ်ဆန်ဆန် မျှော်လင့်နေသတွေူရှိတယ်။ ဂိုဏ်းဂဏနဲ့ လူမျိုးရေး တိမ်သလ္လာ ဖုံးနေသူတွေရှိတယ်။ ဒီနေ့ စစ်အာဏာရှင်စံနစ်ဆန့်ကျင်ရေး၊ဒီမိုက ရေစိတည် ဆောက်ရေးခေတ်မှာ လမ်းစဉ်ပေါ်မှာသာအခြေခံစုစည်းနိုင်ဖို့အရေးကြီးပါတယ်။အဓိကမကျတဲ့အချက်အလက်တွေကို ရှေ့တန်းမတင်မိဖို့လိုလှတယ်။ DAB ရဲ့လမ်းစဉ်ဟာ ဒီနေ့ မြန်မာပြည် ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟတ်ပြနိုင်ပါလိမ့်မယ်။ အလိုအပ်ဆုံးက အားလုံး ရဲ့ ၀ိုင်းဝန်းပူး ပေါင်းတိုက်ပွဲဝင်မှုဟာ ဒီနေ့ အရေးကြီးလှတယ်။
၅ - အနီးစပ်ဆုံး အခွင့်အရေး တိုက်ပွဲ ကစ တိုက်ပွဲဝင်ပါ။ တိုက်ပွဲဝင်သူကို အားပေးပါ။
အခွင့်အရေးကို တောင်းဆိုယုံသက်သက်နဲ့မရတာကိုစစ်အာဏာရှင်စံနစ်ကြီးစိုးခဲ့တဲ့ကာလဆိုးကြီးတလျှောက် သိနေခဲ့ကြပါပြီ၊ ဘယ်လိုအခွင့်အရေးမဆို ထိုက်သင့်တဲ့ တိုက်ပွဲကို ၀င်ကြရလိမ့်မယ်။ စစ်အာဏာရှင်တွေ၊ ၊သူ့လက်ပါးစေတွေ၊ လက်ဝေခံတွေထံက သနားညှာ တာမှုနဲ့ သနားဂရုဏာတို့ကို မမျှော်လင့်ပါနဲ့။ တိုက်ပွဲမပါဘဲ ဘယ်အခွင့်အရေးမှ မရနိုင်ပါဘူး။
အလုပ်သမား တယောက်တည်းဟာ အလုပ်ရှင်တယောက်ကို ရင်ဆိုင်နိုင်လောက်တဲ့ အားမရှိနိုင်ပါ ဘူး၊ ပေါင်းစည်းထားတဲ့ အလုပ်သမားတွေကဘဲ အလုပ်ရှင်ကို ရကိဆိုင် တောင်း ဆို တိုက်ပွဲဝင်နိုင်ပါတယ်၊ ဒါကြောင့်ဘဲအသင်းအပင်းတွေ၊အစုအဖွဲ့တွေလိုတာ၊လူထုလဲတယောက်ထည်းနဲ့အရာရှိဆိုးတွေကိုမရင်ဆိုင်ပါဘူး၊ စုစည်းတဲ့လှုပ်ရှားမှု နဲ့သာ ထိရောက်တဲ့ တောင်ဆိုမှုကို ပြုလုပ်နိုင်ပါတယ်။
မစုစည်းမိသေးလို့မလှုပ်ရှားရင်လဲအစုအစည်းက ဖြစ်လာမှာမဟုတ်ပြန်ဘူး၊ဒီတော့ကိုယ်မြင်သလောက်ကို လှုပ်ရှားတိုက်ပွဲဝင်နေရင်း အစုအစည်းတရပ်ပေါ်လာအောင် ရည်မှန်း ချက်နဲ့ ကြိုးပမ်းလုပ်ဆောင်ရမှာပါ။ တကိုယ်တော် လူထုအကျိုးပြု၊ အခွင့်အရေး တောင်းဆို သူတွေကို အားပေးထောက်ခံသင့်ပါတယ်။ သူတို့ ဟာ ပြည်သူအားလုံးအတွက် တို့အတွက် တိုက်ပွဲဝင်နေကြတာကို အသိအမှတ်ပြုရမှာဖြစ်သလိုတတ်နိုင်တဲ့ဘက် က ထောက်ခံအား ပေးသင့်ပါတယ်။
ခေတ်အဆက်ဆက်မှာ အုပ်ချုပ်သူတွေက ဖိနှိပ်မယ်၊ ဖိနှိပ်ခံ တွေက တော်လှန်မယ်။ ဖိနှိပ်တဲ့ သူတွေရှိနေသရွေ့ ဒါက သဘာဝတရားပါဘဲ။ မတရားတဲ့ ဖိနှိပ်သူတွေဟာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ သူတို့အာဏာ တည်မြဲအောင်ကျိုးစားကြမယ်။ဖိနှိပ်ခံတွေကလဲမတရားမှုတွေ၊ကလိန်ကျမှုတွေကို ဖေါ်ထုတ်ရင်းစံနစ်သစ်တခုဆီရောက်တောင် တော်လှန် တွန်းလှန် ရတာ လူသမိုင်းရဲ့ သဘာဝ ဖြစ်စဉ် ဖြစ်တယ်။  ဖိနှိပ်ရာ ရက်စက်လွန်း တယ်လို့ နံမည်ကြီးလှ တဲ့ မြန်မာပြည်က စစ်အာဏာရှင် လက်တဆုတ်စာကို   ဆန့်ကျင်တိုက်ဖျက်ရေး ဟာ သမိုင်း ပေး တဲ့ တာဝန်ဖြစ် တယ်။ ဒီတာဝန်ကို ကျွန်တော်တို့ ကျရာနေရာကနေ အောင်မြင် ပြီးဆုံး အောင်  ထမ်းဆောင်ကြရမှာဘဲ။
စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေးဟာ ဒီနေ့သမိုင်းပေးတာဝန်ဖြစ်တယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဒီမိုကရေစီမုချရရမယ်။
ဦးအေးဆောင်
ဇန်န၀ါရီ ၊ ၂ ၊ ၂၀၁၂။

( ဆောင်ပါးရှင် ဦးအေးဆောင်သည် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် ၏ဒုဥက္ကဌ ဖြစ် သည်။  ကိုယ်ရေး အတ္ထု ပ္ပတ္တိ  “ နောက်တန်းက ဗမာ တယောက်‘စာအုပ်ကိုအင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့်ရေး သား ခဲ့သည်။ ငှင်း စာအုပ်ကို “ သူပုန်တယောက်၏ ဒန်ယာရီ “ အမည်ဖြင့် အင်ဒိုနီးရှားမှ ဘူးတီးဆိုသူက အင်ဒိုနီးရှားလိုပြန်ဆို ထုတ်ဝေ ထား သည်၊)