ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Wednesday, March 13, 2013

လက်ပံတောင်း စီမံကိန်းဟာ လူထုဆန့်ကျင်ရေး လုပ်ရပ်ဖြစ်တယ်။



လက်ပံတောင်း စီမံကိန်းဟာ လူထုဆန့်ကျင်ရေး လုပ်ရပ်ဖြစ်တယ်။
လက်ပံတောင်းစီမံကိန်းဟာ လူထုဆန့်ကျင်ရေးလုပ်ရပ်ဖြစ်တယ်။မြေရှင်စစ်ပဒေသရာဇ်တွေကလယ်သ မား တွေ အပေါ် ထားတဲ့ သဘောထားအတိုင်း ကြံ့ဖွတ်စစ်အာဏာရှင်တွေက ကျင့်သုံးပြတာဖြစ်တယ်။ ဒီစီမံ ကိန်းဟာ စစ်ပဒေသရာဇ် မြေရှင်တွေက လယ်သမားတွေရဲ့ ဘ၀ရှင်သန်ရေးကို လုံးဝ မျက်ကွယ်ပြုပြီး မြေရှင် က မြေကျွန်ကို ဆက်ဆံသလို ဆက်ဆံကျင့်သုံးတာဖြစ်တယ်။ ၀မ်ပေါင်ကုမ္ပဏီ အနေနဲ့ အမြတ်ရ ရေးသက် သက်နဲ့ ဒီစီမံကိန်းကိုလုပ်တာမှန်ပေမဲ့ အဓိက က စီးပွါးရေး ပိတ်ဆို့မှုကို ရင်ဆိုင်ပြီးစစ်အအာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးတခုထည်းအတွက် နိုင်ငံရဲ့အဖိုးတန်အမွေအနှစ်တွေ၊သယံဇာတတွေကို ဈေးပေါ ပေါနဲ့ ရောင်းစားခဲ့တာဖြစ်တယ်။ လူထုအစိုးရ၊ လူထုသဘောထားအတိုင်း လုပ်ခဲ့တဲ့ အလုပ်မဟုတ်လို့ လူထုက တာဝန်ယူစရာမလိုဘူး။
လက်ပံတောင်းအရေးဟာ တောင်သူလယ်သမားအရေးဖြစ်တယ်။ နေ၀င်းက အစပြုခဲ့တဲ့  စစ်ပဒေ သရာဇ်အာဏာရှင်တွေကအစိုးရအယောင်ဆောင်၊ နိုင်ငံတော်အယောင်ဆောင်ပြီး မြေရှင်အဖြစ် တောင်သူ လယ်သမားပိုင် လယ်ယာမြေတွေ၊ပုဂ္ဂလိကပိုင်မြေတွေကို သူတို့ထင်သလို၊ သူတို့ စိတ်တိုင်းကျ သိမ်းပိုက် ခွဲဝေရောင်းစား၊ အပိုင်စီး ခဲ့တာတွေဟာ မြေယာစုံစမ်းရေး ကော်မီရှင် ကလူသိရှင်ကြားတင်တဲ့  သတင်း အချက်အလက်တွေမှာ တွေ့ နိုင်တယ်။ စစ်တပ်တခုထည်းက သိမ်းတဲ့ မြေဟာ ဧက၂သိန်းခွဲကျော်ရှိတယ်။ လယ်ယာမြေပေါ် အခြေခံပြီး အသက်မွေးရတဲ့ တောင်သူလယ်သမား နိုင်ငံ ဗမာပြည်သူတွေဟာ ဒီစစ်အာဏာ ကြောင့် မွဲတေစုတ်ပြတ်ဆင်းရဲ နေတာကို အခုလို မရေမရာ ပွင့်လင်းနေတဲ့ အချိန်မှာတောင် ဒီလောက် ဖြစ်နေရင် တကယ့် ပွင့်လင်းတဲ့ ကာလမှာ ပိုမိုတွေ့ရှိရဦးမှာပါ။ တိုင်းပြည်ဆင်းရဲတယ် ဆိုတာ လယ်သမား တွေဆင်းရဲလို့ပါ၊ လယ်သမားတွေဆင်းရဲရတာက ၊ လယ်ယာမြေမပိုင်တာ၊ စိုက်ကြိုက်သီးနှံ မစိုက်ရတာ၊လွတ်လွတ်လပ်လပ်မရောင်းရတာ တွေ ကြောင့်ဘဲ။လယ်သမားတွေမြေယာမပိုင်ဆိုင်လို့ဘဲ။မလွတ် လပ်လို့ ဘဲ။ လက်ပံတောင်းအရေးဟာ အဖိနှိပ်ခံမြန်မာပြည်တ၀ှမ်းကလယ်သမားထုကြီးနဲ့ ဖိနှိပ်သူကြံ့ ဖွတ် စစ်ပဒေသရာဇ်မြေရှင်ဗိုလ်ချုပ်တွေနဲ့သူ့လက်ပါစေ နောက်တော်ပါတွေရဲ့ပဋိပက္ခဖြစ်တယ်။ မြန်မာပြည်မှာ ၆၂ ခုကစ ဖြစ်တည်လာတဲ့ ပဋိပက္ခပါ။ အဓိက ပဋိပက္ခလည်းဖြစ်တယ်။
ဒီတိုက်ပွဲမှာ ပြည်သူ့ဘက်ကရပ်မလား၊ စစ်ပဒေသရာဇ် အာဏာရှင်တွေဘက် ရပ်လားဆိုတာကို ကျွန်တော်တိုင်းပြည်က နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေ၊ ပညာတတ်တွေ လူလတ်တန်းစားတွေ  အရပ် သား ဓနရှင်တွေကဆုံးဖြတ်ရပါတော့မယ်။ တောင်သူလယ်သမားတွေက“လယ်လုပ်သူလယ်ပိုင်ရေး” ရဲ့ သရုပ် ဖြစ်တဲ့ “လက်ပံတောင်းတောင် စီမံကိန်းရပ်ရေး” အတွက် တိုက်ပွဲဝင်ကြ မှာဘဲ။ မြန်မာပြည် အနှံ့မှာလည်း လယ်သမားတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့တိုက်ပွဲဝင်နေကြတာဘဲ။ နောက်ဆုံး ဖြစ်ရပ်တော့ မအူပင် ဖြစ်ရပ်ပေါ့၊ လက်ပံတောင်း စီမံကိန်းဆန့်ကျင်ရေးတိုက်ပွဲဟာ ပြည်သူဘက်နဲ့ ဖေါက်ပြန်သူဘက် လမ်းခွဲလည်းဖြစ်တယ်။
လက်ပံတောင်းစီမံကိန်းဟာ မြန်မာပြည်သူတွေ အပေါ် ကိုယ့်အမျိုးသား စစ်အာဏာရှင်က ဘယ်မျှ အထိမထီလေးစားလျှိုဝှက် ကောက်ကျစ်စွာနဲ့အမြတ်ထုတ်သွေးစုတ်နေသလဲဆိုတာပေါ်လွင်ယုံသာမက နိုင်ငံတကာအလည်မှာပါ တရုတ်သြဇာညောင်းပုံ ထင်ရှားသွားတယ်။ မြန်မာစစ်အာဏာရှင်တွေဟာ တရုတ် အိတ် ထောင်ထဲမှာ ရှိနေတာကိုလည်း ပိုမိုသိမြင်သွားကြတယ်။ နိုင်ငံသိက္ခါ လူမျိုးသိက္ခါ ထိခိုက်ခဲ့ယုံသာမကမီးလောင်ဗုံးကိစ္စက သံဃာနဲ့ ပြည်သူတွေ အပေါ် ရက်စက်စွာ ဖိနှိပ်အုပ်စိုးနေတာလည်း ပေါ်လွင်ခဲ့ လေတော့  ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး၊ ဒီမိုကရေစီး တိုက်ပွဲတွေမှာ ဦးလည်မသုန် ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူတွေဟာဒီ“လက်ပံတောင်းစီမံကိန်း” လောက်နဲ့ နောက်ဆုတ်ရရင်တော့ ပြည်သူတွေ က ရာဇ၀င်ရိုင်း ခံမှာ မဟုတ်တာသေချာပါတယ်။
သဘာဝပတ်ဝန်းကျင်တို့၊ယဉ်ကျေးမှုတို့၊လူမှုဘ၀တို့ထက် နိုင်ငံသိက္ခါ၊လူမျိုးသိက္ခါ၊လူထုသိက္ခါ တွေက သမိုင်းမှာ ပြောစမတ်တွင်ရစ်စရာရှိနေတော့မယ်။ လက်ပံတောင်း စီမံကိန်းကို ဆက်လက် လုပ် ဆောင်  လက်ပံတောင်း မြေတူးသံဟာလူထုရဲ့နာကျည်းသံဖြစ်နေတော့မယ်။ဒီစီမံကိန်းဟာအမျိုးသားအမာရွတ်ကြီး အဖြစ် တင်ကျန်နေလိမ့်မယ်။လုပ်ဆောင်သူတွေ၊ ထောက်ခံအားပေးသူတွေဟာသူတို့ဘာသာအကြောင်း ပြ ချက်တွေရှိနေပေမဲ့ ပြည်သူတွေရဲ့ နာကျင်တဲ့ ခံစားချက်၊ မကျေနပ်နပ်ချက်တွေက သူတို့ကို မျိုးဆက်နဲ့ချီ အရိပ်လို တစ္ဆေခြောက်ခံနေရမှာပါ။ 
၂၁ရာစုကမ္ဘာပတ်လက်ဝါးကြီးအုပ်အရင်ရှင် ခေတ်မှာ မြေယာကိုထိန်းချုပ်၊ မြေကျွန်လူတန်းစားတွေ ဖန်တီးသွေးစုတ်တဲ့ ပဒေသရာဇ် စံနစ်ဟာ အင်မတန်ခေတ်နောက်ကျပြီး စက်စုတ်ရွံရှာစရာကောင်ပါတယ်။ တိုးတက်မှုကိုလည်း များစွာ အဟန့်အတားဖြစ်စေပါတယ်။ မြန်မာပြည်ကလယ်သမားတွေ လယ်ကိုစက်နဲ့ မထွန်နိုင်ဘဲ ကျွဲနွားတွေနဲ့ ထွန်နေတာဟာ ရာစုနှစ်ဝက် လုံးလုံး စစ်အာဏာရှင် မြေရှင် ပဒေသရာဇ်တွေရဲ့ ဖိနှိပ်မှုကြောင့်ဘဲ။ ဒီနေ့ လယ်သမားတွေ နိုင်ငံအနှံ့ အုံကြွ ဆန္ဒပြ တောင်းဆိုနေတာရဲ့ အနှစ်သာရလည်း “လက်ပံတောင်း” အရေးမှာ ဆက်စပ် ထင်ဟပ်နေတယ်။ ဒီတော့ လယ်သမားအရေး၊အမျိုးသားရေးအတွက် “ လက်ပံတောင်း ကာကွယ်ရေး တိုက်ပွဲ”ကို တနိုင်ငံလုံးရှိ  လယ်သမားများက၊ တိုးတက်သော လူထုလူ တန်းစားများက တခဲနက်ပါဝင်ဆင်နွဲ သင့်ပါတယ်။
ဆရာစံစိတ်ဓါတ် မြှင့်တင်ကြ။
လယ်လုပ်သူလယ်ပိုင်ရမည်။
လက်ပံတောင်းစီမံကိန်း ချက်ချင်းရပ်။

ဦးအေးဆောင်
မတ်လ ၁၃ ၊ ၂၀၁၃။

Tuesday, March 12, 2013

အမျိုးသားရေးနှင့် အတန်းအစားရေး အဆက်အစပ်

၁၉၈၃ ခုနှစ်က PLF ရဲ့ ထုတ်ြပန်ချက် ဖြစ်ပါတယ်။ သဘောတရားရပ်တည်ချက်ကို ဖေါ်ပြထားတဲ့အတွက် အများသိစေရန်ထပ်ဖြန့်ဝေလိုက်ပါတယ်။



အမျိုးသားရေးနှင့် အတန်းအစားရေး အဆက်အစပ်
         အမျိုးသားရေးကိုထိပ်တန်းကျကျတင်နေကြခြင်းကြောင့်ဒီနေ့တော်လှန်ရေးအတွက်အနှောက်အယှက် တွေ ပေါ်နေခဲ့တယ်။ လက်နက်ကိုင်တော်လှန်သူတို့အချင်းချင်းနယ်မြေကိစ္စတွေ၊ဘာသာရေးအရေခြုံလာတဲ့အစိုးရနည်းပရိယာယ်တွေ၊ ၁၉၈၁ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ မဆလ အစိုးရတို့ ဆွေးနွေးခဲ့ကြတဲ့ အနှစ်သာရတွေ ၊ နိုင်ငံ သားဖြစ်မှုဥပဒေတွေ၊မွတ်စလင်ဗမာပဋိပက္ခများစတာတွေအားလုံးအမျိုးသားရေးစနက်မှ ပေါ်ပေါက်လာခဲ့ခြင်းသာဖြစ်တယ်။ စစ်အစိုးရရဲ့ အမြတ်ထုတ်မှုအောက်မှာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ် တယ်။ တော်လှန်သူဘက်မှလည်း အမြင် ကျဉ်းမှုတို့မှပေါ်ပေါက်လာခဲ့ရခြင်းဖြစ်တယ်။
          ဓနရှင်နိုင်ငံရေးသမားတို့ဟာ အမျိုးသားရေးက အရင်ကျသယောင် ပြောဆိုလာကြတယ်။ အမှန်အ တိုင်းက လူတန်းစား တိုက်ပွဲကသာ အရင်ပေါ်ပြီး အမျိုးသားရေးက နောက်မှ ပေါ်လာခြင်းသာဖြစ်တယ်။ အမျိုး သားရေး တိုက်ပွဲမဆိုထားနဲ့ မိသားစုအတွင်း တိုက်ပွဲဆိုတာတောင် လူတန်းစားရုပ်ဘ၀ရဲ့ အရိပ် ပါစမြဲ ဖြစ်ပါ တယ်။ ဒီအဖြစ်ကို မမြင်ရင် မမြင်တဲ့ သူဟာ တော်လှန်ရေးကို အောင်ပွဲရတဲ့ အထိ ဆင်နွဲနိုင် မှာ မဟုတ် ဘူး။ ဘာကြောင့်လဲဆိုတော့ အမျိုးသားရေးနဲ့ အတန်းအစားအရေး ဆက်စပ်ပြီး မပေါင်းစည်းနိုင် တာကြောင့် ဖြစ် တယ်။
          ဓနရှင်နိုင်ငံရေးသမားတိုင်းဟာ ဘာကြောင့် အမျိုးသားရေးကို ထိပ်တန်းတင်ပြီး ပြောနေရပါသလဲ ။? ပြည်သူလူထုဆင်းရဲသားများက သူတို့ (ဓနရှင်လူတန်းစား) ရဲ့ အခွင့်ထူးခံမှုကို မမြင် စေနိုင်ဖို့၊ သူတို့အုပ်စားတဲ့ နယ်မြေအတွင်း စားကျက်လုဘက်တို့ ၀င်မလာနိုင်စေဖို့ အမျိုးသား အရည်ခြုံပြီး ကာကွယ်ထားတာ ဖြစ်တယ်။ သူတို့ယူတဲ့ အမြတ်ဟာ သူတကာတွေထက်ပိုများတာကို သိမသွားစေ လိုလို့ ဖြစ်တယ်။တနည်းပြောရရင်လူတန်းစားတိုက်ပွဲပေါ်လာမှာကိုမလိုလား၊ ကြောက်ရွံ့တာကြောင့် ဖြစ်တယ်။
          လွန်ခဲ့တဲ့ဓနရှင်ပါလီမံခေတ်ကလည်း လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပြုလုပ်ခါ ဆင်းရဲသား လယ်သမားများကို မက်လုံးပေးခဲ့တယ်။ ဒါပေမဲ့ ဓနရှင် အစိုးရဟာ လယ်သမားနဲ့ အလုပ်သမားတို့ လူတန်း စားအခွင့်အရေးတိုက်ပွဲ ဆက်မိမှာစိုးလို့ ဥပဒေကို စာရွက်ထဲမှာသာ မသိမသာ ၀ှက်ထားခဲ့ကြတယ်။ အင်္ဂ လိပ်ခေတ်က အကြောင်းတွေ ပြန်ကြည့်ရင်လည်း အမျိုးသားစိတ်နိုးကြားလာပုံကို တွေ့ရမယ်။ ဒါပေမဲ့ အနှစ်သာရကျကျတိုက်ပွဲမ၀င်နိုင်ခဲ့ဘူး။ နောက်ပိုင်းမှအတန်းအစားအမြင်ရှိသူတွေတက်ခေါင်းဆောင်တော့မှ လက်နက်ကိုင်လှုပ်ရှားမှုတွေ အလျှိုအလျှို ပေါ်လာခဲ့ကြရတော့တယ်။
          အမျိုးသားရေးသက်သက်ထဲမှာ အင်္ဂလိပ်က သွေးခွဲနည်းတွေနဲ့ အုပ်ချုပ်ပြီး ၊ ကိုယ့်အမျိုးသားတွေရဲ့ ထူးခြားမှုတွေကိုသာ မြင်တတ်တဲ့ အမျိုးသားရေးသက်သက်သမားတွေဟာ ပြဿနာတွေရဲ့ အရင်းအမြစ် ကို မမြင်ဘဲ အုပ်စိုးခံအချင်းချင်း အဓိကရုဏ်းတွေ၊ ပဋိပက္ခတွေက ပိုများနေတော့တယ်။ ဒါကြောင့်ဘဲ ကုလား- ဗမာအဓိကရုဏ်းတွေ၊ ဆရာစံနဲ့ အမျိုးသား အမြင် သက်သက်လှုပ်ရှားမှု၊ ကရင် - ဗမာအဓိ ကရုဏ်း၊ ဗမာ ပြည်ကွန်မြူနစ်ပါတီနဲ့ ဓနရှင်အစိုးရ ပေါင်းစည်းမှု တွေဟာ သိသာတဲ့ သာဓကတွေဘဲ။
          ဒါတွေကို ကျွန်တော်တို့ မမြင်ခဲ့ရင် ကျွန်တော်တို့ အခုဆင်နွဲနေတဲ့ တော်လှန်ရေးကို အရှိန်ပြင်းပြင်း မှန်မှန်ကန်ကန် အကောင်အထည်ဖေါ်ဖို့ ခက်လိမ့်မယ်။ ဒီတော့ အမျိုးသားရေးကို စွတ်မှိတ်အော်နေပြီး သ မိုင်းလက်တွေ့အခြေအနေမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကိုမသိရင်ရန်သူမိတ်ဆွေ လွဲပြီး ပြဿနာတွေဟာ ရှုပ်သထက်ရှုပ်လာမှာပါဘဲ။         ယနေ့အမျိုးသားရေးကဘယ်လောက်အရာရောက်နေသလဲ။?သိပ်အရာမရောက်တာဘာကြောင့်လဲ။? အမျိုးသားအချင်းချင်း ပေါင်းစည်းလုပ်ကိုင်ရေးမှာ အနှောက်အယှက်က အကျိုးထက်ပိုများ နေလို့ အဖိနှိပ်ခံ လူတန်းစား စိတ်ဓါတ်ချို့ယွင်းနေလို့ဘဲ။
          အမျိုးသားရေးတိုက်ပွဲဟာ လူတန်းစားတိုက်ပွဲရဲ့ အသွင်တရပ်သာဖြစ်တယ်။လူချင်းမတူလို့ တိုက်ကြ တာ မဟုတ်၊အခွင့်အရေး မတူလို့ တိုက်ကြတာဖြစ်တယ်။ အခွင့်အရေးကို ချုပ်ကိုင်ထားသူမှာ အုပ်ချုပ်သူ လူတန်းစားဘဲ ဖြစ်တယ်။ အခွင့်အရေးကို ဒေသနဲ့ သဏ္ဍာန်မတူကွဲတဲ့ အပေါ် အခြေတည်ခြင်းဖြင့် အမျိုးသား ရေး ပေါ်လာခြင်းသာဖြစ်ပါတယ်။ အခွင့်အရေးတူညီစွာ ခံစားနိုင်ပြီး လူတန်းစားအမြင်သာရှိပါက ဤပြဿ နာပေါ်လာစရာ အကြောင်း မရှိပါဘူး။
          အမျိုးသားအခွင့်အရေးတွေကိုဘဲနားလည် သဘောပေါက် သူတွေအတွက် အမျိုးသားရေးလုပ်တာကို ဘာမှ တားဆီးစရာမလိုဘူး။ ဒါပေမဲ့ သူဦးတည်ချက်မလွှဲစေဖို့၊လွန်ခဲ့တဲ့နာကျည်း စရာကောင်းတဲ့လူမျိုးရေးပဋိပက္ခတွေမျိုးထပ်မပေါ်ပေါက်စေဖို့အတွက်လူတန်းစားအမြင်နဲ့ ဘောင်ကွပ်ထားသင့်တယ်။
          ဒီနေရာမှာ အမျိုးသားရေးအလံကို စွန့်ပစ်ရမလားလို့ မေးကြမယ်။မစွန့်ပစ်ရပါဘူး။ အမျိုးသားရေး တိုက်ပွဲစဉ်ထဲမှာဘဲရန်သူအမြတ်ထုတ်မှုကို ရှောင်နိုင်ဖို့လူမျိုးချင်းပေါင်းစပ်လုပ်ကိုင်မှုနားလည်သဘော ပေါက် ဖို့ အတွက် အဖိနှိပ်ခံ လူတန်းစားအမြင်ကို ရောစပ်ဖို့သာလိုပါတယ်။
          အတန်းအစားအရေးဟာ အမျိုးသားရေးကို မထိခိုက်ယုံသာမက အဖိနှိပ်ခံ အမျိုးသား အနည်းစုတို့ အတွက် ပိုပြီးအထောက်အကူပြုပြီး အကျိုးဖြစ်စေတယ်။ လူနည်းစုရဲ့ အမျိုးသားရေးသက်သက်ဟာ လူများစုအ မျိုးသားရေးကို ရင်ဆိုင်ရာမှာ အင်အားချိနဲ့ စရာအကြောင်းတောင်ရှိနေပါသေးတယ်။
          မဆလအစိုးရလို ပြည်ထောင်စုတ၀ှမ်းမှာ အရင်းမြုပ်ထားတဲ့ ဖိနှိပ်သူကို နေရာတခုထည်းက ခုခံ တာထက် နေရာအနှံ့ သူ့အရင်းအဖြစ်တည်ရှိရာ နေရာတိုင်းမှာ ပယ်နုပ် ဖြတ်ထောက်နိုင်အောင် တိုက်ပွဲ ၀င်ရ မှာဘဲ။ဒီတော့ ဒေသသက်သက် လူမျိုးရေးသက်သက်ကို မကျော်လွှားလို့ မဖြစ်တော့ဘူး။
          အမျိုးသားရေးရဲ့ အာသာချက်ကို သိထားသလို အားနည်းချက်ကိုလည်း အလေးအနက်သိထားဖို့လို လိုပါတယ်။ ဒါမှမဟုတ်ရင် လက်ဝါးကြီးအုပ်စစ်အစိုးရကို ပယ်လှန်နိုင်မှာ မဟုတ်ပါဘူး။         
          ဗမာဖြစ်တဲ့ လူကလည်း တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးတွေ ထိခိုက်နစ်မာမှုတွေကို သိရှိပြီး လုံးဝအသိအမှတ်ပြုရမယ်။ လူမျိုးတိုင်းလူမျိုးတိုင်းဟာ တခြားလူမျိုးအပေါ်စာနာထောက်ထားတဲ့ အမြင် ၊ အဖိနှိပ်ခံ လူတန်းစား အမြင်နဲ့ကြည့်မှ စည်းလုံးညီညွတ်နိုင်မယ်၊ စုစည်းနိုင်အယ်။
          ဗမာတဦးအနေနဲ့ ဒီဗမာစစ်အစိုးရကို တိုက်ဖျက်ဖို့ဆိုရင် အမျိုးသားအမြင်သက်သက်နဲ့သာကြည့်ပြီး တိုက်လို့ ဘယ်လိုမှ မရနိုင်ပါဘူး။ လူတန်းစားအမြင်နဲ့ ဘဲ တိုက်လို့ရမယ်။ ဒါဟာပကတိအခြေအနေက ထင် ဟတ်တဲ့ အချက်ဘဲ။
          ဗမာပြည်ကွန်မြူနစ်(ပါတီ)ကိုဆန့်ကျင်ရင်းက ကွန်မြူနစ်သွေးလန့်မှုနဲ့ အတန်းအစားအကြောင်းကို မရှင်းဝံ့ရင် ကတောင်းကျိုက်တခြား ဖင်တခြားဖြစ်နေတော့မယ်။ ကျွန်တော်တို့ဟာ လက်ဝါးကြီးအုပ်စစ် အာ ဏာရှင် အစိုးရ ကို တိုက်ဖျက်ရာမှာ ကွန်မြူနစ်ဆန့်ကျင်ရေး အမြင်နဲ့ မရောထွေးသင့်ဘူး။
          ဗမာပြည်ကွန်မြူနစ်(ပါတီ)ကို ဆန့်ကျင်ရင်းနဲ့ လူတန်းစား အတွေးအခေါ်ရှိသူတွေအားလုံးကို သိမ်းကျုံး ဆန့်ကျင်တာလည်း မမှန်ဘူး။ ဖြစ်ပေါ်တိုးတက်မှု တပြေးထည်း မညီတဲ့ ပြည်ထောင်စုထဲမှာ အတန်း အစား အမြင်သက်သက်၊ အမျိုးသားအမြင်သက်သက်နဲ့ တော်လှန်ရေးလုပ်လို့မရဘဲ အမျိုးသားရေး နဲ့ အတန်စားရေး ကို နှီနွှယ်ပြီးလုပ်ကိုင်မှသာဖြစ်နိုင်မယ်။ လုပ်ရမည့်လုပ်ငန်းမှာ အမျိုးသားရေးကတဖက် အဖိ နှိပ် ခံ လူတန်းစား စိတ်ဓါတ်ကတဖက် ရှိရမယ်။ ဒါကိုတဖက်ထည်းလုပ်ရင်မှားတယ်။ ယေဘုယျအခြေ အနေနဲ့သီးခြားအ ခြေအ နေကိုဆက်စပ်မမြင်သူ၊ဗမာပြည်ကွန်မြူနစ်(ပါတီ)နဲ့သီးခြားအခြေအနေကို ယေဘုယျ အခြေအနေနဲ့ဆက်စပ်မမြင်သူ၊လူမျိုးစုတွေကြောင့်ယနေ့ဗမာပြည်တော်လှန်ရေးဟာ နှောင့်နှေးနေမှာဘဲ။          မဆလလုပ်ဝါးကြီးအုပ်စစ်အာဏာရှင်အစိုးရကိုဆန့်ကျင်တဲ့ဗမာတွေအနေနဲ့လူတန်းစားအရေးကို ပြတ်ပြတ်ထင်ထင်သိရမယ်။ အမျိုးသားဟန်နဲ့ ပေါင်းစပ်နိုင်အောင် ထိုးထွင်းသိမြင်ကြရမယ်။အခြေအနေနဲ့ ခွင်ကျမည့် နည်းလမ်းတွေနဲ့ ဆက်စပ်ကျင့်သုံးနိုင်အောင်အားထုတ်ကြရမယ်။တရားသေဆန်ဆန်စာအုပ်ကြီးအတိုင်းလုပ်နေရင်တော့ ရှေးရှေးက လူတွေလို အရှုံးသံသရာထဲက ထွက်နိုင်မှာ မဟုတ်ပါဘူး။ တိုင်းရင်း သားလူမျိုးစုတွေရဲ့ အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်ကို လေးစားပါ။ပေါင်းစည်းရေးခွဲထွက်ရေးကိစ္စဟာတိုင်းရင်းသားတွေရဲ့အဆုံးအဖြတ်ဖြစ်စေဖို့ ကြိုးပမ်းရမယ်။ အတားအဆီးအပိတ်အပင် မရှိစေသင့်ဘူး။
          အဖိနှိပ်ခံ အမျိုးသား၊ အဖိနှိပ်ခံလူတန်းစားတို့ရဲ့ သွေးစည်းခြင်းကို ထိခိုက်စေမည့် အမြင်ကျဉ်း အမျိုး သားဝါဒနဲ့ မဟာလူမျိုးကြီးဝါဒ၊ ၀ါဒမြိုရေးဝါဒ တို့ကို သတိကြီးစွာ ထားပြီး တိုက်ဖျက်ကြရမယ်။ ( ဗမာ တွေရဲ့)လူတန်းစားလွတ်မြောက်ရေးတိုက်ပွဲနဲ့(တိုင်းရင်းသားတွေရဲ့)အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေ ထဲမှာ လူတန်းစားအသိက နေရာတကာမှာ ရှိရမယ်။ လူမျိုးရေးအသိကို ဒေသအခြေအနေအလိုက်သာ ရှိစေရမယ်။
          ပြီးခဲ့တဲ့ ကာလက လူမျိုးရေးပဋိပက္ခတွေကို မမေ့ကြနဲ့။ စစ်အစိုးရရဲ့ လူမျိုးရေး သွေးခွဲ အမြတ်ထုတ် တတ်ပုံကို မျက်ခြေမပြတ်ကြနဲ့။ တော်လှန်ရေးဦးတည်ရာ လက်ဝါးကြီးအုပ်စစ်အာဏာရှင် တိုက်ဖျက်ရေး ၊ ပြည်သူ့လွတ်မြောက်ရေး တိုက်ပွဲစဉ်ကို အခြားအခြားသော အမြင်တို့နဲ့ မရှုပ်ထွေးစေနဲ့။
          တော်လှန်ရေးဟာခက်ခဲတယ်။ ဒီအတွက် ကျွန်တော်တို့ ကြီးမားစွာသောသတိများ၊ ရိုးသားမွန်မြတ် သော သဘောထားများ ၊ လွတ်မြောက်ခြင်းကို မြတ်နိုးတဲ့ စိတ်ဓါတ်များနဲ့ တော်လှန်ရေး တိုက်ပွဲစဉ်အဆင့် ဆင့်ကို အကောင်အထည်ဖေါ်ကြပါက အောင်ပွဲဟာ ကျွန်တော်တို့လက်ထဲကဘယ်မှပြေး လွတ်နိုင်မှာ မဟုတ်။
          အချောင်သမားဝါဒကို တိုက်ဖျက်ကြ။
          တော်လှန်ရေး မုချအောင်ရမယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
စက်တင်ဘာ ၁၅ ၊ ၁၉၈၃။

Tuesday, March 5, 2013

ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ ?



ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ ?
ဒီနေ့က လူလုံးကွဲနေပြီ။ ဘယ်သူဟာ ခြံခွနေသလဲ၊ဘယ်သူဟာ ရန်သူနဲ့ ပလူးနေတယ်၊ ပလူးချင် နေတယ်။ဘယ်သူဟာမိတ်ဆွေ၊ဘယ်သူဟာရန်သူဆိုတာကွဲပြားသွားပြီ။စစ်အာဏာရှင်ဗိုလ်ချုပ်တွေက သဏ္ဍာန်အရ ဟန်ပြ ဥပဒေပြုအာဏာ လွှတ်တော် ကို ဗန်းပြ၊ စီပွါးရေးဗန်းပြပြီး အချောင်သမားနဲ့ စီးပွါးရေး သမားတွေကို အားဖြည့် မြူဖွယ်နိုင်သွားတယ်။ သူ့ကိုယ်သူကာကွယ်ထားတယ်။ရက်စက်မှုနဲ့ ချုပ်ကိုင် မှုတွေကနည်းနည်းမှမလျှော့တဲ့အပြင် ဖေါက်ပြန်ရေးသမမား၊လူထုဆန့်ကျင်ရေးသမား တွေရဲ့အားပေးမှုနဲ့ လျှော့ ထားတဲ့ သတင်းမီဒီယာဥပဒေကို ပြန်တင်းကြပ်ဖို့တောင် ပြန်လုပ်လာနေတယ်။ သတင်းစာတွေ ထွက်လာ မှာဖြစ်ပေမဲ့ တင်းကြပ်တဲ့ နဖါးကြိုးတမ်းလမ်းနဲ့ ဖြစ်နေလိမ့်မယ်။ တကယ်တော့ သူတို့ပေးမှ ရ ,ရတဲ့ အခွင့် အရေးဟာ ဘာမှ အာမခံချက်မရှိ၊ဘာမှမ ရေရာတာကိုပညာတတ်အကင်းပါးတွေက မြင်သင့်နေတယ်။ရတဲ့ အခွင့်အရေးလေး၊ နေရာလေးကို မက်ပြီး စစ်အာဏာရှင်တွေအလိုကျ လူထုဆန့်ကျင်ရေး အလုပ်တွေကို ဘဲ ဆက်လုပ်ကြရင် မြန်မာပြည်လူထုရဲ့ မျက်လုံးနဲ့ တူတဲ့ သတင်းမီဒီယာ ဟာ ပျက်ယွင်းသွား နိုင်တယ်။ အရင် အမှောင်ဖုံးခေတ်ကို ပြန်မရောက်ဖို့ အင်မတန် အရေး ထားလှုပ်ရှား တိုက်ပွဲဝင်နေကြရဦး မှာ ဖြစ် တယ်။ ပညာ တတ်အသိုင်းအ၀ိုင်းက လူတွေက အဓိက တာဝန်ဖြစ်လာတယ်။ အားကောင်းမောင်သန်တဲ့ မီဒီယာ ဘက်သား တွေ ထကြွကြရတော့မယ်။ သတင်း နည်းပညာ ဖေါက်ထွက် ဖြန့်ကျက်နိုင်ရေးအတွက် နည်းပညာနဲ့ အဆက် အသွယ်ရေးကွန်ယက်တွေကို တိုးတက်လေ့လာဆည်းပူး ထားရတော့မယ်။
ကြံ့ဖွတ်စစ်အာဏာရှင်တွေကလယ်သမားတွေသူတို့လယ်ပြန်ရရေး၊ မြေယာအသိမ်းခံရသူတွေ မြေပြန် ရရေး တောင်းဆိုသူတွေကို ဖြေရှင်းပေးနိုင်တဲ့အစွမ်းမရှိတာ ပေါ်လွင်သထက်ပေါ်လွင်လာသလို၊ လူ ထု တွေ အနေနဲ့ ရန်သူမိတ်ဆွေ ခွဲခြားမြင်လာနိုင်လာပြီ်။ ကြံ့ဖွတ်စစ်အာဏာရှင် စစ်တပ်ဟာ လယ်တွေကို သီးစားချစားတဲ့ မြေရှင် ပဒေသရာဇ် တပ်ဖြစ်တာလည်း ပေါ်လွင်ထင်ရှားလာတော့  ကြံ့ ဖွတ်စစ်တပ်ရဲ့ အဆင့် အတန်းကို သတ်မှတ်လို့ရနိုင်တယ်။ စစ်တပ်ဟာ လယ်သမားအကျိုးနဲ့ တိုက်ရိုက် ဆန့်ကျင်နေတဲ့ စစ်ပဒေ သရာဇ်တပ်အဆင့်  ယခုလို ၂၁ ရာစုမှာ ရှိနေသင့်သေးရဲ့လား။
နိုင်ငံရေးကွင်းမှာတော့ လူပုဂ္ဂိုလ်၊ ပါတီ နံမည်တွေထက် ပြည်သူတွေအနေနဲ့ နိုင်ငံရေး အမြင်၊ ရပ်တည် ချက်၊ လှုပ်ရှားမှု တွေကို အဓိကထား အာရုံစိုက် ဖို့ လိုအပ်မြဲ လိုအပ်နေတယ်။ လူပုဂ္ဂိုလ် ၊ပါတီ ဆို တာ ထက် လူထုအကျိုး၊ ပြည်သူ့ ဘက်က ရပ်တည်မတည်၊ မည်မျှထိရောက်အောင် လုပ်ပါသလဲ၊ လူမှုရေး လား နိုင်ငံ ရေးလားခွဲခွဲခြားခြားပိုကြည့်တတ်အောင်လုပ်ဆောင်ကြရလိမ့်မယ်။ လေးလံတဲ့သစ်တုန်းကိုထမ်းရာမှာ အဖြားထမ်းသူနဲ့ အရင်း ထမ်းသူ ခွဲခြားတတ်ဖို့ နဲ့ အရင်းထမ်းသူကိုပိုအားပေးထောက်ခံကြရလိမ့်မယ်။ရန်သူ စစ်အာဏာရှင် စံနစ်ကို ဆန့်ကျင်တဲ့ နည်းမျိုးစုံ ရှိပေမဲ့ ပြင်းထန်ထိရောက်တဲ့ နည်း ကျင့်သုံးသူတွေကို ဦးစား ပေး ထောက် ခံရ မယ်။ကိုယ့်လူ သူ့ဘက်သားတွေကို ဖေါ်ထုတ်ပြီး ဖွင့်ချ၊ ရှုတ်ချ၊ ထုတ်ပယ်ရမယ်။ ဒီလိုမလုပ်သမျှကာလပတ်လုံး တော်လှန်ရေးဟာ ရှေ့မတိုးနိုင်သလို ပြည်သူတွေရဲ့ယုံကြည်မှုလည်း နိုင်ငံရေး အဖွဲ့အစည်းတွေအပေါ်ပျက်ယွင်းသွား နိုင်တယ်။ ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်တွေကနယ်စပ်နိုင်ငံရေးမှာ ဖြစ်ခဲံတဲ့ ပုံမျိုး၊လူမှုအဖွဲ့အစည်းတွေ၊ NGO တွေဝင်မွှေသလို အခြေအနေမျိုးဖြစ်နေတယ်။ နယ်စပ်အဖွဲ့တွေ အခု ပတ်တုတ်မရ ၊ တော်လှန်ရေးလမ်းကြောင်းက သွေဖီနေတာကို ပြည်သူတွေ မြင်သာပါတယ်။
အရင်းအနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ အရင်းအနှီးမြုပ်နှံတာကို မဆန့်ကျင်ပေမဲ့ လယ်သမားတွေရဲ့ ဘ၀ရပ်တည်မှု အတွက် လယ်ယာမြေပိုင်ဆိုင်ရေး ဟာ မရှိမဖြစ်လိုအပ်တယ်။ အလုပ်သမား တွေ အတွက်လည်း လုပ်ခလ စာက ဖူလုံမှ ဖြစ်မယ်။ လူမျိုးရေး ဆန့်ကျင်မှုမဟုတ်ဘဲ အခွင့် အရေး တိုက်ပွဲဖြစ် တယ်။ ဘ၀ရပ်တည်ရေးတိုက်ပွဲ ဖြစ်တယ်။ ဒါကို ကျွန်တော်တို တတွေ ရှင်းရှင်းလင်း သိထားရမယ်။ ဘာသာ ရေး၊လူမျိုးရေး ပဋိပက္ခတွေဟာ ပယောဂ အမျိုးမျိုးကြောင့် ပေါ်လာနိုင်ပေမဲ့ လက်တွေ့ ဘ၀ရပ် တည်ရေးနဲ့ စီးပွါးရေးရုပ်ဘ၀တွေ အဆင်ပြေတိုးတက်ဖို့လိုတယ်။ဒါတွေ အဆင် ပြေဖို့ ဆိုတာ စစ်ပဒေ သရာဇ်စံနစ်ရဲ့ကြိုးကိုင်ချယ်လှယ်နေတဲ့ဖိနှိပ်မှုအောက်ကလွတ်မြောက်ပြီးကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့၊ လူထုကိုယ်စားပြု လူထုအားကိုးယုံ ကြည်တဲ့  အစိုးရဖြစ်မှ ဖြေရှင်းနိုင်မည့် ကိစ္စတွေဖြစ်နေ တယ်။ဒါကြောင့်အဖိနှိပ်ခံ ပြည်သူ တွေအနေနဲ့စစ်အာဏာရှင်စံနစ် ဖြုတ်ချရေး၊လူတန်းစားတိုက်ပွဲ အောင်မြင်ရေးကိုမြဲမြဲခိုင်ခိုင်နားလည်ဖို့လိုပါ တယ်။
လက်တွေ့ အခြေအနေက အိမ်ဦးခန်းမှာ တက်နေနေတဲ့ စစ်အာဏာရှင်ရဲ့အကျင့်ဆိုးတွေကိုပြုပြင် လို့ မရတာ၊ အမြစ်နက်နက်တွယ်ပြီးလှိုက်စားနေတဲ့ အနိုင်ကျင့် သွေးစုတ်မှုတွေကြောင့် ပြည်သူတွေဘ၀ နစ်သ ထက်နစ်နေတာ တွေ့နေရတော့  “ပြုပြင်ရေး”ထက် “ အမြစ်က  လှန်ရေး” ကို လုပ်ဆောင်ကြရ မှာ ဖြစ် တယ်။ ဒီလိုလုပ်ဖို့က နိုင်ငံရေး အဖွဲ့အစည်းတွေ အောက်ခြေ အထိ ဖွဲ့စည်းနိုင်ရေးကို အကောင် အ ထည်ဖေါ်ရ လိမ့်မယ်။ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး အနေနဲ့ ကျေးရွာ ရပ်ကွက်အထိ “လွတ် မြောက်ရေး ကော်မီတီ” တွေ ဖွဲ့ဖို့ အစီအစဉ်တွေရှိတယ်။ တော်လှန်ရေး အဖွဲ့ အစည်းဖြစ်တော့ လျှိုဝှက်ဘဲ။ တခြား တိုးတက်တဲ့ အဖွဲ့တွေ အနေနဲ့လည်း အခြခံကျကျ လုပ်စေချင် ပါ တယ်။ရည်ရွယ် ချက်ကတော့လူထု တွေ နိုင်ငံရေးလှုပ်ရှားမှုထဲထည်းထည်းဝင်ဝင်ပါလာပြီး ဖေါက်ပြန်တဲ့၊လူထုဆန့်ကျင်ရေး သမားတွေကို ထိထိမိမိ ဆန့်ကျင်နိုင်ဖို့ဖြစ်တယ်။
ဒီနေ့ကြွေးကြော်ရမည့်ကြွေးကြော်သံက “လယ်လုပ်သူလယ်ပိုင်ရေး”“ပုဂ္ဂလိက မြေယာပိုင်ဆိုင်ခွင့်၊” “ဖူလုံတဲ့လုပ်ခလစာစာရေး” ဖြစ်တယ်။“ဖက်ဒရာယ်မူ” ဖြစ်တယ်။ကြံ့ဖွတ်ဗိုလ်ချုပ်တွေကစစ်ပဒေသရာဇ်ပီပီ မြေတွေ၊ ယာတွေကိုအာဏာနဲ့ချုပ်ကိုင်ပြီးခွဲချင်သလိုခွဲ၊ငှါးချင်သလိုငှါး ပြည်သူကိုအမြတ်ထုတ်သွေးစုတ် နေတာတွေကိုဆန့်ကျင်ရမယ်။ အလုပ် သမား တွေ လုံလောက်တဲ့ လစာမ ရတာ၊ ဆန္ဒပြလို့ အလုပ်ထုတ် ခံရ တာတွေဟာ အလုပ်ရှင်တွေ ကို စစ်အာဏာ ရှင်တွေက အကာ အကွယ် ပေးနေလို့ဘဲ။ အလုပ်ရှင် တွေဘက်ကကြံ့ဖွတ်အစိုးရကရပ်ပြီး၊ အလုပ်ရှင် ကုပ္မဏီတွေနဲ့ ပေါင်းခါ အလုပ်သမားတွေကို ဖိနှိပ်သွေး စုတ် တယ်။ သတ်မှတ်တဲ့ စည်းကမ်းနဲ့ ကတိက၀တ်တွေကို အလုပ်ရှင်တွေဘက်က ချိုးဖေါက်တာများနေတယ်။
အဖိနှိပ်ခံလယ်သမားတွေနဲ့အလုပ်သမားတွေကိုအကာအကွယ်ပေးမည့် ပြည်သူ့တော်လှန်ရေးတပ် ဟာ မရှိမဖြစ်လိုအပ်နေတယ်။ ဆရာစံဟာ သူ့ခေတ်နဲ့ သူမြင်သလောက်လုပ်ခဲ့ရှာတယ်။ ဆရာစံခေတ်က နယ်ချဲ့ ကိုလိုနီအင်္ဂလိပ် ဆန့်ကျင်ရေး ခေတ်ဖြစ်တယ်။ ဒီနေ့က လက်တဆုတ်စာ စစ်ဗိုလ်ချုပ်တွေနဲ့ သူ့ လက် ပါးစေ လက်ဝေခံကရိုနီတွေကစစ်တပ်ကိုသုံးပြီး မြန်မာအချင်းချင်းနဲ့လူမျိုးစုတွေကိုဖိနှိပ်သွေးစုတ်နေ တဲ့ ကာလ ဖြစ်နေတော့ အဖိနှိပ်ခံ ဧရာမ လူထုအများစုနဲ့ လက်တဆုတ်စာစစ်အာဏာရှင် ဗိုလ်ချုပ်တွေရဲ့ ပဋိပက္ခ၊ တိုက်ပွဲဖြစ် တယ်။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံတို့တိုက်ပွဲဖြစ်တယ်။အတန်းအစားတိုက်ပွဲဖြစ်တယ်။ဖိနှိပ်ခံရသူ မှန်သမျှ ပါဝင်တော်လှန်ရမည့် တိုက်ပွဲဖြစ်တယ်။ ကိုလိုနီစံနစ်ဆန့်ကျင်ရေးကာလမဟုတ်ဘူး။ တိုင်းရင်း သားတွေဘက် က မြန်မာကိုလိုနီဆန့်ကျင် ဆန့်ကျင်ရေး သဘောထားရှိကောင်းရှိနိုင်ပေမဲ့ အတန်းအစား တိုက်ပွဲ အသွင်တမျိုး သာဖြစ်မြဲ ဖြစ်နေတာကို လက်တွေ့မှာ သူတို့ သိလာကြလိမ့်မယ်။
လွတ်လပ်ရေးအရသာကို ပြည့်ပြည့်၀၀ မခံစားရဘူးသေးတဲ့ မြန်မာနိုင်ငံဟာ ကြမ်းတမ်းရက်စက်တဲ့ စစ်အာဏာရှင်တွေ သွေးစုတ်အဖျက်ဆီးခဲ့လို့ များစွာခေတ်နောက်ကျတဲ့ လယ်သမားနိုင်ငံ ဖြစ်မြဲ ဖြစ်နေ တာမို့ ပြန့်ကျဲနေတဲ့ လယ်သမားတွေကို အချိန်ယူ စုစည်းရလိမ့်မယ်။ ဒါပေမဲ့ ဖိနှိပ်သူ စစ်အာဏာရှင်တွေ ရဲ့ ပြင်းထန်တဲ့ဖိနှိပ်မှုတွေစုခံရခြင်းကြောင့်၊နည်းပညာတွေ၊ဆက်သွယ်ရေးစံနစ်တွေကြောင့် တော်လှန်ရေးလှုပ် ရှားမှုဟာ အရင်က ထက်များစွာ မြန်ဆန်လာပါလိမ့်မယ်။ စုစည်းမှုဟာလွယ်ကူလာပါလိမ့်မယ်။ အာရပ်နိုင်ငံ လှုပ် ရှားမှုတွေက သက်သေပါဘဲ။
“ လူထုမှာ စစ်တပ်မရှိရင် လူထုမှာ ဘာမှမရှိဘူး။” ဆိုတဲ့ မော်စီတုန်းရဲ့စကားကို အလေးအနက် မှတ်သားနားယူကျင့်သုံးသင့်ပါတယ်။ ကျွန်တော်တို့ လူထုမှာ စစ်တပ်ရှိသလား၊ မရှိရင် ဘယ်လိုရှိအောင် လုပ် မလဲ။ ဒါက ဒီနေ့ ခေတ်ရဲ့ တော်လှန်ရေးသမားတွေကို သမိုင်းက တင်ပေးလိုက်တဲ့ လွှဲရှောင်မရတဲ့ တာဝန်ကြီး တခုဖြစ်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
မတ်လ ၅ ၊ ၂၀၁၃။


Friday, March 1, 2013

“လယ်လုပ်သူလယ်ပိုင်ရေး၊ ပြည့်ဝတဲ့လုပ်ခလစာရရှိရေး”



“လယ်လုပ်သူလယ်ပိုင်ရေး၊ ပြည့်ဝတဲ့လုပ်ခလစာရရှိရေး”
မအူပင် မလက်တိုကျေးရွာအုပ်စု ပလောင်ရွာက သွေးစက်၊ လက်ပန်တောင်းက မီးလောင်ဗုံး၊ ကချင်ပြည်နယ်က အမြောက်သံ တွေဟာ  တဆက်တစပ်ထည်း ဖြစ်တယ်။  မြေယာပိုင်ဆိုင်မှုရရှိရေး နယ်မြေပိုင်ဆိုင်မှုရရှိရေး အတွက် လက်ဝါးကြီးအုပ်ပြီး အစိုးရနံမည်နဲ့ ဒီနေ့ကြီးစိုးနေတဲ့ကြံ့ဖွတ်စစ်အာ ဏာ ရှင်တွေကို ဆန့်ကျင်ကြောင်း လက်တွေ့ပြတဲ့ သရုပ်အမှန်တွေဖြစ်တယ်။
တိုင်းပြည်ရဲ့ ကောင်းစားရေးဟာ ပြည်သူတွေရဲ့ဘ၀အဆင်ပြေရေး၊သမာသမတ်ကျမျှတ ရေး၊သာယာရေးဆိုတာထက်လက်ဝါးကြီးအုပ်မြေရှင်စံနစ်နဲ့လက်ပါးစေလက်ဝေခံတွေလောက်ကောင်စား ဖို့သာရည်ရွယ်ချက်ရှိတဲ့ကြံ့ဖွတ်စစ်အာဏာရှင်တွေဟာအစိုးရမဟုတ်ဘဲလူထုတွေကိုဖိနှိပ်သွေးစုတ်တဲ့ နှိပ်စက်တဲ့ လက်တဆုတ်စာစစ်ဗိုလ်ချူပ်တစုတွေသာဖြစ်တယ်။
လူထုတွေရဲ့ မနေမနားလှုပ်ရှားရုန်းကန်မှုတွေကို စစ်အာဏာရှင်တွေက ဖုံးလို့ဖိလို့မရတဲ့ မရ သ လို လယ်သမား၊အလုပ်သမား၊ ကျောင်းသား၊ အောက်ခြေစစ်သား ရဲသားတွေရဲ့ မကျေနပ်မှု တွေဟာတိုးပွါး လို့သာနေတော့တယ်။
ပြဿနာတွေကို ကော်မီရှင်တွေဖွဲ့ အငှါးလက်နဲ့ မြွေဖမ်းသလိုလုပ်၊ အချိန်ဆွဲလှည့်စားတဲ့နည်း နဲ့ ပြည်သူတွေကို၊ နိုင်ငံတကာကို ချွေးသိပ် မေ့လျော့သွားအောင်လုပ်နေတယ်။ အသုံချခံ အချောင် သမား၊ အခွင့်အရေးသမားတွေကလည်း ပြည်သူကိုပျားရည်နဲ့ ၀မ်းချပြီး အပြော့ဆွဲဆွဲနေယုံသာမက လူထုရဲ့ ဘ၀ ကြပ်တည်းမှုကို မစာနာဘဲစစ်အာဏာရှင်တွေကိုမျက်နှာလိုအားရလုပ်နေတာဟာ ပြည်သူတွေရဲ့ ဒေါသကို ပိုပိုတိုးစေခဲ့ပါတယ်။
ရှင်းနေတဲ့ အချက်က ဧရာမ အများစု လူမျိုးစုံပြည်သူတွေရဲ့ အကျိုးစီးပွါးနဲ့ စစ်အာဏာရှင်၊ သူ့လက်ပါးစေ၊ လက်ဝေခံ ကရိုနီ ဆိုသူတွေရဲ့ အကျိုးစီးပွါးဟာ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတယ် ဆိုတာ ထင်ရှားသထက်ထင်ရှားလာနေတော့ လူထုကြီးက ကြံ့ဖွတ်အစိုးရကို အယုံအကြည် မဲ့သ ထက် မဲ့လာနေတယ်။
မျက်နှာစာမှာ အမြင်အရ လွှတ်တော်ဆိုတာရှိပေမဲ့ အများစုက လူထုကိုယ်စားလှယ်အစစ် အမှန် အဖြစ် လူထုရဲ့ အားကိုးမှုကို မရသူတွေဖြစ်နေတယ်။ ပြည်သူ့အကျိုးထက် ကြံ့ဖွတ်စစ် အာ ဏာ ရှင်စံနစ်ကိုအလှချယ်ကာကွယ်ပေးနေတဲ့အလုပ်တွေကိုသာလုပ်ပြရင်း ပြည်သူတွေရဲ့ ငွေနဲ့အချိန် တွေ ဖြုန်းနေကြတယ်။ ပြည်သူတွေမှာက ရောက်နေတဲ့ ဒုက္ခတွေကတိုး၊ဆင်းရဲတွင်းကနက်သထက်နက်နေကြတယ်။ဒီတော့လူထုတွေသည်းညည်းမခံနိုင်တော့ဘဲ ဒေါသပေါက်ကွဲတာဟာ သဘာ ၀ကျတယ်။တရားတယ်။
ကြံ့စစ်အာဏာရှင်တွေရဲ့ ဖွဲ့စည်းပုံဥပဒေ၊ လွှတ်တော်တွေ၊ဖြေလျှော့မှု ဆိုတာတွေဟာ ပြည် သူ့အကျိုးသယ်ပိုးဖို့ မဟုတ်ဘဲ သူတို့ အာဏာမြဲပြီး သူတို့ အကျိုးကို ကာကွယ်ဖို့ ဖြစ်တယ်ဆိုတာက အစဦးးကတည်းက ပြည်သူတွေသိကြတယ်။ ဒါပေမဲ့ ပြည်သူကို မယုံဘဲ၊စစ်အာဏာကို ကြွက် ကကြောင်ကို အထင်ကြီးနေသလို အမြင်ရှိတဲ့ ပညာရှိလိုလို၊ ခေါင်းဆောင်လိုလို လူတွေက သူ့တို့ရဲ့အချောင်သမားဥာဉ်နဲ့ စစ်အာဏာဘက်ကို ပင်းနေကြတဲ့ အခါ ဆင်းရဲသားအဖိနှိပ်ခံ ပြည်သူတွေဟာ အထပ်ထပ်အခါခါ စစ်အာဏာရှင်တွေရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်သွေးစုတ်တာ မြင်မကောင်းအောင် တိုးတိုးပြီး ခံနေ ရတော့တယ်။
“ လယ်လုပ်သူ လယ်ပိုင်ရေး” “ လုံလောက်တဲ့ လုပ်ခ လစာရရေး”“ ပြည့်ဝတဲ့ ဒီမိုကရေစီ” “ လူ့အခွင့်အရေး” “လွတ်လပ်ပွင့်လင်းတဲ့ စီးပွါးရေး ”ဆိုတာတွေက ဒီနေ့ ကျွန်တော်တို့ မရှိမဖြစ် လို အပ်တဲ့ အရာတွေ ဖြစ်တယ်။ ဒီအတွက် တိုက်ပွဲဝင်သူအားလုံးကို ကျွန်တော်တို့ ထောက်ခံ အား ပေးရမယ်။ ဒါကို တာဆီးသူတွေကိုနည်းမျိုးစုံနဲ့ဆန့်ကျင်တိုက်ဖျက်ကြရလိမ့်မယ်။ မြန်မာပြည်ရဲ့ဒီမိုကရေစီ တော်လှန်ရေးဟာ စစ်အာဏာရှင်စစ်တပ်ရဲ့အချိုးနှိမ်ခံခဲ့ရတာကြာပြီး ဖေါက်ပြန်တဲ့တပ်ကို ပြည်သူ့ကိုကာကွယ်မည့် တော်လှန်တဲ့ တပ်နဲ့ တိုက်ဖျက်ရမယ်ဆိုတာ သိလောက်ပြီ။
ဒီဦးတည်ချက်အတွက် တခြား သေးအမွှားကွဲလွှဲချက်တွေကို ဘေးထားပြီးလုပ်နိုင်ရမယ်။တော် လှန်တိုက်ပွဲဝင်တဲ့ အမြင်မရှိသူတွေကို ခေါင်းဆောင်ခန်းမှာရှိနေသရွှေ့ တော့ကျွန်တော်တို့ ပြည်သူ တွေရဲ့ ဘ၀က အဖိနှိပ်ခံ သံသရာ၊ ဆင်းရဲတွင်းသံသရာ၊ သိက္ခါမဲ့ သံသရာက ထွက်လာ နိုင် စရာ အကြောင်းရှိမှာ မဟုတ်ဘူး။ ဒါကြောင့် စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေး၊ လယ်ယာမြေရရှိရေး၊ ပြည့်ဝတဲ့ လူ့အ ခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သူတွေကို ထောက် ခံအားပေးရင်း ကိုယ်တိုင်ကိုယ်ကျ စစ်အာဏာရှင်နဲ့ သူလက်ပါးစေလက်ဝေခံ ကရိုနီတွေကို ဆန့်ကျင် တိုက်ပွဲဝင်ကြ မှသာ ပြည်သူတွေဘ၀ လွတ်မြောက် တိုးတက်လာနိုင်စရာ ရှိမှာဖြစ်ပါတယ်။
စစ်အာဏာရှင်နဲ့ သူ့ဒေါက်တိုင်တို့ကို ဆန့်ကျင်တိုက်ဖျက်ကြ။
ပြည်သူ့အကျိုးသယ်ပိုးကြ။
လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ကြ။

ဦးအေးဆောင်
မတ်လ ၂ ၊ ၂၀၁၃။