ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Sunday, December 11, 2016

စစ်တပ်၊ရဲတပ်ကို ကယ်တင်ကြလော့။




စစ်တပ်၊ရဲတပ်ကို ကယ်တင်ကြလော့။
ဒီဇင်ဘာ ၉ ရက်နေ့က သမတ ဦးထင်ကျော်လက်မှတ်နဲ့ ထုတ်တဲ့ ပြည်ထောင်စုလွှတ်တော် အမှတ် ၄၂   ဥပဒေက စစ်တပ်နဲ့ ရဲတပ်ကို ၀န်ထမ်းအဖြစ် အကျုံးမ၀င်ရလို့ ဆိုထားတယ်။ဒီဥပဒေဟာ   ထုတ်ပြန် ချက် ဟာ အဿုဘ ကိုမြေမြုပ်ခါနီး အမိန့်ပြန်ဌါန်းဖတ်သလို “ သင်သွားလိုရာသွားနိုင်ပြီ” လို့ ကျေညာလိုက် သလိုပါဘဲ။ စစ်ဗိုလ်ချုပ်တွေ ကြီးစိုးထားတဲ့ စစ်တပ်ရဲတပ် တွေ နိုင်ငံတော်နဲ့ မပတ်သက်တော့ ပြီဖြစ်ရာ လုပ်ချင်ရာ လုပ်ကြတော့ လို့ အခွင့်ပြုလိုက်တာဖြစ်တယ်။ စစ်အာဏာရှင်စံနစ်အောက်မှာ ဒီဥပဒေမရှိမီက တည်းက စစ်တပ်ရဲတပ်တွေ လုပ်ချင်ရာလုပ် နေတာ လည်း အများကသိနေပြီးသားပါ။
ဒါပေမဲ့ အခုလို ၀န်ထမ်းတာဝန်မထမ်းဆောင်ကြလျှင် စစ်တပ်ရဲတပ်က ဘယ်လို တာဝန်တွေ ထမ်းမှာ လည်း မေးရပေတော့မယ်။ စစ်တပ်ရဲတပ်တွေဟာ သူ့သက်ဆိုင်ရာ ဒါရိုက်တာနဲ့ ကုမ္ပဏီ တာဝန် သာ ထမ်းဖို့သာရှိ တော့တယ်။ဒါဆိုရင် သူတို့ကုမ္ပဏီက လစာထောက်ပံ့ကြေးကိုမှီပြီး စားကြရ ပါတော့ မယ်။ အဲတော့ နိုင်ငံတော် တို့၊ အမျိုးသားရေးတို့၊ အချုပ်အခြာအာဏာ တို့ထက် ကုမ္ပဏီပိုင်ရှင်နဲ့  ဒါရိုက်တာဆိုသူတွေခိုင်းတာသာလုပ်တော့မည်ဖြစ်ရာ နိုင်ငံတော်နဲ့ပြည်သူများကိုကာကွယ်စောင့်ရှောက်ရေး တာဝန်ကို ယူကြ တော့မည် မ ဟုတ် တာကြောင့် နိုင်ငံတော်နဲ့ ပြည်သူကလည်း ဘာမှအားကိုးလို့မရသလို ဘာမှလည်း ထောက်ပံ့ကူ ညီစရာမလိုတော့ပါ။
ပြည်လူထုက အကူအညီမပေးလို့ ဒီကုမ္ပဏီစစ်တပ်ရဲတပ်တို့က ဒီအတိုင်းနေကြမှာလား။ သူတို့ဟာ သူ့ပိုင်ရှင်ကြီးပွါးချမ်းသာရေးအတွက် ပြည်သူကိုရက်ရက်စက်စက်ဖိနှိပ်ကြတော့မယ်။ သွေးစုတ်ချယ်လှယ်အနိုင်ကျင့်ကြ တော့မယ်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေး၊အမျိုးသားလွတ်မြောက်ရေး တွေမှာ ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့တဲ့ စစ်တပ် ဟာ အခုတော့ ကိုယ်ပြည်သူကို ပြန်ဖိနှိပ်သွေးစုတ် အမြတ်ထုတ်တဲ့ စစ်တပ်ရဲတပ် အဖြစ် ပြောင်းလဲပြီး၊ ပြည်သူအပေါ် သစ္စာဖေါက် ကြတော့မလား။
နိုင်ငံတော်ကို တာဝန်မခံတဲ့ စစ်တပ်ရဲတပ်တွေဟာ နိုင်ငံတော်အရေး အမျိုးသားရေး၊ တရား ဥပဒေအရေး ဆိုတဲ့ စကားလုံးတွေကို သုံးပိုင်ခွင့် မရှိတော့သလို ဒီစကားလုံးတွေနဲ့ ပြည်သူအပေါ် အမြတ် ထုတ်ပိုင်ခွင့် မရှိတော့ဘူးဆိုကိုလည်း သိကြရမယ်။ မဟုတ်မမှန်သုံးစွဲလျှင်လည်း  တားဆီးဆန့်ကျင် ရတော့ မယ်။
တော်လှန်ရေး အဆင့်ဆင့်က ပေါက်ဖွါးလာတဲ့ပြည်သူ့ကျိုးပြုလက်နက်ကိုင်အင်အားစုကို နေ၀င်းစစ် အာဏာရှင်မျိုးဆက်တွေရဲ့တလက်ကိုင် ပြည်သူ့ဆန့်ကျင်ရေးတပ်အဖြစ်အဖြစ်ခံကြမလား။ ပြည်သူ တွေဟာ ပိုမိုကြီးမားတဲ့ဖိနှိပ်မှုဒဏ်ကိုခံကြရမည့်အန္တရာယ်ကျရောက်နေပါတယ်။ ပြည်သူတွေကိုကာကွယ် စောင့်ရှောက်တဲ့ ပြည်သူ့တပ်၊ ရဲတပ် အဖြစ် ပြန်လည် တည်ထောင်နိုင်ဖို့ လှည်းနေလှေအောင်း မြင်း ဇောင်းမကျန် အားစိုက်ခွန်စိုက် လုပ်ဆောင်ဖို့ အချိန်ကျ ပြီဖြစ်တယ်။
  ပြည်သူ့အကျိုးဆောင်ကြ။
စစ်အာဏာရှင်ကို တိုက်ဖျက်ကြ။
ဒီမိုကရေစီ တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
ဒီဇင်ဘာ ၁၁၊ ၂၀၁၆

Monday, November 14, 2016

တော်လှန်ရေး နဲ့ ပညာတတ်တို့ အခန်းကဏ္ဍ



တော်လှန်ရေး နဲ့ ပညာတတ်တို့ အခန်းကဏ္ဍ
တော်လှန်ရေးတိုင်းကို ပညာတတ်တွေက ဦးဆောင်ကြပါတယ်။ ပညာတတ်ဆိုတာက ပါတဂူတွေ၊ ပါမောက္ခတွေကို ဆိုလိုတာမဟုတ်ဘဲ အရေး အဖတ်အတွက်လောက် ကျွမ်းကျင်တာလောက်ကိုဆိုပါတယ်။ စာတတ်လို့ ပြောလို့လည်းရမှာပါ။ စာတတ်ယုံလောက်နဲ့ တော်လှန်ရေးကို ဦးဆောင် နိုင်မှာတော့ မဟုတ် ပါဘူး။ စာတတ်ပြီး စာမဖတ် ဗဟုသုတလည်း မရှိတဲ့ လူတွေက ကိုယ့်ဘေးဝန်ကျင် ဘာဖြစ်နေမှန်းတောင် မသိတော့လူထုကိုဦးဆောင်ဖို့ခက်ပါတယ်။ဒီလိုလူမျိုးတွေအခြေအနေပေးလို့  ခေါင်းဆောင်နေရာရောက်နေရင်လည်း စာမဖတ်မလေ့လာတော့ ဥာဏ်ပညာနုံနဲ့ ပြီး ဘေးဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ လှည့်စားမှုအောက်မှာ သား ကောင်ဖြစ်ရ တော့တာ ပါဘဲ။သူတို့ဟာသဘာဝမကျ အိုးနင်းခွက်နင်းဖြစ်ရသလို၊ အာဏာပါဝါတွေရှိ ထားကြ တာကြောင့် သူတို့ရဲ့ ဥာဏ် ပညာချို့တဲ့ မှုကို အာဏာပါဝါတွေနဲ့ ကာကွယ်ရင်း လူဆိုး လူမိုက်ဖြစ်လာကြတော့ တယ်။ လုပ်ခဲ့တဲ့ ပြစ်မှုတွေကြောင့် ဖျာလိပ်ခေါင်းထဲ ၀င်မိတဲ့ ခွေးလို ဆက် တိုးနေရတော့တာပါဘဲ။
ဒါကြောင့်ဘဲ အသိ၊ ဥာဏ် ၊ ပညာလို့ ရှေ့လူကြီးတွေက ခေါ်ကြတာနေမှာပါ။ အခုဆောင်းပါးက အသိ ဥာဏ် ရှိတဲ့ စာတတ်ကို ရည်ညွှန်းချင်ပါတယ်။ “ ပညာ အဓိက” ဆိုသူတွေကိုလည်း တွေ့ရပါတယ်။ အခုတော့ ဟားဗတ်ကလာတဲ့ “ပညာရှင်တွေ” ဘယ်လိုဖြစ်ကုန်လဲ ၊ ကိုယ်ကျိုးစည်းပွါးနောက်၊ အခွင့် အရေးနောက်  လိုက် ရင်း  ပြည်သူနဲ့ ဆန့်ကျင်ဘက် ၊ရန်သူ ခိုင်းဖတ်ဖြစ်သွားရတာကို ကြည့်ရင် ပညာတတ် ယုံနဲ့ တော်လှန် ရေး ခေါင်းဆောင်မှုက တခြားစီ ဖြစ်နေတာကို လည်း သိနိုင်ပါတယ်။တက္က သိုလ်တွေက တော်လှန်ရေး ခေါင်းဆောင် သင်တန်းကျောင်းမဟုတ်သလို၊ ဖေါက်ပြန်တဲ့ အရင်းရှင်စံနစရဲ့ အကျင့်ဆိုးတွေ၊ မြန်မာပြည်မှာဆို ကို စစ်ဗိုလ်ချုပ်တွေရဲ့ အကျင့်ဆိုးတွေ၊ ခိုင်းဖတ်တွေ မွေး ထုတ် တဲ့ နေရာသက်သက် ဖြစ်နေတာပါ။ ရှေး အင်္ဂလိပ်ခေတ်က ကျွန်ပညာရေးလို့ ခေါ်သလို ခုတော့ စစ်ကျွန် ပညာရေးလို့ ခေါ်လို့ရပါတယ်။ကျွန်ပညာရေးကို ကျွန်ပညာရေးလို့ခေါ်ပြီး ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးသ မားတွေက ဆန့်ကျင်တိုက်ပွဲဝင်သလို အခုလည်း စစ်ကျွန်ပညာရေးကို စစ်ကျွန်ပညာရေးလို့ခေါ်ပြီး ဆန့်ကျင်တိုက်ပွဲဝင်ကြရမှာဖြစ်တယ်။
ပလက်စတိုင်းတွေက အစ္စရေး နည်းနည်းလေးကို မနိုင်တာ ပညာမတတ်တာကြောင့် ဖြစ်တယ်၊ ဂျူးတွေက ပညာတတ်ကြလို့ သူတို့ကို မနိုင်ဘူးလို့ ထင်ကြတယ်။ ဒီတော့ ပညာတွေ အားကျိုးမာန် တက် သင်ယူကြတယ်။ အရှေ့အလယ်ပိုင်းတက္ကသိုလ်တွေမှာ ပါမောက္ခတွေ၊ ပါတဂူတွေဖြစ်လာကြတယ်။ ဒါပေမဲ့ အစ္စရေးကို မနိုင်ဘူး၊ အခုထက်ထိ ဂါဖာမှာ ပက်စတိုင်းကလေးတွေ ခဲနဲ့ပေါက်နေရတုန်းဘဲ။ဘာဖြစ်လို့လဲ ဆိုတော့ ပညာရပ်နဲ့ မဆိုင်တော့ဘဲ အင်အားကြီးနိုင်ငံရဲ့ ထောက်ခံမှုရထားလို့ ဆိုတာကို သိလာကြတော့ တယ်။အဖြေက ခါးသည်းပါတယ်။ ပညာလောက်က အင်အားကို မနိုင်နိုင်ဘူးဆိုတာပါ။ဒီတော့ ပလက်စ တိုင်းတွေ အသေခံဗုံခွဲတဲ့ နည်းကို ကျင့်သုံးလာကြတော့တယ်။  ပညာရေးကို ဘုရားလိုကိုးကွယ်တဲ့ သူတွေကို ဘွဲ့လက်မှတ်တွေနဲ့ လိမ်စားတာခံရတယ် ဆိုပါတော့။အခုတော့ အဝေးရောက် ပညာတတ်တွေ ပညာတတ်ယုံနဲ့ ကပ်မရတာကို လက်တွေ့သိနေကြပါပြီ။တော်လှန်ရေးဟာ လိုအပ်မြဲလိုအပ်နေတာပါ။
ဒီနေရာမှာ ၆၇ ခုလောက်က ပဲခူးရိုးမပေါ်က သခင်သန်းထွန်းတို့ ပို့ချတဲ့ မာတ်စ်လီနင် သင် တန်းကျောင်း အကြောင်း သခင်သန်းထွန်းနောက်ဆုံးနေ့ စာအုပ်မှာ ဖတ်မိတာကို ပြောပြချင်ပါတယ်။ “နီရေး” နဲ့ “ချွန်ရေး” သဘောတရားပါ။ နီရေး ဆိုတာတော်လှန်ရေး စိတ်ဓါတ်ကို ဆိုလိုပါတယ်။ ချွန်ရေးက ပညာတတ်မြောက် ကျွမ်းကျင်တာပါ။ ဒီနေရာမှာ ချွန်ရေးက အဓိက မကျဘဲ နီရေးက အဓိကကျတာကို ရှင်းရှင်း ဖေါ်ပြပို့ချပါတယ်။ နီရေးဖြစ်တဲ့ တော်လှန်ရေး စိတ်ဓါတ်မရှိတော့ တတ်တဲ့ပညာနဲ့ ကိုယ်ကျိုးရှာ ဖို့ တော်လှန်ရေးကိုလွယ်လွယ် စွန့်ခွါ တတ်တာ၊ ဖေါက်ပြန်ဖို့လွယ်ကူတာကို ရှင်းလင်းထားပါတယ်။  မြို့ထဲ မှာပညာသင်နေတဲ့သူတို့ရဲ့သားသမီး တွေကို တော်လှန်ရေးလုပ်ဖို့ တောထဲပြန်ခေါ်ကြတယ်။ ဒါဟာ တော် လှန်ရေးက အရင်းကျတယ်ဆိုတာကို ပြတာဘဲ။ တော်လှန်ရေး အမြင်တည်ဆောက်ပြီးမှ ကျွမ်းကျင်မှုကို သင်ယူတာက ပြည်သူကို အကျိုးပြု မှာ ဖြစ်ပါတယ်။ ဒါက ပဲခူးရိုးမှပေါ်က သင်တန်း ပါ ။ စဉ်းစားနိုင်ဖို့ပါ။
တော်လှန်ရေးထဲမှာ အရေးတကြီးလိုအပ်တာက တိုးတက်တဲ့ ပညာတတ်၊ တော်လှန်အမြင်ရှိတဲ့ ပညာ တတ်ဖြစ်ပါတယ်။ အမြင်ဆိုတဲ့ စကားကလည်း ဒီနေရာမှာ ပေါ့ကောင်းပေါ့နေဦး မှာပါ၊ တော် လှန်ရေးခံ ယူချက်လို့ ဆိုမှ မှန်မှာပါ။ ဒီနေ့ မြန်မာပြည်လိုတိုင်းပြည်မှာ အခွင့်ထူးခံ၊ ဖိနှိပ်သွေးစုတ်တဲ့ အမျိုးသားစစ် အာဏာရှင် လူတန်းစားကို ဆန့်ကျင်တို့်ပွဲဝင်နေရတဲ့ကာလ အမျိုးသားရေးတော်လှန်ရေး အမြင်လောက်နဲ့ မရတော့ဘဲ လူတန်းစားတိုက်ပွဲ တော်လှန်ရေး အမြင်အထိ လေ့လာသိ ရှိဖို့လိုအပ်နေ တာကို တော်လှန်ရေး စိတ်ဓါတ်ရှိတဲ့ ပညာ တတ်တွေ၊ တိုးတက်တဲ့ ပညာတတ်တွေ ခံယူထားဖို့ လိုပါလိမ့်မယ်။ ဒါမှသာ ဒီနေ့ ဖြစ်ရှိနေတဲ့ စစ်အာဏာ ရှင်တွေနဲ့ အခွင့်ထူးခံ လက်ပါးစေလက်ဝေခံ လူတန်းစားကို မှန်မှန်ကန်ကန် ထိထိမိမိ တိုက်ပွဲဆင် နိုင်ပါ လိမ့်မယ်။
တိုင်းပြည်ရှိပြည်သူလူထုတွေကသူတို့ရဲ့ဘ၀ကို မြှင့်တင်ပေးနိုင်မည့် ပြည်သူ့အကျိုးပြုပညာတတ်တွေ ကို မွေးထုတ်ပေးနိုင်ဖို့တက္ကသိုလ်တွေ၊နည်းပညသင်ကျောင်းတွေ၊အတတ်သင်ကျောင်းတွေတည်ထောင်ပေး ထားကြတယ်။ ဒီကျောင်းက ထွက်တဲ့ လူတွေ တော်တော်များများက - ဒေါက်တာဂျော်နီနဲ့ မော်လီကဗျာထဲ ကလို ဆရာဝန်ဖြစ်ပြီးနောက် သူတို့အတွက် လူထုတွေက ဖျားပေးရမည့်ပုံ တွေလို ကိုယ်ကျိုးချည့်ကြည့် လုပ်ကြတာဟာ ပြည်သူတွေအပေါ် ကျေးဇူးကမ်းရာရောက်တယ် ဆိုတာကို မသိကြသလိုဖြစ်နေတယ်။
ပညာတတ်တွေဟာ မြန်မြန်လေ့လာတတ်တယ်။ ပြန်လည် ဖြန့်ဝေပြောကြား သင်ပေးတတ်တယ်။ အသက်အရွယ် နုပျိုတက်ကြွတယ်။ ဒီနေ့ခေတ်မှာ အဆက်အသွယ်လည်းကောင်းတယ်။ နည်းပညာ လည်း ကြွယ်တယ်။အမြင်လည်းထက်သန်ကြတယ်။ ဒီနေရာမှာ “ ကျွန်တော်က ပေါင်မုန့်လည်းဖုတ်တတ်တယ်၊ အီကြာကွေးလည်းကြော်တတ်တယ်၊ ပေါက်ဆီလည်းလုပ်တတ်တယ်၊ဆမူဆာလည်းလုပ်တတ်တယ်၊၊ဒါပေမဲ့ ကျွန်တော်ကပျင်း တယ်။” ဆိုသလိုမျိုး ပညာတတ်အများစုက   မနီကြဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ လက် ရှိဘ၀ နွံထဲက အရသာလေးတွေကို မက်နေကြတတ်လို့ဘဲ။ အကြောင်းတွေပြပြီး အနာခံရ မှာကြောက်ကြတယ်။လမ်းထွင်သူတိုင်း ဆူးစူးခံရတတ် တယ် ဆိုတာကိုတော့ သိတယ်၊ မလုပ်ရဲကြဘူး။ သင်္ချာတွက်ကိန်းနဲ့ အမြတ်မရရင် မလုပ်ချင်ကြဘူး။ အခွင့်အရေးအတွက်တော့ အရှက် မဲ့ စွာ ဒူး ထောက်တောင်းခံတတ်ကြတယ်။ တော်လှန်ရေးအောင်ပွဲက မမြင်သေးခင် ယုံကြည်ချက်ကို အခြေခံ ရတော့ သူတို့ အတွက် မမြင်သာနိုင်ဘူး။ သူတို့တတ်ထားတဲ့ ပညာကြောင့်လည်း မာန်တတ်နေ ကြလေ့ရှိတယ်။ ဒါပေမဲ့ နီတဲ့ ပညာတတ် လက်တဆုတ်စာက အားလုံးကို ထိန်းကျောင်းနိုင်ကြောင်း တော် လှန်ရေးတိုင်းမှာ တွေ့ နိုင်ပါတယ်။
ဒီတော့ လူတန်းစားတိုက်ပွဲ ဆိုတာဘာလဲ။ တိုးတက်တဲ့ပညာတတ် လူတန်းစား လက္ခဏာက ဘာလဲ၊ ဖေါက်ပြန်တဲ့ လူတန်းစား လက္ခဏာကဘာလဲ။ ပညာတတ်တွေ ဖြစ်တတ်တဲ့ အမှားကဘာတွေလဲ။ ဘယ် လိုပြုပြင်ရမလဲ။ဘာတွေလိုအပ်နေသလဲ။ တခြားတိုင်းပြည်မှာ ဘယ်လိုလုပ်ခဲ့ကြသလဲ။ဆိုလာတွေကို  ကျယ် ကျယ် ပြန့်ပြန့် လေ့လာရင်း၊ကျင့်သုံးရင်း တော် လှန် ရေးလှုပ်ရှားမှုကို အရှိန်မြင့်တင်သင့်ပါတယ်။
ပညာတတ်များ လက်တွေ့ပကတိခြေအနေကို သိပြီး “နီရေး” အမြင်ကို အခိုင်အမာစိုက်ထူကြဖို့ တိုက် တွန်းလိုက်ပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဖိနှိပ်မှုကို ဆန့်ကျင်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
နိုဝင်ဘာ ၄၊ ၂၀၁၆။





Saturday, October 1, 2016

ငြိမ်းချမ်းရေး မျောက်များနှင့် လူတန်းစားတိုက်ပွဲ



ငြိမ်းချမ်းရေး မျောက်များနှင့် လူတန်းစားတိုက်ပွဲ

၂၁ရာစုငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ရလာဒ်က မြန်မာပြည်မှာ ပြည်တွင်းစစ်ရပ်ဖို့မဟုတ်ဘဲစစ်အာဏာ ရှင်တွေကို ဖိထားတဲ့ ကန့်သတ်ချက်တွေဖယ်ဖို့လုပ်တဲ့ပွဲ ဆိုတာ သိသာသွားပြီ၊ စစ်ပွဲ တွေက မလျှော့တဲ့ အပြင် ကရင်ပြည်နယ်မှာတောင်ပြန့်လာနေ တယ်၊ ဒီတော့ လုပ်လိုက်တဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကို တက်တဲ့လူတွေမျောက် ဖြစ်မှန်းမသိ ဖြစ်သွားရရှာတယ်။ ဒီတော့ အမြတ်ထွက်တဲ့ မအလ စစ်တပ် အနေနဲ့ ဒေါ်စုကို အဆင့်မြင့်စစ်တပ်ဂုဏ်ထူးဆောင် ဆုတံဆိပ် ကြီးကြီး တခုကို ပေးသင့်ပါတယ်။
ရွေးကောက်ပွဲမှာရှုံးခဲ့ပေမဲ့ စစ်တပ်နောက်ခံထားတဲ့ ကြံ့ဖွတ်ပါတီက ရေဘ၀ဲနဲ့ တူတဲ့ သူတို့ရဲ့လက်တွေ၊ လက်ငုတ်အာဏာတွေနဲ့ လူထုအပေါ် ခြိမ်းခြောက်လွှမ်းမိုးနေဦးမှာပါ။ အခုလို ဒေါ်စုရဲ့ ပင်ပန်းကြီးစွာ စစ်အာဏာရှင်လက်တဆုတ်စာအတွက်အလုပ်လုပ်ပြတော့ ပြည်သူက ၀မ်း သာ ဖို့ တော်ေ တ်ာခက်နေတယ်။ နိုင်ငံတော်နဲ့ အာဏာကို မခွဲခြားနိုင်သ၍ ဒေါ်စု ကိုအားပေးဖို့ နက်နက်နဲနဲ စဉ်းစားသင့်နေပြီ။
ဒီနေ့ ဖြစ်နေတဲ့ ပဋိပက္ခက စစ်အာဏာရှင် လက်တဆုတ်စာတစုရယ်၊ သူ့လက်ပါး စေ လက်ဝေ ခံတွေရယ်၊ သူကိုမှီပြီး အကျိုးအမြတ်ရသူတွေ က တဖက်၊ အဖိနှိပ်ခံ တိုင်းရင်းသားတွေရယ်၊ ဆင်းရဲသားနင်းပြားတွေရယ်၊ လယ်သိမ်းခံလယ်သမားတွေရယ်၊ လခနည်းအလုပ်သမားတွေရယ် တိုးတက် တဲ့ ကျောင်သားတွေရယ်က ဖက် ဖြစ်နေတဲ့ ၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတို့ တိုက်ပွဲ၊ အခွင့်ထူးခံနှင့် အနှိမ်ခံတို့ တိုက်ပွဲ ဖြစ်နေတာပါ။
ဒီလူတန်းစားတိုက်ပွဲ ဘက်နှစ်ဖက်ရဲ့ ပဋိပက္ခဟာ ပြင်းထန်လာတာနဲ့ အမျှ ဖိနှိပ်ခံနှင့် ဖိနှိပ် သူတွေကြား ခြားတဲ့ မျဉ်းဟာ ထင်ရှားကြီးထွားလာသလို ပဋိပက္ခက နေရာတကာကို ပြန့်နှံ့ သွားပါလိမ့် မယ်။ပြင်းထန်လာလိမ့်မယ်။ ဒီပြန့်နှံ့မှုဟာ စစ်တပ်ကိုလည်းမချန်၊ ဒေါ်စုကိုလည်းမချန်၊ လူမျိုးစုတွေကို လည်း မချန် တက်ကြိတ်ဝါးမြိုသွားပါလိမ့်မယ်။
လူထုတိုက်ပွဲ၊လက်နက်ကိုင်တိုက်ပွဲ ဟာ မကျင့်သုံးမဖြစ် ကျင့်သုံးရမည့်နည်း ဖြစ်မြဲဖြစ် နေတယ်။ ဒီလိုဖြစ် ရတာက ဒီမိုကရေစီအခွင့်အရေး ချို့တဲ့နေလို့ပါ။ ဒီမိုကရေစီ အပြည့်အ၀ရရှိရေးနဲ့ စစ်တပ်အခွင့် ထူးခံမှုဆန့်ကျင်ရေးက ဒင်းဂါး တချပ်ရဲ့ခေါင်းနဲ့ ပန်းပါ။ စစ်တပ်အာဏာသိမ်းရာ က ပေါ် လာတဲ့  ပြဿနာတွေအတွက်  စစ်တပ်ကိုမထိန်းချုပ် မဖြေရှင်းရင် ဒီမိုကရေစီပြဿနာရော၊ ငြိမ်းချမ်းရေး ပြဿနာရော၊ စီးပွါးရေးပြဿနာတွေဘာ ထိထိမိမိ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။
စစ်တပ်ကိုချော့မြူ၊ ရိုကျိုးဖို့ လုပ်နေသမျှ စစ်အာဏာကြီးစိုးမှုက မလျှော့နည်းတဲ့ အပြင် ပိုတောင် ကြီးထွားလာစရာရှိပါတယ်။ ကျွန်တော်တို့တတွေ ပြဿနာရဲ့ အရင်းအမြစ်ကို ကိုက်တွယ် ရဲသင့်တယ်။ စစ်အာဏရှင်တပ်ကို ချော့မြူ၊အားပေးအားမြှောက်လုပ်နေခြင်း က ပြည်သူတွေကို စတေးနေတာ သာဖြစ်ပါတယ်။
ပြဿနာတွေက ရှုပ်ထွေးသယောင်ဖြစ်နေတာက ကိုယ့်လူသူဘက်သားတွေကြောင့်ပါ။ အမျိုး သားရေး အရည်ခြုံ အမြတ်ထုတ်နေသူတွေကြောင့်ပါ။ သူတို့ကိုလည်း စစ်အာဏာရှင်က လက်သပ် မွေးပေး ထားတာပါ။စစ်အာဏာရှင်တွေဟာ လူထုလှုပ်ရှား မှုတိုင်းကို အမျိုးသားရေး၊ အခွင့်ထူး ပေးခြင်းတွေနဲ့ မျှားခေါ်သိမ်းသွင်းပါတယ်။ စစ်အာဏာရှင်တွေ အနေနဲ့ သူ့စစ်တပ်ကို ထိန်းထား ဖို့လည်း ဒီနည်းဘဲရှိတာပါ။ ဒီနည်းက တကယ်တော့ ပြည်သူကို ဖိနှိပ်တဲ့နည်း၊ လက်ပါစေမွေး နည်းမျှ သာဖြစ်ပါတယ်။
အခုတော့ တိုင်းရင်သားတွေက အစ ကျောင်းသားအဆုံး ကွဲပြဲ နေပါတယ်။ ဒါဟာ အတန်း စားအသိကိုရှိကြဖို့ ရန်သူ့ဘက် အကျိုးပြုနေတာပါ။ ဒါပေမဲ့ အများပြည်သူအကျိုး၊ တိုင်းပြည် အကျိုး ကို မြင့်မြင့်မားမား မထားဘဲ  အတ္တအကျိုးစီးပွါးနဲ့ အမြင်ကျဉ်း၊ဂိုဏ်းဂဏ လောက်နဲ့သာ လုပ် နေကြ သူတွေက အရောင်တောက် အသံကျယ်နေတော့ ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ ဖြစ် နေရတာပါ။
ပဋိပက္ခတွေက တိုးသထက်တိုးလာနေပါတယ်။ ဘီလူးစည်း၊ လူ့စည်းလည်း ရှင်းသ ထက်ရှင်း လာနေပါတယ်။ စစ်အာဏာကို ဖြိုချ တိုက်ခိုက်တာ၊ဖေါက်ပြန်သူတွေကို ဖေါ်ထုတ်ဖွင့်ချ ဆန့်ကျင် တာ၊  တော်လှန်သူ၊ တိုးတက်သူချင်း စုစည်းတာ၊ လှုရှားမှုအတွက် ပြင်ဆင်တာတွေကို မြင်သမျှ လက်လှမ်းမှီသမျှ လုပ်ဆောင်နေဖို့တော့ အရေးကြီးတယ်။ အခွင့်ထူးခံတဲ့ သူတွေက သူ့အလို လိုမဆင်းသွားမှာတော့ သေချာပါတယ်။ အထူးသဖြင့် သွေးစွန်လက်တွေနဲ့ အခွင့်ထူးခံတွေ ဆိုရင် ပိုဆိုးပါတယ်။ဒီတော့ပြတ်သားတဲ့ လူတန်းစားတိုက်ပွဲ ကို ဖေါ်ထုတ်ဆင်နွှဲကြရမယ်။  လိုအပ်တဲ့ လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲကို ပြည့်ဝတဲ့ ဒီမိုက ရေစီ ရရှိရေးအတွက် ဆင်နွဲတာဟာ ယနေ့ သမိုင်းတာဝန် ထမ်းဆောင်တာဖြစ်ပါတယ်။  
အဖိနှိပ်ခံတို့ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ကြ။
စစ်အာဏာမုချကျဆုံးရမယ်။

ဦးအေးဆောင်
စက်တင် ၂၊ ၂၀၁၆။



Monday, August 15, 2016

ရှေ့ရေးကို မျှော်တွေးသော်



ရှေ့ရေးကို မျှော်တွေးသော်

ဆက်သွယ်ရေး၊သွားလာရေး၊ တွေလွယ်ကူကောင်းမွန်လာတော့(မြန်မာပြည်တော့မပါသေးပါ။)လူသား တွေ နေထိုင်တဲ့ ကမ္ဘာကြီးက ရွာတရွာလိုဖြစ်သွားပြီလို့ ပြောနေကြပြီ။ ဒါကြောင့်ဘဲ ကမ္ဘာဒေါင့်စွန်း တနေရာက အဖြစ်အပျက်ဟာ ကမ္ဘာတ၀ှမ်းကိုနေ့ချင်းည ချင်း ရိုက်ခတ်နေတော့တယ်။ဒီတော့ ကျွန်တော် တို့လည်း ကမ္ဘာ အရေးတွေကို မတွေးလို့ မရတော့တဲ့ အခြေအနေ ကိုရောက်နေတော့တယ်။ ကမ္ဘာ့ အခြေအနေအရ နိုင်ငံ ရေးလှုပ်ရှားမှုတွေကို ခင်းကျင်းပြင်ဆင်ကြ တာကိုတော့ပထမ၊ ဒုတိယကမ္ဘာစစ် မတိုင်မှီ မြန်မာပြည် နိုင်ငံရေး ဖြစ်စဉ်ကို ပြန်ကြည့်ရင် သိသာပါတယ်။
ဂျပန်အင်္ဂလိပ်နယ်ချဲ့ နိုင်ငံတွေကြားမှာ ဂျပန်ဘက်က ပါခဲ့လို့ မြန်မာပြည်ဟာ ဂျပန်ဝင်တော့ တခါနာ၊ အင်္ဂလိပ်ပြန်ဝင်တော့ တခါနာ ရွေးချယ်ရာဘက်မှားခဲ့လို့ မိအေးနှစ်ခါနာဖြစ်ခဲ့ရတဲ့ အဖြစ်ကို လည်း ကျွန် တော်တို့ တတွေကြုံခဲ့ရပြီ။ အလေးအနက် သင်ခန်းစာယူတတ်ကြဖို့ လိုပါလိမ့်မယ်။ ဒီတော့ အခုလို အမေရိကန်အုပ်စုနဲ့ တရုတ်အုပ်စု တို့ အားပြိုင်နေတဲ့ ကာလမှာ၊ စီပွါးရေးမက်လုံးတခုတည်းကို ဦတည်ပြီး  လှုပ်ရှားနေတဲ့ ကာလမှာ ကမ္ဘာကြီး၊ရဲ့ လားရာကို ကျွန်တော်တို့ တွက်ဆဖို့ လိုအပ်နေတော့တယ်။ ဒီအလုပ်ဟာ တိုးတက်တဲ့ တော်လှန်ရေး အမြင်ရှိတဲ့ ပညာတတ်တွေရဲ့ ပုခုံးပေါ် တိုက်ရိုက်ကျနေတော့ တယ်။စီးပွါးရေး၊ သွေး စုတ်အမြတ်ထုတ်ရေး၊  အမျိုးသားရေး၊ဘာသာရေးတွေကြီးစိုးနေတော့ ကြိုက် သည်ဖြစ်စေ၊ မကြိုက် သည် ဖြစ် စေ စစ်ဆိုတာဟာ လွှဲလို့ရစရာမရှိတော့ဘူး။
စီပွါးရေးအမြင်ကို ထိပ်တန်းဦးစားပေး အဖြစ် ထားရှိနေတဲ့ အင်အားကြီးနိုင်ငံတွေဟာ စစ်ပွဲကိုဦး တည် စရာတွေများပါတယ်။ အစွမ်းထက် ပြင်းထန်တဲ့ လက်နက်တွေကြောင့် တနိုင်ငံလုံး ပျက်စီးကိန်း၊ တမ္ဘာလုံးပျက်စီးကိန်းကြုံနိုင်တာမို့ကမ္ဘာ့အတိုင်းအတာနဲ့ ဖြစ်ဖို့ထက် ဒေသအကန့်အသတ်စစ်ပွဲတွေ ဖြစ်နိုင်ပါတယ်၊ အရှေ့အလယ်ပိုင်းမှာ၊ ယူကရိန်းမှာ၊ အာဖရိကနိုင်ငံတချို့မှာလည်း ဖြစ်နေတာပါဘဲ။စစ်ပွဲတွေက နိုင်ငံချင်း အလိုက် ဗြောင် တိုက်ခိုက်တာထက် ကိုယ့်ဘက်ယိမ်းတဲ့ ဘက်ကို ကူရင်း အင်အားပြကြတာ၊ သြဇာ တည် ဆောက်နေကြတာတွေ့နေရတယ်။ရည်ရွယ်ချက်ကတော့စီးပွါ့းရေးအကျိုးအမြတ်အတွက်ပါဘဲ။ တောင် တရုတ် ပင်လယ် အရေးက ဒီနေ့ ကျွန်တော်တို့နဲ့ အနီးဆုံး ပြဿနာပေါ့။ဒီထက်နီးတာက ဘင်္ဂလား ပင် လယ် အော်မှာ တရုတ်နဲ့ အိန္ဒိယ တို့အားပြိုင်နေတာဖြစ်တယ်။
စီးပွါးရေးကို ဦးစားပေးရာက၊ရေနံထွက်ရာကို ကြီးစိုးဖို့ ကြံစည်ရာကနေ လူမျိုးရေး၊ဘာသာရေး ၊ တွေပါ ပါလာကြတော့တယ်။ အရင်းရှင် တွေအနေနဲ့၊ အာဏာရှင်တွေ အနေနဲ့လည်း ဒီလူမျိုးရေး ဘာသာရေး ခုတုံး လုပ်မှလည်း သူတို့အတွက် လူထုအင်အားနဲ့ အကာအကွယ်ကိုရယူနိုင်ကြတာကိုး။ ဒီတော့ လူမျိုးရေးကနေ ဘာသာရေး၊ ဘာသာရေးကနေလူမျိုးရေး အပြန်အလှန် လုံးလည်ချာလည် လိုက်ရင်း ပြဿနာအရင်းကို ရှာမ ရသလိုဖြစ်နေတော့တယ်။ ဒီနေ့ ဘာသာရေး ပဋိပက္ခအထူးသဖြင့် အစ္စလာမ် ၀ါဒ နဲ့ ပတ်သက်တဲ့ ပြဿနာကထိပ်တန်းတက်နေပါတယ်။ဘာသာရေးရဲ့  သွေးခွဲမှုတွေကြောင့် လူတွေ သွေးကွဲနေကြရပါပြီ။
ဘာသာရေးမှိုင်းတိုက်၊ အမြတ်ထုတ် ၊ အာဏာတည်ဆောက်တဲ့ နည်းက ဒီနေ့ အထိ ခေတ် စား နေ သေးတော့ မြန်မာပြည်သေးသေးလေးက ကျွန်တော်တို့ တတွေလည်း ဒီဘာသာရေး ဒုက္ခသံသ ရာကို ရင်ဆိုင်ဖို့ သတိဝါရိယ ဥာဏ်ပညာတွေ ရှိဖို့ လိုအပ်နေပါလိမ့်မယ်။
ဒီနေ့ အဓိက ကမ္ဘာ့ပဋိပက္ခမှာ အမေရိကန်အုပ်စုနဲ့ တရုတ်အုပ်စုတို့ ရဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ အခြေခံကတော့ စီးပွါးရေးအရ ချယ်လှယ်နိုင်ရေးဘဲ။အမေရိကန်က ဂုဏ်သရေရှိ အရင်းရှင် စံနစ်ကို ကျင့်သုံး နေပြီး ၊ တရုတ်က ကွန်မြူနစ်အမည်ခံ နိုင်ငံတော် အရင်း ရှင်စံနစ်ကို ကျင့်သုံးရင်း နိုင်ငံ့အရင်းနဲ့ ကမ္ဘာပတ်သွေး စုတ်နေတော့တယ်။နိုင်ငံကြီးတွေရဲ့ ကော်ပိုရေးရှင်းကြီး တွေက ကမ္ဘာပတ်သွေးစုတ် အမြတ် ထုတ်ရင်း စစ်ပွဲ တွေ ဒေသအလိုက် ဖန်တီးတာကို ကျွန်တော်တို့ နိုင်ငံ ပိစိကွေးတွေက ဘယ်လို ရင်ဆိုင်ကြ ရမ လဲ။နိုင်ငံ ငယ်တွေ ပေါင်းစည်းထားနိုင်ရင်တော့ ကောင်းမယ်၊ ဒါပေမဲ့ ဒါဟာအိမ်မက်မျှ သာဖြစ်မယ်။ နိုင်ငံ တွေစုစည်း ရေးမပြောနဲ့ မြန်မာပြည်ထဲမှာရှိတဲ့ ပြည်နယ်ဆိုတာတွေတောင် ပေါင်းစည်းရေးဟာ ဘယ် လောက်ခက်သလဲ ဆိုတာ စုပေါင်းအဖွဲ့ အစည်းတွေ ဖြစ်ခဲ့တဲ့ မြန်မာပြည် ဒီမိုကရက် တစ် မဟာမိတ်အဖွဲ့ချုပ် ( DAB) ပြိုကွဲရပုံနဲ့ ၊ ဒီနေ့ တိုင်းရင်းသားအဖွဲ့စုစည်းထားတဲ့ UNFC ပုံပျက်ပန်း ပျက်ဖြစ်နေရ တာကို ကြည့်ရင် သိနိုင်ပါတယ်။ ရန်သူရဲ့ ထိုးနှက်ထိုးခွဲမှုတွေရှိပေမဲ့ တပ်ပေါင်းစုတွေ ရဲ့ နီုင်ငံရေးအမြင်ချို့ငဲ့မှုကအဓိကကျပါတယ်။ဒီတော့ကျွန်တော်တို့ကလက်မြှောက်ပြီး  မျောလိုက်ရတော့မလား ဆိုတာတော့ မဟုတ်ပါဘူး။
ဒီဆောင်းပါးမှာကမ္ဘာ့နိုင်ငံရေးကိုကျွန်တော်မြင်သလောက်ဇောင်းပေးတင်ပြမှာဖြစ်လို့ ပြည်တွင်းနိုင်ငံ ရေး ကို နောက် ဆောင်ပါးများနဲ့ ဆက်သွယ်ရေးဖို့ရည်ရွယ်ထားပါတယ်။ အခုတော့ ကမ္ဘာနိုင်ငံရေးမိုးလေ ၀သနဲ့ ကျွန်တော်တို့ ဘာလုပ်ရမလဲ ဆိုတာကို အကြံပြုချင်ပါတယ်။ ပြည်တွင်းရေးဟာ အဓိကထားရ မှာဖြစ် ပေမဲ့ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေရဲ့ လှုပ်ရှားမှုဟာ မဟာဗျူဟာ ဖြစ်နေတတ်လို့ပါဘဲ။ ဘက်မှန်မှန် ကျင့်သုံး နိုင်ဖို့က ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်နဲ့ ရနိုင်မည့် အာဏာနဲ့စွမ်းရည်ပေါ်တည်မှာပါ။အခုက အမေရိကန် အရင်းရှင်နဲ့ တရုတ်အရင်းရှင် အုပ်စု ကြားမှာ ရွေးရမှာဖြစ်ပါတယ်။
ရွေးဖို့ဆိုရင် အရင်ဆုံး ကျွန်တော်တို့ ဘာလိုချင်တာလဲ ဆိုတာကိုသိထားဖို့လိုပါတယ်။ ကျွန်တော်တို့ လိုချင်တာက နိုင်ငံရေး၊ စီးပွါးရေး လွတ်လပ်မှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ( အရင်းရှင်အဆင့်) လို့ ပြောနိုင်ပါတယ်။ ဒီရည်ရွယ်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်မည့် မိတ်ဆွေအုပ်စုကို ရှာဖို့ဘဲ။ တရုတ်နဲ့ အမေရိ ကန်ကို ဒီရည်ရွယ်ချက်နဲ့ တိုင်းရင် အမေရိကန်ဘဲ နီးစပ်တာတွေ့နိုင်တယ်။တရုတ်ဟာ ကျွန်တော်တို့ မြန်မာ ပြည်အတွက် အလွန်စီးပွါးရေးဆန်ပြီး ဖိနှိပ်တဲ့ စစ်အာဏာကို အားပေးခဲ့တာ လည်းပါပါတယ်။သူတို့ဟာ မြန်မာ ပြည်သူတွေ အရေးကို ဂရုမစိုက်သူတို့ အမျိုးသားရေးသက်သက်ကိုဘဲ ကြည့်နေတော့ ကျွန်တော်တိုလည်း ကိုယ်တိုင်ပြည်လိုအပ်ချက်ကိုကြည့်ရမှာဘဲ၊ စစ်အာဏာရဲ့ဖိနှိပ်မှုကို ဖယ်ချနိုင်ရေး ကစ စဉ်းးစားသင့် တော့တယ်။
သူတို့ရဲ့အုပ်ချုပ်ပုံစံနစ်ကလည်းပါတီစုံဒီမိုကရေစီမဟုတ်သလို၊ကွန်မြူနစ်စံနစ်တွေရဲ့ နိုင်ငံတကာဝါဒ ကိုလည်း စွန့်လွှတ်ထားတော့ ကျွန်တော်တို့ နိုင်ငံလွတ်လပ်မှုဟာ အင်မတန်နည်းတယ်။ရန်သူ စစ်အာဏာ ရှင် တွေနဲ့လည်း သူက ပေါင်းထားလေတော့ အန္တရာယ် များတယ်။ဒီတော့ အမေရိကန်ဘက်ယိမ်း ရလိမ့်မယ်။အ မေရိ ကန်ကိုကော စိတ်ချရပြီလားလို့ မေးစရာရှိတယ်။ စိတ်ချစရာတော့ မရှိပါဘူး။ သူကလည်း လက်ဝဲအယူအဆ၊ ကွန်မြူနစ်အယူအဆကိုတရားသေဆန့်ကျင်နေတော့ဆင်းရဲးသားနိုင်ငံ တွေ ရဲ့ဓန ဝေမျှရေးလှုပ်ရှားမှုကိုတရားဝင် မဆန့်ကျင်ပေမဲ့ တိတ်တိတ် ဆန့်ကျင်နေမှာပါ။ဒါပေမဲ့ အကွေးထဲက အကောက်ကို ရွေးရသလိုပါ။ ကိုယ်လို ချင်တာ မဟုတ်ပေမဲ့ နီးစပ်တယ်လို့ဘဲ ဆိုရမှာပေါ့။ အမေရိကန်ဘက်ယိမ်းလို့ အမေရိကန်အောက်ခေါင်း လျှိုဝင်ရမှာတော့မဟုတ်ဘူး၊အနိမ့်ဆုံး ရင်ဘောင်တန်း ဆက်ဆံရေးတော့ ရယူဖို့လိုမယ်။
 သူတို့ကလူထု တော်လှန်ရေးကိုအားမပေးသလို ကြောက်တဲ့ သဘောထားရှိတော့ စစ်အာဏာ ရှင်တွေဘက်ပင်းမှာများတယ်။ဒီတော့ ကျွန်တော်တိုရည်မှန်းတဲ့ လွတ်လပ်မျှတတဲ့ ဖက်ဒရာယ်အတွက်
နိုင်ငံဓန ခွဲဝေရေး၊ လူထုအယဏာထူထောင်ရေး အတွက် ကိုယ့်ကိုယ်ကိုဘဲ အဓိကထားလုပ်ကိုင် ရပါလိမ့် မယ်။ ဒါဟာ ဒီနေ့ကျွန်တော်တို့ ကြုံနေ ရတာပါဘဲ။ ဒီအခြေအနေကို ရှင်းရှင်း သိထားစေ ချင်ပါတယ်။
ဒီလိုအခြေအနေမှာ စေ့စပ်ရေးလမ်းစဉ်တွေ၊ ရွှေပြည်အေးလမ်းစဉ်တွေ၊ ကျေးအေးရေးလမ်းစဉ်တွေ၊ ငြိမ်းချမ်းရေး လမ်းစဉ်တွေက အဖိနှိပ်ခံပြည်သူတွေရဲ့ တိုက်ပွဲကိုေ၀၀ါးစေပြီး လက်ယာအချောင်သမား လမ်းစဉ်ဘက်ဆွဲပြီးဖိနှိပ်ခံဘ၀တာရှည်အောင်ဆွဲဆန့်တာကိုသတိထားဆန့်ကျင်ဖို့လိုပါတယ်။  မေရိကန်ဘက် ယိမ်းမယ် ဆိုလို့ အဖြူဆို အထင်ကြိးတတ်တဲ့ ဥာဉ်ကိုလည်း တိုက်ျေက်ရလိမ့်မယ်။
ဒီတော့ ကျွန်တော်တို့က ဘယ်ကစ ဘာလုပ်ရမလဲ။ ကျွန်တော်တို့ ဆီမှာ တိုးတက်တဲ့ အမြင်ရှိတဲ့ ပါတီတရပ်အမြန် လိုအပ်တယ်၊ဒီပါတီဟာ တခြား နိုင်ငံက တိုးတက်တဲ့ ပါတီတွေနဲ့ ချိတ်ဆက်နိုင် ရပါလိမ့်မယ်။ တတိုင်းတပြည်လုံးကိုစုစည်းနိုင်မည့် မူဝါဒ ရှိရမယ်။ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ၊ ဖက်ဒရာယ် ကို အာမခံရ မယ်။စစ်အာဏာရဲ့ အရိပ်အောက်လွတ်လပ်စေရမယ်။
 ဒီလိုဖြစ်ဖို့က တရုတ်နဲ့ အပေးအယူလုပ်ထားတဲ့ စစ်အာဏာရှင် တွေရဲ့သြဇာနဲ့ အမြစ်အ ငုတ်တွေက ခံနေပါတယ်။ ဒါတွေက လက်ငင်းရင်ဆိုင်ရမည့်ကိစ္စတွေပါ။ပြည့်ဝတဲ့၊ တကယ်လွတ်လပ် တဲ့ နိုင်ငံရေး လေ ထုကို ဖန်တီးပြီး နိုင်ငံနဲ့ ပြည်သူ့အရေးအတွက် နိုင်ငံကို လမ်းမှန်ပေါ် မှာ ထိန်းကျောင်းသွားနိုင်မည့်  အစိုးရပေါ်ထွန်းရေးဟာ တိုးတက်တဲ့ အင်အားစုတွေအနေနဲု့ အင်အားကြီးတဲ့ ပါတီထောင်ပြီး ဒီနေ့လုပ်ရမည့် အလုပ်ပါဘဲ။ ကျွန်တော်ကတော့ “ တော်လှန်သော ဒီမိုကရေစီ” စံနစ်လို့ ခေါ်ပါတယ်။ အလုပ်သမား လယ်သမားတွေ၊ တိုင်းရင်းသားဓနရှင်တွေ တိုးတက်တဲ့ ပညာ တတ်တွေ က တိုင်းရင်း သားဓနရှင်တွေ ကို အလုပ်သမား လယ်သမားများ အတွက် ဓနမျှဝေရေး စံနစ်နဲ့ ထိန်း ထားနိုင်ဖို့ပါ။စစ်အာဏာရှင်တွေရဲ့ လက်ဝါးကြိးအုပ် လက်ပါစေ၊လက်ဝေခံ တွေကို ဖြိုချ ဖို့ တော်လှန်တဲ့ ဒီမိုကရေစီ စံနစ်ကို ထူထောင်ရပါလိမ့်မယ်။
ဒီလိုပေါ်လစီရှိတဲ့ လူထုအစိုးရကသာ တိုင်းပြည်ကို ပြည်တွင်းရှိ လက်ဝါးကြီးအုပ်စစ်အာဏာရှင်တွေ ရဲ့ ဖိနှိပ်သွေးစုတ်နေတဲ့  ဘ၀က လွတ် မြောက် နိုင်ပြီး အမျိုးသား စက်မှုလက်မှုတွေ ထွန်းကားနိုင်အောင် ကြိုး  ပမ်းနိုင်ပါလိမ့်မယ်။လွတ်လပ်တဲ့ နိုင်ငံရေး ပတ်ဝန်းကျင်နဲ့ လူထုကရွေးချယ်တဲ့၊ အာဏာပြည့်ဝတဲ့ အစိုးရ ကြောင့် ပြည်တွင်းငြိမ်းချမ်းမှုလည်း ရလာနိုင်မယ်။ ဒါမှသာကမ္ဘာ့ အလယ်မှာ လွတ်လွတ်လပ် လပ်ရပ် တည်နိုင်မည့်အခြေအနေကိုရောက်နိုင်ပါလိမ့်မယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နဲ့ ပေါ်လစီမရှိ အစီအစဉ်မရှိဘဲ တပွဲထိုးဖြေရှင်းနည်းနဲ့   ပူး ပေါင်း လုပ်ဆောင်လိုက်လို့ ရလိုက်တဲ့ နာကျည်းနှောင်ကျဉ်စရာကောင်းတဲ့ အဖြစ်မျိုး ထပ်မဖြစ်စေဖို့ ကျွန် တော် တို့တတွေ အမျှော်အမြင်ရှိရှိ နဲ့ ပြည်သူအကျိုး၊ တိုင်းပြည်အကျိုးကို ဦးဆွေးဆံမြေ့ ထမ်း ဆောင် သင့်ကြ ပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်။
သြဂုတ် ၁၆၊ ၂၀၁၆။
( မှတ်ချက် - ဒေါ်စု အမေရိကန် သွားမှာနဲ့ ဘာမှ မဆိုင်ပါ။)