ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Tuesday, May 23, 2017

ရက္ခိုင်အမျိုးသား အဖွဲ့ ချုပ်မှ “ အသိပေးနှိုးဆော်ခြင်း” ထုတ်ပြန်ချက် နှင့် ပတ်သက်၍



ရက္ခိုင်အမျိုးသား အဖွဲ့ ချုပ်မှ “ အသိပေးနှိုးဆော်ခြင်း” ထုတ်ပြန်ချက် နှင့် ပတ်သက်၍

ရက္ခိုင်အမျိုးသား အဖွဲ့ ချုပ်မှ “ အသိပေးနှိုးဆော်ခြင်း” ထုတ်ပြန်ချက်သည် မြန်မာပြည်အတွက် သတိပေး ဥသြဆွဲသံဖြစ်သည်။ မြန်မာ့ နိုင်ငံရေးတွင် တရုတ်၏ တိုက်ရိုက်စွက်ဖက်မှုကို ဗြောင်ပြသ ခြင်းလည်းဖြစ်သည်။ မြန်မာ့ပြည်တွင်းရေးကို  တရုတ်ကျောထောက်နောက်ခံပြု စစ်အာဏာရှင် နှင့် တရုတ်တို့ တို့ပူး ပေါင်း လုပ်ဆောင်နေသည့် လုပ်ရပ်များ အနက် နောက်ဆုံးပေါ် သက်သေလည်းဖြစ် ပါသည်။
တရုတ်အစိုးရသည်  ကွန်မြူနစ်တံဆိပ်ဖြင့် နိုင်ငံတော်အရင်းရှင်စံနစ်ကို ကျင့်သုံးနေသည့် အစိုး ရဖြစ် သည်။ အမျိုးသားအကျိုစီးပွါးကို ဦးစားပေး ပေါ်လစီအဖြစ်ကျင့်သုံးစဉ်မှ စ၍ကွန်မြူနစ်တို့၏ နိုင်ငံတ ကာ ၀ါဒကို စွန့်လွှတ်ဆန့်ကျင်ပြီးဖြစ်သည်။မြန်မာပြည်တွင် ပြည်သူလူထုကို ကမ္ဘာသိ အကြိမ်ကြိမ် ဖိနှိပ် အနိုင်ကျင့် သည့် စစ်အာဏာရှင်တို့ကို စီပွါးရေး အမြတ်ရလိုမှုတခုထည်းဖြင့် အဘက်ဘက်မှ အားပေးခါ ပြည်သူလူ ထုအပေါ် ဆက်လက်ဖိနှိပ်နိုင်ရေးအတွက် သိက္ခါကင်းမဲ့စွာ ကူညီအားပေးခဲ့ပေသည်။ မြန်မာပြည်ရှိ စစ်အာဏာ ရှင်တို့မှာ တရုတ်တို့၏ ကျွေးမွေးမှုအောက်ရှိ ကျွန်သာသာသာရှိနေပေသည်။
တရုတ်တို့၏ နိုင်ငံရေးအရစွက်ဖက်မှုသည် မြန်မာပြည် အနာဂါတ်နိုင်ငံရေးအတွက် များစွာ အန္တရာယ် များပါသည်။ ပါတီစုံ ဒီမိုကရေစီ စံနစ်ကို ပြန်လည် စတင် ကျင့်သုံးနေသည့် မြန်မာပြည်နိုင် ငံရေးစံနစ်၊ ဖက်ဒရာယ်စံနစ် ရည်မှန်းချက်တို့သည် တရုတ် အစိုးရပေါ်လစီနှင့် စပ်ဟပ်ခြင်း လုံးဝမရှိပါ။ သူတို့သည်  စစ်အာဏာရှင် တို့ကို သုံး၍ ပါတီစုံဒီမိုကရေစီ စံနစ်ကို ဖျက်ဆီးကြမည်သာဖြစ်သည်။  ထိုကြောင့်ပင် တရုတ်၏ သြဇာပြန့်နှံ့မှုသည် ဒီမိုကရေစီလိုလားသော မြန်မာပြည်သူအတွက် အန္တရာယ်များ လှပါသည်။ ထိုကြောင့် ဆန့်ကျင်ကြရမည်။ တရုတ်လူမျိုးဖြစ်သောကြောင့်မဟုတ် ကျင့်သုံးသောစံနစ်ကြောင့် ဖြစ်သည်။
မြန်မာပြည်ရှိ အခွင့်ထူးခံ စစ်အာဏာရှင်တို့သည် “အမျိုးသားရေး” “နိုင်ငံ့အရေး” ဟုပြောနေ သော်လည်း လက်တွေ့လုပ်ရပ်တို့မှာ တိုင်းပြည်ကို တရုတ်လက်အပ်ရေး၊ ကျွန်ခံရေး၊ ကိုယ်ကျိုးစီးပွါးကာ ကွယ်ရေး များသာဖြစ်နေသည်။ တိုင်းပြည်နှင့် ပြည်သူလူထူကို ချစ်မြတ်နိုးသူတိုင်း ကျရောက်နေသော တရုတ်သြဇာကို တားဆီးကြ၊ ဆန့်ကျင်ကြရ တော့ မည်။ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် ၏ နိုးဆော်ချက်ကို အ လေးထား တုန့်ပြန်ကြရတော့မည်။
တိုင်းပြည်တွင် လိုအပ်နေသည်မှာ ပြည်ပသြဇာကို တားဆီးနိုင်ရေးအတွက် “ပြည်တွင်းစည်း လုံး ရေး”ဖြစ်သည်။ စစ်တပ်နှင့် ပူးရသည့် “ရင်ကြားစေ့ရေး” မဟုတ် ပေ။ ပြည်တွင်းစည်းလုံးရေးအတွက် နိုင်ငံရေး အဖွဲ့အစည်းအားလုံး ညှိနှိုင်းအဖြေရှာရမည်။ လက်နက်ကိုင်အဖွဲ့များက တရုတ်ကြောက်ရပြီး၊ ပြည်တွင်းနိုင်ငံ ရေး သမားများ စစ်တပ်ကိုကြောက်နေရလျှင် ကျွန်တော်တို့ နိုင်ငံ၏ရှေ့ရေးသည် ကျွန်အ ဆင့် မဟုတ် သပေါက် အဆင့်မှ ပင် တက်စရာမရှိပေ။
တိုင်းပြည်၏ အခြေအနေမှန်ကို အမှန်အတိုင်းမြင်ကြပြီး ရဲရဲ ၀င့်ဝင့် ဆန့်ကျင်သင့်သည်တို့ကို ဆန့်ကျင် ရင်း တိုင်းပြည်စည်းလုံးရေးနှင့် အနာဂါတ်  နောင်လာနောက်သားများအတွက် အနစ်နာခံ ကြိုးပမ်းသင့်သည့် အချိန်ဖြစ်ကြောင်း ထပ်ဆင့်နိုးဆော်လိုက်ရပါသည်။
လွတ်လပ်မှုကို စောင့်ရှောက်ကြ။
တရုတ်သြဇာကို ဆန့်ကျင်ကြ။
ဒီမိုကရေစီ တော်လှန်ရေး မုချအောင်ရမည်။
ဦးအေးဆောင်
မေ ၂၄၊ ၂၀၁၇။

Saturday, May 20, 2017

ကမ္ဘာကြီးကို ခြုံကြည့်ခြင်း



ကမ္ဘာကြီးကို ခြုံကြည့်ခြင်း
တကယ်တော့ ကမ္ဘာကြီက မကြီးတော့ပါဘူး။ ရှုံ့သွားလို့ ပြားသွားလို့ မဟုတ်ပါဘူး။ လူတွေက မြန်မြန်နဲ့ ဝေးဝေးကို သွားလာနိုင်လာကြလို့ပါ။ ဒါကြောင့်လည်း ကမ္ဘာရွာလိုခေါ်လာကြတော့တယ်။ လူတွေဟာ ခရီးဝေးကို မြန်မြန်သွားနိုင်လာယုံသာမက သတင်းနဲ့ အသိဥာဏ်ကိုလည်း လျှပ်စစ်လို မြန်မြန် ရရှိသိရှိလာနိုင် ကြတယ်။ ဒါကြောင့်လဲ ကမ္ဘာကြီးမှာ သွားလာရေး၊ ဆက်သွယ်ရေး အတားအဆီးတွေကို ကျော်လွှားဖြို ဖျက် နေကြတယ်။
လူတွေက စုစည်းသထက်စုစည်းလာကြတယ်။ ညီညွတ်လာကြတယ်လို့ပြောတာမဟုတ်ဘဲ စုစည်းပြီး အကျိုးအမြတ်ကို ရှာဖွေလာတာကိုပြောတာပါ။ အနီးဆုံးက “ခါးပတ်တချောင်း လမ်းတကြောင်း”(One belt ,one road) ” ဆိုတာ ကိုသာကြည့်ပါ။ဘယ်တိုင်းပြည်မှ ထည်းထည်းနေမရ တာကိုသိနိုင်ပါတယ်။ တနည်း မဟုတ်တနည်း စုဖွဲ့လာရတာကို သက်သေပြတာပါ။ သွေးစုတ်အမြတ်ထုတ်ချင်ရင်လည်း ကိုယ့် တိုင်ဲးပည်တခု ထဲ မှာသာ သွေးစုတ်လို့ မရတော့ဘဲ အမြတ်မျက်မျက်ရမည့် တခြား နေရာကို ဆက်စပ်စုစည်း ရတာကို ဆိုလိုတာပါ။
မကြာသေးမီက ပြီးသွားတဲ့ ပြင်သစ်ရွေးကောက်ပွဲမှာ အလယ်အလတ်ဝါဒီ အီမန်နယူလ် မက် ကရုန်း နိုင်လိုက်တာက ပြင်သစ်ဟာ ဥရောပ သမဂ္ဂက မထွက်တော့ဘူးလို့ တွက်ဆကြပါတယ်။ ဒါကလည်းစုစည်းရေး သဘော တရားကို ပြင်သစ်တွေ လက်ခံတယ်လို့ ယူဆရမှာပါ။ ဗြိတိန်က ဥရောပ သမဂ္ဂက ထွက် တာဟာ တိုး တက်ခြင်းထက် ဆုတ်ယုတ်စေနိုင်တယ်လို့ တွက် ဆနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စုစည်းရေးရဲ့ ဆန့်ကျင်ဘက် တကိုယ်တော် ၀ါဒဘက်ကို ယိမ်းသွားလို့ပါဘဲ။ ဒီနေရာမှာ ဗြိတိန်အနေနဲ့ သမဂ္ဂတခု ထပ် ထောင် ချင်တယ် ဆိုဦးတော့ သူ့ပင်ကိုယ်သဘောတရားကိုက သီးခြားဝါဒ ဖြစ်နေတော့  အားကောင်းတဲ့ စုစည်း မှုတော့ ရနိုင်မှာ မဟုတ်ပါဘူး။ဥရောပ သမဂ္ဂမှာ ပြဿနာတွေများတာမှန်ပေမဲ့ သမဂ္ဂအဖွဲဝင် နိုင်ငံ တွေဟာ အကျိုးကျေးဇူးလည်း မျှဝေခံစားရတာကို သိနိုင်ပါတယ်။ အနိမ့်ဆုံးအားဖြင့် သမဂ္ဂထဲက ပြည်သူ တွေဟာ လွတ်လွတ်လပ်လပ်နယ်မြေဖြတ်ကျော် သွားလာနိုင်ကြတယ်၊ဗီဗာကြေးလည်း ထပ်မကုန် တော့ပါဘူး။ ဒါကြောင့်လဲ “နယ်စည်းမခြား” ဆိုတဲ့ စားလုံး တွေလည်း ပိုပို ခေတ်စားလာနေတာပါ။
ခေတ်နောက်ကျတဲ့ နိုင်ငံတွေက အုပ်ချုပ်သူတွေဟာ သူတို့ရေရှည် ဖိနှိပ်အုပ်ချုပ်ထားနိုင်ရေး အတွက် သူတို့နယ်ပယ်ပျက်ပြားမှာ မလိုလား သလို ခေတ်နောက်ကျတဲ့ အတွေးအခေါ်ထဲမှာဘဲ သူတို့ပြည်သူလူထုကိုပိတ်လှောင်ထားချင်နေပါတယ်။ဒီလိုပိတ်လှောင်ထားနိုင်အောင်ဟောင်းမျဉ်းတဲ့ကျဉ်းမြှောင်းတဲ့ လူမျိုးရေး ၊ ဘာသာရေး၊ယဉ်ကျေးမှုတွေကို အမွှန်းတင်နေကြရတယ်။ ဒါပေမဲ့ စီးပွါးရေးမှာတော့ နိုင်ငံခြားက၀ယ်အောင်၊ လာကြည့်အောင်လုပ်နေကြရတယ်။ ဒီတော့ ရှေးရိုးစွဲ ၀ါဒနဲ့ စီးပွါးဝါဒက ၀ိရောဓိဖြစ်နေတော့တယ်။ မြန်မာပြည် လိုနိုင်ငံကလူတွေ ဒီပြဿနာကို လက်တွေ့ရင်ဆိုင်နေကြရ တာပါဘဲ။ နောက်ဆုံးတော့ ဂျင်းဘောင်းဘီနဲ့ စကတ်တိုတိုတွေဘဲ ခေတ်စားလာရတော့တယ် မဟုတ်ပါ လား။ ကမ္ဘာယဉ်ကျေးမှု ရေစီးက သန်လည်းသန်၊ မြန်လည်းမြန်ပါတယ်။
          အရင်းရှင်စံနစ်ဟာ ကမ္ဘာပတ်အရင်းရှင် စံနစ် ဖြစ်နေပြီ။ အရင်းစံနစ်ဟာ တိုးတက်တဲ့ သူတို့နိုင်ငံမှာခေတ်မစားတော့ဘူး။ကျင်းသုံးလို့မရတော့ဘူး။အမြတ်စားလွန်းတော့လူတွေ၊အလုပ်သမားတွေ က လုပ် ခ တိုး တောင်းကြလို့ ခေတ်နောက်ကျတဲ့ လုပ်ခပေါတဲ့၊ အရင်းစံနစ်ဆိုးကျိုးကို မသိသေးတဲ့ နိုင်ငံတွေဆီ စက်ရုံတွေရွှေ့သွားကြတယ်။ဆိုလိုတာက အရင်းရှင်စံနစ်ဟာ ခေတ်မှီနိုင်ငံတွေက ဆုတ်ခွါနေ ရတာကို ပြော ချင်တာပါ။
အခုတော့ ကမ္ဘာပတ် အရင်းရှင်စနစ်က ဘယ်တိုင်းပြည်မှာ ဘယ်လူကို သမတလုပ်စေရမယ်။ ဘယ် သမတကိုပြုတ်စေရမယ် ဆိုတဲ့ အထိ လုပ်ဆောင်နေပါတယ်။ အမေရိကန်လိုနိုင်ငံက အစပါ။ မကြာသေး တဲ့ကာလက လစ်ဗီးယားက ကာဒက်ဖီးနဲ့  အီရတ်ကဆာဒမ်ဟူစိန်တို့ ကံကြမ္မာကို ကြည့်ရင် သိနိုင်ပါတယ်။
ကမ္ဘာပတ်အရင်းရှင်စံနစ်က အကောင်ကြီးပြီး အစွယ်ပေါက်လာသလို ကမ္ဘာတခုလုံးကို အစိုးရတခု ထည်းနဲ့ အုပ်ချုပ်နိုင်ဖို့တောင် အစီအစဉ်ရှိတယ် ဆိုတဲ့ ကောဠဟာဠလိုလို သတင်းလိုလိုက ထွက်လာသေး တယ်။ ဖိနှိပ်ခံ အုပ်ချုပ်ခံ ဆင်းရဲသားကမ္ဘာပြည်သူတွေ ဘက်ကတော့ အထက်မှာဖေါ်ပြခဲ့ကမ္ဘာပြည်သူတွေ စုစည်းမိ၊ဆက်စပ်မိတာကလွှဲလို့ ထင်ရှားတဲ့ တိုးတက်မှုကို မတွေ့နိုင်သေးပါ ဘူး။ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာပတ်အရင်းရှင်စံနစ်ရဲ့သတင်းထိန်းချုပ်မှုနဲ့အားကောင်းတဲ့ကြော်ငြာတွေက လူကြိုက်များနေတာရယ်၊ ဦးစီးဦးဆောင်လုပ်ဝံ့တဲ့ နိုင်ငံလည်း မပေါ်သေးလို့ပါ။
ဥရောပ သမဂ္ဂဟာ စုစည်းယုံ ၊ ကုန်သွယ်ယုံ၊ကူးသန်သွားလာယုံ အဆင့်ကနေတိုးတက်တဲ့ လူနေမှု ဘ၀ အဆင့်တခုဆီကို ဦးတည်သင့်ပါတယ်။ဒီလိုဦးတည်နိုင်ဖို့ကဓနဥစ္စာကို ဝေမျှခံစားရဲတဲ့၊ ချမ်းသာတဲ့ တိုး တက်တဲ့ ထက်မြက်တဲ့ နိုင်ငံခေါင်းဆောင်တွေ လိုအပ်ပါတယ်။
အခုတော့ ဥရောပ သမဂ္ဂက ရှေ့ဆက်ဘယ် သွားမယ်ဆိုတာကို စဉ်းစားနေကြတုန်းနဲ့ တူပါရဲ့။ စုစုစည်းစည်းနေထိုင်ရောယှက်လာတာဟာတိုးတက်မှုဖြစ်နေပေမဲ့အစ္စလာမ်ဘာသာရေးအစွန်းရောက်တွေ ရဲ့ သီခြား ဆန်တဲ့ လုပ်ရပ်တွေ၊ ခွဲခြားဖိနှိပ်သတ်ဖြတ်တာတွေက ကမ္ဘာလူသားတွေရဲ့ စုစည်းရေးရေစီးကို များစွာ အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်။ ဘာသာရေးဟာ ပုဂ္ဂလိက ယုံကြည်မှု ဖြစ်သလို လူကို တခြားလူ တွေနဲ့ ကင်းကွစေတဲ့ အချက်လို ဖြစ်နေတယ်။
ကမ္ဘာကြီးဟာ စုစည်းဖိနှိပ်သွေးစုတ်ခံနေရသည့်တိုင် နိုင်ငံတကာအလုပ်သမားတွေရဲ့ အဆက်အစပ် ပိုမိုစု စည်း မိလာတာ၊ အရင်းရှင် စီးပွါးရေးရဲ့ကမောက်ကမဖြစ်တာတွေကို ကမ္ဘာတ၀ှမ်း ကပြည်သူတွေ လက်တွေ့ခံစားရတာကို သိလာတာဟာ ခေတ်နောက်ကျတဲ့ နိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ အလုပ်သ မားတ ယောက်က တောင် သိလာနေကြပါတယ်။ အရင်းရှင်စံနစ်ရဲ့ ဆိုကျိုးတွေကိုမြင်လာပြီး အရင်းရှင်စံနစ်ကို ဆန့်ကျင်တဲ့ အမြင်တွေ ပေါ်တိုးပွါးနေတာကလည်း လူးသားတွေအတွက် ရှေးရေး ရည်မှန်းချက်ဟာ ကွန်မြူနစ် လူအဖွဲ့ အစည်းလိုအဖြစ် တဖြည်းဖြည်း ပုံ ပေါ်နေပါတယ်။ အရင်းရှင်စံနစ် ပျက်စီးနေတာကို ရွံရှာလာကြတယ်။
ဒီလိုပြောလို ကွန်မြူနစ်စံနစ်က နေ့ချင်းညချင်းပေါ်လာတော့မယ်လို့ ဆိုဆိုတာမဟုတ်ပါဘူး။ ကမ္ဘာပတ် အရင်းရှင် လက်ဝါးကြီးအုပ်သူတွေကလည်း ဒီတိုင်းထိုင်ကြည့်နေကြမှာ မဟုတ်တော့ အရင်းရှင်စံနစ်နဲ့ ကွန်မြူ နစ်စံနစ်တို့ရဲ တွန်းပွဲတိုက်ပွဲတွေက နှစ်ရာချီမဟုတ်တဲ့ တိုင် ဆယ်စုနစ်တချို့တော့ ကြာနေဦးမှာပါ။ အားသာ ချက်ကတော့ ပိုမိုစုစည်းလာခြင်းနဲ့ သတင်းအချက်အလက်ပြန့်နှံ့မြန်တာ နည်းပညာတွေ တိုးတက် လာတာ တွေကြောင့် လှုပ်ရှားမှုတွေက တော်လှန်ရေးတွေက သမရိုးကျမဟုတ်ဘဲ အင်မတန်မြန်နိုင်ပါတယ်။ သေချာ တာ ကတော့ အရင်းရှင်စံနစ်ဟာ ဂိတ်ဆုံးနေပြီး နည်းပရိယာယ်နဲ့ လှည်းစားချက်တွေနဲ့ သာ ဆက်ရှင် သန်နေရေး အတွက် စခန်းသွားနေရတော့ သိပ်ကြာရှည်ရှည် ဟန်နိုင်တော့မည့်ပုံမရှိတော့ပါ။
ဒါပေမဲ့ ဘာသာရေး၊ လူမျိုးရေး၊ နယ်မြေ၊သဘာဝသယံဇာတကိစ္စတွေက သူတို့ ဆက်လက်အမြတ် ထုတ် လှည့်စားနိုင် မည့်ကွင်းတွေဖြစ်မြဲ ဖြစ်နေသေးတော့ အချိန်တချို့ ကြာမှာပါဘဲ။ ဒါဟာ ကျွန်တော်တို့ အဖိနှိပ်ခံ သွေးစုတ်ခံတွေရဲ့ မသိနားမလည်မှု မိုက်မဲမှုတွေကလည်းသူတို့ရဲ့ တီးလုံးအောက်မှာ မျောနေပြီး  သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူတို့ ပရိယာယ်ကို အထောက် အကူပြု နေတတ်ပါ တယ်။
မည်သို့သော အတားအဆီးတွေရှိနေပါစေ ကမ္ဘာ့လူအဖွံ့အစည်းဟာဖိနှိပ်သွေးစုတ်မှုကိုဆန့်ကျင်နေ မှာပါ ဘဲ။ ခေါင်းပုံဖြတ်အမြတ်ထုတ်တာကို ဆန့်ကျင်နေမှာဘဲ။ တကိုယ်ကောင်းဆန်မှုကို စုဖွဲ့မှုက ကြီးစိုး အနိုင်ယူသွားမှာပါ။ စုဖွဲ့မှုဆိုတာ ဝေမျှမှု ရှိမှ ဖြစ်နိုင်ပါတယ်။ ဝေမျှဖို့ ဆိုတာ တခြားလူတွေကို ကိုယ်ချင်းစာတတ်ရပါတယ်။ ငါတကောကောပြီး ငါ့လူမျိုး ၊ငါ့ဘာသာ လောက်နဲ့တော့ ဒီနေ့ ခေတ်မှာ လူတောတိုးဖို့ခက်ပါတယ်။လူတွေနဲ့ ပုခုံးတန်းယှဉ်နိုင်ဖို့အတွက် ကမ္ဘာအမြင်ရ အောင် ကမ္ဘာအခြေအနေကို လေ့လာရမယ်။ မြန်မြန်နဲ့ ဝေးဝေး မြင်နိုင်အောင်၊ သွားနိုင်အောင်၊လုပ်နိုင်အောင် အမြဲကြိုးပမ်းကြရမယ်။ တခြား လူကို ပြိုင်ဖို့ထက် ဒီနေ့လူသားတဦးအနေနဲ့ကမ္ဘာကြီးအတွက်  တွေးတော လုပ်ဆောင်နိုင်အောင် လေ့လာ လေ့ကျင့်နေရပါ့မယ်။ဖြစ်ရှိနေတဲ့ပဋိပက္ခတွေကိုလည်းမြင်ထားသင့်ပါတယ်။မတရားဖိနှိပ်သူတွေရဲ့ အကောက်အကျစ်တွေကိုလည်း သိထားရပါမယ်။
ဒီနေ့သူများတွေ မြန်မြန်လုပ်၊ ဝေးဝေးသွားနိုင်အောင်လုပ်နေချိန်မှာ  ဗမာပြည်မှာ ဖြစ်နေတာက အတား အဆီး၊ အပိတ်အဆို့တွေကများနေတယ်။ နိုင်ငံရေးမပြောနဲ့ စီးပွါးရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာ ရေးကအစ အတားအဆီး အကန့်အသတ်တွေကများတယ်။ ဒါတွေက ကမ္ဘာနဲ့ ယှဉ်ဖို့ဆိုရင် မကျော်လွှား၊ မတိုက်ဖျက်ဘဲ ထားလို့မရဘူး။ ဒီအလုပ်က အနီးဆုံး အနှောက်အယှက်ဖြစ်တော့ အရင်ဖြေရှင်းကြရမှာဘဲ။
ကမ္ဘာလူ့အဖွဲ့အစည်းဟာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ် အလျှင်အမြန်တိုးတက်ပြောင်း လဲနေပါ တယ်။ စုစည်းပုံတွေလည်း ပုံစံအမျိုးမျိုးနဲ့ စုဖွဲ့ကြပါတယ်။ လောလောလတ်လတ် တရုတ်ရဲ့ ခါးပတ်တချောင်း လမ်းတကြောင်းကလည်း စုစည်းတဲ့ ပုံစံ တခုပါဘဲ ဘယ်လိုဘယ်လိုဘဲ စုစည်းမှုတွေဖြစ်စေ ပါဝင်ကြရမယ်။ ပိုကြီးမားတဲ့ စုစည်းမှုလည်းလုပ်ကြရမှာဘဲ။ အရေးအကြီးဆုံးက ဘယ်လို လွှမ်းမိုးစုစည်းမှုပင် ဖြစ်ပါစေ အကျိုးအမြတ်ကို ဘယ်လိုမျှမျှတတ ခွဲဝေယူကြသလဲ ဆိုတာသာ အရေးကြီးပါတယ်။လက်ပံတောင်လို၊ မြစ်ဆုံလို တဖက်သက် ဆိုရင်တော့ တိုင်းပြည်နလံထူစရာမရှိသလို လူထုတွေကိုလည်းခေတ်မှီဖို့နေနေသာသာ လူတန်းစေ့ဖို့တောင် အနိုင်နိုင် ဖြစ်နေမှာပါ။ ကျွန်ဝယ် ရာ အဆစ်ပါ သလိုမဖြစ်အောင်တော့ သတိထားရမှာပေါ့။
အများအကျိုးကို သယ်ပိုးကြ။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဒီမိုကရေစီ တော်လှန်ရေး မုချအောင်ရမယ်။
ဦးအေးဆောင်
မေ ၂၀၊၂၀၁၇။




Wednesday, March 8, 2017

ကြေးစားစိတ်ဓါတ်ကို ဆန့်ကျင်ကြ။



ကြေးစားစိတ်ဓါတ်ကို ဆန့်ကျင်ကြ။

“ ပိုက်ဆံရရင် ဘာဖြစ်ဖြစ် လုပ်မယ်” နိုင်ငံရေးအကြောင်း၊တော်လှန်ရေးအကြောင်း ပြောနေရင်းနဲ့ လူတယောက်ကကြားဖေါက်ပြီးဝင် ပြောလိုက်တယ်။ သူကအားကစားသမားတယောက်ဖြစ်တယ်။သူ့မိန်မက ထမင်းဆိုင်လေးဖွင့်ထားလို့ အသင့်အတင့် စားသောက်နိုင်သူဖြစ်တယ်။ ကျွန်တော်လည်း “ အေးကွာ - ငါလခပေးနိုင်တဲ့အခါ ငါမင်းကိုခေါ်မယ်။” လို့ ရွဲ့ပြောလိုက်ပါတယ်။ သူကရိပ်မိပုံမပေါ်ပါ။ ကျွန်တော်ကလည်း သူ့လိုလူတွေကို ဘယ်မှာရှာရှာရနိုင်တော့ ဘာမှလည်း မရှင်းပြတော့ပါ။ အာဘဲညောင်းမယ် ဆိုတာ သိနေလို့။
ဒီလိုလူမျိုးတွေကို လိုက်ရှာဖို့မလိုပါဘူး။ လခကောင်းကောင်းပေးမယ်ဆိုပြီးကြော်ငြာလိုက်ရင် မလာပါနဲ့ ဆိုပြီး တားလို့တောင်ရမှာ မဟုတ်ပါဘူး။ နောက်တော့ မကြာပါဘူး အဲဒီလူဟာ သူ့အတွက် ပိုအဆင်ပြေတဲ့ နောက် မိန်းမနဲ့ လိုက်သွားလို့ မယားဟောင်းက ခလေးခလောင်တွေနဲ့ ဒုက္ခရောက်ကျန်ရစ်ရရှာတယ်။ သူ့သား သမီး တွေက သူ့ကို ဖယ်ကျဉ်ကြတော့တယ်။ နောက်မိန်းမက သူ့ကို ဘယ်လိုသဘောထားမလဲ ဆိုတာ နည်း နည်း စဉ်းစားတာနဲ့ သိမှာပါ။ ဘယ်လောက်တန်ဖိုးထားမလဲ ခန့်မှန်းနိုင်ပါတယ်။
ကြေးစားဆန်တဲ့ လူတွေကို ပတ်ဝန်းကျင်က တုန့်ပြန်မှုတွေဟာ အနုတ်လက္ခဏာ များပါတယ်။ ဦးကိုနီကို ပိုက်ဆံရလို့ သတ်တဲ့ ကြည်လင်း ဟာ လောလောလတ်လတ်ပြရုပ်ပါဘဲ။ ပိုက်ဆံဟာ မက် လောက်စရာကောင်းပေမဲ့ ကိုယ့်ဘ၀၊ကိုယ့်ဆွေစဉ်မျိုးဆက် ၊ မိတ်ဆွေ အသိုင်းအ၀ိုင်းတွေအပေါ် ထိခိုက်မှုက ကြီးမားပါတယ်။ ရတဲ့ ငွေကြေးနဲ့ နှိုင်းရင် အများကြီး ရှုံးသွားတာကို သူတို့ မတွက်ကြည့်ကြလို့ပါ။
ပိုက်ဆံကို မက်လို့ ပိုက်ဆံရှိတဲ့လူတွေရဲ့ ခိုင်းဖတ်လုပ်ပြီး ပိုက်ဆံမရှိတဲ့ လူတွေကို လိုက်သတ်၊ လိုက်ရန်ရှာမယ် ဆိုရင် ပိုက်ဆံမရှိတဲ့ အများစုကြီးက ဘယ်လောက်မုန်းတီးရွံ့ရှာကြမလဲ စဉ်းစားကြည့်ပါ။ ပိုက်ဆံမျက်နှာတခုတည်းကြည့်ပြီး မိုက်လုံးကြီးကြသူတွေကို ပိုက်ဆံမရှိတဲ့ ဆင်းရဲသားတွေက တနည်း မဟုတ်တနည်းနည်းနဲ့ ဆန့်ကျင်မှာပါဘဲ။ ပိုက်ဆံပေးတဲ့ သူကကော ဘယ်လောက်ကြာကြာပေးနိုင်မှာလဲ။ ပိုက် ဆံကကော ဘယ်လလောက်ကြာကြာခံမှာလဲ။ ဒီတော့ ကိုယ့်ဘ၀ကိုမေ့ပြီး ပိုက်ဆံနောက်လိုက်၊ ကိုယ့်လူ တန်းစားကို ပြန်ချနင်း သစ္စာဖေါက်တယ်ဆိုရင်တော့ သဘာဝတရားရဲ့ ဒဏ်ခတ်မှုကို မလွှဲမ သွေခံရ ပါလိမ့် မယ်။
ပိုက်ဆံဟာ အုပ်စိုးသူတွေရဲ့ လက်နက်တခုပါ။ သူတို့မှာ ပိုက်ဆံလုပ်စက်ရှိပါတယ်။ ပိုက်ဆံမက်တဲ့ လူတွေကိုဘဲ သူတို့က ခိုင်းကောင်းလို့ သဘောကျပါတယ်။ အဖိနှိပ်ခံ၊ အနှိမ်ခံ၊ ဆင်းရဲသားတွေက ပိုက်ဆံ မပေးနိုင်တော့ ကျွန်တော်တို့က သူတို့ အတွက် အလုပ်အကျွေးမပြုကြတော့ဘူးလား။ တော်လှန်ရေးဟာ အဖိနှိပ်ခံတွေ၊ ဆင်းရဲသားတွေ၊ အာဏာမဲ့တွေ၊ ငွေမဲ့တွေ ကလုပ်ရတဲ့ လုပ်ငန်းဖြစ်တာကို အခြေခံကျကျ သိထားဖို့လိုပါတယ်။ ဒါကို မသိလို့ ဘက်မှားပြီး ငွေနောက်၊ အခွင့်အရေးနောက်၊ အချောင်နောက် လိုက်ြကတယ်။ ပြည်သူကို သစ္စာဖေါက် ဖိနှိပ်သတ်ဖြတ်ကြတာတွေ ကို မျက်စိရှေ့မှာ မြင်မဆုံးရှိနေတယ်။
ပိုက်ဆံက အသုံးဝင်ပေမဲ့ သူ့ကျွန်အဖြစ်ခံရင် ဖိနှိပ်သူဘက်သားဘ၀၊ တရွေ့ရွေ့ဆင်း သက်သွားကြ လိမ့်မယ်။ ဦးအောင်မင်း(မီးရထား) ပြောခဲ့သလို “ချမ်းသာရင် တော်လှန်ရေး လုပ်ကြတော့မှာ မဟုတ်တော့ဘူး” ဆိုသလို ဘဲဖြစ်မယ်။ ဒီနည်းနဲ့ဘဲ သူတို့ ၀ယ်ခဲ့ကြတယ်။
ပိုက်ဆံတွေ ကြီးစိုးတဲ့ အရင်းရှင်လောကမှာ ပိုက်ဆံနဲ့ ၀ယ်လိုမရတဲ့ အရာတွေ အများကြီးရှိတယ် ဆိုတာ ကို သိထားကြပါ။  “ Love is silent, when money talks.” ( ငွေစကားပြောရင် အချစ်ကဆိတ် သုန်းတယ်) တဲ့။ “ပိုက်ဆံဟာ အရင်းရှင်တို့ရဲ့ ဘုရား၊ ပိုက်ဆံတို့ရဲ့ ရန်သူက ကွနါမြူနစ်” ဆိုတာကို မကြားဖူးသေးရင် မြဲမြဲ မှတ်ထားကြပါ။ ပိုက်ဆံနဲ့ ခိုင်းလို့ အချင်းချင်း မသတ်မိပါစေနဲ့။ ရေရှည်အကျိုးလည်း တွက်ကြည့်ကြပါ။ပိုက်ဆံက မက်လောက်ပေမဲ့ ချစ်ခြင်းမေတ္တာ၊ သစ္စာတရား၊ မိတ်ဆွေစစ်၊ ရဲဘော်ရဲဘက်၊ တာဝန်သိမှု၊ ရိုးသားမှု၊ လူတန်းစားအသိ တွေရှိမှသာ ဘ၀တွေဟာ လန်းဆန်းပြီး တောက်ပြောင် ပျော်ရွှင် စေမှာပါ။
ဖိနှိပ်ခံဘ၀ကို နားလည်ကြ။
ဖိနှိပ်ခံတို့ညီညွတ်ကြ။
ကြေးစားစိတ်ဓါတ်ကျဆုံးပါစေ။

ဦးအေးဆောင်
မတ်လ ၇။ ၂၀၁၇။


Saturday, February 25, 2017

ပန်ခမ်းထုတ်ပြန်ချက်နှင့် ပတ်သက်၍




ပန်ခမ်းထုတ်ပြန်ချက်နှင့် ပတ်သက်၍
ဖေဖ၀ါရီ ၂၄ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပြုလုပ်တဲ့ ပန်ခမ်းအစည်းအဝေး ကထုတ်ပြန်ချက်ဟာ ရန်ကုန် က တရုတ်ပိုင် အထည်ချုပ်စက်ရုံမှာ အလုပ်သမားနဲ့ အလုပ်ရှင် ပြဿနာ ပေါ်နေချိန်နဲ့ လာတိုက်ဆိုင်နေတဲ့ အတွက် ကံမကောင်း အကြောင်းမလှ ဖြစ် သွား နိုင်ပါတယ်။ နိုင်ငံခြား အရင်းအနှီးမြုပ်နှံမှုတွေကို အကာအကွယ်ပေးမယ်လို့ ဆိုထားတဲ့ ပန်းခမ်း ထုတ်ပြန် ချက်က အလုပ်သမားနဲ့ နစ်နာ သူတို့ကို လှစ်လျူရှုသလိုဖြစ်နေလို့ပါ။
နိုင်ငံရေးအရ NCA ကို ဆန့်ကျင်ပေမဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီစံနစ်ထွန်း ကားရေးကို မညွှန်းသလို  “ ဖက်ဒရာယ်”ဆိုတဲ့ စကား တလုံးသာ ပါတဲ့ ဒီထုတ်ပြန်ချက်ဟာ အနာဂါတ် မြန်မာပြည်နိုင်ငံရေး ကို ဦးစားပေးမှုထက် “ ၀သပ” ရဲ့ ဦးဆောင်မှုကိုအထူးပြုထားပုံ ပေါ်လွင်ပါ တယ်။ ၀သပ ရဲ့နိုင်ငံရေးဟာ အရင်ကဘေးထိုး နိုင်ငံရေး ဖြစ်နေပြီး အခုတော့ တရုပ်ရဲ့ စီးပွါးရေး လုပ်ငန်းတွေဖြစ်တဲ့၊ လက်ပံတောင်း၊ ရခိုင်ရေနံပိုက်လိုင်း၊ မြစ်ဆုံ ဆည် နဲ့ တခြား စီးပွါးရေးလုပ်ငန်းတွေကို လူထုရဲ့ ဆန့်ကျင်မှုတွေ ပြန်လည် နိုးထ လာစရာရှိလို့ ၀သပ အနေနဲ့ တရုပ်အကျိုးစီးပွါးကို ကာကွယ်ပေးဖို့ ဗြောင် ထွက်လာတယ်လို ယူဆ ရပါတယ်။
ဝသပရဲ့ နိုင်ငံရေးအမြင်က တရုတ်အကျိုးပြု အမြင်သာဖြစ်နေတော့ တရုတ်ရဲ့ မြန်မာပြည်ပေါ် သဘောထားကို မတွက်ဆဘဲထားလို့မရပါဘူး။ တရုတ်ဟာ နိုင်ငံရေးထက် စီးပွါးရေးအမြင်သန်နေတော့ သက်ဆိုင်ရာ ပြည်သူ တွေ ဘယ်လို ဖိနှိပ်မှုတွေ ခံရခံရ၊  သူရပေါက်ကောင်းမည့် အုပ်စိုးသူတွေ၊ ဖိနှိပ်သူတွေနဲ့ လက်ချိတ်ပြီးအမြတ်ရ ရေး တခုထည်းနဲ့ ရွက်တိုက်နေခဲ့တာပါ။ အခုလည်း ရေနံပိုက် လိုင်းတွေ၊ ပင်လယ် ထွက်ပေါက်၊ နိုင်ငံကာရေကြောင်းလိုင်း( တောင်တရုတ်ပင်လယ်) တွေစိုးမိုးဖို့လုပ်နေ တာပါဘဲ။ သူ့တရုတ်ပြည်ကောင်းစားရေး အတွက် သူဘာသာလုပ်တာ ဘာမှပြောစရာမရှိပေမဲ့ ကျွန်တော်တို့ ပြည်သူတွေ ၀မ်းခါးလှဖို့အတွက် ရေးကြီး တယ်။ပြည်တွင်းကိစ္စက အရေးကြီးတယ်။ တရုတ်ရဲ့ အထောက်အပံ့ တွေအား ကိုးပြီး နိုင်ငံရေးအရ ဖိနှိပ်နေမှု တွေ၊ စီပွါးရေးအရ မတရားသွေးစုတ်မှုတွေကို လုပ်နေသူတွေကြောင့် ပြည်သူတွေ ခံစားနေရလို့ ပြည်သူ့အကျိုးအတွက် ၊ ရင်နှီးမြုပ်နှံသူတရုတ်နဲ့ သူ့လက်ပါးစေတွေကို တိုက်ဖျက်ကြရတာပါ။
တရုတ်အပါအ၀င် နိုင်ငံတကာ အရင်းအနှီးဆိုတာက စစ်အာဏာရှင် ယန္တယားကို အများဆုံး အထောက် အကူပြုနေကြတာပါ။ ၀င်ပေါက်တွေမှာ ၀င်လာသမျှ ရိတ်ဖို့ စစ်အာဏာရှင်ဂိုဏ်းသားတွေက အသင့် စောင့်ဆိုင်း နေပါ တယ်။ အရင်းအအနှီးမြုပ်နှံသူတွေနဲ့ အပေးအယူလုပ်ထားကြတယ်။အလုပ်သမား၊ လယ် သမားတွေရဲ့ အခွင့် အရေးနဲ့အကျိုး စီးပွါး တွေကို ဖိနှိပ်အမြတ်ထုတ်ကြတယ်။ တရုတ်ပြည်ကိုယ်တိုင် ကသူ့ပြည်သူတွေကိုလည်းဒီလိုလုပ်နေတာပါ။ မြန်မာပြည်က မြန်မာစစ်အာဏာရှင်တွေဟာတရုတ်မှတပါးအားကိုး ရာ မရှိ ဖြစ်ခဲ့ရလို့ တရုတ်ခိုင်းဖတ် အလိုလိုဖြစ် နေပါ တယ်။  
ဝသပ နဲ့ မင်းအောင်လှိုင်တပ်ဟာ တရုတ် အကျိုးကို အတူတူကာကွယ်ကြမယ်ဆိုတာ အထူးတွေ စရာ မလိုပါ ဘူး။ အခုတော့ ၀သပက တရုတ်အတွက် ဗြောင် ထွက်ရပ်ကာကွယ်ပြီး မင်းအောင်လှိုင် က နောက်ကွယ်က ကာကွယ်ပါလိမ့်မယ်။ သူတို့တတွေ သူတို့ ကာကွယ်ချင်တာကာကွယ်ပါစေ ကျွန်တော် တို့ ပြည်သူတွေ အနေနဲ့ မတရားတဲ့ ဖိနှိပ်မှုတွေ၊ သွေးစုတ်အမြတ်ထုတ်မှုတွေကို လုပ်သူ မည်သို့သော သူကို မဆို အဖိနှိပ်ခံပြည်သူတို့ အတွက် ဆန့်ကျင် တိုက်ပွဲ ၀င်သွားရမှာဘဲ။
“နိုင်ငံရေးက နောက် ၊ စီးပွါးရေးက ပထမ” ဆိုတဲ့ အမြင်ဟာ ဖိနှိပ်သူ၊ အထူးသဖြင့် ငွေကြေးနဲ့ ဖိနှိပ်သူကို တိုက်ရိုက်အားပေးတဲ့ အမြင်ဖြစ်တယ်။ ပိုက်ဆံကြီးစိုးတဲ့ ခေတ်မှာ ဆင်းရဲသားပြည်သူတွေ အနေနဲ့ တော်လှန် ရေး အမြင်၊ တော်လှန်ရေးအသိ၊ တော်လှန်ရေးလှုပ်ရှားမှု နဲ့သာ  ဆန့်ကျင်လို့ရမယ်။
တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေ အနေနဲ့ မိမိပြည်သူတွေအတွက် လုပ်ဆောင်နေကြ တာကို မမေ့အပ်ပါဘူး။ တရုတ်ရဲ့ စီးပွါးရေးသြဇာအောက်မှာ မြန်မာ စစ်အာဏာရှင်တွေ မှ တဆင့်  တိုင်းရင်းသား အားလုံး ဘယ် လောက်အထိ ဖိနှိပ်သွေးစုတ်ခံနေရတယ် ဆိုတာသိဖို့ လက်ပံတောင်း၊မြစ်ဆုံ နဲ့ တရုတ်ပိုင် လုပ်ငန်း စက်ရုံတွေကို သွားကြည့်ကြပါ။
လက်ရှိကပ်တည်းနေတဲ့ ဘ၀တွေကနေ လွတ်မြောက်ဖို့ အနှီးကပ်ဖိနှိပ်နေတဲ့ စစ်အာဏာယန္တ ယားကို ပြည်သူတွေ လက်ထဲ ပြန်ယူတဲ့ လှုပ်ရှားမှုကို အဓိကထားလုပ်ရပါမယ်။အရင်းအနှီးမြုပ်နှံသူတွေဟာ သက်ဆိုင်ရာနယ်မြေက တော်လှန်ရေးအင်အားစုတွေကိုအသိအမှတ်ပြုပြီး၊ခွင့်ပြုချက်ဖြင့်သာလုပ်ငန်းလုပ်ဆောင် သင့် ပါတယ်။ စစ်အာဏာယန္တယားကိုသာ အကျိုးပြုတဲ့ ကုမ္ပဏီတွေဟာ ပြည်သူကို ဖိနှိပ်တဲ့ ရန်သူအဖြစ် သဘော ထားသင့်ပါတယ်။
ပန်းခမ်းထုတ်ပြန်ချက်က တရုတ်ဂိုဏ်းစုသလိုဖြစ်တာကြောင့် မြန်မာပြည် အနာဂါတ်မှာ ဂိုဏ်းဂ ဏတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အမေရိကန်ဂိုဏ်းလည်းပေါ်လာနိုင်ပါတယ်။ တိုင်းပြည်ဟာ တောင် နဲ့ မြောက် ကွဲသွားနိုင်စရာလည်း ရှိလာနိုင်ပါတယ်။ အဲဒီအခြေအနေကိုတားဖို့ အတွက် “အမျိုးသားစည်း လုံးရေး” လုပ်ဖို့ လိုအပ် နေပါတယ်။ အမျိုးသား စည်းလုံးရေးဟာ ပြောပြောနေတဲ့အမျိုးသားရင်ကြားစေ့ရေးနဲ့ တခြားစီဖြစ် တယ်ဆိုတာလည်း သေသေခြာခြာ နားလည်စေချင်ပါတယ်။။ စစ်မှန်တဲ့ ဒီမိုက ရေစီ လူထုအစိုးရအမြန်ဖေါ် ဆောင်ဖို့လိုပါတယ်။ငါတကောကောနေကြရင်တော့တိုင်းပြည်ပျက်ကိန်းရှိနေပါတယ်။သဘောထားကြီးပြီး၊အမြင် ရှိရှိ ရိုးရိုးသာသားနဲ့ ကျယ်ကျယ်ပြန့်ပြန့်စုစည်းနိုင်ဖို့ အင်မ တန် အရေးကြီးနေပါတယ်။ အကျိုးစီးပွါးတွေ၊ ကျူး လွန် ထားတဲ့ ပြစ်မှုတွေ ကြောင့် ကျွန်တော်ပြောသလို ဖြစ်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေက တကယ် ဆန္ဒရှိရင် ဖြစ်လာနိုင်ပါတယ်။ တိုးတက်တဲ့ ပြည်သူတွေက ဦးဆောင်လုပ်ကြရမှာဘဲ။
ယနေ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေဟာ ၂၀၀၈ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စံနစ် ဖျက် သိမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရာယ်ပြည်ထူထောင်ရေး အတွက် တွေဝေမှုကင်းကင်းနဲ့ တိုက်ပွဲကို ခိုင်ခိုင် မာမာ ဆင်နွဲ သင့်ပါတယ်။ စာချုပ်စာတမ်းတွေဟာ စောင့်ရှောက်နိုင်စွမ်းမရှိရင် စက္ကူစုတ်တရွက် ထက် မပိုပါဘူး။
တော်လှန်ရေး အလံကို မြင့်မြင့်မားမားလွှင့်ထူကြ။
ဖိနှိပ်မှုတိုင်းကို ဆန့်ကျင်ကြ။
ပြည်သူတွေ အောင်ပွဲဆင်ရမယ်။

ဦးအေးဆောင်
၂၅ ဖေဖ၀ါရီ ၂၀၁၇။