ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Tuesday, March 11, 2014

မှူးဇော် - သို့



မှူးဇော်  - သို့
Voice Weekly , Vol.10 / No.9 မှ မှူးဖော်   ပွိုင့် ၆၀၄၁  မဟာဗျူဟာ ဆုတ်လမ်း လမ်းစဉ် () ရပ်
အပေါ် သုံးသပ်ချက်။
 ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြည်ဆင်နိုင်ရေး အကောင်အထည်ဖေါ်မှုကော်မီတီ သို့ ပေးပို့ခဲ့သော အခြေခံမူ ဟုဆိုသည့် ညွှန်ကြားချက်တွင် တပ်မတော်၏ လက်ရှိပါဝင်မှု အခန်းကဏ္ဍကိုဒီမိုကရေစီဘောင်အတွင်း ရောက်ရှိစေနိုင် သည့် နည်းလမ်းများကို လေ့လာ သုံးသပ်ခြင်း ဟူ၍ ပါရှိလာခဲ့သည်  ဆိုသည်ကို စာရေး သူ ဆောင်းပါးရှင်မှူးဇော်က စိုးရိမ်ပူပန်ပုံ ပေါ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၀) အရေးပေါ် ကာလဆိုင်ရာပြဌါန်းချက်များသည် တပ်မတော်ကို အလုံးစုံစီ မံခန့်ခွဲခွင့်ပေးထားသည်။ ထိုကြောင့် ဒီမိုကရေစီနည်းမကျ ဟုဆိုကြသည်။ အရှင်း အပြတ်ကြိုက်သူများနှင့် တဆင့်ပြီးတဆင့် သွားလိုသူများ ဟူ၍ အယူအဆကြီး () ရပ် ကွဲထွက် လာခဲ့ခြင်းဟု ယူသော်ရသည်။ဟု လည်းဆိုထားပြန်ရာ လူထုတွင် အုပ်စုနှစ်ခု ရှိကြောင်း သူကသုံး သပ်လိုက်သည်။ဤသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် အခြေတည်၍ မှူးဇော်၏ စဉ်းစား ချက်ပင်ဖြစ်ပေသည်။
၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပေါ်ပေါက်လာမှသာထိုအယူအဆကြီးနှစ်ရပ်သည်ပေါ်လာခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံ ရေးဆွဲစဉ်  ညောင်နှစ်ပင်ညီလာခံ ၀င်ရေး မ၀င်ရေးမှာ  ထိုအယူအဆ နှစ်ရပ် စတင် ပေါ်ပေါက် နေခဲ့ပြီးဖြစ်ကြောင်း ကျွန်ုပ်ကသိထားပါသည်။ ထိုကြောင့် ဖွဲ့စည်းပုံရေးဆွဲစဉ် ကပင် အပြတ်နှင့်ဖြေးဖြေး လမ်း စဉ်မှာ ပေါ် ပေါက်ပြီးဖြစ်ပါသည်။အပြတ်နှင့် ဖြေးဖြေးကို နိုင်ငံရေးဝေါဟာရနှင့် ဆိုပါကတော်လှန်ရေး လား၊ တရွေ့ရွေ့ ဖြစ်စဉ်လားဆိုတာသာဖြစ်ပါတယ်။
 ၂၀၀၈ ဖွဲ့စည်းပုံကို လူထုရွေးကောက်ထားသည့် ကိုယ်စးလှယ်များက ရေးသားထားခြင်းမဟုတ် သဖြင့် ကျွန်ုပ်သည် အယုံအကြည်မရှိသည့်သူဖြစ်သောကြောင့်ပြင်ဆင်ရေးသည်ပင် ရွေ့ရွေ့ ဖြစ် စဉ်ဖြစ် သည်ဟုမှတ်ယူပါသည်။ ယခု မှူးဇော်၏ အမြင်အရ ဆိုရလျှင်ပြင်ဆင်ရေး သည်ပင် မြန်လွန်းနေ သည်ဟုယူဆပုံရပါသည်။ထိုကြောင့် ဖြေးရာမှပို၍ဖြေးဖြေးသွားရမလိုဖြစ်နေပါတော့သည်။ မြန်ချင်သလား၊ ဖြေး ချင်သလားဆိုသည်မှာလူ ထု၏ အမြင်နှင့် ပတ်သက်သဖြင့်ကျွန်ုပ်တို့ ငြင်းပယ်၍ မရနိုင်ပါ။ လူထုအမြင်ကို အလေး ထားမှသာလျှင်  လူထုကိုယ်စားပြု အစိုးရဟု ခေါ်တွင်နိုင်မည်ဖြစ်ပါသည်။
မှူးဇော်၏ အမြင်မှာစစ်သားနှင့်အရပ်သားကိုခွဲခြားမြင်ပုံရပါသည်။ထိုသို့ အမြင်ရှိသည်မှာ လည်း နောက်ခံအကြောင်းများကြောင့်ဖြစ်ကြောင်းနားလည်နိုင်ပါသည်။အတိတ်ကလုပ်ရပ်၏အကျိုးဆက်ကိုကာကွယ်တားဆီးရန်ဖြစ် ကြောင်းလည်းသိသာပါသည်။ သို့သော်ဥပဒေအဖြစ်၎င်း နိယာမအနေနှင့်၎င်း မဖြစ်သင့်ပေ။ ကျွန်ုပ်၏ အမြင်မှာ စစ်သားနှင့် အရပ်သား ဘာမှခွဲခြားစရာမလို၊ တာဝန်သာခွဲခြားရမည်ဟု ထင်ပါသည်။ ထို အရပ်သား ၊စစ်သား ခွဲခြား အမြင်ကြောင့်ပင် တွေးခေါ်ပုံ ကွာခြားရခြင်းဖြစ်ပါသည်။ ခွဲခြားအမြင်ကြောင့် ခြံခတ်ခြင်း၊ ကန့်သတ်ခြင်း များပေါ်လာရပေသည်။ ထိုခွဲခြားအမြင် ကြောင့် အခွင့်ထူးခံမှု ချုပ်ချယ်မှုများပေါ်လာ ရပါ တော့သည်။
ထိုကြောင့်ပင် မှူးဇော်၏စာတွင်တပ်မတော် ၀င်ထိုင်ရန် ထိုင်ခုံတခုံ လုံးဝမလို ဟု ဆိုလိုရင်းလား။” “မည်သည့် အတွက်ကြောင့် တပ်မ တော်ကို မြန်မာ့နိုင်ငံရေးစားပွဲဝိုင်းမှ နှင်ထုတ်လိုကြသနည်းဆိုတာတွေ ကဖေါ်ပြနေပါသည်။ စစ်ဗိုလ်ချုပ်များ ကို ၂၅ % ကန့်သတ်ထားခြင်းထက် ကျွန်ပ်အနေနှင့်မူ လူထုက ရွေးချယ်လျှင် လွှတ်တော်နေရာအားလုံး စစ်တပ်က ရလျှင် ယူစေ ချင်ပါသည်။ လူထုဆန္ဒကိုသာ ဦးထိပ် ထားချင်သည်။
ပထမ အနေနှင့် မှူးဇော်မှာ ဒုဝန်ကြီးတာဝန်ထမ်းနေသူအဖြစ်လေ့လာရသောကြောင့် တပြည်လုံးလူထု၏ အကျိုးကို ရှေ့ရှုသင့်ပါသည်။ ယခုသူ၏ရပ်တည်ချက်မှာ စစ်တပ်မှ အရာရှိအနေနှင့် စစ်တပ်ဘက်မှ ရှေ့နေ လိုက်နေသူမျှသာဖြစ်နေပေရာ တာဝန်အနေအထားအရေးကြီးပုံကို အလေးအနက်ထားသုံးသပ် သင့်ပါသည်။
မှူးဇော်က ကာချုပ်၏သဘောထားများကို ကာချုပ်၏ပြောဆိုချက်များအကိုးအကား အထောက်အထားဖြင့် ခွါစစ်သဘောလုပ်နေကြောင်း ဖေါ်ပြပြီးသတိပြုရန် လိုသည်ဟုဆိုထားသည်မှာလူထု၏ တွေးတောပုံကို မသိ၍သာဟုမှတ်ရပါသည်။  ဗိုလ်နေ၀င်းမှစ၍ နိုင်ငံတော့်သစ္စာဖေါက်ပြီး အာဏာသိမ်း။ ကြံ့ဖွတ်လူမှုရေး အသင်း ဆိုပြီး နိုင်ငံရေးပါတီပြောင်းပြောချင်ရာပြောခါ ထင်ရာစိုင်းခဲ့သည် ဒဏ်ကို မြန်မာပြည်ကပြည် သူလူထုသညဆင်းရဲမွဲတေယုံမက ကျောကော့အောင်ခံခဲ့ရသည်မှာရာစုနှစ်ဝက် ကျော်ခဲ့ပြီဖြစ်သောကြောင့် မည်သို့ ယုံ ကြည်ကြမည်ကို စဉ်းစားသင့်ပါသည်။
ယခုအခါ စစ်တပ်သည် နိုင်ငံရေးတွင် ဆုတ်လမ်းကို ရွေးနေသည်ဟု မှူးဇော်ကပြောနေသော်လည်း ကျွန်ုပ် အမြင်မှာစစ်တပ်သည် ပြည်သူများကိုကြီးစိုးဖိနှိပ်ရာတွင်ပုံစံဟောင်းကအခြေအနေမကောင်းသော ကြောင့် ဘောင်းဘီချွတ်၍ ပုဆိုးဝတ်ခါ ပုံစံပြောင်း ခြင်းသာဖြစ်သည်ဟူ၍သာ သဘောထားပါသည်။ ယခင်ကြောင် တကိုယ် ထည်းဝါးနေရာမှ ယခုအခါ  ဖွဲ့စည်းပုံဥပဒေ၊ရွေးကောက်ပွဲ၊လွှတ်တော်တို့ကို အကာအကွယ် ယူလျှက်  တိုင်းပြည်၏ မြေအပါအ၀င် သယံဇာတများကိုဂိုဏ်းဝင်များအားချကြွေးရင်း လူမိုက်မွေးနေခြင်း သာဖြစ်နေ ပါ သည်။ ပြည်သူများကား ပို၍စားရမဲ့ နေရမဲ့ ဖြစ်နေရလေပြီ။
 ၂၀၁၃  နိုဝင်ဘာလ ၂၉ ရက်နေ့ / ၂၀၁၃ အုပ်ချုပ်မှု မွမ်းမံသင်တန်း ဆင်းပွဲမှာ ကာချုပ်က ရှင်းအောင် ပြောလို့ရှိရင် ဒီမိုကရေစီတို့၊ငြိမ်းချမ်းရေးတို့ ဆိုတာက အာဏာခွဲဝေဖို့ အတွက် မဟုတ်ပါဘူး။ဆိုတော့ နိုင်ငံရေးအရ ဆုတ်ခြင်း မဟုတ်သည်မှာသေချာခဲ့ပါသည်။
မြေယာသိမ်းယူမှုများ တောရောမြို့များတွင် အကျယ်အပြန့်လုပ်နေသောကိစ္စနှင့် ပတ်သက်၍ စစ်တပ်မှမြေသိမ်းခြင်းမရှိတော့၊ သိမ်းဆည်းမြေများ စွန့်လွှတ်ခြင်းသာရှိတော့သည်( ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေး ဒုဝန်ကြီး၏ပြောကြားချက်) ဆိုပြီးဖေါ်ပြရင်း ( မြေသိမ်းမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ သူ အများ အပြား လွှတ်တော်နှင့် အစိုးရထဲတွင် ရှိနေကြဆဲ ဖြစ်သည်) ဆိုထားပြန်တော့ လွှတ်တော်ထဲ၊ အစိုးရထဲ ကလူတွေထဲမှာ လည်း စစ်သားလူထွက်တွေ မရှိသလိုဖြစ်မနေသောကြောင့်နားလည်ရခက်ရပြန် သည်။
 မှူးဇော်က တိုင်းပြည်တခုလုံးအစား၊ စစ်တပ်လောက်သာကာကွယ်ခါတပ်မတော် အပြီးတိုင်ဆုတ်ခွါရေး သည် ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မရနိုင် ပေါ်တွင် မူတည်နေသဖြင့် ၂၀၁၅ မတိုင်မီ အခြေခံ ဥပဒေပြင်ဆင်၍ တပ်မတော်ကို နှင်ထုတ်လိုသူများ စဉ်းစားကြစေလိုသည်။ဟူ၍ ပြည်တွင်းငြိမ်းချမ်း ရေး ဆိုသည်ကို အကြောင်းပြထားပြန်သောကြောင့် ငြိမ်းချမ်းရေးမှာ ပြန်ပေး အဆွဲခံထားနေရ သလို ဖြစ်နေရပြန်တော့သည်။ “ “နောက်ချန်တပ်သည် လွှတ်တော်ထဲက ၂၅ % ဖြစ်နေလျှင် နောက် ချန်တပ်ကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်လာမည့် အကျိုးဆက်ကို မြော်အမြင်ဖြင့် သုံးသပ် ဆင်ခြင်နိုင် စေရန် မီးမောင်ထိုးပြလိုက်ရပေသည်။ဟုဆိုလာသောအခါ ကျွန်ုပ်တို့ ပြည်သူများထဲမှ ဥပဒေပြင် ဆင်လိုသူများ သတိ အကြီးကြီးထားရတော့မှာ ဖြစ်ကြောင်း မီးနီပြလိုက်ခြင်းဖြစ်ပါတော့သည်။
မည်သို့ပင်ဖြစ်စေ မှူးဇော်အနေနှင့် ပြည်သူအပေါ် ယုံကြည်မှု မြှင့်တင်ပြီး စစ်သားများနှင့် ပြည်သူ အကြား တားဆီးထားသည့် သံသယနှင့် စိုးရိမ်စိတ်များကိုဖေါ်ညွှန်းပေးနေသည့်၊ ဖိနှိပ်သည့် စည်းမျဉ်းကန့် သတ် ချက် များ၊ အခွင့်ထူးများနှင့် လုပ်ဟန်များကို ပပျောက်စေသင့်ပါသည်။ လူထု၏ဆန္ဒသဘောထားကို တန်ဖိုး ထား သည့် လူထုက ယုံကြည်မှုရှိသော အစိုးရ အစစ်အအမှန်တရပ် ကို တိုင်းပြည်မျက်နှာရှေ့ ထား၍ ဖေါ်ဆောင် သင့် ကြောင်းသာ အကြံပြုလိုက်ရပါသည်။
ဦးအေးဆောင်
မတ်လ - ၂၀၁၄။