ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Sunday, January 22, 2017

၂၀၁၅ အတွက် နှစ်သစ်ကူး သ၀ဏ်လွှာ



                
             ၂၀၁၅ အတွက် နှစ်သစ်ကူး သ၀ဏ်လွှာ 
                                         
ပြည်သူလူထု အပေါင်းတို့ ခင်ဗျား -
အပစ်ရပ်တယ်ဆိုပြီးလိုင်ဇာကို ပစ်လိုက်တဲ့ အမြောက်ဆံရယ်၊ ပညာရေးဥပဒေဆိုပြီး ကျောင်းသားတွေ ကို ဖိနှိပ်ဖို့လုပ်တာတွေရယ်၊ကိုပါကြီးအသတ်ခံခဲ့ရလို့မကြာခင်လက်ပံတောင်းမှာဆန္ဒပြတဲ့ ဒေါ်ခင်ဝင်း ခေါင်းမှန်သေဆုံးရတာတွေက ကုန်ခါနီး နှစ်အတွက်အနိဌါရုဏ်တွေဖြစ်ခဲ့ရပြီ။ဒီတော့၂၀၁၅ခုနှစ်ဟာကျွန် တော်တို့ ပြည်သူတွေအတွက် ကောင်းမည့်အ လားအလာသိပ်မရှိနိုင်တော့ဘူး။ ဖြစ်လာမယ်ဆိုတဲ့ ရွေးကောက် ပွဲကြောင့် စိတ်လှုပ်ရှားစရာ လိုလို ရှိနေပေမဲ့ အနှစ်သာရ အရ ပြောင်းလဲ မှုကိုတော့ ပြည်သူတွေ တိုက်ပွဲ အရှိန် မမြှင့်နိုင်သ၍ မျှော်လင့်လို့ မရနိုင်ပါ။မြန်မာနိုင်ငံဟာ နိုင်ငံရေးအရ မလွတ်လပ်သလို တဦးချင်းအရ လုံခြုံမှု မရှိပါဘူး နိုင်ငံ ရေး အကျဉ်းသာတွေကို  ဒဏ်ကျွေးနဲ့လွှတ်တဲ့ အာဏာရှင်တွေဆီက ဘယ်လို သက်ညှာမှုမျိုး၊ ဖြေလျှော့မှုမျိုး ကို မျှော်လင့်နိုင်ပါ့မလဲ။  လူထု တိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ ကိုသာ  အဓိကအ ဖြစ်ထားလုပ် ဆောင် သွားရတော့မှာပါ။
တိုက်ပွဲတွေကို အားမကိုးဘဲ  ရွေးကောက်ပွဲ နိုင်ရေး ဖွဲ့စည်းပုံပြောင်းလဲရေး၊ အပစ်ရပ်စာချုပ် လက်မှတ် ထိုး ရေး၊ သိမ်းဆည်းခံမြေယာများ  ပြန်တောင်းယူရေး တွေကို အားကိုးယုံကြည်နေလို့တော့ ကျောက်ခဲကို ဆီကြိတ် သလို အချိန်ကုန်လူပမ်း ယုံကလွဲလို့ ဘာမှ ဖြစ်လာစရာမရှိနိုင်ပါဘူး။ ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလာဒ် ဘယ် လိုပျောက်ပျက်သွားရသလဲ၊ ကာချုပ်ဆိုသူရဲ့ ကျိန်းဝါးသံ ချက်၊ လွှတ်တော်ကို ဖျက်သိမ်း ခွင့် တောင်း ဆိုတဲ့ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ ဟိန်းသံ၊ စစ်တပ်နဲ့ လက်ပါးစေ ကုပ္မဏီတွေ က မြေတွေအတား အဆီး မရှိသိမ်း နေတာတွေ၊  လိုင်ဇာကိုအမြောက်နဲ့ပစ်ပြီးတိုက်ပွဲဆက်ဖြစ်နေတာတွေ၊ လက်ပံတောင်းပစ်ခတ်မှုတွေ၊ က လူထုကို စစ်အာဏာရှင်တွေက အစွယ်ပြ ခြိမ်းခြောက်နေသလို စစ်တပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဘာမှ မမျှော်လင့်နိုင်တာကို သိသာ ထင်ရှားစေပါတယ်။
စစ်အာဏာရှင်တွေရဲ့ဖိနှိပ်မှုပြင်းထန်လာနေတာဟာလူထုအကျိုးပြုသယောင်ဟန်ဆောင်နေတဲ့ ဖေါက်ပြန်တဲ့ နိုင်ငံ ရေး ခေါင်းဆောင်တွေကြောင့် ဖြစ်တာကိုလည်း ရှင်းရှင်းမြင်ဖို့လိုအပ်နေပါတယ်။ သူတို့ဟာ စစ်အာဏာရဲ့ ဖိနှိပ်မှုကို ဗြောင်တမျိုး၊ သွယ်ဝိုက်လို့ တဖုံ အားပေးနေသူတွေပါ။ဒီဖေါက်ပြန်တဲ့ ခေါင်းဆောင်ဆိုသူတွေကို ဖွင့်ချ ဖယ်ရှားနိုင်ရေးဟာ  ဒီနေ့မလုပ်မဖြစ် လုပ်ရမည့်လုပ်ငန်းစဉ် တရပ်ပါ။ တော်လှန်ရေးဆိုရာမှာ ရန်သူကို တိုက်ခိုက်ရေးသာမက ရန်သူဘက်ပင်း တဲ့အတွေးအခေါ်ရှိသူ၊သူခိုးဒါးရိုးကမ်းသူ၊ကိုယ့်လူဟန် ဆောင်ပြီးရန်သူ့အကျိုးပြုနေတဲ့ရန်သူ့ဒေါက်တိုင်တွေ၊ ဂိုဏ်းဂဏနဲ့ လူမျိုးရေး ဘာသာရေးအရည်ခြုံပြီး ရန်သူကို အလုပ် အကျွေးပြုနေသူတွေ ကိုလည်း တိုက်ဖျက်ဖယ်ရှားရပါတယ်။ တော်လှန် ရေးဟာ ပန်းချီ ရေးတာ၊ ကဗျာ စပ်တာ လို လွယ်လွယ်လုပ်၍ မရနိုင်ပါ။ အဆင့်တရပ်ကို အားထည့်စွန့်စား လုပ်ဆောင် ရတာမျိုးပါ။
ဒီနေ့လယ်သမား၊အလုပ်သမား ကျောင်းသား၊ ဆင်းရဲသား တွေရဲ့ တိုက်ပွဲတွေ အရှိန်မြင့်လာနေပေမဲ့ စစ်အာ ဏာရှင်တိုက်ဖျက်ရေး ဦးတည်ချက်ကို မရောက်နိုင်သေးဘဲ လွဲမှားတဲ့ ရွှေပြည်အေးဝါဒတွေ၊ အပေး အယူလုပ်အမြတ်ထုတ်ရေးအမြင်တွေကကြီးစိုးနေပါသေးတယ်။လယ်သမားအလုပ်သမား၊ ကျောင်းသား တွေရဲ့ တိုက်ပွဲကိုဆထက်တံပိုးအားပေး ထောက်ခံတာတွေ၊လှုပ်ရှားမှုတွေပိုလုပ်ဖို့လိုနေတယ်။လက်နက်ကိုင်တိုက်ပွဲ ၀င်နေတဲ့ အင်အားစုတွေကို ထောက်ခံအားပေးရမယ်။ စစ်အစိုးရရဲ့ မျက်နှာ ညိုမှာစိုးပြီး လူထုတိုက်ပွဲကို အချိုသတ် လမ်းလွှဲ နံမည်ကောင်းယူအမြတ်ထုတ်နေတဲ့အဖွဲ့တွေ၊ ခေါင်း ဆောင်ဆိုသူတွေကိုလက်ညိုးထိုး ဖွင့်ချ ဝေဖန်ရမယ်။ဝိုင်းပယ်ဆန့်ကျင်ရမယ်။သာမရိုးကျရိုးရာနိုင်ငံ ရေးနည်း လောက်နဲ့တော်လှန်ရေးဟာ ဖြစ်လာမှာ မဟုတ်ဘူး။ ဖေါက်ထွက် ကျော်တက်ကြရမယ်။  ၂၀၁၅မှာဘီလူးစည်းလူ့စည်းတားရမည့်အချိန် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖေါ်ရမည့်အချိန်ဖြစ် နေမယ်။မြန်မာပြည်ဟာ တော်လှန်ရေးနည်းနဲ့ဘဲ ပြောင်းလွှဲမှုတွေ  ဖြစ်နိုင်တော့မယ်။ စစ်အာဏာရဲ့ကြီးစိုးမှု အောက်မှာ ရွေးကောက်ပွဲတို့=လွှတ်တော်တို့ဆိုတာစစ်ဘီလူးကိုအလှချယ်ပေးထားတဲ့အရာတွေမျှ သာဖြစ်တယ်။
ရန်သူကြံ့ဖွတ်စစ်ဗိုလ်ချုပ်တွေက စေ့စပ်ရေးစကားတဖက်ကပြောပြီး၊တဖက်ကစစ်ရေးထိုးစစ်ကိုတောက် လျှောက်လုပ် နေခဲ့တာပါ။ တော်လှန်ရေးသမား ဆိုသူတွေဘက်က လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲကို ပီပီပြင်ပြင် စွဲစွဲမြဲမြဲဆင်နွှဲခဲ့တာ ထင်ထင်ရှားရှား မရှိခဲ့ပါဘူး။ရန်သူ့သြဇာညောင်းသူ၊ကိုယ့်လူမျိုးအရေး လောက်၊ပုဂ္ဂိုလ်ရေးသက်သက်လောက်အမြတ်ထုတ်ချင်သူတွေရဲ့ စည်းချက်အောက်မှာ အူကြောင်ကြားဖြစ်နေ ပြီးလမ်း ပျောက် နေ ကြရတယ်။
နိုင်ငံမှာယနေ့ဖြစ်နေတဲ့ နောက်အခြေအနေတခုကတပြည်လုံးအတိုင်းအတာအမြင်ချို့ငဲ့နေခြင်းဘဲ။ နိုင်ငံရေး စစ်ရေး တိုက်ပွဲ ကိုနယ်မြေဒေသနဲ့လူမျိုးရေးခွင် တွေထဲမှာဘဲကန့်သတ်ထားနေကြတယ်။အဖိနှိပ်ခံပြည်သူ တရပ်လုံးဆိုတဲ့တနိုင်ငံလုံးအတိုင်းအတာအမြင်မရှိဘူး။ဒါဟာလူတန်းစားအမြင်မရှိလို့ဘဲ။လူတန်းစားအမြင် ချို့ငဲ့အောင်အမြင်ကျဉ်းကိုယ်ကျိုးရှာသမားတွေကသိသိသာသာလုပ် ဆောင် နေကြတယ်။သူတို့ကိုယ်၌ရဲ့ ဖေါက်ပြန်မှုတွေအတွက် အတိုက်အခိုက်ခံရမှာလည်း ကြောက်နေကြတဲ့ အတွက် သူတို့ဟာ တော် လှန် ရေး ဖြစ်မှာကို ကြောက် လည်းကြောက် ရွံ့လည်းရွံမုန်းနေကြတယ်။
မြန်မာပြည်တော်လှန်ရေး ခေါင်းဆောင်မှုဟာ ပြိုကွဲနေတာ ၁၉၉၄ ဗိုလ်ခင်ညွန့် စေ့စပ်ရေးထိုးစစ်ဝင် ကတည်း ကပါ။ တော်လှန်ရေးခေါင်းဆောင်မှုကို တည်ဆောက်ဖို့အတွက် စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီထူ ထောင်ရေးအတွေးအခေါ်ပေါ်အခြေခံတည်ဆောက်ရမယ်။ပုဂ္ဂိုလ်ရေးသြဇာမရှိလည်း ခေါင်းဆောင်မှုကို တိုး တက် တဲ့သူတွေစုပေါင်းထူထောင်ကြရမယ်။ ကိုယ့်ကိုယ်ကို ဘ၀င်လေဟပ် နေတဲ့ တောင်ထိပ်ဝါဒ ကျင့်သုံး နေလို့ မရဘူး။
ကြံ့ဖွတ်စစ်အာဏာရှင်တွေဟာမိုက်လုံးကြီးမြဲကြီးနေတယ်။ဖိနှိပ်ဗိုလ်ကျမြဲကျနေတယ်။လက်ပါးစေ၊ဖေါက်ပြန် ရေးသမားတွေကို နည်းမျိုးစုံနဲ့တိုးချဲ့မွေးမြူနေတယ်။ဒါပေမဲ့သူတို့ရဲ့မတရားဗိုလ်ကျဖိနှိပ်မှုတွေကြောင့်ဧရာမလူထုအများစုကြီးဖြစ်တဲ့ အဖိနှိပ်ခံ လူမျိုးစုံပြည်သူ လယ်သမား လုပ် သမား၊ ကျောင်းသား၊ ဆင်းရဲ သားတွေ က တိုက်ပွဲဝင် ဆန့်ကျင်တိုက်ခိုက်မြဲတိုက်ခိုက် နေကြတယ်။ဒီတိုက်ပွဲတွေထက်မြက်စူးရှပြီး၊ အောင်ပွဲခံ နိုင်ဖို့အတွက် ပြတ်သားရဲရင့်တဲ့ တော်လှန်တဲ့ ခေါင်း ဆောင်မှုကို ရအောင် တည် ဆောက်ဖို့ ကြိုးပမ်းကြ ရမယ်။ ဒီတာဝန်ဟာ တော်လှန်ရေး အမြင်ရှိပြီး အထူးသဖြင့် တိုးတက်တဲ့ ပညာ တတ်တွေ ပေါ်မှာ ကျ ရောက် နေပါ တယ်။
နိုင်ငံ့ပြဿနာကို နိုင်ငံရေးအရ ရိုးရိုးသားသား ဖြေရှင်း ဖို့ကလွတ်လပ်တဲ့ ပါတီပေါင်းစု ကွန်ဖရင့် ခေါ်ပြီး လူထုရှေ့မှောက်မှာ ပြဿနာတွေကို ဖြေရှင်းရပါမယ်။ အကောင် အထည်ဖေါ်ရပါလိမ့်မယ်။ ဒါကို ပြည်သူ လူထုကြီးကိုယ်တိုင်က အကောင်အထည်ဖေါ်ရမှာပါ။ ကြံ့ဖွတ်အာဏာရှင်တွေထံမှာ တောင်း နေလို့ မရနိုင် ပါဘူး။ ဈေးဆစ်ထားတဲ့ တွေ့ဆုံပွဲတွေက လူထုနဲ့ ကမ္ဘာ ကိုလှည့်စားအမြတ်ထုတ်တာ သက် သက် မျှသာဖြစ် နေဦးမှာပါ။
ရန်သူကြံ့ဖွတ်စစ်အာဏာရှင်ဘက်မှာလည်း သူတို့အတွင်းမှာ အာဏာခွဲဝေရေးပြဿနာ၊ အကျိုးစီးပွါးပြဿနာ၊ ပုဂ္ဂိုလ် ရေးပြဿနာတွေ တပုံတခေါင်းဖြစ်နေသလို ကျူးလွန်ထားတဲ့ ပြစ်မှုတွေကြောင့် ကျီးကန်းတောင်း မှောက် အရာရာကို စိုးရိမ်ကြောင့်ကျ ၊ရန်လို ၀န်တိုပူပန်နေရတဲ့ဘ၀ရောက်နေတာပါ။ အောက်ခြေထု ဖိနှိပ်ခံ အခြေခံ စစ်သား၊ရဲ သားတွေရဲ့ ဘ၀ အခြေအနေက ပြည်သူတွေနဲ့ သိပ်မကွာခြားကြသလို သတင်း နည်းပညာ တွေအရ မတရားအုပ်စိုးထားမှန်း လည်း သိနေကြပါတယ်။သူ တို့ဟာ လှစ် လျူရှု ခံ အပစ် ပယ်ခံတွေဖြစ်နေပြီး  လက်ရှိ သူတို့ရဲ့ အနှိမ်ခံ ပစ်ပယ်ခံဘ၀ကနေရုန်းထွက်ချင်နေကြတာပါ။ နိုင်ငံရေးအရ လမ်းညွှန် မှု ပေးမည့် အင်အားစုတရပ်သာလိုပါတယ်။
နိုင်ငံတကာမှာ ကြီးစိုးနေတဲ့ ၀ါဒက စီးပွါးရေးအရ ကမ္ဘာပတ်သွေးစုတ်တဲ့ Globalization ဖြစ်နေတယ်။ ကွန်မြူ နစ်နံမည်ခံထားတဲ့ တရုတ်ကလည်း မော်စီတုန်းစုဆည်းထားတဲ့ဆိုရှယ်လစ်လူ့အဖွဲ့အစည်းကို သွေး စုတ် လူ့ အဖွဲ့အစည်းလုပ်အသုံးချနေတယ်။ Occupy wall street လှုပ်ရှားမှုက အမေရိကန်မှာ ဒီမိုကရေစီနဲ့အရင်းရှင်စံနစ်လင်မယားကွဲသွားပြီကြောင်းပြောခဲ့ကြပြီ၊အာရပ်နွေဦးလှပ်ရှားမှုတွေကလူထုအာ ဏာသိမ်းပွဲမဖြစ်ဘဲ စစ် တပ်အာဏာသိမ်းမှု အဖြစ်ဇာတ်သိမ်းနေတယ်။လူထုအာဏာသိမ်းတဲ့ နည်းကို မကျင့်သုံးနိုင်ခဲ့ကြဘူး။အခု တော့အစ္စလမ်ဘာသားရေးပဋိပက္ခတွေနဲ့ဦးသူသတ်တမ်းလုပ်နေကြရပြီ၊Globalization ကိုInternationalismနဲ့တိုက်ရမှာ ဖြစ်ပေမဲ့ဘယ်ကမ္ဘာ့ကွန်ုမြူနစ်မှမပြောကြတာလည်းလက်ဝဲအင်အားစု တွေရဲ့ အာနည်းချက်ကြီးပါဘဲ။ တိုးတက်တဲ့ အင်အားစုတွေအနေနဲ့ လူတန်းစားအမြင်ကို မြင့်မြင့်မားမား မြှင့်တင် ထားဖို့လိုပါတယ်။ အချောင်သမားဝါဒ ဆန့်ကျင်ရေးဟာ လက်ဝဲအင်အးစုထဲမှာ ပြတ်ပြတ်သားသား လုပ် ဆောင်ရပါလိမ့်မယ်။ တရုတ်ရော၊ အမေရိကန်ပါ ရန်သူ့ ဘက်ပင်း နေတာဖြစ်ပေမဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုက ရေစီစံနှုန်းတွေကိုကိုင် တိုင်းပြီး ကျွန်တော်တို့ လုပ်ဆောင်ကြ ရပါလိမ့်မယ်။ မည်သည့်ဘက်က မြန်မာပြည် သူလူထုအကျိုးငဲ့သလဲကြည့် အကဲဖြတ်ရပါလိမ့်မယ်။ ပြည်တွင်းရှိ တိုးတက်တဲ့ အင်အားစုတွေဟာ အဓိက ရှေ့ဆောင်အင်အားစု ဖြစ်လာမှာပါဘဲ။ ဒါပေမဲ့ အမျိုးသားရေးထက် အတန်းအစား အမြင်ရှိသူတွေသာ ရှေ့ ဆက်ရမည့်တိုက်ပွဲတွေမှာ ရှေ့တန်းကပါနိုင်ကြပါလိမ့်မယ်။
သဘာဝတရးအရ ဖိနှိပ်သွေးစုတ် ဇိမ်ယစ်အဆီဝ နေတဲ့ သူတွေဟာ ပလ္လင်ပေါ်က အလိုလိုဘယ်တော့ မဆင်း ကြပါဘူး။သူတို့က ပလ္လင်ဖင်မြဲအောင် ပရိယာယ်ေ၀၀ုဝ်တွေ လုပ်နေမှာပါဘဲ။ သဘာဝတရားအရဘဲ အဖိနှိပ်ခံ တွေက ဖိနှိပ်သူတွေကို နောက်ဆုံးမှာ တွန်းလှန်အောင်မြင်ကြတာချည့်ပါဘဲ။ ခေါင်း ဆောင် မှုနဲ့ ပြည်သူတွေရဲ့  ထက်မြက် ကျွမ်း ကျင် မှု အရသာ  အချိန်အတိုအရှည် ဖြစ်နေတာပါ။
စစ်အာဏာရှင်ကို တိုက်ဖျက်ကြ။
အောင်ပွဲကိုတိုက်ယူကြ။
ဒီမိုကရေစီ မုချရရမယ်။

ဦးအေးဆောင်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
ဒီဇင်ဘာ ၂၇ ၂၀၁၄။


0 comments: