ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, November 23, 2013

လယ်သမားတွေ အတွက် မြေယာဟာ အာဏာဘဲ။

လယ်သမားတွေ အတွက် မြေယာဟာ အာဏာဘဲ။
 
အထဲဝင်တဲ့ ကိစ္စတွေ ခေတ်စားနေတုန်းက ထိပ်ပိုင်းအစည်းအဝေးတခုမှာသိက္ခာရှိ ရှိပြန်ဝင်ဖို့လို့ပြောတဲ့ ခေါင်းဆောင်ဆိုသူတယောက်ကိုသိက္ခာရှိရှိဆိုတာဘာလဲဗျလို့မေးလိုက်တော့သူမဖြေတတ်၊ ဖြေတတ်ရင် လည်း မဖြေရဲ လို့ ဖြစ်နိုင်တယ်။ ကျွန်တော်မေးချင်တာက - သိက္ခာရှိရှိဆိုတာ - ဝေါနဲ့ ထမ်းကြိုတာလား၊ ပန်းကုံးစွပ်ကြိုတာလား၊စည်တော်နဲ့ယွန်းကြိုတာတာလား၊နိုင်ငံဂုဏ်ရည်တံဆိပ်လိုမျိုးပေးတာလားဆိုတာမေးချင် တာ။  သိက္ခာဆိုက ဒြပ်မဲ့ ပစ္စည်းလို သူ့ဘာသာသူ ရောက်လာတဲ့ ပစ္စည်းမှ မဟုတ်တာ။ အကြောင်းအချက် လက်တွေရှိရမှာဘဲ။အောင်ပွဲမရဘဲ ပြန်တဲ့နောက်ဘယ်လိုပြောင်မြောက်တဲ့အကြောင်းပြချက်တွေ ပေးပေး  အရှုံး သမားရဲ့ ပြန်ခြင်းဘဲ ဆိုတာ မပြောချင် ရင် သာနေ မယ် လူတွေရဲ့စိတ်ထဲကသိနေကြမှာ ပါဘဲ။ အမှန်က လိုချင်တဲ့ အခွင့်အရေးကို ရမရ မသေချာလို့၊ပြောမထွက်လို့သိက္ခာဆိုပြီးလုံးချတာကို သိလိုက် နိုင် ပါတယ်။
အခုလည်းနိုင်ငံရေးပြဿနာကို- နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်လို့ပြောနေကြတာကလည်းအာဏာပြ နာကို  လူယဉ်ကျေးပုံစံနဲ့ ပြောနေကြတာပါဘဲ။တကယ်က အာဏာ ကိစ္စပါဘဲ။ ဘာဖြစ်လို့ တဲ့တဲ့ မပြောလဲ ဆိုတော့ သိပ်ကြမ်းသွားမယ်ထင်ကြလို့ဘဲ ဖြစ်နိုင်တယ်။ ဒါတောင် ဇာတ်ရှိန်မြင့်လာတော့ ဒေါ်စုလည်း အာ ဏာလိုချင်တယ်လို့ ပြောလာရတော့တာဘဲ။ ဒါပေမဲ့ အာဏာ ဆိုတာ တောင်းယူလို့ ရရိုး မရှိဘူး ဆိုတာ ဒေါ်စုခင်မျှာ မသိရှာဘူး။ ရွေးကောက်ပွဲ ဆိုတာ မြန်မာပြည်မှာ မပြောနဲ့ အမေရိကန်တို့၊ အင်္ဂလန်တို့မှာတောင် သိပ် အယုံအကြည်မရှိကြတော့ဘူး။ အဲဒီနိုင်ငံက သမတတို့ ၀န်ကြီးချုပ်တို့ ဆိုတာ အရင်းရှင်ကြီးတွေရဲ့ လုပ်ငန်းတွေကို လည်ပတ်ဖို့ အားပေးမည့် သူတွေကို သာရွေးချယ် ခံရတာလူတွေက သိနေကြတယ်။  မြန်မာ ပြည်မှာက လူထုက မယုံကြည်တဲ့၂၀၀၈ ဖွဲ့စည်းပုံအောက်ကရွေးကောက်ပွဲ ဟာစစ်အာဏာရှင် စံနစ် ကို ကျိုးနွံ ရေး၊လည်ပတ်နေရေး၊ ရှင် သန် ရေး၊ကာကွယ်ရေးဘဲ။ဆိုတာ ကတော့ ဂျပန်ရေချိုးတာထက် ရှင်းနေ တာပါ။
မြန်မာပြည်မှာကော တခြားနိုင်ငံတွေမှာပါ ဖြစ်နေတဲ့ ပြဿနာက နိုင်ငံရေးပြဿနာ မဟုတ်ဘဲ အာ ဏာ ပြဿနာဆိုတာ ရှင်းရှင်းပြောသင့်တယ်။ ပြောတောင် မပြောရဲရင် ရအောင်လုပ်ဖို့ သတ္တိစွမ်းအား ရှိပါ့မလား။အာဏာဆိုတာတောင်းယူလို့မရဘူးဆိုတာကြောင့်နန်းတွင်းအရေးတော်ပုံတွေ၊ တော်လှန်ရေးတွေ၊ ပြည် တွင်းစစ်တွေ ပေါ်နေရတာဖြစ်တယ်။အလုံးစုံတန်ခိုးရှိတဲ့အာဏာမပြောနဲ့လယ်နဲ့ မြေယာ လောက်တောင်းတဲ့ လူထုကော ရသလား၊ လယ်ပိုင်ဖို့ မပြောနဲ့ လယ်သီးစားတောင် ပြန်မချပေးလို့ ဒုက္ခရောက်နေတဲ့ လယ်သ မားတွေ ထုနဲ့ ဒေး။ လက်တွေ့ မြင်ကွင်းတွေမှာ ကြည့်ကြပေတော့။
အာဏာ ပြဿနာ ဆိုတော့ အထက်ကပြောခဲ့တဲ့ ဥပမာထဲကသိက္ခာနဲ့ တူ နေသလိုလို ဒြပ်မဲ့၊ အကောင် အထည်မဲ့၊လိုလိုဖြစ်နေပြန်တယ်။မဟုတ်ဘူးအာဏာဆိုတာလွှတ်တော်ကဆုံးဖြတ်တဲ့ဆုံးဖြတ်ချက် လောက် ဗိုလ်ချုပ်တယောက် သူပေးချင်သလောက်ပေးတဲ့မြေလောက်မဟုတ်ဘူး။ လယ်သမားတွေမှာ အာဏာရှိရင် လယ်သမားတွေ ပိုင်သလောက်လယ်ရရမှာပေါ့၊ သူများပေးသလောက်ရတာက အာဏာမဲ့တာ ကို ပြတာ ဘဲ။ အာဏာဟာ စစ်တပ်ကဗိုလ်ချုပ် ဆီမှာရှိတာ သိသာတယ်။ လယ်သမားတွေဆီမှာ မရှိတာ ထင်ရှား တယ်။ ဒါကြောင့် လယ်ယာမြေ ပြဿနာက အာဏာပြဿနာဖြစ်တယ် နိုင်ငံရေး ပြဿနာလို့ လုံးတုတ်လို့ မရဘူး။
လယ်ယာမြေရရေးဟာ လယ်သမားတွေအတွက် သေရေးရှင်ရေး တိုက်ပွဲဖြစ်တယ်။ အာဏာရယူ ရေးဖြစ် တယ်။အခုတော့ မြန်မာပြည်ကလယ်သမားတွေက ထောင်ကျတွေနဲ့တူတယ်။ ထောင်ထဲမှာ ထောင်ဝင်စာ တွေ့ ခွင့်ဘဲ ဖြစ်ဖြစ်၊ ရေချိုးခွင့်ဘဲ ဖြစ်ဖြစ် ထောင်ပိုင်က ချုပ်ကိုင်တယ်။ ဒီအခွင့်အရေးက ထောင်ပိုင်ရဲ့ သ ဘောပေါ်တည်နေတော့တယ်။ဒီနေ့ တွေ့ခွင့်ရပေမဲ့၊ရေချိုးခွင့်ရပေမဲ့ နောက်နေ့ တွေ့ခွင့်ရချင်မှရမယ်။ ရေချိုး ချင်မှချိုးရမယ်။ထောင်ပိုင်အမိန့်အောက်မှာအကျဉ်းသားတွေခံနေရသလို၊လယ်သမားတွေလည်းအခုကြံ့ ဖွတ် စစ်အာဏာရှင်အောက်မှာ ကြုံနေရတာဘဲ၊ဘာမှ အာမခံချက် မရှိတဲ့ အကျဉ်းသားဘ၀နဲ့ အတူတူဘဲ။
လက်ပံတောင်းကလယ်သမားလူထုရဲ့လှုပ်ရှားမှုတွေဟာ မြန်မာပြည်မှာအာဏာဘယ်သူ့လက်ထဲမှာရှိသလဲ ဆိုတာကိုပြနေတယ်။ စစ်တပ်က ထင်သလိုလုပ်တယ်။ လယ်သမားတွေက အမျိုးမျိုး ဖိနှိပ်ချုပ်ချယ် အချိုးအ နှိမ်ခံ နေရတယ်။ အာဏာကို စစ်ဗိုလ်ချုပ်တွေက လက်ထဲချုပ်ကိုင် ချယ်လှယ်နေလို့ ဖြစ်တယ်။ ဒီတော့ မြန်မာ ပြည် မှာ လူဦးရေအများစု ဖြစ်တဲ့ လယ်သမားအလုပ်သမားတွေရဲ့ အာဏာကို ထူထောင်မှ ဖြစ်တော့မယ်။ လယ် သမားများအတွက်အာဏာဟာ မြေယာဖြစ်တယ်။ဒါကို ရှင်းရှင်းမြင် ပြီးတော်လှန်တိုက်ပွဲကြရမှာ ဖြစ်တယ်။လက်နက်ကိုင်လှုပ်ရှားမှုတွေလည်းလိုအပ်သလိုလုပ်ရလိမ့်မယ်။အာဏာဟာ ပါးစပ်နဲ့ မရနိုင်ဘူး။သေ နတ် နဲ့ မှ ရနိုင်တယ်။ ကြံ့ဖွတ်တပ်ကလည်း သေနတ်နဲ့ ဘဲ အာဏာယူထားတာပါ။
လယ်သမား အရေးဟာ ဒီနေ့ မြန်မာပြည် ဒီမိုကရေစီရရှိရေးတိုက်ပွဲမှာ ဘယ်လောက်အရေးပါသလဲ ဆိုတာကို ဒီစာကြောင်းကို ဖတ်ကြည့်ပါ -
ပစ္စည်းမဲ့လူတန်းစား( ဆင်းရဲသားလို့ ယူဆပါ)အနေနှင့်ပင် လယ်သမားလူထုများပါ တော်လှန်ရေး တိုက်ပွဲ ထဲသို့ ပါဝင်လာမှသာလျှင် ၊ ဒီမိုကရေစီအရေး အတွက် တိုက်ရာတွင် အောင်ပွဲဆွတ်ခူးမည့် တိုက်ပွဲဝင်သူဖြစ်လိမ့်မည်။အကယ်၍ပစ္စည်းမဲ့လူတန်းစားသည်ဤအတိုင်းဖြစ်မြောက်လာစေရန်အတွက်အင်အားမလုံမလောက် ပါ က ဓနရှင်လူတန်းစားသည်ဒီမိုကရေစီတော်လှန်ရေးကို ခေါင်းဆောင်သွားပေလိမ့်မည်။တော်လှန်ရေးကို မိမိ၏ မတည်ငြိမ်သော ကိုယ်ကျိုးရှာ အင်္ဂါရပ်အတိုင်း ပုံသွင်းသွားလိမ့်မည်။ဤအလားအလာကို တားဆီး နိုင် ရန်အတွက် ပစ္စည်းမဲ့ လူတန်းစားနှင့် လယ်သမားများ၏ တော်လှန်သော ဒီမိုကရေစီ အာဏာရှင် စံနစ်မှ တပါး တခြားဘာမှ တတ်နိုင်မည်မဟုတ်။  -  လီနင် - “ဒီမိုကရေစီတော်လှန်ရေးအတွင်း ဆိုရှယ်ဒီမိုက ရေစီပါတီပါတီ၏နည်းပရိယာယ်နှစ်သွယ်”-၀ါဒဖြန့်ချိရေးနှင့် ပညာပေးရေးဌာန - ဗမာပြည် ကွန်မြူနစ်ပါတီ - အုပ်တွဲ၂ ။ အခန်း ၆ ။
လယ်သမားတွေ အတွက် လယ်လုပ်သူလယ်ပိုင်ရေး၊ ပုဂ္ဂလိက အခွင့်အရေး၊ လုပ်ခလစာဖူလုံရေး၊ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေဟာ ဒီနေ့ ဒီမိုကရေစီတော်လှန်ရေးမှာ မရှိမဖြစ် တကယ့်လက်တွေ့လိုအပ်တဲ့ အ ကြောင်း အချက်တွေဖြစ်တယ်။ ယေဘုယျ နိုင်ငံရေး ဆိုတဲ့ စကားလုံးနဲ့ေ၀၀ါးသွားအောင် ကျွန်ုပ်တို့ ဘယ် တော့မှ အလုပ်မခံသင့်ဘူး။
အထက်ဖေါ်ပြပါ စာအုပ်မှာဘဲ - ၁၉၀၅ ခု ပတ်ဝန်းကျင် ရုရှားပြည်မှာ ဖြစ်နေပုံကို လီနင်က ဖေါ်ပြရာမှာ -
လက်ရှိတော်လှန်ရေးကာလအတွင်း မိမိကိုယ်မိမိ ထိန်းသိမ်းရန်အတွက် လူတန်းစားနိုးကြားမှုရှိသော ပစ္စည်းမဲ့အစိတ်အပိုင်းများအပေါ် လုပ်ရိုးလုပ်စဉ် ဖိနှိပ်မှုများကို ပိုမိုပြင်းထန်စွာ ဆောင်ရွက်သည်နှင့် တပြိုင် နက်ထည်း ။ () အလျှော့ပေးချက်များ၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးမည်ဟူသော ဂတိများဖြင့် အလုပ် သမားများကို နိုင်ငံရေး အရလာဒ်ထိုးပြီး၊ တော်လှန်ရေးတိုက်ပွဲမှလမ်းလွှဲရန် ၊ () ထိုရည်ရွယ် ချက်အတွက် မိမိ၏တန်ပြန်အလျှော့ပေးချက် ပေါ်လစီကို ၊ ကော်မီတီများ၊ ကွန်ဖရင့်များ၊ သို့မဟုတ် အလုပ် သမား ကိုယ် စားလှယ်များ ရွေးကောက်တင်မြောက် ခြင်းမှ ဇင်မ်စကီဆိုသော လွှတ်တော်အထိ၊ ဒီမိုကရေစီအတု အသွင် အပြင်လုပ်ငန်းများ ဖြင့် တန်ဆာ ဆင်ရန်၊ () ဖေါက်ပြန်သော သို့မဟုတ် ဘာသာရေး၊လူမျိုးရေး မုန်းတီးမှုများ ဖြင့် ဖုံးအုပ်ခါ အကန်းသဖွယ် ဖြစ်နေသော သူများကို တော်လှန်ရေးကို ဆန့်ကျင်ရန်လှုံ့ဆော်ပြီး - မဲတ ရာ(လက်ကိုင်ဒုတ်)တပ်များ ကို ဖွဲ့စည်းရန် စသည်တို့ ပြုလုပ်နေကြသည်။
ဒါတွေကလည်း ဒီနေ့ကျွန်တော်တို့ ရင်ဆိုင်နေရတာနဲ့ ဘာမှ မကွာတာတွေ့ နေရတော့ ဇာဘုရင်နဲ့ ဒူးမား လွှတ်တော်ဆိုတာကို ရင်ဆိုင်နေခဲ့ရတဲ့ လီနင်ရဲ့ တော်လှန်ရေး အယူအဆနဲ့ လှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ အတွက် များစွာ အကျိုးပြု နေပါတယ်။
ဒီနေ့ မြန်မာပြည်ကလက်ဝါးကြီးအုပ်စစ်ပဒေသရာဇ် တွေကိုတိုက်ဖျက်ပြီးဒီမိုကရေစီတော်လှန်ရေး အောင် မြင်ဖို့ အတွက်လယ်သမားတွေ လယ်ပိုင်ရေး လှုပ်ရှားမှုဟာ အရေးပါလှတာထင်ရှားပါတယ်။ ဒီအရေးကို ကြံ့ဥပ ဒေပြင်ရေး၊ ရွေးကောက်ပွဲဝင်ရေး၊ အားကစားပွဲ၊ မယ်ရွေးပွဲတွေကြားမှာ မေ၀၀ါးစေဖို့ အလေး ထားကြ ရပါလိမ့် မယ်။
အထက်က ရည်ညွှန်းစာ မှာတော်လှန်သော ဒီမိုကရေစီ အာဏာရှင် စံနစ်ဆိုတဲ့ စကားပါလာပါတယ်။ ဒါကိုရှင်းပြရရင် တိုင်းပြည်တခုမှာ အုပ်ချုပ်ပုံစံနစ် တခုသာရှိပါတယ်။ နှစ်ခုရှိလို့မရပါ။ အာဏာလည်း တခု ဘဲရှိပါတယ်။ အာဏာမရှိရင် ထိန်းချုပ်နိုင်စွမ်းမရှိပါ။ ဒါကြောင့် အရင်းရှင်လည်း အရင်းရှင် အာဏာရှင် စံနစ်၊ ကွန်မြူနစ်လည်း အလုပ်သမားလယ်သမား အာဏာရှင် စံနစ်သာဖြစ်ပါတယ်။ အမျိုးမျိုးဖုံကွယ် ထားကြပေမဲ့ အနှစ်သာရမှာ ဒီနှစ်ခုထည်းမှ တခုသာဖြစ်ပါတယ်။ ဒါကြောင့် လီနင်က ဒီမိုကရေစီတော် လှန်ရေး အတွင်း အလုပ်သမား လယ်သမားတွေအနေနဲ့ အာဏာကို ထိန်းချုပ်ရမည့် သဘောထားကို ရှင်းရှင်း တင်ပြ လိုက်တာပါဘဲ။
စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်ကြ။
တော်လှန်သော ဒီမိုကရေစီအာဏာထူထောင်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။
ဦးအေးဆောင်
နိုဝင်ဘာ ၂၄ ၊ ၂၀၁၃။











0 comments: