ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, November 11, 2013

လိုင်ဇာစိတ်ဓါတ် အဓွန့်ရှည်ပါစေ - ။



လိုင်ဇာစိတ်ဓါတ် အဓွန့်ရှည်ပါစေ -

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေက သူတို့ကို အကြမ်းဖက်သမားတွေလို့ မမြင်စေချင်တာရယ်၊ အင်အားမမျှတာရယ်၊ နိုင်ငံတကာက စီးပွါးရေးအကြပ်ဆိုက်ပြီး ဈေးကွက်သစ်ကို ရှာနေတဲ့ အချိန်ဖြစ်နေ တာ ရယ်၊ NLD ကလည်း ၂၀၀၈ ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကန့်ကွက်ရာကနေ ခေါင်းလျှိုဝင် သွား လိုက် တာရယ်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို ကြံ့ဖွတ်စစ်အာဏာရှင်များက ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ညီညွတ်ရေး၊ နယ်ခြားစောင့်တပ် စသည့် ခေါင်စဉ် အမျိုးမျိုးဖြင့် သွေးခွဲထားပြီး မာန်တက် နေတဲ့အချိန်ဖြစ်တာရယ်၊တော်လှန်ရေး အမြင်အားနည်းပြီး  အပစ်ရပ်လိုတဲ့ မကဒတ အပါအ၀င် တိုင်းရင်သား လက်နက် ကိုင် အင်အားစု တွေက ကြံ့ဖွတ်ကိုယ်စား လှယ်တွေနဲ့အဆင့်အမျိုးမျိုးအထပ်ထပ်အခါခါလက်မှတ်ထိုးနေခဲ့ကြတာရယ် တွေကြောင့် နိုင်ငံရေးရည်မှန်းချက်တွေ ဟာ ယိမ်းထိုးနေခဲ့ကြရတယ်။ တိုက်ပွဲ တွေက ကြိုကြား ကြိုကြား ဆက်ဖြစ်နေတုန်း။အခုတော့ အရှေ့တောင်အာရှ အားကစားပွဲ ကို မြန်မာပြည် ကလက်ခံ ကျင်းပရမှာရယ်။ အာရှန်ဥက္ကဌအဖြစ်  ဦးသိန်းစိန်က တာဝန်ယူရတော့ လုံခြုံအောင်၊ မျက်နှာပန်း လှအောင် တပြည်လုံးအတိုင်း အတာ ဆောင်တဲ့ အပစ်ရပ်ရေး သဘောတူညီချက်ဆိုတာကို ကြံ့ ဖွတ်စစ် အစိုးရက လုပ် လိုကြတယ်။ နိုင်ငံကိုတ ကယ် အေးချမ်းဖို့ ဖြေရှင်းဖို့တော့ ရည်ရွယ်ချက်မရှိ၊ စစ်အာဏာ တည်မြဲရေးအတွက် အချိန်ဆွဲ အကွက် ထွင် ခြင်းမျှသာဖြစ်တယ်။
တပြည်လုံးအတိုင်းအတာ အပစ်ရပ်ရေးရည်မှန်းချက်က ဂျွန်လမှစဖြစ်ခဲ့ ကေအိုင်အေ တိုက်ပွဲမှာ အသာ စည်း ရလို့ တဖက်လှဲ့နဲ့ မြူတဲ့ သဘောသာရှိခဲ့တယ်။ အခုတော့ လိုင်ဇာ အစည်းအဝေးမှာကေ အိုင်အေက နိုင်ငံ ရေးအရ လိုင်ဇာအစည်းအဝေးမှာ တိုင်းရင်သားလက်နက်ကိုင် အင်အားစုတွေကို စုစည်းနိုင် တာ ပြခဲ့သလို၊ တိုင်းရင်းသား များအနေနှင့် ဖက်ဒရာယ် စံနစ်ကိုတည်ထောင်ပြီး စစ်အာဏာရှင် စံနစ်ကို ပြောင်းလဲပစ်ရန်လိုလားကြောင်းရှင်းရှင်းလင်းလင်း ဖေါ်ပြနိုင်ခဲ့တယ်။ ပြည်တွင်းရော ပြည်ပကိုပါထုတ်ပြနိုင်ခဲ့တယ်။
ကြံ့ဖွတ်စစ်အာဏာရှင်တို့နဲ့ နီးစပ်နေတဲ့ ဖေါက်ပြန်မည့် အင်အားစုတွေကိုလည်း နိုင်ငံရေးအရ ပြန်လည် ထိန်းသိမ်းနိုင်လိုက်တဲ့ အတွက် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာ မှာ ကျင်းပခဲ့တဲ့ အစည်း အဝေး ရလာဒ်ဟာ မြန်မာပြည်နိုင်ငံရေးအရ တိုးတက်မှုကြီး ဖြစ်ခဲ့တဲ့အပြင် ရှေ့လာမည့် လှုပ်ရှားမှုများအတွက် လမ်းညွှန်အဖြစ် တည်ရှိနေပေလိမ့်မည်။
မြစ်ကြီးနားမှာ ကျင်းပတဲ့ ကြံ့ဖွတ်ကိုယ်စားလှယ်နှင့် တိုင်းရင်သားကိုယ်စားလှယ်တို့ ဆွေးနွေးပွဲမှာ ကြံ့ဖွတ် ဘက်မှ ပီပြင်တဲ့မူတခု မရှိသည့်အပြင် ၈၈နောက်ပိုင်း စစ်အာဏာသိမ်းစဉ်ကပင် ချထားသော မူဟောင်း များကိုသာ ပြန်လည်တင်ပြနေတြာကြောင့်ကြံ့ဖွတ်အင်အားစုဟာ နိုင်ငံရေးချွတ်ခြုံကျပုံကိုလည်း မြစ်ကြီးနားအ စည်း အဝေးမှာ တွေ့မြင်နိုင်တယ်။ သူတို့ချမှတ်ထားတဲ့ လမ်းပြမြေပုံ ဟောင်းအတိုင်း တိုင်းရင်းသား အင်အား စုတို့ကို ကျုံးသွင်းဖို့သာ ရည်မှန်းကြောင်း မြင်သာတယ်။ အလျှော့အတင်း မရှိတာလည်း ထင်ရှားတယ်။
လိုင်ဇာ အစည်းအဝေးရလာဒ်နဲ့ မြစ်ကြီးနား အစည်အဝေးထဲမှာ ဆွေးနွေးကြတော့ နှစ်ဘက်အင်အားစုတို့ တဘက်နှင့် တဘက်ယုံကြည်မှု အားနည်းနေတာ အထူးပေါ်လွင်လှတယ်။ ယုံကြည်ကို စကားလုံးတွေနဲ့ တည်ဆောက်လို့ မရသလို၊ အင်အားနှင် ဖိလို့မရကြောင်း စစ်အာဏာရှင်တွေကသိမြင်ဖို့လိုသလို တော်လှန် ရေး အပေါ် နားမလည်နိုင်တဲ့ စစ်ဗိုလ်များ အနေနှင့် ဘာကြောင့် တော်လှန်ရေးပေါ်လာပြီး၊ ဘာကြောင့် လွယ် လွယ်ဖြေရှင်းမရနိုင်သလဲ ဆိုတာကို လေးလေးနက်နက် သဘောပေါက်ဖို့လိုပေ လိမ့် မယ်။ တော်လှန်ရေးတို့ရဲ့ အနှစ်သာရကို နားမလည်ဘဲ ချေမှုန်းရေး အမြင်လောက်နဲ့ ဆွေးနွေးနေကြပါက ဘယ်လိုနံမည်တပ်တပ်၊ ဘယ်နေရာကို ပြောင်း ပြောင်း တိုးတက်မှုတွေမဖြစ်လာဘဲ ဆွေးနွေးပွဲတွေရဲ့ တန်ဖိုးသာ ကျပြီးရင်းကျ ဆင်းစ ရာသာရှိ နေတော့မယ်။
ယခုအခါ မြစ်ကြီးနားအစည်းအဝေးရလာဒ်ကြီးက နောက်ထပ် ဆွေးနွေးဖို့သာ ဖြစ်ခဲ့တယ်။ဦးနေ၀င်းခေတ် နှီးနှောဖလှယ်ပွဲ တွေလိုသာ ဖြစ်လာတော့မယ်။ တပြည်လုံး အတိုင်းအတာ အပစ်ရပ်ရေးရည်မှန်းချက်ဟာ လည်းေ၀၀ါးသွားပြီ။ ဒီလို့ ဖြစ်ရခြင်းအတွက် အပစ်ရပ်ရေး သဘောထားပေါ် မလေးနက်တဲ့ ကြံ့ဖွတ်စစ် အာဏာရှင်တို့ကိုသာ အပြစ်တင်ကြရမှာဖြစ် တယ်။ သူတို့ဟာတိုင်းရင်းသားနယ်မြေ၊ တိုင်းရင်းသားအခွင့်အ ရေး၊ လုံခြုံရေးတို့ကို တိုင်ရင်းသားများ ကိုယ်တိုင် စောင့်ရှောက်ကာကွယ် ထိန်းသိမ်း နိုင်ခွင့်ကို ငြင်းပယ် တာကြောင့်  ဖြစ်တယ်။တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့် ဆိုတာ စစ်ဗိုလ်တွေ နားလည်နိုင်ဖို့ ခက်တယ်။
သေချာတဲ့အချက်က စစ်အာဏာရှင်ဆိုတဲ့ လူတွေဟာ သူတို့ချုပ်ကိုင်မှုကို လွယ်လွယ်နှင့် ဖြေလျှော့မှာ မဟုတ် သလို အဓမ္မနည်း၊ မတရားနည်း၊ လှည့်ဖြားနည်း၊သွေးခွဲနည်းတွေနဲ့ သူတို့၏ စစ်အာဏာချုပ်ကိုင် မှုကို ဆက်လက်တည်ဆောက်ကြမှာသာဖြစ်တယ်။ ဒီလိုကောက်ကျစ်တဲ့နည်းတွေကို  ရင်ဆိုင်ရာမှာ အတိတ် က မစည်းလုံး ခဲ့မှုတွေ၊ သီးခြားဆန်မှုတွေ၊ သေးမွှားတဲ့ မက်လုံးတွေကို မက်မောခဲ့လို့ နစ်နာခဲ့ရတဲ့ သင်ခန်းစာ တို့ ကို လေးလေးနက်နက်ခံယူပြီး အခိုင်အမာရရှိခဲ့တဲ့ လိုင်ဇာစိတ်ဓါတ်ကို မြင့်မြင့်မားမား စိုက်ထူ ရင်း တိုက်ပွဲ ၀င်ကြဖို့ အားပေးတိုက်တွန်းလိုက်ပါတယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူကိုဝိုင်းတိုက်ကြ။
ကိုယ်ပိုင်ပြဌါန်းခွင့်ကို ရယူကြ။
ဦးအေးဆောင်
နိုဝင်ဘာ ၁၀၊ ၂၀၁၃။


0 comments: