ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Thursday, August 8, 2013

သတိထားမိစေဖို့



သတိထားမိစေဖို့

ဖြစ်နေတဲ့ နိုင်ငံရေးမြင်ကွင်းဟာ ကြာလေရှင်းလာလေဖြစ်နေတယ်။ နေရောင်လာတော့ မြူတွေကွဲ သလိုဘဲ။  ရန်သူ စစ်အာဏာရှင်ရဲ့ဟန်ပြငြိမ်းချမ်းရေး”“အမျိုးသားရင်ကြားစေ့ရေးစကားလုံးတွေအောက် မှာ  ပြိုကျနေတဲ့ အင်အားစုတွေ တွေဝေနေတဲ့ အင်အားစုတွေ ဖေါက်ပြန်နေတဲ့ အင်အားစုတွေ ပိုပိုမြင် သာလာတယ်။ ဒါတွေကို ကျွန်တော်တို့ လက်ပိုက်ကြည့်နေသလို နေခဲ့ကြရတယ်။ ဘာကြောင့်လဲ  ကမ္ဘာ့ အရင်းရှင် စီးပွါးရေး အကြပ်အတည်း လှိုင်းဂယက်က မြန်မာပြည် သေးသေးလေးကိုလည်း ထိခိုက်ပတ် သက်နေလို့ပါဘဲ။ ဒီနေရာမှာ ၈၈ အုံကြွမှုဟာ ကမ္ဘာ့ အခြေအနေကြောင့်လို့ ဆိုတာနဲ့ မတူတာကို လည်း သတိ ထားစေချင်တယ်။ မြန်မာပြည်ရဲ့ ၈၈ လူထုအုံကြွမှုက တိုင်းပြည်ကို မတရား ချုပ်ချယ်ဖိနှိပ် ဖျက်စီးတဲ့ ပြည် တွင်းကစစ်အာဏာရှင် ကို တိုက်ရတဲ့ လှုပ်ရှားမှုပါ။ နိုင်ငံတကာအခြေအနေနဲ့ ဆက်စပ်မှုက အဓိက မကျခဲ့ ဘူး။ ပြည်တွင်းလူထုအုံကြွမှုစစ်စစ်ဘဲ။
လွန်ခဲ့တဲ့ ၂၅ နှစ်က အရင်းရှင် စီးပွါးရေး စံနစ်ရဲ့ အငန်းမရ ဖြစ်မှုဟာ ဒီနေ့ အခြေအနေလို မဆိုးေ သး ဘူး အိနြေ္ဒ ရသေးတယ်။ တရုတ်ရဲ့ သြဇာကိုလည်း အမေရိကန်က ဂရုမထားသေးဘူး။ ဒီအချိန်မှာတော့ အရင်း ရှင် စီးပွါးရေးက သိပ်မကောင်းတော့ဘူး၊ ဥရောပ နဲ့ စပိန်နိုင်ငံတွေလည်း စီးပွါးရေးတွေလည်းချွတ်ခြုံကျလာတယ်။အမေရိကန်ရှိစက်မှုလုပ်ငန်းမြို့တွေလူသူမရှိတော့ဘူး။ ဈေးကွက်တွေ၊ သွေးစုတ်နိုင်သမျှ အခြေအနေ တွေကို သဲသဲမဲမဲ ရှာလာရတဲ့ အခြေအနေကိုရောက်နေတယ်။ နည်းပညာတွေကြောင့် ကမ္ဘာက လည်း ရွာလေး လိုဖြစ်လာတယ်။ ဒီအချိန်မှာ အမေရိကန်၊တရုတ်၊ ဂျပန်၊ ဂျာမန်စတာတွေလည်း ရနိုင်သမျှ ဈေးကွက်နဲ့ သဘာဝ သယံဇာတရယူဖို့အသဲအသန်လုပ်လာရတယ်။အရင်းရှင်စံနစ်ရဲ့ လောဘနဲ့ ရန်လိုမှုတွေကို အရှေ့ အလယ်ပိုင်း အခြေအနေတွေမှာ တွေ့နိုင်တယ်။
ဒီအခြေအနေအောက်မှာ ကျွန်တော်တို့မြန်မာပြည်လေးက ဘယ်လိုရှိမယ် ပြန်ကြည့်ရင် အရင်က တံခါးပိတ်စံနစ်နဲ့ စစ်အာဏာရှင်တွေ ကြီးစိုးနေမှုကို တရုတ်တဦးထည်းသာ အမြတ်ထုတ်နေနိုင်ခဲပေမဲ့ အခု တော့စီးပွါးရေးအကြပ်ဆိုက်နေတဲ့အမေရိကန်အပါအ၀င်အရင်းရှင် နိုင်ငံတွေကသူတို့ကိုယ်တွင်း ပြဿနာ တွေကြောင့်အာရှဘက်ကိုအငန်းမရလှည့်လာခဲ့ကြရတယ်။တရုတ်ဟန့်တားရေးဗျူဟာလည်းပါမှာဘဲ။
ကျွန်တော့်အမြင်ပြောရရင် လမ်းပြမြေပုံတို့၊၂၀၀၈ ဖွဲ့စည်းပုံတို့ကိုက ဥရောပ နိုင်ငံတွေရဲ့ အားပေး ညှိနှိုင်းချက်နဲ့ လုပ်ခဲ့တယ်လို့ယူဆပါတယ်။ဘာဖြစ်လို့လဲဆိုတော့နာဂစ်မုန်တိုင်းဒဏ်အပြင်းအထန်ခံနေရတဲ့ ကြားကဒီဥပဒေကိုသတ်မှတ်ထားချက်မှီအောင်အပြင်းအထန်လုပ်ခဲ့တာကြောင့်ဘဲ။ ရွေးကောက်ပွဲဆိုတာက လည်း အနောက်ဒီမိုကရေစီ ရဲ့ သည်းခြေကြိုက်ဖြစ်နေတော့ တွန်းအားပေးကြတယ်။ စစ်အာဏာရှင်နဲ့ စီးပွါးဆက်သွယ်လုပ်ကိုင်ဖို့ အကြောင်းပြချက်ကောင်းလည်း ဖြစ်လို့ပါ။ ဥပဒေထက် ရွေးကောက်ပွဲ ဆိုတာက စီးပွါးရေးလုပ်ချင်တဲ့ အနောက်နိုင်ငံတွေ အတွက် အရေးကြီးပါတယ်။ဒါတွေက ဖြစ်လာခဲ့တဲ့ အခြေအနေ။
ကမ္ဘာ့စီးပွါးရေး ဈေးကွက် လုယက်နေမှု နိုင်ငံရေးသြဇာ အပြိုင်တည်ဆောက်နေတဲ့ ဒီကာလမှာ ကျွန်တော်တို့က မတရားဖိနှိပ်ချုပ်ချယ်လွန်းတဲ့ ပြည်တွင်းစစ်အာဏာရှင်စံနစ်ကိုဆန့်ကျင်နေရတယ်။ တော် လှန်ရေးက လည်း အထင်ကြီးလောက်အောင် မလုပ်ပြနိုင်ခဲ့ဘူး။ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဥရောပ အမေရိကန် နိုင်ငံတွေကလည်း သူတို့ အတွက် စီးပွါးရေး မက်လုံးပေးနိုင်မည့် အာဏာရှိ အုပ်စိုးသူေ တွကိုဘဲ ပေါင်းသင်း အမြတ်ထုတ်လိုကြတော့ တော်လှန်ဆန့်ကျင်နေတဲ့ အဖွဲ့တွေကို ၀ိုင်းဖိအားပေး လည်ညှစ်လာကြတယ်။နည်းအမျိုးမျိုးနဲ့ စေ့စပ်ရေးအတွက် တောခြောက် ပေးလာကြတယ်။ဒီအခြေအနေအောက်မှာ ဗိုလ်မြလို၊ ဒေါ်စုလို ပုဂ္ဂိုလ်တွေပါသွားကြတာပါဘဲ။ တခြားအရာတွေ ဆက်တိုက် ဖြစ်လာကတော့ ရာသီပေါ် နိုင်ငံရေးအမြင် လောက်နဲ့ ရပ်တည်နေတဲ့ အစုတွေပါဘဲ။
ဒီတော့ ဘာဖြစ်လာမှာလဲလို့ မေးစရာရှိလာတယ်။ အပြင်က လာနေတာက သူတို့အတွက် အမြတ်ရဖို့စီးပွါးရေးဖြစ်တယ်။ ကျွန်တော်တို့ လိုနေတာက ပြည်သူလူထုတွေဘ၀ရှင်သန်ရေးဖြစ်နေတယ်။ ဆန့်ကျင်ဘက်။ ဘ၀ ရှင်သန်ဖို့ကလုပ်ပိုင်ခွင့်လိုတယ်။ ဒါကို ဒီမိုကရေစီ လို့ခေါ်နိုင်တယ်။ ဒီမိုကရေစီက ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အာဏာတွေ ပယ်ဖျက်မှရမယ်။ ပုဂ္ဂလိက လုပ်ပိုင်ခွင့်တွေပေးမှရမယ်။ လုပ်ခလစာပြည့်ဝမှရမယ်။လယ်ပိုင်မှရမယ်။ဒါတွေကို ပြည်တွင်း ပြည်ပကအရင်းရှင်စီးပွါးရေးသမားတွေ၊ မြေယာကို လက်ဝါးကြီးအုပ်ပိုင် စိုးထားတဲ့ စစ်အာဏာရှင် အစွယ်အပွါးတွေက မပေဘူး။ ဒါဟာ ဒီနေ့ တိုက်ပွဲမြင်ကွင်းဘဲ။
ဒီတိုက်ပွဲမှာ ဘယ်ဘက်ကပါမလဲဆိုတာကြည့်ပြီး ဖေါက်ပြန်လားတော်လှန်လားဆိုတာခွဲယုံဘဲ။ လွှတ် တော်တို့၊ ပါတီတံဆိပ်တို့၊ လူမျိုးတို့၊လူပုဂ္ဂိုလ်တို့ဆိုတာက ရန်သူစစ်အာဏာရှင်စံနစ်ဆန့်ကျင်ရေး လုပ်ငန်းကိုေ၀၀ါးရှုပ်ထွေးအောင်လုပ်တတ်လို့သတိထားကြရမယ်။လူပုဂ္ဂိုလ်ကိုးကွယ်မှုဟာ တော်လှန်ရေးအတွက် အကြီးအကျယ် ထိခိုက်စေတာကိုလည်း ဒေါ်စု ဖြစ်ပုံက သိသာတယ်။
ဒီတော့ဒီနေရာမှာ ဆောင်ပါးရှင်RolandWatsonရေးတဲ့ ဆောင်းပါးကို ယေဘုယအားဖြင့် ဘောကျေ ပမဲ့ ကျွန်တော်အမြင်နဲ့မတူတာခုကအာရပ်နွေဦးလှုပ်ရှားမှုတွေမှာအာဏာရှင်ခေါင်းဆောင်လူတဦး တယောက်ကို ပစ်မှတ်ထား လုပ်ဆောင်ရင်းလှုပ်ရှားကြတယ်တဲ့။ ကျွန်တော့်အနေနဲ့ အာရပ်နွေဦးဟာ တဦး တယောက်ထည်းကို ဦးတည်လို့ ဒီလူတွေပြုတ်တာမှန်ပေမဲ့ သူ့စံနစ်က ဆက်သွားနေတော့ ဒီလှုပ်ရှား မှုတွေဟာ အဆင့် တဆင့်ကို မတက်နိုင်ခဲ့ဘူးလို့ ယူဆပါတယ်။ လုပ်ရမည့်အလုပ်က အုံလိုက်ကျင်းလိုက်ကို ဖယ်ထုတ်နိုင်ရမှာဖြစ်ပါတယ်။ ဒီလို ဖယ်ထုတ်နိုင်ရေးက တော်လှန်ဆန့်ကျင်သူတွေ ဘက်ကလည်းအုံ လိုက် ကျင်းလိုက် ၀ိုင်းတော်လှန်ကြရလိမ့်မယ်။ တဦးကောင်းတယောက်ကောင်းနဲ့ လုပ်မရဘူးလို့ဆိုတာပါ။ ဥပမာ ဗိုလ်သန်းရွှေ၊ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်ပြုတ်တာ၊ဒေါ်စု သမတဖြစ်တာ လောက်နဲ့ ဘာမှ မပြောင်းလဲနိုင်ဘူး၊ ကျွန်တော်တိုလုပ်ရမှာက မြန်မာပြည်မှာ စစ်အာဏာရှင် စံနစ်ကို လုပ်ဆောင်နေသူ၊ ကာကွယ်သူ၊ ထောက်ခံသူ၊ ဥပဒေ၊ ယဉ်ကျေးမှု တွေကအစ ပြောင်းလဲပြီး တော်လှန်ရေးယဉ်ကျေးမှုနဲ့ အစားထိုးရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ အတွက် အအောက်ခြေကအစ အခြေခံကျကျ ပြောင်းလဲ အောင် လုပ်ရမယ်။ လူထုအနေနဲ့ အုံနဲ့ ကျင်းနဲ့ အင်အားကောင်းကောင်းနဲ့ နက်နက်နည်းနည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်တတ်ဖို့ လိုပါလိမ့်မယ်။
ဒါတွေက ပုဂ္ဂိုလ်တဦးတယောက်ကို တိုက်ခိုက်တာထက် ခက်ပေမဲ့ တကယ်စံနစ်ပြောင်းလဲ ချင်ရင် ဒီလိုဘဲ အပင်ပန်းခံရပါလိမ့်မယ်။ အပင်ပန်းမခံချင်တဲ့ လူတွေက၊ အကြောင်းအမျိုးမျိုးပြပြီး ရှောင်ဖယ်တာ ရန်သူနဲ့ ပေါင်းတာတွေက တော်လှန်ရေးတိုင်းမှာ ဖြစ်နေကြပါ။ဒါပေမဲ့ တော်လှန်ရေးက နောက်ဆုံး အောင်ပွဲ ဆင်လေ့ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူထုအများစု အကျိုးရှိတာရယ်၊ မှန်ကန်တရားလို့ပါ ဘဲ။ မည်သူကမှလည်း တော်လှန်ရေးကို တားဆီးလို့ လည်းမရနိုင်လို့ပါ။
ဘုံရန်သူစစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေးမုချအောင်ရမည်။

ဦးအေးဆောင်
သြဂုတ် ၈၊ ၂၀၁၃။




0 comments: