၈၈ ငွေရတုပွဲနှင့်
ပတ်သက် ၍
ဒီငွေရတုပွဲကို အားခဲကြတာတွေ အရှိန်ယူနေစဉ်ကတည်းက
သတိထားမိပါတယ်။ ကျွန်တော် အနေနဲ့ သူများစွန်လွှတ်တာကို ဘေးကထိုင်ကြည့်တဲ့ လူလို ဘယ်လောက်မြင့်မြင့်လွှတ်တင်နိုင်ကြမလဲ
ထိုင်ကြည့်ယုံလောက်ဘဲတတ်နိုင်ပါတယ်။အခုတော့စွန်လွှတ်ပွဲလည်းပြီးသွားတော့ဘယ်စွန်ဘယ်လောက်မြင့်၊
ဘယ် စွန်ဘယ်လောက်နိမ့်၊ ဘယ်စွန်ဘယ်စွန်နဲ့ ညိ၊ ဘယ်စွန်ဘယ်လိုကြိုးပြတ် သွားတယ်ဆိုတာ ကို
မြင်လိုက် ရလို့ ကြည့်ရကျိုးနပ်တယ်လို့ ဆိုချင်ပါတယ်။ ဒါပေမဲ့ ရင်ထဲမှာတော့ ၀မ်းနည်းခြင်းဘဲ
ကျန်ရစ်ခဲ့ပါတယ်။၈၈ အရေး တော်ပုံဟာ ၀မ်းနည်းချင်းအထိမ်းအမှတ် ဆိုတာက သေချာခဲ့ပါတယ်။
အခုက ထပ်ဆင့်ဝမ်းနည်း တယ်လို့ ပြောရတော့မှာပေါ့။
၈၈ စိတ်ဓါတ်ကို ပေါင်းစည်းရေး အခြေခံလို့
မြင်ခဲ့တာက မပေါင်းစည်းနိုင်တော့ ရန်ကုန်ပွဲ၊ မန္တလေးပွဲ ဆိုတာဖြစ်ခဲ့ရတယ်။ မျိုးဆက်သစ်လူငယ်တွေ
တက်တက်ကြွကြွ ပါဝင်ကြပေမဲ့ အတားအ ဆီးတွေနဲ့ အဖမ်းအ ဆီးတွေ ကြုံ ကြရတာဟာ အကာအကွယ်မဲ့
ပင်ဂွင်းငယ်ကလေးတွေကို ငှက်ကြီး ကလာ ဆိပ်စားနေ သလိုပါဘဲ။ သူတို့အတွက် ဘယ်သူမှ မကာကွယ်ပေးနိုင်ခဲ့ကြဘူး။
လွန်ခဲ့ ၂၅နှစ်က ပစ်သတ်ခံရတဲ့လူတွေကိုလည်းဘယ်သူမှလာကာကွယ်မပေးနိုင်ခဲ့ကြဘူး။အခုလဲဒီလိုဘဲ၂၅ နှစ်တာကြာခဲ့ပေမဲ့ အထစ်တခုကို
တောင် မတက်နိုင်ခဲ့သေးဘူး။ သွေးစွန်းတဲ့ ဖိနပ်တွေ နေရာမှာ ပြောင်လက်တဲ့ ခမ်း မတွေ ဟောစင်တွေတော့
ပေါ် လာခဲ့ လေရဲ့။ငိုညည်းသံတွေက တော့ ပိုပိုကျယ်လောင်နေတယ်။
ဒါးဒါးချင်း လှံလှံချင်းဆိုတဲ့ မကဒတတွေလည်း
ဒီလို အဖမ်းအဆီးတွေ အတွက်တခွန်းတလေတောင် မဟကြဘူး။သူတို့ကို၈၈ကပေးလိုက်တဲ့တာဝန်ပြီးသွားပြီလား။မြို့ထဲကနံမည်ကြီးတွေလည်းလက်ပံ တောင်းမှာ သန်းခေါင် ကျော်ဝင်စီးမှုအကြောင်း
မသိတာမဟုတ်၊ မသိသလိုဟန်ဆောင်နေကြတာကို တအံ့ တသြမြင် ရတယ်။ ကချင်မှာ၊ ရှမ်းပြည်မှာ သေနတ်သံတွေ
ပြဿနာတွေဟာ ပွဲကဆူညံသံတွေကို မဖေါက် ထွက်လာနိုင်တော့ဘူး။
ပွဲတက်ချင်လွန်းလို့ ဗီဇာအကြိမ်ကြိမ်းလျှောက်သူတွေကလည်း
ဦးအောင်မင်းနဲ့ ညှိထားခဲ့ပေမဲ့ သံရုံးက ဘာမှ အကြောင်းမပြန်လို့ ပွစိပွစိနဲ့ အသံဘလံတွေ
အံကျနေတယ်။ သူတို့ကို ဘယ်သူက အလေး ထားကြမလဲ ဆိုတာကလည်း တွေးစရာတွေဖြစ်နေတယ်။ဘယ်သူကညာ
- ဘယသူကပါ ကြတာလဲ။
ဒီနေ့ဒီရက် သြဂုတ် ၈ ရက်ကို ဒီမိုကရေစီနေ့
သတ်မှတ်ချင်သူတွေလည်းရှိတယ်။ သူတို့အတွက် တင်ပေးတဲ့စင်ကမရှိပြန်ဘူး။ဒီထက်အရေးကြီးတာတွေရှိနေသလိုလိုဘဲ။ပန်းခြင်းတွေ၊ပန်းခွေ တွေ၊ ရေမျှောပန်းပွင့်တွေက ဇိမ်ခံကားတွေနဲ့
ပြွတ်ကြပ်နေတဲ့အခမ်းအနားတွေကိုအန်တုယှဉ်မြိုင် နေကြရတာကိုစိတ်မကောင်းစွာတွေ့လိုက်ရတယ်။
ဆိုင်းသံဗုံသံကြားရင် ပျော်ရွှင်တတ်ကြတဲ့
ကလေးငယ်တွေက ဘယ်လိုဘဲ တောင့်တကြပေမဲ့ သတင်း စာမှာတောင် ဒီပွဲကို အများသိအောင် မထည့်ပေးတော့
ဇာတ်ဆရာဟာ သူ့ဇာတ်သူတ ကယ်မ ကဘဲ ဘယ်လို မိုးလင်း အောင်လိမ်မလဲ ကြည့်ချင်ပွဲတခုဖြစ်ခဲ့ရပြန်တယ်။
စစ်အာဏာရှင်နဲ့ သူ့ကရိုနီတွေ အခွင့်ထူးခံပြီး
ပြည်သူတွေကို နိုင်ငံရေး၊ စီးပွါးရေး လူမှုရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေ အကြောင်း ညွှန်းဆိုထောက်ပြ
ကန့်ကွက်တာ၊ စစ်အာဏာရှင်စံနစ် ဆန့်ကျင်ရေးစကား မပြောဘဲ ၊ မရေရာ မသေချာဖွဲ့စည်းပုံပေါ်မှာ
ပြည်သူတွေကို လှည့်စားဖို့ အားပေးအားမြှောက်ပြုနေတာကို စိတ်ဆင်းရဲ စရာတွေ့နေရတယ်။
ပြည်သူတွေ ရွှင်လန်းဝမ်းမြောက်စေလိုပေမဲ့ ပွဲက ရှုံးပွဲ၊
ထောင်ချောက်ပွဲ၊ အမြတ်ထုတ်ပွဲ၊ သွေး ခွဲပွဲ၊မလွတ်လပ်တဲ့ပွဲ၊ အာဏာပြတဲ့ပွဲ၊ ဒူးထောက်ပွဲ
လိုဖြစ်နေတော့ ပွဲငတ်တဲ့ ပြည်သူတွေကို စာနာ သနား မိပါတယ်။ အားမလိုအားမရ မချိတင်ကဲ ဖြစ်မိတယ်။
တို့ပြည်သူတွေဟာ ဒီလို ၊ဒီလောက်ဘဲ ဖြစ်နေရတဲ့ အကြောင်း ရင်းကိုရှာဖွေ တိုက်ဖျက်ဖို့လည်း
အားပိုတင်းမိပါရဲ့ - ။
ဘယ်လိုအခက်အခဲဘဲ ဖြစ်ဖြစ်၊ဘယ်လောက်အကြပ်အတည်းဘဲ
ဖြစ်ဖြစ်မတရားမှုနဲ့ ဖေါက်ပြန်မှု တွေကို တော်လှန်တတ်တဲ့ သမိုင်းရှိတဲ့ကျွန်တော်တို့
ပြည်သူတွေဟာ ခေါင်းငုံမခံဘဲ ပြညသူ့ဘကသားသူရဲကောင်းတွေဟာ
တောက်ပြောင်တဲ့အနာဂါတ်အတွက် တိုက်ပွဲဝင်ဖို့ တန်းစီနေတာကိုလည်း ကျွန်တော် မျက်စေ့နဲ့
တပ်အပ် ၀မ်းမြောက်ဖွယ်မြင်လိုက်ပါကြောင်း -။
ဖေါက်ပြန်သူတွေကိုဆန့်ကျင်ကြ။
စစ်အာဏာရှင်
စံနစ်မုချကျဆုံးရမယ်။
ဦးအေးဆောင်
သြဂုတ် ၈၊ ၂၀၁၃။
0 comments:
Post a Comment