ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Tuesday, March 5, 2013

ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ ?



ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ ?
ဒီနေ့က လူလုံးကွဲနေပြီ။ ဘယ်သူဟာ ခြံခွနေသလဲ၊ဘယ်သူဟာ ရန်သူနဲ့ ပလူးနေတယ်၊ ပလူးချင် နေတယ်။ဘယ်သူဟာမိတ်ဆွေ၊ဘယ်သူဟာရန်သူဆိုတာကွဲပြားသွားပြီ။စစ်အာဏာရှင်ဗိုလ်ချုပ်တွေက သဏ္ဍာန်အရ ဟန်ပြ ဥပဒေပြုအာဏာ လွှတ်တော် ကို ဗန်းပြ၊ စီပွါးရေးဗန်းပြပြီး အချောင်သမားနဲ့ စီးပွါးရေး သမားတွေကို အားဖြည့် မြူဖွယ်နိုင်သွားတယ်။ သူ့ကိုယ်သူကာကွယ်ထားတယ်။ရက်စက်မှုနဲ့ ချုပ်ကိုင် မှုတွေကနည်းနည်းမှမလျှော့တဲ့အပြင် ဖေါက်ပြန်ရေးသမမား၊လူထုဆန့်ကျင်ရေးသမား တွေရဲ့အားပေးမှုနဲ့ လျှော့ ထားတဲ့ သတင်းမီဒီယာဥပဒေကို ပြန်တင်းကြပ်ဖို့တောင် ပြန်လုပ်လာနေတယ်။ သတင်းစာတွေ ထွက်လာ မှာဖြစ်ပေမဲ့ တင်းကြပ်တဲ့ နဖါးကြိုးတမ်းလမ်းနဲ့ ဖြစ်နေလိမ့်မယ်။ တကယ်တော့ သူတို့ပေးမှ ရ ,ရတဲ့ အခွင့် အရေးဟာ ဘာမှ အာမခံချက်မရှိ၊ဘာမှမ ရေရာတာကိုပညာတတ်အကင်းပါးတွေက မြင်သင့်နေတယ်။ရတဲ့ အခွင့်အရေးလေး၊ နေရာလေးကို မက်ပြီး စစ်အာဏာရှင်တွေအလိုကျ လူထုဆန့်ကျင်ရေး အလုပ်တွေကို ဘဲ ဆက်လုပ်ကြရင် မြန်မာပြည်လူထုရဲ့ မျက်လုံးနဲ့ တူတဲ့ သတင်းမီဒီယာ ဟာ ပျက်ယွင်းသွား နိုင်တယ်။ အရင် အမှောင်ဖုံးခေတ်ကို ပြန်မရောက်ဖို့ အင်မတန် အရေး ထားလှုပ်ရှား တိုက်ပွဲဝင်နေကြရဦး မှာ ဖြစ် တယ်။ ပညာ တတ်အသိုင်းအ၀ိုင်းက လူတွေက အဓိက တာဝန်ဖြစ်လာတယ်။ အားကောင်းမောင်သန်တဲ့ မီဒီယာ ဘက်သား တွေ ထကြွကြရတော့မယ်။ သတင်း နည်းပညာ ဖေါက်ထွက် ဖြန့်ကျက်နိုင်ရေးအတွက် နည်းပညာနဲ့ အဆက် အသွယ်ရေးကွန်ယက်တွေကို တိုးတက်လေ့လာဆည်းပူး ထားရတော့မယ်။
ကြံ့ဖွတ်စစ်အာဏာရှင်တွေကလယ်သမားတွေသူတို့လယ်ပြန်ရရေး၊ မြေယာအသိမ်းခံရသူတွေ မြေပြန် ရရေး တောင်းဆိုသူတွေကို ဖြေရှင်းပေးနိုင်တဲ့အစွမ်းမရှိတာ ပေါ်လွင်သထက်ပေါ်လွင်လာသလို၊ လူ ထု တွေ အနေနဲ့ ရန်သူမိတ်ဆွေ ခွဲခြားမြင်လာနိုင်လာပြီ်။ ကြံ့ဖွတ်စစ်အာဏာရှင် စစ်တပ်ဟာ လယ်တွေကို သီးစားချစားတဲ့ မြေရှင် ပဒေသရာဇ် တပ်ဖြစ်တာလည်း ပေါ်လွင်ထင်ရှားလာတော့  ကြံ့ ဖွတ်စစ်တပ်ရဲ့ အဆင့် အတန်းကို သတ်မှတ်လို့ရနိုင်တယ်။ စစ်တပ်ဟာ လယ်သမားအကျိုးနဲ့ တိုက်ရိုက် ဆန့်ကျင်နေတဲ့ စစ်ပဒေ သရာဇ်တပ်အဆင့်  ယခုလို ၂၁ ရာစုမှာ ရှိနေသင့်သေးရဲ့လား။
နိုင်ငံရေးကွင်းမှာတော့ လူပုဂ္ဂိုလ်၊ ပါတီ နံမည်တွေထက် ပြည်သူတွေအနေနဲ့ နိုင်ငံရေး အမြင်၊ ရပ်တည် ချက်၊ လှုပ်ရှားမှု တွေကို အဓိကထား အာရုံစိုက် ဖို့ လိုအပ်မြဲ လိုအပ်နေတယ်။ လူပုဂ္ဂိုလ် ၊ပါတီ ဆို တာ ထက် လူထုအကျိုး၊ ပြည်သူ့ ဘက်က ရပ်တည်မတည်၊ မည်မျှထိရောက်အောင် လုပ်ပါသလဲ၊ လူမှုရေး လား နိုင်ငံ ရေးလားခွဲခွဲခြားခြားပိုကြည့်တတ်အောင်လုပ်ဆောင်ကြရလိမ့်မယ်။ လေးလံတဲ့သစ်တုန်းကိုထမ်းရာမှာ အဖြားထမ်းသူနဲ့ အရင်း ထမ်းသူ ခွဲခြားတတ်ဖို့ နဲ့ အရင်းထမ်းသူကိုပိုအားပေးထောက်ခံကြရလိမ့်မယ်။ရန်သူ စစ်အာဏာရှင် စံနစ်ကို ဆန့်ကျင်တဲ့ နည်းမျိုးစုံ ရှိပေမဲ့ ပြင်းထန်ထိရောက်တဲ့ နည်း ကျင့်သုံးသူတွေကို ဦးစား ပေး ထောက် ခံရ မယ်။ကိုယ့်လူ သူ့ဘက်သားတွေကို ဖေါ်ထုတ်ပြီး ဖွင့်ချ၊ ရှုတ်ချ၊ ထုတ်ပယ်ရမယ်။ ဒီလိုမလုပ်သမျှကာလပတ်လုံး တော်လှန်ရေးဟာ ရှေ့မတိုးနိုင်သလို ပြည်သူတွေရဲ့ယုံကြည်မှုလည်း နိုင်ငံရေး အဖွဲ့အစည်းတွေအပေါ်ပျက်ယွင်းသွား နိုင်တယ်။ ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်တွေကနယ်စပ်နိုင်ငံရေးမှာ ဖြစ်ခဲံတဲ့ ပုံမျိုး၊လူမှုအဖွဲ့အစည်းတွေ၊ NGO တွေဝင်မွှေသလို အခြေအနေမျိုးဖြစ်နေတယ်။ နယ်စပ်အဖွဲ့တွေ အခု ပတ်တုတ်မရ ၊ တော်လှန်ရေးလမ်းကြောင်းက သွေဖီနေတာကို ပြည်သူတွေ မြင်သာပါတယ်။
အရင်းအနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ အရင်းအနှီးမြုပ်နှံတာကို မဆန့်ကျင်ပေမဲ့ လယ်သမားတွေရဲ့ ဘ၀ရပ်တည်မှု အတွက် လယ်ယာမြေပိုင်ဆိုင်ရေး ဟာ မရှိမဖြစ်လိုအပ်တယ်။ အလုပ်သမား တွေ အတွက်လည်း လုပ်ခလ စာက ဖူလုံမှ ဖြစ်မယ်။ လူမျိုးရေး ဆန့်ကျင်မှုမဟုတ်ဘဲ အခွင့် အရေး တိုက်ပွဲဖြစ် တယ်။ ဘ၀ရပ်တည်ရေးတိုက်ပွဲ ဖြစ်တယ်။ ဒါကို ကျွန်တော်တို တတွေ ရှင်းရှင်းလင်း သိထားရမယ်။ ဘာသာ ရေး၊လူမျိုးရေး ပဋိပက္ခတွေဟာ ပယောဂ အမျိုးမျိုးကြောင့် ပေါ်လာနိုင်ပေမဲ့ လက်တွေ့ ဘ၀ရပ် တည်ရေးနဲ့ စီးပွါးရေးရုပ်ဘ၀တွေ အဆင်ပြေတိုးတက်ဖို့လိုတယ်။ဒါတွေ အဆင် ပြေဖို့ ဆိုတာ စစ်ပဒေ သရာဇ်စံနစ်ရဲ့ကြိုးကိုင်ချယ်လှယ်နေတဲ့ဖိနှိပ်မှုအောက်ကလွတ်မြောက်ပြီးကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့၊ လူထုကိုယ်စားပြု လူထုအားကိုးယုံ ကြည်တဲ့  အစိုးရဖြစ်မှ ဖြေရှင်းနိုင်မည့် ကိစ္စတွေဖြစ်နေ တယ်။ဒါကြောင့်အဖိနှိပ်ခံ ပြည်သူ တွေအနေနဲ့စစ်အာဏာရှင်စံနစ် ဖြုတ်ချရေး၊လူတန်းစားတိုက်ပွဲ အောင်မြင်ရေးကိုမြဲမြဲခိုင်ခိုင်နားလည်ဖို့လိုပါ တယ်။
လက်တွေ့ အခြေအနေက အိမ်ဦးခန်းမှာ တက်နေနေတဲ့ စစ်အာဏာရှင်ရဲ့အကျင့်ဆိုးတွေကိုပြုပြင် လို့ မရတာ၊ အမြစ်နက်နက်တွယ်ပြီးလှိုက်စားနေတဲ့ အနိုင်ကျင့် သွေးစုတ်မှုတွေကြောင့် ပြည်သူတွေဘ၀ နစ်သ ထက်နစ်နေတာ တွေ့နေရတော့  “ပြုပြင်ရေး”ထက် “ အမြစ်က  လှန်ရေး” ကို လုပ်ဆောင်ကြရ မှာ ဖြစ် တယ်။ ဒီလိုလုပ်ဖို့က နိုင်ငံရေး အဖွဲ့အစည်းတွေ အောက်ခြေ အထိ ဖွဲ့စည်းနိုင်ရေးကို အကောင် အ ထည်ဖေါ်ရ လိမ့်မယ်။ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး အနေနဲ့ ကျေးရွာ ရပ်ကွက်အထိ “လွတ် မြောက်ရေး ကော်မီတီ” တွေ ဖွဲ့ဖို့ အစီအစဉ်တွေရှိတယ်။ တော်လှန်ရေး အဖွဲ့ အစည်းဖြစ်တော့ လျှိုဝှက်ဘဲ။ တခြား တိုးတက်တဲ့ အဖွဲ့တွေ အနေနဲ့လည်း အခြခံကျကျ လုပ်စေချင် ပါ တယ်။ရည်ရွယ် ချက်ကတော့လူထု တွေ နိုင်ငံရေးလှုပ်ရှားမှုထဲထည်းထည်းဝင်ဝင်ပါလာပြီး ဖေါက်ပြန်တဲ့၊လူထုဆန့်ကျင်ရေး သမားတွေကို ထိထိမိမိ ဆန့်ကျင်နိုင်ဖို့ဖြစ်တယ်။
ဒီနေ့ကြွေးကြော်ရမည့်ကြွေးကြော်သံက “လယ်လုပ်သူလယ်ပိုင်ရေး”“ပုဂ္ဂလိက မြေယာပိုင်ဆိုင်ခွင့်၊” “ဖူလုံတဲ့လုပ်ခလစာစာရေး” ဖြစ်တယ်။“ဖက်ဒရာယ်မူ” ဖြစ်တယ်။ကြံ့ဖွတ်ဗိုလ်ချုပ်တွေကစစ်ပဒေသရာဇ်ပီပီ မြေတွေ၊ ယာတွေကိုအာဏာနဲ့ချုပ်ကိုင်ပြီးခွဲချင်သလိုခွဲ၊ငှါးချင်သလိုငှါး ပြည်သူကိုအမြတ်ထုတ်သွေးစုတ် နေတာတွေကိုဆန့်ကျင်ရမယ်။ အလုပ် သမား တွေ လုံလောက်တဲ့ လစာမ ရတာ၊ ဆန္ဒပြလို့ အလုပ်ထုတ် ခံရ တာတွေဟာ အလုပ်ရှင်တွေ ကို စစ်အာဏာ ရှင်တွေက အကာ အကွယ် ပေးနေလို့ဘဲ။ အလုပ်ရှင် တွေဘက်ကကြံ့ဖွတ်အစိုးရကရပ်ပြီး၊ အလုပ်ရှင် ကုပ္မဏီတွေနဲ့ ပေါင်းခါ အလုပ်သမားတွေကို ဖိနှိပ်သွေး စုတ် တယ်။ သတ်မှတ်တဲ့ စည်းကမ်းနဲ့ ကတိက၀တ်တွေကို အလုပ်ရှင်တွေဘက်က ချိုးဖေါက်တာများနေတယ်။
အဖိနှိပ်ခံလယ်သမားတွေနဲ့အလုပ်သမားတွေကိုအကာအကွယ်ပေးမည့် ပြည်သူ့တော်လှန်ရေးတပ် ဟာ မရှိမဖြစ်လိုအပ်နေတယ်။ ဆရာစံဟာ သူ့ခေတ်နဲ့ သူမြင်သလောက်လုပ်ခဲ့ရှာတယ်။ ဆရာစံခေတ်က နယ်ချဲ့ ကိုလိုနီအင်္ဂလိပ် ဆန့်ကျင်ရေး ခေတ်ဖြစ်တယ်။ ဒီနေ့က လက်တဆုတ်စာ စစ်ဗိုလ်ချုပ်တွေနဲ့ သူ့ လက် ပါးစေ လက်ဝေခံကရိုနီတွေကစစ်တပ်ကိုသုံးပြီး မြန်မာအချင်းချင်းနဲ့လူမျိုးစုတွေကိုဖိနှိပ်သွေးစုတ်နေ တဲ့ ကာလ ဖြစ်နေတော့ အဖိနှိပ်ခံ ဧရာမ လူထုအများစုနဲ့ လက်တဆုတ်စာစစ်အာဏာရှင် ဗိုလ်ချုပ်တွေရဲ့ ပဋိပက္ခ၊ တိုက်ပွဲဖြစ် တယ်။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံတို့တိုက်ပွဲဖြစ်တယ်။အတန်းအစားတိုက်ပွဲဖြစ်တယ်။ဖိနှိပ်ခံရသူ မှန်သမျှ ပါဝင်တော်လှန်ရမည့် တိုက်ပွဲဖြစ်တယ်။ ကိုလိုနီစံနစ်ဆန့်ကျင်ရေးကာလမဟုတ်ဘူး။ တိုင်းရင်း သားတွေဘက် က မြန်မာကိုလိုနီဆန့်ကျင် ဆန့်ကျင်ရေး သဘောထားရှိကောင်းရှိနိုင်ပေမဲ့ အတန်းအစား တိုက်ပွဲ အသွင်တမျိုး သာဖြစ်မြဲ ဖြစ်နေတာကို လက်တွေ့မှာ သူတို့ သိလာကြလိမ့်မယ်။
လွတ်လပ်ရေးအရသာကို ပြည့်ပြည့်၀၀ မခံစားရဘူးသေးတဲ့ မြန်မာနိုင်ငံဟာ ကြမ်းတမ်းရက်စက်တဲ့ စစ်အာဏာရှင်တွေ သွေးစုတ်အဖျက်ဆီးခဲ့လို့ များစွာခေတ်နောက်ကျတဲ့ လယ်သမားနိုင်ငံ ဖြစ်မြဲ ဖြစ်နေ တာမို့ ပြန့်ကျဲနေတဲ့ လယ်သမားတွေကို အချိန်ယူ စုစည်းရလိမ့်မယ်။ ဒါပေမဲ့ ဖိနှိပ်သူ စစ်အာဏာရှင်တွေ ရဲ့ ပြင်းထန်တဲ့ဖိနှိပ်မှုတွေစုခံရခြင်းကြောင့်၊နည်းပညာတွေ၊ဆက်သွယ်ရေးစံနစ်တွေကြောင့် တော်လှန်ရေးလှုပ် ရှားမှုဟာ အရင်က ထက်များစွာ မြန်ဆန်လာပါလိမ့်မယ်။ စုစည်းမှုဟာလွယ်ကူလာပါလိမ့်မယ်။ အာရပ်နိုင်ငံ လှုပ် ရှားမှုတွေက သက်သေပါဘဲ။
“ လူထုမှာ စစ်တပ်မရှိရင် လူထုမှာ ဘာမှမရှိဘူး။” ဆိုတဲ့ မော်စီတုန်းရဲ့စကားကို အလေးအနက် မှတ်သားနားယူကျင့်သုံးသင့်ပါတယ်။ ကျွန်တော်တို့ လူထုမှာ စစ်တပ်ရှိသလား၊ မရှိရင် ဘယ်လိုရှိအောင် လုပ် မလဲ။ ဒါက ဒီနေ့ ခေတ်ရဲ့ တော်လှန်ရေးသမားတွေကို သမိုင်းက တင်ပေးလိုက်တဲ့ လွှဲရှောင်မရတဲ့ တာဝန်ကြီး တခုဖြစ်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
မတ်လ ၅ ၊ ၂၀၁၃။


0 comments: