ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Wednesday, March 13, 2013

လက်ပံတောင်း စီမံကိန်းဟာ လူထုဆန့်ကျင်ရေး လုပ်ရပ်ဖြစ်တယ်။



လက်ပံတောင်း စီမံကိန်းဟာ လူထုဆန့်ကျင်ရေး လုပ်ရပ်ဖြစ်တယ်။
လက်ပံတောင်းစီမံကိန်းဟာ လူထုဆန့်ကျင်ရေးလုပ်ရပ်ဖြစ်တယ်။မြေရှင်စစ်ပဒေသရာဇ်တွေကလယ်သ မား တွေ အပေါ် ထားတဲ့ သဘောထားအတိုင်း ကြံ့ဖွတ်စစ်အာဏာရှင်တွေက ကျင့်သုံးပြတာဖြစ်တယ်။ ဒီစီမံ ကိန်းဟာ စစ်ပဒေသရာဇ် မြေရှင်တွေက လယ်သမားတွေရဲ့ ဘ၀ရှင်သန်ရေးကို လုံးဝ မျက်ကွယ်ပြုပြီး မြေရှင် က မြေကျွန်ကို ဆက်ဆံသလို ဆက်ဆံကျင့်သုံးတာဖြစ်တယ်။ ၀မ်ပေါင်ကုမ္ပဏီ အနေနဲ့ အမြတ်ရ ရေးသက် သက်နဲ့ ဒီစီမံကိန်းကိုလုပ်တာမှန်ပေမဲ့ အဓိက က စီးပွါးရေး ပိတ်ဆို့မှုကို ရင်ဆိုင်ပြီးစစ်အအာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးတခုထည်းအတွက် နိုင်ငံရဲ့အဖိုးတန်အမွေအနှစ်တွေ၊သယံဇာတတွေကို ဈေးပေါ ပေါနဲ့ ရောင်းစားခဲ့တာဖြစ်တယ်။ လူထုအစိုးရ၊ လူထုသဘောထားအတိုင်း လုပ်ခဲ့တဲ့ အလုပ်မဟုတ်လို့ လူထုက တာဝန်ယူစရာမလိုဘူး။
လက်ပံတောင်းအရေးဟာ တောင်သူလယ်သမားအရေးဖြစ်တယ်။ နေ၀င်းက အစပြုခဲ့တဲ့  စစ်ပဒေ သရာဇ်အာဏာရှင်တွေကအစိုးရအယောင်ဆောင်၊ နိုင်ငံတော်အယောင်ဆောင်ပြီး မြေရှင်အဖြစ် တောင်သူ လယ်သမားပိုင် လယ်ယာမြေတွေ၊ပုဂ္ဂလိကပိုင်မြေတွေကို သူတို့ထင်သလို၊ သူတို့ စိတ်တိုင်းကျ သိမ်းပိုက် ခွဲဝေရောင်းစား၊ အပိုင်စီး ခဲ့တာတွေဟာ မြေယာစုံစမ်းရေး ကော်မီရှင် ကလူသိရှင်ကြားတင်တဲ့  သတင်း အချက်အလက်တွေမှာ တွေ့ နိုင်တယ်။ စစ်တပ်တခုထည်းက သိမ်းတဲ့ မြေဟာ ဧက၂သိန်းခွဲကျော်ရှိတယ်။ လယ်ယာမြေပေါ် အခြေခံပြီး အသက်မွေးရတဲ့ တောင်သူလယ်သမား နိုင်ငံ ဗမာပြည်သူတွေဟာ ဒီစစ်အာဏာ ကြောင့် မွဲတေစုတ်ပြတ်ဆင်းရဲ နေတာကို အခုလို မရေမရာ ပွင့်လင်းနေတဲ့ အချိန်မှာတောင် ဒီလောက် ဖြစ်နေရင် တကယ့် ပွင့်လင်းတဲ့ ကာလမှာ ပိုမိုတွေ့ရှိရဦးမှာပါ။ တိုင်းပြည်ဆင်းရဲတယ် ဆိုတာ လယ်သမား တွေဆင်းရဲလို့ပါ၊ လယ်သမားတွေဆင်းရဲရတာက ၊ လယ်ယာမြေမပိုင်တာ၊ စိုက်ကြိုက်သီးနှံ မစိုက်ရတာ၊လွတ်လွတ်လပ်လပ်မရောင်းရတာ တွေ ကြောင့်ဘဲ။လယ်သမားတွေမြေယာမပိုင်ဆိုင်လို့ဘဲ။မလွတ် လပ်လို့ ဘဲ။ လက်ပံတောင်းအရေးဟာ အဖိနှိပ်ခံမြန်မာပြည်တ၀ှမ်းကလယ်သမားထုကြီးနဲ့ ဖိနှိပ်သူကြံ့ ဖွတ် စစ်ပဒေသရာဇ်မြေရှင်ဗိုလ်ချုပ်တွေနဲ့သူ့လက်ပါစေ နောက်တော်ပါတွေရဲ့ပဋိပက္ခဖြစ်တယ်။ မြန်မာပြည်မှာ ၆၂ ခုကစ ဖြစ်တည်လာတဲ့ ပဋိပက္ခပါ။ အဓိက ပဋိပက္ခလည်းဖြစ်တယ်။
ဒီတိုက်ပွဲမှာ ပြည်သူ့ဘက်ကရပ်မလား၊ စစ်ပဒေသရာဇ် အာဏာရှင်တွေဘက် ရပ်လားဆိုတာကို ကျွန်တော်တိုင်းပြည်က နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေ၊ ပညာတတ်တွေ လူလတ်တန်းစားတွေ  အရပ် သား ဓနရှင်တွေကဆုံးဖြတ်ရပါတော့မယ်။ တောင်သူလယ်သမားတွေက“လယ်လုပ်သူလယ်ပိုင်ရေး” ရဲ့ သရုပ် ဖြစ်တဲ့ “လက်ပံတောင်းတောင် စီမံကိန်းရပ်ရေး” အတွက် တိုက်ပွဲဝင်ကြ မှာဘဲ။ မြန်မာပြည် အနှံ့မှာလည်း လယ်သမားတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့တိုက်ပွဲဝင်နေကြတာဘဲ။ နောက်ဆုံး ဖြစ်ရပ်တော့ မအူပင် ဖြစ်ရပ်ပေါ့၊ လက်ပံတောင်း စီမံကိန်းဆန့်ကျင်ရေးတိုက်ပွဲဟာ ပြည်သူဘက်နဲ့ ဖေါက်ပြန်သူဘက် လမ်းခွဲလည်းဖြစ်တယ်။
လက်ပံတောင်းစီမံကိန်းဟာ မြန်မာပြည်သူတွေ အပေါ် ကိုယ့်အမျိုးသား စစ်အာဏာရှင်က ဘယ်မျှ အထိမထီလေးစားလျှိုဝှက် ကောက်ကျစ်စွာနဲ့အမြတ်ထုတ်သွေးစုတ်နေသလဲဆိုတာပေါ်လွင်ယုံသာမက နိုင်ငံတကာအလည်မှာပါ တရုတ်သြဇာညောင်းပုံ ထင်ရှားသွားတယ်။ မြန်မာစစ်အာဏာရှင်တွေဟာ တရုတ် အိတ် ထောင်ထဲမှာ ရှိနေတာကိုလည်း ပိုမိုသိမြင်သွားကြတယ်။ နိုင်ငံသိက္ခါ လူမျိုးသိက္ခါ ထိခိုက်ခဲ့ယုံသာမကမီးလောင်ဗုံးကိစ္စက သံဃာနဲ့ ပြည်သူတွေ အပေါ် ရက်စက်စွာ ဖိနှိပ်အုပ်စိုးနေတာလည်း ပေါ်လွင်ခဲ့ လေတော့  ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး၊ ဒီမိုကရေစီး တိုက်ပွဲတွေမှာ ဦးလည်မသုန် ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူတွေဟာဒီ“လက်ပံတောင်းစီမံကိန်း” လောက်နဲ့ နောက်ဆုတ်ရရင်တော့ ပြည်သူတွေ က ရာဇ၀င်ရိုင်း ခံမှာ မဟုတ်တာသေချာပါတယ်။
သဘာဝပတ်ဝန်းကျင်တို့၊ယဉ်ကျေးမှုတို့၊လူမှုဘ၀တို့ထက် နိုင်ငံသိက္ခါ၊လူမျိုးသိက္ခါ၊လူထုသိက္ခါ တွေက သမိုင်းမှာ ပြောစမတ်တွင်ရစ်စရာရှိနေတော့မယ်။ လက်ပံတောင်း စီမံကိန်းကို ဆက်လက် လုပ် ဆောင်  လက်ပံတောင်း မြေတူးသံဟာလူထုရဲ့နာကျည်းသံဖြစ်နေတော့မယ်။ဒီစီမံကိန်းဟာအမျိုးသားအမာရွတ်ကြီး အဖြစ် တင်ကျန်နေလိမ့်မယ်။လုပ်ဆောင်သူတွေ၊ ထောက်ခံအားပေးသူတွေဟာသူတို့ဘာသာအကြောင်း ပြ ချက်တွေရှိနေပေမဲ့ ပြည်သူတွေရဲ့ နာကျင်တဲ့ ခံစားချက်၊ မကျေနပ်နပ်ချက်တွေက သူတို့ကို မျိုးဆက်နဲ့ချီ အရိပ်လို တစ္ဆေခြောက်ခံနေရမှာပါ။ 
၂၁ရာစုကမ္ဘာပတ်လက်ဝါးကြီးအုပ်အရင်ရှင် ခေတ်မှာ မြေယာကိုထိန်းချုပ်၊ မြေကျွန်လူတန်းစားတွေ ဖန်တီးသွေးစုတ်တဲ့ ပဒေသရာဇ် စံနစ်ဟာ အင်မတန်ခေတ်နောက်ကျပြီး စက်စုတ်ရွံရှာစရာကောင်ပါတယ်။ တိုးတက်မှုကိုလည်း များစွာ အဟန့်အတားဖြစ်စေပါတယ်။ မြန်မာပြည်ကလယ်သမားတွေ လယ်ကိုစက်နဲ့ မထွန်နိုင်ဘဲ ကျွဲနွားတွေနဲ့ ထွန်နေတာဟာ ရာစုနှစ်ဝက် လုံးလုံး စစ်အာဏာရှင် မြေရှင် ပဒေသရာဇ်တွေရဲ့ ဖိနှိပ်မှုကြောင့်ဘဲ။ ဒီနေ့ လယ်သမားတွေ နိုင်ငံအနှံ့ အုံကြွ ဆန္ဒပြ တောင်းဆိုနေတာရဲ့ အနှစ်သာရလည်း “လက်ပံတောင်း” အရေးမှာ ဆက်စပ် ထင်ဟပ်နေတယ်။ ဒီတော့ လယ်သမားအရေး၊အမျိုးသားရေးအတွက် “ လက်ပံတောင်း ကာကွယ်ရေး တိုက်ပွဲ”ကို တနိုင်ငံလုံးရှိ  လယ်သမားများက၊ တိုးတက်သော လူထုလူ တန်းစားများက တခဲနက်ပါဝင်ဆင်နွဲ သင့်ပါတယ်။
ဆရာစံစိတ်ဓါတ် မြှင့်တင်ကြ။
လယ်လုပ်သူလယ်ပိုင်ရမည်။
လက်ပံတောင်းစီမံကိန်း ချက်ချင်းရပ်။

ဦးအေးဆောင်
မတ်လ ၁၃ ၊ ၂၀၁၃။

0 comments: