လစ်ဘရာယ်ရဲ့
သားကောင်
ကျွန့်တော်ဆိုင်ကယ်က ဂီယာဟာ ထိုးလိုက်ရင်
ပုံမှန်မ၀င်တော့ဘဲ လီဗာ တင်လိုက်ရင် ရှေ့မတိုးတဲ့ အဖြစ်ဖြစ်တဲ့ အခါ၊ ဓါတ်ဆီနဲ့ စက်ဆီအပြင်
ထိုင်းတွေ အခေါ်အရ တူးတီ ဆိုတဲ့ ဆီတမျိုးကို ထည့်ရတဲ့ အခါ၊ သူများဆိုင်ကယ် ကောင်းကောင်းလေးတွေကို
တွေ့ရလို့ ကိုယ့်ဆိုင်ကယ်ကို ရောင်းထုတ်ပြီး အလဲ အ လှယ် လုပ် ချင်တဲ့ အခါတိုင်း ကျွန်တော်
အတွက်သတိရရမိနေတာက ကျွန်တော်အားနာစွာနဲ့ လိုက်လျှောခဲ့တဲ့ အမှား၊ နိုင်ငံရေးစကားနဲ့ဆိုရင်
လစ်ဘရာယ် အမှားကို ပြန်ပြန်သတိရနေမိတယ်။
ဖြစ်ပုံက ဆိုင်ကယ်ကလည်းလိုနေတယ်၊ ပိုက်ဆံကလည်း
အသစ်ဝယ်နိုင်လောက်အောင်မ တတ်နိုင် တော့ ရှိတဲ့
ပိုက်ဆံ ခြောက်ထောင်လောက်လေးနဲ့ ရနိုင်မည့် ဆိုင်ကယ်တစီးကို ရှာတာကကစ တာပါ ဘဲ။ဒီမှာ
တင် ရင်းနှီးတဲ့ ဆိုင်ကယ်ပြင်သမားကို မှာထားလိုက်တယ်။ တနေ့တော့သူက သင့်တင့်တဲ့ ဆိုင်ကယ်တစီး
တွေ့ တယ်၊ ပြောတဲ့ ဈေးနဲ့လည်းရမယ် ဆိုတော့ လာပြတယ်။
ဆိုင်ကယ်က ကျွန်တော်ကြိုက်တဲ့ အမျိုးအစားမဟုတ်ဘူး။
ဒါပေမဲ့ လတ်တဲ့ ပုံရှိတယ်။ စက်အား ကောင်းတယ်။ ဈေးနဲ့ ထိုက်တန်တဲ့ အကြောင်းလည်းပြောတယ်။သူကလူမှန်ပါ။
ဆိုင်ကယ်က သူ့သမီး ဆိုင် ကယ် ၊ သူ့သမီး က မစီးချင်တော့လို့ ရောင်းတာ၊ ငွေလည်းလိုလို့ပေါ့။
ကျွန်တော်ဘက်က ဒီအမျိုးအစား မကြိုက်ပေမဲ့ စီးလို့ရရင်တော်ပြီ ဆိုတဲ့ စိတ်ကို ပြောင်းလာတယ်။
ဆိုင်ကယ်ပြင်သမားကလည်းရင်းနှီးတဲ့သူ ၊အပြောကလည်း ကောင်းတာနဲ့ပေါ့၊ ဒါနဲ့ ၀ယ်မယ်လို့
စိတ်ဆုံးဖြတ်လိုက်တယ်။
အရောင်းအ၀ယ်ဖြစ်တော့ ပစ္စည်းလွှဲတဲ့ သက်သေစာရွက်စာတမ်းတွေ
လုပ်တော့ သူက လိုင်စင် စာအုပ်ပျောက်နေတယ်လို့ ဆိုတယ်။ ဒီတော့ လိုင်စဉ်စာအုပ်မရှိရင်
မ၀ယ်ဘူးလို့ ကျွန်တော်က ပြောတာပေါ့၊ ဒီတော့သူက သူ့သမီးမသိမ်းမဆည်းတတ်လို့ ဖြစ်တာကို
ပြောတယ်။ ဒီဆိုင်ကယ်က ခိုးလာတဲ့ ပစ္စည်း မဟုတ်ကြောင်း သူအာမခံကြောင်း အထပ်ထပ်ပြောနေတယ်၊
လူချင်းကလည်းရင်း အိမ်လည်း မဝေးကြတော့ သူအာမခံရင် ပြီးတာဘဲ ဘာမှမဖြစ်လောက်ဘူး ဆိုတဲ့
အတွေးက ထပ်ဝင်လာပြန်တယ်။ ဒီတော့ ကျွန်တော်က လူလည်းခင်ရင်းစွဲရှိတော့ လိုက် လျှော ပြီး
သူဆီက လိုအပ်တဲ့ အထောက်အထားတွေ၊ မှတ်ပုံတင်မိတ္တူတွေ ယူလိုက်ပြီး သူ့အကြပ် အတည်းကိုလည်း
ကူညီချင်၊ မိတ်လည်း မပျက်ချင်တော့ ၀ယ်ဖြစ်လိုက်တော့တယ်။
ဆိုင်ကယ်က ကောင်းပါတယ် ၊ စီးရတာ အဆင်ပြေပါတယ်၊
ဒါပေမဲ့ သာမာန်ဆိုင်ကယ်တွေထက် ဆီ အစား များတာကိုတွေ့လာရတယ်၊ နောက်ပြီး ဆိုင်ကယ်က ဓါတ်ဆီနဲ့
စက်ဆီအပြင် နောက်ထပ်စက်ဆီတမျိုး တူးတီ ဆိုတာကို ထဲ့ရတယ်၊ ဒီတော့ ဆီသုံးမျိုးဖိုးကုန်တာပေါ့။
ဆိုင်ကယ်က လိုင်စင်မရှိတော့ သူများ ဆိုင်ကယ်တွေလို ပုံမှန် လိုင်စင်ကြေးတွေ နံပါတ်ပြားကြေးတွေ
မကုန်ဘူး။ဒါပေမဲ့ အစစ်အဆေးတွေနဲပ မတွေ့အောင်တော့ သတိထားသွားနေရတာပေါ့၊လွတ်လွတ်လပ်လပ်မသွားနိုင်ဘူး။
ကျွန်တော်လည်းကိုယ် ဆိုင်ကယ်ပြဿနာကို
သိတော့ သတိထားပြီးစီးနေတာ နှစ်တွေလည်းကြာ လာတော့တယ်။ ထူးထူးထွေထွေပြဿနာတော့ မပေါ်ခဲ့ပါ၊
တခါတော့ မ၀င်ရတဲ့လမ်းကို ခိုးဝင်မိလို့ ပုလိပ်နဲ့ တွေပြီး အဖမ်းခံရတော့၊ ဆိုင်ကယ်ရောင်းတဲ့
လူနံမယ်ပြောပြတော့ သူတို့ သိနေတယ်နဲ့ တူပါတယ်၊ ဘာမှ ပြဿနာကြီးကြီးကျယ်ကျယ်မဖြစ် ။ဒဏ်ငွေလောက်နဲ့
ပြီးခဲ့တယ်။
အခုတော့ ဆိုင်ကယ်က အိုလာပြီ ဂီယာအုံတွေဘာတွေလည်း
မကောင်းတော့ဘူးလားမသိဘူး၊ မကြာခဏလိုလိုပြင်လာရတယ်။ မူလီတွေကလည်းချောင်လာတော့ ဆိုင်ကယ်မောင်းရင်
သံစုံတီးဝိုင်းလိုဖြစ် နေတော့ ဆိုင်ကယ်ကို ရသလောက်နဲ့ ရောင်းပြီး ငွေထပ်ပိုးပြီး ဒီထက်လတ်တဲ့
ဆိုင်ကယ် ကိုဝယ်ချင်လာတယ်၊ ဆီကလည်းစား၊ ဆီကလည်း သုံးမျိုးထည့်ရ၊ ခဏခဏ ပြင်ရဆိုတော့
ပြန်ရောင်းချင်တယ်။ ဒါပေမဲ့ ဘယ်သူ့ ကိုရောင်းမှာလဲ၊ ဘယ်သူက လိုင်စင်မရှိတဲ့ ဆိုင်ကယ်ကို
ဝယ် ချင်မှာလဲ၊ကျွန်တော်ကလည်း သူများနားဝင် အောင် စီကာပတ်ကုံးမပြောတတ်၊ ကျွန်တော့်လို
အားနာပြီးဝယ်တဲ့လူကို ဘယ်မှာရှာမှာလဲ။
ဒီတော့ သွားစရာလာစရာရှိလို့ ဆိုင်ကယ်ကို
စက်နှိုးတိုင်း စက်နှိုးတိုင်း၊ စက်နှိုးလို့ မရတဲ့အခါဆိုပိုဆိုး၊ အချိန်မသင့်သေးဘဲ ဓါတ်ဆီထပ်ထည့်ရတဲ့အခါတိုင်း၊
ကျွန်တော်ကျူးလွန်ခဲ့တဲ့ အားနာလိုက်လျော တတ်တဲ့ ဒဏ်ကို သတိရရနေမိသလို ဒီဆိုင်ကယ် ကို
ဘယ်လို ဘယ်လို အဆုံးသတ်ပြီး ဆိုင်ကယ်နောက် အကောင်း တစီး ဖြစ်လာအောင်ဘယ်လို လုပ်ရမလဲဆိုတဲ့ အတွေးက သူများဆိုင်
ကယ်ပြန် ရောင်းမယ်သ တင်းကြား တိုင်း လဲလှည်ချင်စိတ်ပေါ်လာတိုင်း၊
လိုင်စင်မရှိတာ ၀ယ်မိတဲ့ ဒီလစ် ဘရာယ် ကျခဲ့တဲ့ ဒဏ်ရာကို ပြန်ပြန် သ တိရနေမိတော့တယ်။
ကျွန်တော့်ဆိုက်ကယ်ရဲ့စက်သံက ကျွန်တော့်ကိုလစ်ဘာရာယ်ဖြစ်မိတဲ့ အပြစ်ကို ချို့ယါင်းချက်ကို
အမြဲ လှောင်ပြောင်သတိပေးနေသလို ခံစားနေရတော့တယ်။
လူတင့်
နိုဝင်ဘာ ၈ ၊ ၂၀၁၂။
0 comments:
Post a Comment