ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, November 10, 2012

ကျွန်တော်တို့ ဘယ်ကို ချီတက်ကြရမလဲ။



ကျွန်တော်တို့ ဘယ်ကို ချီတက်ကြရမလဲ။
ဒီမေးခွန်းကို တိတိကျကျသိထားဖို့လိုပါတယ်။ အဖြေကိုလည်း ထိုးထွင်းပြီးသိအောင်လုပ်ဖို့လိုတယ်။ သိပြီး ဆုံး ဖြတ်ခံယူပြီးရင် စွဲစွဲမြဲမြဲ လုပ်ဆောင်ရပါတယ်၊ တွေဝေယိမ်းယိုင်အောင် လုပ်တဲ့ အနှောက် အယှက် တွေကို တိုက် ဖျက်ကျော်လွှားရပါလိမ့်မယ်။ ဒါမှသာ ကျွန်တော်တိုတဦးချင်းဟာ ထက်မြက်တဲ့၊ တန်ဖိုးရှိတဲ့ အောင်မြင်တဲ့ လူတွေ ဖြစ်လာကြလိမ့်မယ်။
ချီတက်ရမည့်ခရီးက ဒီနေ့မှာ ရှုပ်ထွေးနေသလိုဖြစ်နေတယ်။ ဖြစ်ရတဲ့ ကိစ္စက ရန်သူစစ်အာဏာ ရှင်က ပုံပြောင်းပြီး ဟန်ဆောင်နေလို့ပါ၊ သူရဲ့ ပရိယာယ်အောက်မှာ ကျသွားကြတဲ့ ကိုယ့်လူတွေကလည်း ရှိနေတော့ ပြည်သူတွေ တွေဝေနေတာကမဆန်းလှဘူး။ဒီနေ့ မြန်မာမှာရှိနေတဲ့ အုပ်ချုပ်သူတွေဟာ စစ်ပဒေသရာဇ်လူတန်း စား ဖြစ်မြဲ ဖြစ်နေတယ်။ သူတို့ဟာ မြေယာနဲ့ သေနတ်အပေါ်မှာ ချုပ်ကိုင်မြဲ ချုပ်ကိုင်ပြီး ကြီးစိုး နေကြသေး လို့ဘဲ။ဒီတော့ အရင်က မြေယာတွေ မတရားသိမ်းထားတာတွေ ၊ ပေါ်လာသလို ဆက်လက်သိမ်းနေ တာလည်း ရှိနေတယ်။ ဒါတွေက ယနေ့ မမြင်၊ အကြားချင် တဆုံး ဖြစ်နေတာတွေပါ။ ဒီဖြစ်ရပ်တွေက အရင်က မပြော ၀င့်ခဲ့ကြရာက အခုမှပေါ်ပေမဲ့ အရင်က တည်းက စစ်အာဏာသိမ်း ခဲ့တဲ့ အခါထည်းက စခဲ့တဲ့ ပဒေသရာဇ် စရိုက်ပါဘဲ။
အခုတော့ ဗြောင်စစ်ပဒေသရာဇ်ပုံက လူတောတိုးဖို့ခက်လာတာရယ်၊ အာရပ်လှိုင်းတွေရယ်၊ နိုင်ငံ တကာဖိအား ၊ ကမ္ဘာပတ်စီးပွါးရေးစံနစ်( Globalization )၊ သတင်းနည်းပညာ (IT)တွေကြောင့် လူထုကို ဆက် လက်ဖိထားဖို့ မလွယ်တော့တာကြောင့် ဖွဲ့စည်းပုံတို့ ၊ လွှတ်တော်တို့၊အတိုက်အခံတို့ ပုံဖေါ်ပြီး ပဒေသရာဇ် စစ်အာဏာရှင် ကို အရင်းရှင်ပုံဖမ်း ပြည်သူကိုလှည့်စားနေတော့ အမြင်ကရှုပ်ထွေးသ လိုဖြစ်နေရတာပါဘဲ။ တကယ်က ဘောင်းဘီချွတ်ထားတဲ့ စစ်ပဒေသရာဇ်အာဏာရှင်ပါဘဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မြေနဲ့ လက် နက်ပေါ်မှာ ဆက်လက်အခြေခံနေလို့ဘဲ။လွတ်လပ်တဲ့ဥပဒေတွေ၊ ရွေးကောက်ပွဲတွေ၊ သတင်းလွတ်လပ်ခွင့်၊ နိုင်ငံရေးလွတ်လပ်ခွင့်တွေကိုလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ချုပ်ချယ် ဖိနှိပ်ထား တုန်းပါ ဘဲ။
၇၄ ဖွဲ့စည်းပုံက မြေယာကို ချုပ်ကိုထားတာဟာ ဒီ ၂၀၀၈ မှာလည်းတူတူပါဘဲ။ စိတ်ကောင်း စေတ နာတွေနဲ့ လုပ်ကြတယ်ဆိုတာက စိတ္တဇဆန်သလို ဘာမှ အာမခံချက်မရှိပါဘူ။ ဥပဒေမှာ ပြဌာန်း လိုက် တော့ကော ပြောင်းလိုက်တော့ကော ပြီးသွားမလား ဆိုတော့ မပြီးနိုင်ဘူး၊ စစ်ပဒေသရာဇ် စရိုက်ဆိုးက ရာစုနှစ်ဝက်မက တည်ဆောက်ထားတာတွေကို ရိုက်ချိုးဖို့က ပြင်းထန်တဲ့ ဒိုင်းနမိုက်နဲ့ စက်ကြီးတွေက သာ အမြန် ချေဖျက်နိုင်မယ်။ ဒါကိုတော်လှန်ရေးလို့ ရှင်းရှင်းဘဲ ပြောရလိမ့်မယ်။ လုပ်နိုင် တာသူက လူထုဘဲ။ တခြားလူမဟုတ်ဘူး။
ဒီနေ့ ဖြစ်နေတဲ့ ပြဿနာတွေ၊ အကျင့်ပျက်မှုတွေ၊ အောက်ခြေကမတရားအနိုင်ကျင့်မှုတွေက အရိုးစွဲနေတဲ့ စစ်ပဒေသရာဇ် လက္ခဏာတွေဘဲ ဖြစ်နေတယ်။ လက်ရှိအစိုးရဆိုတာကလည်း လူထုတွေ ရဲ့မျက်စေ့ထဲမှာ အားကိုးလို့ရ နိုင်ပါ့မလား ၊ ဟုတ်ရဲ့လား ဆိုတဲ့ သံသယကြားမှာ နေနေရတော့ ကြီးပွါး ချမ်း သာပြီး၊ အသပြာ ရောအာဏာပါ အခြေခိုင်နေတဲ့ လက်ပါးစေလက်ဝေခံ၊အမြတ်ထုတ် မည့် ခေတ်ဟောင်း သွေး စုတ် သူတွေကတရားနည်း၊မတရားနည်း နည်းပေါင်းစုံနဲ့ အစွမ်းပြ ခြိမ်းခြောက်ေ နတဲ့ ကာလပါဘဲ။
အနှစ်သာရက စစ်ပဒေသရာဇ် စရိုက်လကဏ္ခာတွေကို ပြောင်းရမှာပါ၊ ပြောင်းတာတော့ဟုတ်ပြီ ဘယ်ကို ပြောင်းမှာလဲ ဆိုတာက ရှိသေးတယ်၊ ပြောင်းခိုင်ပြီး နေရာမရှိတဲ့ ပြောင်းနည်းကားလည်း မဟုတ်ပြန် ဘူး။ပဒေသရာဇ် စံနစ်ထက် တဆင့်မြင့်တာက အရင်းရှင်စံနစ်ပေါ့၊ အရင်းရှင် လို့ဆိုတာနဲ့ ဒီမိုက်ရေစီလို့ ကျွန်တော်တို့က တမ်းမြင်တတ်ကြတယ်၊ ဒါကလည်း အရင်းရှင်တွေက ကျွန်တော်တို့ကို သွင်းထားတဲ့ အပင်း ဘဲ။ဒီကိစ္စကိုနောက်ထားပြီး မြေရှင်ပဒေသရာဇ်ခေတ်ကနေ အရင်းရှင်စံ နစ် ကို ပြောင်းနိုင်ဖို့ကလူထုတွေ အနေနဲ့ မြေယာ ပိုင်ဆိုင်မှု ရှိမှ ဖြစ်မယ်။ မြေယာတွေကို နိုင်ငံတော်ဆိုတဲ့ နံမယ်နဲ့ လက်ဝါးကြီး အုပ် ချယ်လှယ်နေလို့ တော့ စစ်ပဒေသရာဇ်စံနစ်က ပျောက်မှာ မဟုတ်ဘူး၊ ဒါဟာ လူးတဦး အစိုးရတခုနဲ့ မတူဘူး စံနစ်ကို ပြောင်းစေချင်ရင် လုပ်ရမှာ ကို ပြောတာ၊ ဘာအာဂါတတွေ အမုန်းတွေနဲ့ ပြောတာမဟုတ်ပါဘူး။စစ် တပ် ဟာလည်း လူထုက အချုပ်အချယ်ကင်းကင်း လွတ်လွတ် လပ်လပ် ရွေးချယ်ထားတဲ့ အစိုးရကို သစ္စာခံခြင်းမှ တပါး တခြားမလုပ်ရပါဘူး၊ ဒီနေရာ မှာ ပြည်ေ ထာင် စုပုံစံတွေက ရှိသေးတယ်၊ ဒါကိုလည်း နောက်ထား လိုက်ရဦးမယ်။ နောက်မှ ထပ်ရှင်းရမယ်။ရှည်မယ်။
အခုက ဘယ်ကိုချီတက်ရမလဲ ဆိုတာက လက်ငင်းမှာ မြေယာပိုင်ဆိုင်ခွင့်၊ လယ်လုပ်သူလယ် ပိုင်ရေး၊ ပုဂ္ဂလိကပိုင်ဆိုင်မှု အသိအမှတ်ပြုရေး၊ လူထုအုပ်ချုပ်ရေးဖြစ်ဖို့၊ခေတ်သစ်နည်း ပညာတွေ ကို ဖေါ်ထုတ် ထုတ် အသုံးပြုနိုင်ဖို့ဖြစ်တယ်၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ရှိဖို့က အရင်းရှင် စံနစ်ရဲ့ ဒေါက်တိုင်ဖြစ် ပါတယ်၊ ဒီတော့ လယ်လုပ် သူလယ်ပိုင်ရေး၊ မြေယာ ပိုင်ဆိုင်ရေးက ဒီနေ့ ချီတက်ရမည့် အနီးဆုံး ပန်းတိုင်ဖြစ်တယ်၊ ဒီပုဂ္ဂလိက ပိုင်ဆိုင် မှုတွေကို အထောက်အကူပြုစေတဲ့ အာဏာသုံးရပ်ဖြစ်လာဖို့ လိုတယ်။ စစ်ပဒေသရာဇ်ကို အကာအကွယ်ပေး၊ ပြည်သူကိုဖိနှိပ်တဲ့ သုံးရပ်မဟုတ်ရဘူး။ စစ်ပဒေသရာဇ် ဥပဒေမဟုတ် သလို ပုဂ္ဂလိက လူတဦးချင်း အပေါ် အသိအမှတ်ပြု လေးစားတဲ့ ဥပဒေနဲ့ လုပ်ရမှာ ဖြစ်တော့ ၂၀၀၈ ဥပဒေ ဆန့်ကျင်ရေးက လိုအပ်မြဲလို အပ်နေတယ်။
ဒီတော့ ကျွန်တော်တို့က ပုဂ္ဂလိက ပိုင်ဆိုင်မှုရှိတဲ့ အရင်းရှင်ဒီမိုကရေစီ စံနစ်ဆီချီတက်ရမှာပါ၊ ဒီနေရာ မှာ အရင်းရှင်နဲ့ ဒီမိုကရေစီကို တွဲသုံးတာကို သတိထားစေချင်ပါတယ်။ The marriage of capitalism and democracy  is over .( အရင်းရှင်နဲ့ ဒီမိုက်ရေစီတို့ လက်မယားကွဲပြီ) ဆိုတဲ့ စကားကို ပါးလိုပါတယ်။ အရင်း ရှင်ဒီမိုကရေစီ ဆိုတာ ဒီမိုကရေစီထဲက ဒီမိုကရေစီတမျိုးသာဖြစ်တာကို အလေး ထားစေချင်ပါတယ်။ အရင်း ရှင်ဒီမိုကရေစီဟာ အားလုံးအတွက် ဒီမိုကရေစီမဟုတ်သေးပါဘူး။ ကျွန်တော် တို့ မြန်မာပြည်သူတွေ အနေနဲ့က အဲဒီ အရင်းရှင်ဒီမိုကရေစီလောက်ကို မခံစားရတာ ရာစုနှစ်ဝက်ကျော်ပြီ။
အခုတော့ ကျွန်တော်က ပုဂ္ဂလိက ပိုင်ဆိုင်မှုကိုပေးမည့် အရင်းရှင် ဒီမိုကရေစီကို ချီတက်ဖို့ ဆိုတော့ ဘယ်သူတွေနဲ့ ဘယ်လိုချီတက်မလဲ ဆိုတာ ထပ်ပေါ်လာတော့မယ်။ စစ်ပေးသရာဇစံနစ်ကို ဆန့်ကျင်ဖို့ စစ်ပ ဒေသရာဇ်ကြံ့ဖွတ်တွေနဲ့အမြီးစားဘက်၊ ခေါင်းစားဘက်တွေက လုပ်မှာ မဟုတ်သလို အရင်း ရှင်တွေကလည်း လုထုတွေ အားတက်လာမှာကို မလုပ်ပါဘူး။ သူတို့က မြန်မာပြည်သူလူထုအပေါ် များများအမြတ်ထုတ်၊ များများသွေးစုတ်နိုင်အောင် လူထုကိုဖိနှိပ်ဖို့စစ်ပဒေသရာဇ်ဘက်သားတွေ ကို မွေး ထား ဖို့လိုနေလို့ဘဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့   စစ်အာဏာရှင်နဲ့ သူလက်ပါးစေလက်ဝေခံတွေကို ဦးတည်တိုက်နိုင်ဖို့ကအခြေခံအလုပ်သမားလယ်သမားတွေ၊ဖိနှိပ်ခံဆင်းရဲသားပြည်သူတွေဖြစ်မြဲ ဖြစ်နေပါတယ်။ စစ်ပဒေသရာဇ်စံနစ် ကို ဆန့်ကျင် တဲ့ ဓနရှင်တွေ၊ တိုးတက်တဲ့ ဓနရှင်တွေ ၊ ဓနရှင်ပေါက်စတွေ၊ အလုပ်သ မား လယ်သမားတွေ၊ လက်လုပ် လက်စားတွေနဲ့ ပေါင်းပြီး စစ်ပဒေသရာဇ်အာဏာကို တိုက်ဖျက်ရမှာပါ။
ချီတက်ရမည့် အနှီးဆုံးပန်းတိုင်က အရင်းရှင်စံနစ်ဖြစ်ပြီး၊အဖိနှိပ်ခံ တိုင်းရင်းသားပေါင်းစုံ အလုပ်သ မား လယ်သမား ဆင်းရဲသားတွေကို အခြေခံ၊ တိုးတက်တဲ့ အမျိုးသား ဓနရှင်တွေ၊ ဓနရှင်ပေါက်စတွေပေါင်း ပြီး စစ်ပဒေသရာဇ် လက်ဝါးကြီးအုပ်မြေရှင်စံနစ်ကို တိုက်ဖျက်ရေးပန်းတိုင်ဖြစ်တယ်။ဒါကို ကျွန်တော်က “တော်လှန် တဲ့ ဒီမိုကရေစီ” လှုပ်ရှားမှုလို့ခေါ်ပါတယ်။
“မြေယာပိုင်ဆိုင်ရေး၊ လယ်လုပ်သူလယ်ပိုင်ရေး၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် ” ဆိုတဲ့ ကြွေးကြော်သံဟာ ဒီနေ့ ကျွန်တော်တို့ ကြွေးကြော်သံ ဖြစ်သင့်ပါတယ်။ကျွန်တော်တို့ ချီတက်ရမည့် ဒီနေ့ပန်းတိုင်ပါ။
လေးစားစွာဖြင့်
ဦးအေးဆောင်
နိုဝင်ဘာ ၁၀၊ ၂၀၁၂။





Wednesday, November 7, 2012

ဘာကြောင့် လူထုတွေက အင်အားသုံးဖို့လိုအပ်သလဲ ။



ဘာကြောင့် လူထုတွေက အင်အားသုံးဖို့လိုအပ်သလဲ ။
လူထုတွေရဲ့အင်အားပြပွဲဟာ မြစ်ဆုံအရေး၊ လျှပ်စစ်မီးအရေး။ အိုအိုင်စီရုံး ကိစ္စတွေမှာ လိုက်လျှော မှု တွေ ရခဲ့ တာကို ကြည့်ပြီး လူထုအင်အားပြမှုဟာ အတော်အတန်ထိရောက်တာကို တွေ့နေရပါတယ်။ ဒါပေမဲ့ တဖက်မှာ စစ်အာဏာရှင်တွေရဲ့ လက်ပါးစေ အုပ်စုတွေက လက်ပံတောင်း၊ပြည်နဲ့ တခြားနေရာတွေက လူထု ဆန္ဒပြဖေါ်ထုတ်မှုကို ရိုက်နှက်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ တရားတဘောင်စွဲပြီးဖိနှိပ် ချုပ်ချယ်တာ တွေကို တွေ့နေရတုန်းပါဘဲ။ဆက်လည်းလုပ်လာပါလိမ့်ဦးမယ်။
ဒီဖြစ်ရပ်တွေကို အကြမ်းပြင်း သုံးသပ်ရင် စစ်အာဏာရှင် တွေရဲ့ အရင်းအမြစ်ကို ထိခိုက်နိုင်တာတွေ၊ တပြည်လုံးအတိုင်းအတာဆောင်နိုင်မည့် လှုပ်ရှားမှုတွေကို ဖိနှိပ် ချုပ်ချယ်ထားပြီး အပေါ်ယံမျက်နှာစာ ပြုပြင် ပြောင်း လဲမှုများကို သာ လူထုကျေနပ်စေရန် ဖြေသိမ့်နေတဲ့ သဘောကိုတွေ့နိုင်ပါတယ်။
စစ်အာဏာရှင်ရဲ့ ဖိနှိပ်ရေး ယန္ဒယားတွေအပြင် စီးပွါးရေးကုမ္ပဏီတွေရဲ့ မြေသိမ်းမှု၊ စီးပွါးရေးလက် ၀ါးကြီးအုပ်မှု၊ မတရားအမြတ်ထုတ် သွေးစုတ်အနိုင်ကျင့်တာတွေကလည်း ဒီနေ့မြန်မာပြည် နိုင်ငံရေး မြင်ကွင်း မှာ ပေါ်ပေါ်လွင်လွင် ဖြစ်နေဆဲပါဘဲ။ ဒါတွေကို ကင်းပျောက်အောင်လုပ်ဖို့က လူထုမှာ စွမ်းအားကြီးမားတဲ့ အင်အားတရပ်ကို မဖြစ်ဖြစ်အောင် ထူထောင်ထားဖို့လိုပါလိမ့်မယ်။
အခုအခါမှာတော့ လူထုအပေါ် လက်ဝါးကြီးအုပ်စစ်အာဏာရှင်တွေရဲ့ ရာစုနှစ်ဝက်မျှ ကျူးလွန်ခဲ့တဲ့ သွေးစုတ် မှု တွေက ပေါ်ထွန်းလာတဲ့ သတင်းမီဒီယာတွေကြောင့် တစတစပေါ်ပေါ်လာနေပါတယ်။ အရင်းစစ် တော့ အမြစ်မြေက ဆိုတဲ့ အတိုင်း စစ်အာဏာရှင် စံနစ်ကိုဘဲ မြင်မြင်လာကြပြန်ပါတယ်။ ဒါပေမဲ့ အခုမြင်တဲ့ အမြင် က အရင် ၈၈ တုန်းကအမြင်မျိုး ဟုတ်သေးသလားဆိုတာကို စီစစ်ကြည့်ရင် ပြောင်းလဲနေတဲ့ အခြေအ နေကို တွေ့ ရပြန်တယ်။
  အကြမ်းမဖက်တဲ့ ၈၈ လူထုအုံကြွမှုကြီးကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းလိုက်ပြီးနောက် လူထု တွေက လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ လိုအပ်နေတာကို ပြတ်ပြတ်သားသားမြင်လာခဲ့ကြတယ်။ ဒါကြောင့် လဲ ကျောင်းသားတပ်မတော်အပါအ၀င် လက်နက်ကိုင်အင်အားစုတွေ အလျှိုအလျှိုပေါ်လာကြတယ်။ ကျွန် တော် တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးလည်း စင်ပေါ်ရောက်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ လက်နက်ကိုင် တော် လှန် ရေးရဲ့ ဦးဆောင်ခန်းက လူမျိုးစုခေါင်းဆောင်တွေ လက်ထဲမှာ ရှိခဲ့တယ်။ တော်လှန်ရေးဟာ တပြည်လုံး အတိုင်း အတာ နံမည်အရဆောင်ပေမဲ့ အတွေးအခေါ်အရ တပြည်လုံးအတိုင်းအတာမ ဆောင်နိုင် ခဲ့ဘူး။ဒါဟာ ကျွန်တော် တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ အားနည်းချက် တွေလည်းပါနေမှာပါ။
ဒီအခြေအနေအောက်မှာဘဲ ၉၀ ခုနှစ်ရွေးကောက်ပွဲရလာဒ် ကြောင့် ပေါ်လာတဲ့ မျှော်လင့်ချက်တွေ၊ ဒေါ်စုရဲ့ အကြမ်းမဖက်လမ်းစဉ်တွေ၊ ရန်သူရဲ့ စေ့စပ်ရေးထိုးစစ်နဲ့၊ စစ်ရေးထိုးစစ်တွေ၊ တိုင်းရင်းသား အဖွဲ့ အစည်းတွေရဲ့ ကိုယ်ကျိုးကြည့်မှုတွေ၊ ဒီမိုကရေစီအင်အားစုတွေရဲ့ တော်လှန်ရေး သဘောတရား ချို့ငဲ့မှုတွေ ကြောင့် အထက်က ၈၈ လူထုအုံကြွမှုက ပေါ်လာခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေး အမြင်ဟာ ထိခိုက် ခဲ့ရ တယ်။
ဒါပေမဲ့ ဒီနေ့ပြည်သူတွေက စစ်အာဏာရှင်ကို ရင်ဆိုင်တဲ့ နေရာမှာ ဆန္ဒပြပွဲနဲ့ ပုံစံခွက် လွှတ် တော် သက်သက်တို့နဲ့ သာမလုံ လောက်သေး ကြောင်း ပြည်သူတွေ ပြန်သိလာနေကြတာကို သမဂ္ဂတွေ၊ အဖွဲ့အစည်း တွေ ဖွဲ့စည်း နေကြခြင်းက ဖေါ်ပြနေပါတယ်။ဒါပေမဲ့ စစ်အာဏာရှင်စံနစ် ဆန့်ကျင် တိုက်ဖျက်တဲ့ အဆင့်မရောက်ဘဲ ကိုပြည်သူတွေ ကို ကူညီတဲ့ အဆင့်နဲ့ ဘဲ စခန်းသွားနေကြရတယ်။ ဘာနဲ့ တူလဲ ဆိုတော့ အရိုက်ခံရတဲ့ လူကို ဆေးထည့်ပတ်တီးစည်းပေးတဲ့ အလုပ်ကိုသာလုပ်နေကြရပြီး ရိုက်တဲ့ လက်ကို မချိုး ပြစ်နိုင်တဲ့ အခြေအနေပါဘဲ။သူတို့ကလည်း သူတို့ အခြေအနေနဲ့ သူတို့လို့ပြောမှာ ဖြစ်တော့ ကျွန်တော် တို့ကလည်း ကျွန်တော်တို့မှာ ပြောနိုင်တာကို အပြည့်ပြောရမှာပါဘဲ။
ဒါကို မြင်သာတဲ့ ဥပမာက  ရန်သူကြံ့ဖွတ်နဲ့ စေ့စပ်ထားတဲ့ ဗိုလ်ထင်မောင်အဖွဲ့က ဒုဗိုလ်မှူးကြီး စော ဂျိုးဗက် ဆိုသူက ကရင် ပြည်သူတွေ မြေသိမ်းခံရတာကို တား ဖို့ ရန်သူတပ်ကို မကြာသေးမှီက သွားပြောတော့ သူကို မြေယာကိစ္စမှာ ၀င်မပါနဲ့ လို့ ဟန့်လိုက်တယ်တဲ့။ ဒီတော့ ဘာမှ လုပ်မရဘူးလို့ သူခင်မျာ ညည်းတယ်။ ဒါက အာဏာပြဿနာဆိုတာကို သူသိမသိတော့ မသိဘူး၊ အာဏာပြဿနာဆိုတာ ထင် ရှားပါတယ်။ ဒီလို အမှုတွေက စေ့စပ်ထားတဲ့ အဖွဲ့တိုင်းလိုလို ရင်ဆိုင်နေရတာပါ။ဒီအာဏာ ပြဿနာကို နိုင်ငံရေး ပြဿနာလို့ ပြောနေတာက စစ်အာဏာရှင်ရဲ့ စရိုက်ကို နားမလည်သလိုဖြစ်နေပြီး စေ့စပ်ရေးကို အားကိုးလွန်ရာကျပါတယ်။
“မြို့မှာ သပိတ် ၊ တောမှာ တိုက်ပွဲ” လို့ ကျွန်တော်လှုပ်ဆော်ခဲ့ပါတယ်။ အခုဖြစ်တဲ့ မြို့ပေါ်က ဆန္ဒပြပွဲ တွေက ကျွန်တော်လှုပ်ဆော်လို့လို့ ပြောချင်တာမဟုတ်ပါဘူး၊ဖြစ်စဉ်ကိုသာပြောချင်တာပါ။ တောမှာက တော့ တိုက်ပွဲတွေ ရပ်နေတယ်။ ကချင် ပြည်နယ်ကလွဲရင် ပေါ့။ သေနတ်တွေ ချေးပိတ်နေတယ်။ ဒါတွေက မဖြစ် သင့်တာကို ထောက်ပြတာပါ။ တပ်ပေါင်းစုဆိုတာတွေကလည်း ကျားဆွဲခံရတဲ့ ကိုယ့်လူကို ၀ိုင်းကြည့် နေသ လိုဘဲ လုပ်နေကြတာ ဟာ အဖွဲ့အစည်း သိက္ခါတော်တော်ကျတယ်။ တွေးမိတိုင်း အရိုးအထိနာတယ် ဆိုရမလိုဖြစ်နေတယ်။ တောမှာတိုက်ပွဲတွေ လိုနေတာကို သိစေ ချင်ပါ တယ်။ ရန်သူစစ်အာဏာရှင်တွေနဲ့ စေ့စပ်နားလည်မှုယူတာဟာ ဖေါက်ပြန်တာဖြစ်ပြီး၊ ရန်သူနဲ့အတူ ပြည်သူကို ဖိနှိပ်တာဖြစ်ပါတယ်။  
ငြိမ်းချမ်းရေး ဆန္ဒပြပွဲကို ကြံ့ဖွတ်အစိုးရက ဘယ်လိုတုန့်ပြန်သလဲ ဆိုတာ ကို ကြည့်ရင် ငြိမ်းချမ်းရေး ကို ကြံ့ဖွတ်စစ်အာဏာရှင်တွေ မလိုလားတာသိသာပါတယ်။ ဒီတော့ ငြိမ်းချမ်းရေး လုပ်ငန်းဟာ စစ်အာ ဏာ ရှင် လို အစိုးရမျိုးမှာ ဘာမှ အလုပ်မဖြစ်တာကို သိလာကြတော့ အင်အားပြတာ၊ တိုက်ပွဲဝင် တာတွေကို သာ အားထားနိုင်မှာဖြစ်တာ ထင်ရှားပါတယ်။ ဒီလိုဘဲလုပ်ဖို့ တိုက်တွန်းတယ်။
တိုက်ပွဲမပါဘဲ ဘာမှ မရဘူးဆိုတာယုံပါ။ မြင့်မားတဲ့ ရည်မှန်းချက်အတွက် ကြီးမားတဲ့ တိုက်ပွဲတွေ ၀င်ရပါလိမ့်မယ်။
ဒီနေ့ တိုင်းပြည် ပြဿနာကို ဖြေရှင်းဖို့ “ ပါတီပေါင်းစုံ ကွန်ဖရင့်” နည်းကို ၂၀၁၀ရွေးကောက်ပွဲ မတိုင်မှီကကျွန်တော် တင်ပြပါတယ်။အာဏာခွဲဝေရေးရည်မှန်းချက်နဲ့ပါ။ အာဏာကို ခိုးချောင်ခိုးဝှက်လက်ကြား ယို လက် သိပ် ထိုး နည်းနဲ့ မဟုတ်ဘဲ  ခွဲဝေစေချင်လို့ပါ။တိုင်းပြည်ရဲ့ ပြဿနာကို ရိုးရိုးသားသား ပွင့်ပွင့်လင်း လင်း မြန်မြန်ဆန်ဆန်ရှင်းလင်းစေချင်လို့ပါ။  အခုတော့ ကြံ့ဖွတ်စစ်အအာဏာရှင်တွေက သူတို့အစိုးရကို လူရာ ၀င် အောင် လုပ်သွားနိုင်ခဲ့ပါပြီ၊ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာကို ဒီနေရာမှ မသုံးသပ်ပြတော့ပါဘူး၊ အခုတော့ ပင်လုံလိုလို ဘာလိုလို တွေ လေသံပစ်နေတာဟာ တိုင်းရင်းသားတွေကို ချော့မြူဖို့ဘဲ ဖြစ် လာဦးမယ်။ တိုင်းရင်းသားတွေ ရွာလည်နေဖို့ပါဘဲ။ သူတို့ကလက်နက်ရှိတော့ ရန်သူက ဦးစားပေးတာပါ၊ ကျွန်တော်တို့တွေလည်း ဘာကြောင့်လက်နက်နဲ့အင်အားမရှိနိုင်ရမှာလည်းတော်လှန်တဲ့သဘောတရားနဲ့ ထူ ထောင် ရဲရင် ထူထောင်နိုင်ရင် ရှိလာမှာဘဲ။ ရန်သူကလေးစားလာမှာဘဲ။ ဒီတော့အခုအခါ  ကျွန်တော်တို့က လှုပ်ရှားမှုနဲ့ သာရင် ဆိုင်ရတော့မှာ ဖြစ်တော့ တိုက်ပွဲသစ်အတွက်ပြင်ဆင်ရ ပါလိမ့် မယ်။
တိုက်ပွဲရဲ့မူက
အဖိနှိပ်ခံတွေအားလုံး ညီညွတ်ဖို့
တပြည်လုံးအတိုင်းအတာဆောင်ဖို့
လက်နက်ကိုင်တိုက်ပွဲကို ဗဟိုပြုပြီး တခြားတိုက်ပွဲသဏ္ဍာန်နဲ့ ပေါင်းစပ်ဖို့ ဖြစ်တယ်။
ဒီနေ့ဟာ ငြိမ်းချမ်းရေးကာလမဟုတ် စစ်အာဏာရှင်နဲ့ သူ့လက်ပါးစေလက်ဝေခံတွေကို တိုက်ဖျက်ရေး အတွက် တိုက်ပွဲဝင်ကာလဖြစ်တယ် ဆိုတာသိဖို့ လိုတယ်။
လက်နက်ကိုင်တိုက်ပွဲလမ်းစဉ် ဆိုတာကို ရှင်းပြရရင် အင်အားသုံး အာဏာသိမ်းတာကိုပြောတာ။ လူထုအားနဲ့ ဖြစ်ဖြစ်၊ ရန်သူတပ်က ဘက်ပြောင်းလို့ဘဲ ဖြစ်ဖြစ် လုပ်ရမှာကို ပြောတာ။ တောမှ၊ မြို့မှ ရယ်လို့ မဟုတ်ဘူး၊ လက်နက်ကိုင်လမ်းစဉ်မရှိရင်၊ အာဏာသိမ်းဖို့ရည်ရွယ်ချက် မရှိရင် ။ ရှိတဲ့အင်အားဟာ ခေါင်းမရှိတဲ့ ရထားတွဲလို ဖြစ် မယ်။ တော်လှန်ရေးကို တော်လှန်ရေးနဲ့ တူအောင်လုပ်တတ်ဖို့ အမြဲ ဆည်းပူးလေ့လာနေရ မယ်။ဗြောင် ဖြစ်ဖြစ်၊ လျှိုဝှက်ဖြစ်ဖြစ် စုစည်း လှုပ်ရှား နေရမယ်။ အောင်ပွဲဟာ တိုက်ရဲသူအတွက် သာဖြစ်တာ ကို လက် တွေ့က ပြသလာမှာပါ။
ပြည်သူအားလုံး အတွက် တိုက်ပွဲဝင်ကြ။
စစ်အာဏာရှင် ကျဆုံးရမယ်။
လူထုအစိုးရ ပေါ်ထွန်းရမယ်။

ဦးအေးဆောင်
အောက်တိုဘာ ၁၉၊ ၂၀၁၂။


လစ်ဘရာယ်ရဲ့ သားကောင်



လစ်ဘရာယ်ရဲ့ သားကောင်
ကျွန့်တော်ဆိုင်ကယ်က ဂီယာဟာ ထိုးလိုက်ရင် ပုံမှန်မ၀င်တော့ဘဲ လီဗာ တင်လိုက်ရင် ရှေ့မတိုးတဲ့ အဖြစ်ဖြစ်တဲ့ အခါ၊ ဓါတ်ဆီနဲ့ စက်ဆီအပြင် ထိုင်းတွေ အခေါ်အရ တူးတီ ဆိုတဲ့ ဆီတမျိုးကို ထည့်ရတဲ့ အခါ၊ သူများဆိုင်ကယ် ကောင်းကောင်းလေးတွေကို တွေ့ရလို့ ကိုယ့်ဆိုင်ကယ်ကို ရောင်းထုတ်ပြီး အလဲ အ လှယ် လုပ် ချင်တဲ့ အခါတိုင်း ကျွန်တော် အတွက်သတိရရမိနေတာက ကျွန်တော်အားနာစွာနဲ့ လိုက်လျှောခဲ့တဲ့ အမှား၊ နိုင်ငံရေးစကားနဲ့ဆိုရင် လစ်ဘရာယ် အမှားကို ပြန်ပြန်သတိရနေမိတယ်။
ဖြစ်ပုံက ဆိုင်ကယ်ကလည်းလိုနေတယ်၊ ပိုက်ဆံကလည်း အသစ်ဝယ်နိုင်လောက်အောင်မ တတ်နိုင် တော့  ရှိတဲ့ ပိုက်ဆံ ခြောက်ထောင်လောက်လေးနဲ့ ရနိုင်မည့် ဆိုင်ကယ်တစီးကို ရှာတာကကစ တာပါ ဘဲ။ဒီမှာ တင် ရင်းနှီးတဲ့ ဆိုင်ကယ်ပြင်သမားကို မှာထားလိုက်တယ်။ တနေ့တော့သူက သင့်တင့်တဲ့ ဆိုင်ကယ်တစီး တွေ့ တယ်၊ ပြောတဲ့ ဈေးနဲ့လည်းရမယ် ဆိုတော့ လာပြတယ်။
ဆိုင်ကယ်က ကျွန်တော်ကြိုက်တဲ့ အမျိုးအစားမဟုတ်ဘူး။ ဒါပေမဲ့ လတ်တဲ့ ပုံရှိတယ်။ စက်အား ကောင်းတယ်။ ဈေးနဲ့ ထိုက်တန်တဲ့ အကြောင်းလည်းပြောတယ်။သူကလူမှန်ပါ။ ဆိုင်ကယ်က သူ့သမီး ဆိုင် ကယ် ၊ သူ့သမီး က မစီးချင်တော့လို့ ရောင်းတာ၊ ငွေလည်းလိုလို့ပေါ့။ ကျွန်တော်ဘက်က ဒီအမျိုးအစား မကြိုက်ပေမဲ့ စီးလို့ရရင်တော်ပြီ ဆိုတဲ့ စိတ်ကို ပြောင်းလာတယ်။ ဆိုင်ကယ်ပြင်သမားကလည်းရင်းနှီးတဲ့သူ ၊အပြောကလည်း ကောင်းတာနဲ့ပေါ့၊ ဒါနဲ့ ၀ယ်မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။
အရောင်းအ၀ယ်ဖြစ်တော့ ပစ္စည်းလွှဲတဲ့ သက်သေစာရွက်စာတမ်းတွေ လုပ်တော့ သူက လိုင်စင် စာအုပ်ပျောက်နေတယ်လို့ ဆိုတယ်။ ဒီတော့ လိုင်စဉ်စာအုပ်မရှိရင် မ၀ယ်ဘူးလို့ ကျွန်တော်က ပြောတာပေါ့၊ ဒီတော့သူက သူ့သမီးမသိမ်းမဆည်းတတ်လို့ ဖြစ်တာကို ပြောတယ်။ ဒီဆိုင်ကယ်က ခိုးလာတဲ့ ပစ္စည်း မဟုတ်ကြောင်း သူအာမခံကြောင်း အထပ်ထပ်ပြောနေတယ်၊ လူချင်းကလည်းရင်း အိမ်လည်း မဝေးကြတော့ သူအာမခံရင် ပြီးတာဘဲ ဘာမှမဖြစ်လောက်ဘူး ဆိုတဲ့ အတွေးက ထပ်ဝင်လာပြန်တယ်။ ဒီတော့ ကျွန်တော်က လူလည်းခင်ရင်းစွဲရှိတော့ လိုက် လျှော ပြီး သူဆီက လိုအပ်တဲ့ အထောက်အထားတွေ၊ မှတ်ပုံတင်မိတ္တူတွေ ယူလိုက်ပြီး သူ့အကြပ် အတည်းကိုလည်း ကူညီချင်၊ မိတ်လည်း မပျက်ချင်တော့ ၀ယ်ဖြစ်လိုက်တော့တယ်။
ဆိုင်ကယ်က ကောင်းပါတယ် ၊ စီးရတာ အဆင်ပြေပါတယ်၊ ဒါပေမဲ့ သာမာန်ဆိုင်ကယ်တွေထက် ဆီ အစား များတာကိုတွေ့လာရတယ်၊ နောက်ပြီး ဆိုင်ကယ်က ဓါတ်ဆီနဲ့ စက်ဆီအပြင် နောက်ထပ်စက်ဆီတမျိုး တူးတီ ဆိုတာကို ထဲ့ရတယ်၊ ဒီတော့ ဆီသုံးမျိုးဖိုးကုန်တာပေါ့။ ဆိုင်ကယ်က လိုင်စင်မရှိတော့ သူများ ဆိုင်ကယ်တွေလို ပုံမှန် လိုင်စင်ကြေးတွေ နံပါတ်ပြားကြေးတွေ မကုန်ဘူး။ဒါပေမဲ့ အစစ်အဆေးတွေနဲပ မတွေ့အောင်တော့ သတိထားသွားနေရတာပေါ့၊လွတ်လွတ်လပ်လပ်မသွားနိုင်ဘူး။
ကျွန်တော်လည်းကိုယ် ဆိုင်ကယ်ပြဿနာကို သိတော့ သတိထားပြီးစီးနေတာ နှစ်တွေလည်းကြာ လာတော့တယ်။ ထူးထူးထွေထွေပြဿနာတော့ မပေါ်ခဲ့ပါ၊ တခါတော့ မ၀င်ရတဲ့လမ်းကို ခိုးဝင်မိလို့ ပုလိပ်နဲ့ တွေပြီး အဖမ်းခံရတော့၊ ဆိုင်ကယ်ရောင်းတဲ့ လူနံမယ်ပြောပြတော့ သူတို့ သိနေတယ်နဲ့ တူပါတယ်၊ ဘာမှ ပြဿနာကြီးကြီးကျယ်ကျယ်မဖြစ် ။ဒဏ်ငွေလောက်နဲ့ ပြီးခဲ့တယ်။
အခုတော့ ဆိုင်ကယ်က အိုလာပြီ ဂီယာအုံတွေဘာတွေလည်း မကောင်းတော့ဘူးလားမသိဘူး၊ မကြာခဏလိုလိုပြင်လာရတယ်။ မူလီတွေကလည်းချောင်လာတော့ ဆိုင်ကယ်မောင်းရင် သံစုံတီးဝိုင်းလိုဖြစ် နေတော့ ဆိုင်ကယ်ကို ရသလောက်နဲ့ ရောင်းပြီး ငွေထပ်ပိုးပြီး ဒီထက်လတ်တဲ့ ဆိုင်ကယ် ကိုဝယ်ချင်လာတယ်၊ ဆီကလည်းစား၊ ဆီကလည်း သုံးမျိုးထည့်ရ၊ ခဏခဏ ပြင်ရဆိုတော့ ပြန်ရောင်းချင်တယ်။ ဒါပေမဲ့ ဘယ်သူ့ ကိုရောင်းမှာလဲ၊ ဘယ်သူက လိုင်စင်မရှိတဲ့ ဆိုင်ကယ်ကို ၀ယ် ချင်မှာလဲ၊ကျွန်တော်ကလည်း သူများနားဝင် အောင် စီကာပတ်ကုံးမပြောတတ်၊ ကျွန်တော့်လို အားနာပြီးဝယ်တဲ့လူကို ဘယ်မှာရှာမှာလဲ။
ဒီတော့ သွားစရာလာစရာရှိလို့ ဆိုင်ကယ်ကို စက်နှိုးတိုင်း စက်နှိုးတိုင်း၊ စက်နှိုးလို့ မရတဲ့အခါဆိုပိုဆိုး၊ အချိန်မသင့်သေးဘဲ ဓါတ်ဆီထပ်ထည့်ရတဲ့အခါတိုင်း၊ ကျွန်တော်ကျူးလွန်ခဲ့တဲ့ အားနာလိုက်လျော တတ်တဲ့ ဒဏ်ကို သတိရရနေမိသလို ဒီဆိုင်ကယ် ကို ဘယ်လို ဘယ်လို အဆုံးသတ်ပြီး ဆိုင်ကယ်နောက် အကောင်း  တစီး ဖြစ်လာအောင်ဘယ်လို လုပ်ရမလဲဆိုတဲ့ အတွေးက သူများဆိုင် ကယ်ပြန် ရောင်းမယ်သ တင်းကြား တိုင်း  လဲလှည်ချင်စိတ်ပေါ်လာတိုင်း၊ လိုင်စင်မရှိတာ ၀ယ်မိတဲ့ ဒီလစ် ဘရာယ် ကျခဲ့တဲ့ ဒဏ်ရာကို ပြန်ပြန် သ တိရနေမိတော့တယ်။ ကျွန်တော့်ဆိုက်ကယ်ရဲ့စက်သံက ကျွန်တော့်ကိုလစ်ဘာရာယ်ဖြစ်မိတဲ့ အပြစ်ကို ချို့ယါင်းချက်ကို အမြဲ လှောင်ပြောင်သတိပေးနေသလို ခံစားနေရတော့တယ်။
လူတင့်
နိုဝင်ဘာ ၈ ၊ ၂၀၁၂။