ကျွန်တော့် သမီးလေး
ဖြားယောင်းခံရပြီ။
ဒီလူနဲ့ အဆက်အသွယ်ရှိနေပြီဆိုတာသိကတည်းက
ကျွန်တော်စိတ်ပူနေရပါတယ်။ သူဟာ လက်ကြောမတင်းသလို၊ ဘာယုံကြည်ချက်မှလည်းမရှိ၊
ဘာကိုဦးတည်လုပ်နေ တယ်ဆိုတာလဲ မသိဘူးဆိုတာကို ကျွန်တော်က သိပေမဲ့ ကျွန်တော့်သမီးလေးက
မသိရှာဘူး။ သူကတော့ ဆွေကြီးမျိုးကြီးတွေရှိတာ၊ တံဆိပ်အဆောင်အယောင်တွေရှိလို့
ပြောင် လက်နေ တာ ကို လူငယ်ဘာဝ အထင်ကြီးခဲ့တာပေါ့ ၊ ချစ်စိတ်မွန်နေတဲ့ သမီးလေးကို
ကျွန်တော်ပြော ပေမဲ့ နားမ၀င်လေတော့ မပစ်ရက်တဲ့ သမီးအတွက် ရင်တဖိုဖိုနဲ့ဘဲ ကိုယ့် သမီး
လေး ဘက်ကပူပန်နေခဲ့ရတယ်။ အတုတွေဟာ အစစ်တွေထက်အရောင်လက်တဲ့ ကျောက် လိုဘဲ ဟိုလူကလဲ
အထင်ကြိးစရာတွေကို ထုတ်ပြလုပ်ပြခဲ့တာကိုး။ အခုတော့ ကျွန့်တော့် သမီးလေး ကို
သူကပစ်သွားခဲ့ပါပြီး။ကျွန်တော်က ကျွန်တော့်သမီးကို ဘယ်သူက ပစ်ပစ် မိဘတို့ အချစ်က
ဘယ်လျော့ နိုင်ပါ့ မလဲ။ချစ် မြဲ ချစ်နေမှာဘဲ။ ကျွန်တော့်သမီးက ပြည်သူပါ။
၉၀ ခုနှစ်က ပြည်သူတွေရဲ့ ဆန္ဒနဲ့ တက်လာတဲ့ ဒေါ်စု
အခုပြည်သူတွေကို စွန့်သွားပြီ။ တိုင်းရင်းသားတွေ။ လယ်သမားတွေ အကျဉ်းသားတွေကို အမှောင်ထဲမှာထားပြီး။
မီးတွေလင်း ထိန်တဲ့ ကြပ်ပြေးက ကြံ့ဖွတ်လွတ်တော်ထဲမှာ ပြည်သူတွေကို
ဖိနှိပ်ချုပ်ချယ် သွေးစုတ်မည့် ဥပဒေတွေ ကို ကြံ့ဖွတ် စစ်ဗိုလ်တွေနဲ့ ပေါင်းပြီး “အများစု”ဆိုတဲ့
အကြောင်းပြချက်နဲ့ ပူးပေါင်း ဖိနှိပ်ပါတော့မယ်။
“အများစု”ဆိုတဲ့ စကားကို ၉၀ ခုနှစ်က ရွေးကောက်ပွဲမှာယုံပြီး ၂၀၁၀ ကြံ့ ဖွတ် ရွေးကောက်ပွဲမှာ “မယုံဘူး” ဆိုတာ
အခြေအနေပေါ်မှာ တည်တာကို မှတ်သားထား သင့်တယ်။ ကြံ့ဖွတ်တွေရဲ့ ဒေါက်တိုင်တွေ၊
ထောက်လှမ်းရေးတွေ၊ ကပ်ဖါးတွေ ပေါတဲ့ နေရာမှာ လူထု ဆန္ဒဆိုတာရှိနိုင်သလား လွတ်လပ်တဲ့
ပတ်ဝန်ကျင် မရှိဘဲ ဘယာဘေးရဲ့ အောက်မှာ လူထုကို ခုတုံးလုပ်တာ တွေဟာ
အကြပ်ကိုင်တာတမျိုးပါဘဲ။
ကြံ့ဖွတ်ရဲ့ လွတ်တော်ဟာ စစ်အာဏာကို
တရားဝင်ကာကွယ်တဲ့နေရာ၊ လူထုကို မျက်လှည့်ပြဖြေဖျော်ပြိး အချိန်ကုန်စေ၊ စိတ်ဓါတ်ပျက်ပြားစေတဲ့နေရာ
မှန်း ကျွန်တော်တို့ပြည် သူတွေ ကောင်းကောင်းနားလည်ထားရမယ်။ ဘယ်လိုဘဲဖြစ်ဖြစ် NLDမှတ်ပုံတင်ခြင်းကြောင့်
ကြံ့ဖွတ် သြဇာအောက်ရောက်သွားတာနဲ့ ဒေါ်စုဟာ
ရှေှးှးရိုးစကားနဲ့ ပြောရရင် ဘုန်းနိမ့်သွား ပါလိမ့်မယ်။ လွှတ်တော်ထဲ ကြံ့ဖွတ်
တီးလုံးအတိုင်း လိုက်က , ရတောမှာပါ။
တက္ကသိုလ်တုန်းက မိတ်ဆွေတယောက်ကိုတခါက
မမျှော်လင့်ဘဲ ရဲဒုလုံမှူး ၀တ်စုံနဲ့ တွေ့လိုက်ရဘူးတယ်။ သူဟာ ယေဘုယျအားဖြင့်အရင်ကမဆလဆန့်ကျင်သူတွေ
ဖြစ်ပါ တယ်။ ဒါနဲ့ ကျွန်တော်က “ ဟ - ဘယ်လိုဖြစ်တာလဲ။ “ လို့ မေးလိုက်တော့။ သူက ပြည်သူ့ရဲတွေကို
ကောင်း အောင်ပြုပြင်မယ်ဆိုပြီးဝင်လိုက်တာဘဲ။” တဲ့ ။ “ အခုတော့ ဘယ်လိုလဲ”
လို့ထပ်မေး တော့။” “သူတို့က ကျွန်တော့်ကို ပြင်သွားပါပြီ” တဲ့။ဒါပါဘဲ။ စံနစ်ဆိုတာ
လူတယောက် မဟုတ်ဘူး။ သိန်းစိန်မဟုတ်ဘူး။ သန်းရွှေမဟုတ်ဘူး။ သူတို့ကိုယ်တိုင်က စစ်အာဏာရှင်စံနစ်ရဲ့
သား ကောင်တွေဘဲ။ တကယ့်အာဏာ အပြောင်းအလဲလုပ်မှ စံနစ်ကို ပြောင်းနိုင်တယ်။ အာဏာ
အပြောင်းအလဲက တဖြေး ဖြေးချင်းလုပ်ရင် မျောက်အဆင့်က လူအဆင့် ကူးသလိုနှစ် ထောင်ချီိုကြာ
မယ်။ မစောင့်နိုင်၊ မအောင့်နိုင်ကြလွန်းလို့ တော်လှန်ရေးလုပ်ကြတာ။ အရှေ့အလယ်ပိုင်းမှာ
ဆူပွက် ပုန် ကန်ကြတာ ဒါကြောင့်ဘဲ။ တော် လှန်ရေး ကို နားမလည် မယုံတဲ့ လူတွေက
သဘောမပေါက်။ အသက်သာဆုံးနည်းကနေ ဒူးထောက်တဲ့ အဆင့်အထိ ရောက်သွားကြတော့တယ်။
တော်လှန်ရေးဆိုတာ တော်လှန်တဲ့ သဘောတရား မရှိဘဲ လုပ်မရပါဘူး။ ကျုပ်တို့က
တော်လှန်ရေးလုပ်တာမဟုတ်ဘူးဆိုရင်လဲ။ တော်လှန်းရေးလိုလို မပြောနဲ့ အရင်တည်းက ကိုယ့်လမ်းကိုယ်သွားကြရင်အကောင်းသား။
အခုတော့ ရန်သူကို ရန်သူလိုမြင်တဲ့
သူတွေကို အားပေးရမယ်။ ကိုယ့်ရည် မှန်းချက်ကို အခိုင်အမာရပ်တည်တဲ့ သူတွေ နော်အုန်းလှလို
ပုဂ္ဂိုလ်တွေ၊ ဦးအေးမြင့်တို့လို၊ ကိုဖိုးဖြူတို့လို လူတွေကိုဘဲ ကျွန်တော်တို့က မျှော်လင့်
ရတော့မယ်။ အားပေးရမယ်။
မြန်မာပြည်တော်လှန်ရေးမှာ သူရဲကောင်း
မရှားဘူး၊ သူ့ခေတ်သူ့အခါ တိုက်ပွဲထဲက ပေါ်လာကြတာချည့်ဘဲ။ အရေးကြီးတာက
တော်လှန်ရေးရဲ့ အဆင့်နေရာနဲ့ လုပ်ရမည့်တိုက်ပွဲ သ ဏ္ဍာန်ကို အမှန်အကန်ချနိုင်ဖို့ က
ကျွန်တော်တို့ ၀ိုင်းဝန်းကျိုးပမ်းရမှာဘဲ။ ကျွန်တော်တို့ မကျိုး ပမ်း လဲ
ကျိုးပမ်းမည့်သူတွေပေါ်မှာဘဲ။ လူဆိုတာတော်လှန်ရေး သတ္တ၀ါ ဖြစ်တယ်။ ဒါ ကြောင့်ဘဲ
ကမ္ဘာကို ကြီးစိုးနေတာ။ မတော်လှန်တဲ့ သူတွေ ဘာဖြစ်မလဲ ၊ ဘာမှမဖြစ်ဘူး။
ဘာမှကိုမဖြစ်တာ။ သူတို့ကို တော်လှန်တဲ့ နောင်လာနောက်သားတွေက အပြစ်တင်မှာဘဲ။
ရှုတ်ချမှာဘဲ။
တော်လှန်ရေးမှာ ဘက်ပြောင်းသူတွေ၊
ဖေါက်ပြန်သူတွေ၊ ကျဆုံးသူတွေ၊ သူရဲကေါင်း တွေ၊ အောင်မြင်သူတွေ ဆိုတာရှိစမြဲဘဲ။ သခင်စိုးရဲ့
စကားအတိုင်းဆိုရရင် ‘ တော်လှန်ရေးလှည်းကြမ်းပေါ် မလိုက်နိုင်သူတွေ ကျန်ရစ်မှာဘဲ။
ရွက်ဟောင်းကြွေပြီး ရွက်သစ်တွေဝေမှာဘဲ” တဲ့ ။
စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုဟာလက်ညှိုးထိုးမလွှဲ
နေရာတိုင်းမှာ ထင်ထင်ရှားရှား ရှိနေတယ်။ အဖိနှိပ်ခံ ရတဲ့ သူတွေထဲမှာ ဆင်းရဲသားတွေ၊
လယ်သမားတွေ၊ အမှုထမ်း အရာထမ်းတွေ၊ စစ်သား၊ ကျောင်းသား၊ အလုပ် သမား၊ သံဃာ
အလွှာပေါင်းစုံ လူမျိုးပေါင်း စုံပါဝင်နေတယ်။ စစ်ဗိုလ်ချုပ် အဟောင်းအသစ် တွေနဲ့ သူ့လက်ပါးစေလက်ဝေခံတွေ
က ကောင်း စားပြီး၊ ပြည်သူတွေက ဆင်းရဲတွင်းနက်နေတဲ့ အပြင် ကြောက်ကြောက်ရွံ့ရှာဖွေစား သောက်နေရတယ်။ “ထားစရာမရှိသူနဲ့ စားစရာမရှိသူ” လူတန်းစားပေါ်နေတယ်။
ဒီလိုတိုင်း ပြည်မှ တော်လှန်ရေး မလုပ်ရင် ဘယ်တိုင်းပြည်မျိုး မှာလုပ်ကြမှာလဲ။
ကမ္ဘာမှာ ၉၉% က သွေးစုတ်သူ ၁% ကို ဆန့်ကျင်တဲ့
ဆန္ဒပြပွဲတွေ ကမ္ဘာ့မြို့ကြီး တွေမှာ လုပ်နေကြတယ်။ ဒီမိုကရေစီရှိတယ်ဆိုတဲ့
နိုင်ငံတွေမှာ။ ကျွန်တော်တို့ တိုင်းပြည် မှာက လူထုခေါင်းဆောင်ဆိုသူ။
အနိုင်ရပါတီဆိုတာတွေက ကမ္ဘာမှာ လူတကာ နခေါင်းရှုံ့ နေတဲ့၊ သတ်ဖြတ်ရာမှာ
လက်ရဲလွန်းတဲ့ ကြံ့ဖွတ်စစ်အာဏာရှင် အရပ်သား အရည်ခြုံကို ဂူဏ်ပြု
ချီးမွမ်းရင်း ပူဇော်ပသနေတယ်၊
ဖြားယောင်းခံရတဲ့ သမီိးလေးကို
ပြောပြချင်တာ က သဘာဝတရားမှာ မဟုတ်မမှန် လုပ် သူ တွေဟာ သစ်ပင်လိုဘဲ အသီးမသီးနိုင်ဘူး။ သီိးရင်လဲ အတောင့်မကြီးဘူး။
အတောင့် ကြီး ရင်လဲ အသီးမမာဘူးတဲ့။
ဒီတော့ စွန့်ခွါသူကို နုမျောမနေနဲ့။ ပူဆွေးမနေနဲ့။ စီကျတဲ့ မျက်ရည်
တွေကိုသုတ်လိုက်။ ခံပြင်းစိတ်ကို အင်အားအဖြစ်ပြောင်းလိုက်ပါ။ လူထုတိုက်ပွဲ လက်နက်
ကိုင်တိုက်ပွဲဆိုတဲ့ တိုက်ပွဲ တွေကြားထဲက သူရဲကောင်းတွေ အောင်ပွဲတွေ ပေါ်လာမှာလို့
ပြောပြလိုက်ချင်တယ်။
စစ်အာဏာကို
ဆန့်ကျင်ကြ။
အောင်ပွဲကိုတိုက်ယူကြ။
တော်လှန်ရေးမုချ
အောင်ရမယ်။
ဦးအေးဆောင်
နိုဝင်ဘာ
၁၉ ၊ ၂၀၁၁။
0 comments:
Post a Comment