ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Thursday, April 1, 2010

နအဖ၏ ယုတ်ညံ့သော ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်ခြင်းအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဂုဏ်ပြုပါသည်။

ချုပ်ချယ်မှုများဖြင့် ပြွမ်းတီးနေသော နအဖ၏ရွေးကောက်ပွဲတွင် ၀င်ရောက်ရန် မှတ်ပုံတင်ခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တညီတညွတ်ထည်း ဆန့်ကျင်ကန့် ကွက်လိုက် သောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူတို့၏ အားကိုး ယုံကြည်မှုကို ပြန်လည်ရရှိ လိုက်သည်ဟု ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေး တပ် ဦးမှ ခံယူသည်၊

ဤသို့ ပြတ်သားသော ဆုံးဖြတ်ချက်ကို စုစုစည်းစည်းချမှတ်နိုင်ခြင်းအတွက် များ စွာ လေးစား ဂုဏ်ပြုပါသည်။

စစ်ပဒေသရာဇ် အာဏာရှင်တို့ကို ဆန့်ကျင်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ အခန်းကဏ္ဍသည် ကြီးမားလှပေရာ ဤပြတ်သားသော ဆုံးဖြတ်ချက်မှ အစပြု၍ ပြည်သူလူထုတို့ ပြင်းပြစွာလိုလားတောင်းတသည့် စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရာယ်ပြည်ထောင်စု တည်ဆောက်ရေး တို့ကို အဆင့်ဆင့်ရရှိနိုင်ရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခါ အောင်ပွဲများ ရရှိ နိုင်ပါ စေကြောင်း လှိုက်လှဲစွာ ဆန္ဒပြုလိုက်ပါသည်။

ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။

ဒီမိုကရေစီ မုချရရည်။



ဦးစီးကော်မီတီ

ပြည်သူ့လွတ်မြောက်ရေး တပ်ဦး။

မတ်လ ၃၀ ။ ၂၀၁၀ ။

0 comments: