ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Tuesday, August 20, 2019

တော်လှန်ရေး အဆင့်သစ်


တော်လှန်ရေး အဆင့်သစ်

သြဂုတ်လ ၁၅ ရက်နေ့ AA, TNLA နဲ့  MNDAA တို့ နောင်ချိုဘက် တိုက်ပွဲဟာ မြန်မာပြည်က တော်လှန်ရေး အဆင့်သစ် တခုကို လက်တွေ့ ဖေါ်ပြလိုက်တာဖြစ်တယ်။ တပ်ပေါင်းစု အသွင်ကို သရုပ်ဖေါ် တာလည်းဖြစ်တယ်။
ရက်ပိုင်းအတွင်းက UNFC ဖျက်သိမ်းပြီး နောက်ပိုင်းမှာ လက်တွေ့ကျတဲ့ ညီနောင်သုံးဖွဲ့ ပေါ်လာ တာဖြစ်လို့ တပ်ပေါင်းစု စိတ်ဓါတ်ဟာ မြန်မာပြည်မှာ ရှင်သန်နေတုန်းဘဲဆိုတာကို ထင်ရှားတဲ့ သက်သေပြ လိုက်တာလည်းဖြစ်တယ်။ တပ်ပေါင်းစုတွေ ဖြစ်လိုက် ပျက်လိုက် ဖြစ်တာက မဆန်းဘူး။ ဒါပေမဲ့ ညီနှောင် သုံးဖွဲ့က လက်တွေ့ တိုက်ပွဲဝင် တဲ့ တပ်ပေါင်းစု ဖြစ်လို့ ဆန်းတယ်။ အထူးသဖြင့် တပ်ပေါင်းစု ဆိုတာကို မှီစားဖို့ အမြတ်ထုတ်ဖို့လောက်နဲ့ ရည်မှန်းပြီး စုစည်းကြတာကို အများအားဖြင့်တွေ့ခဲ့ရတယ်။ တကယ်လက် တွေ့ တိုက်ပွဲဝင်တဲ့ တပ်ပေါင်းစု ဆိုတာ တန်ဖိုးထားအပ်တဲ့ အရာဘဲ။
အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေရဲ့ နယ်မြေစွဲ လူမျိုးစွဲမှုကို ကျော်လွန်ပြီး  အဖိနှိပ်ခံ ညီညွတ်ရေး စိတ်ဓါတ်နဲ့ တိုက်ပွဲဝင်ကြတာကို အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။ နယ်မြေစွဲလူမျိုးစွဲ ဘယ်လောက် ပြင်းတယ် ဆိုတာ တော်လှန်ရေးနဲ့ အကျွမ်းဝင်သူတွေ သိကြမှာပါ။ အခုတော့ ညီနောင်သုံး ဖွဲ့ဟာ ဒီဥခွံကို ဖေါက်ထွက်ပြီး ရှင်သန်ကြီးထွားလာကြပါပြီ။ ဒါဟာခရီး တသောင်းရဲ့ ကောင်းမွန်တဲ့ ပထမ ခြေလှမ်းဖြစ်ပါတယ်။
လက်နက်တိုက်ပွဲလမ်းစဉ် က မြန်မာပြည်မှာ မတရားဖိနှိပ်မှုဆန့်ကျင်ရေး အတွက် ပေါ်နေခဲ့တာကြာ ပါပြီ။ ဆရာစံခေတ်က ဘဲ ဆိုပါစို့။ လက်နက်ကိုင်တိုက်ပွဲတွေ ဘာကြောင့် ပေါ်လာရသလဲ ဆိုတာကို အုပ်စိုးသူ တွေက ဖုံးဖိပြီး သေးသိမ်အောင်လုပ် ပစ်လေ့ရှိကြတယ်။ တော်လှန်ရေးဟာ ဆာလောင်တဲ့ ၀မ်းဗိုက်ထဲက ပေါ်လာတယ် ဆိုတာကို သူတို့ မျက်ကွယ်ပြုထားကြတယ်။
ပါးစပ်နဲ့ ပြောလို့ မရတဲ့ အခါမှာ သေနတ်နဲ့ ပြောရတာက လူသမိုင်းမှာ တားမရတဲ့ ဖြစ်စဉ်ဘဲ။ တပ်ပေါင်းစု စိတ်ဓါတ်က မြန်မာပြည်မှာ လိုကိုလိုတယ်။ဘာဖြစ်လို့လဲ ဆိုတော့ လူမျိုးများသလို၊ သဘောတရား တွေလည်းများတယ်။ ဒါပေမဲ့ တပ်ပေါင်းစု သဘောထား၊ ဘုံသဘောထားကို လက်တွေ့ လုပ်ဆောင်နိုင်တဲ့ ခေါင်းဆောင်တွေ ရှားတယ်။
အဖိနှိပ်ခံ ညီညွတ်ရေး စိတ်ဓါတ်ဟာ ဒီနေ့ မြင့်မြင့်မားမား စိုက်ထူရမည့် စိတ်ဓါတ်ဖြစ်သလို၊ လက်တွေ့ တိုက်ပွဲမှာ စွဲကိုင်ရမည့် သဘောထားလည်း ဖြစ်ရမယ်။ မြန်မာပြည်ပြည်သူလုထု ဟာ စစ်အာဏာရှင်ကို  တိုက်ရင် နိုင်နိုင်တယ် ဆိုကို ကမ္ဘာမှာ သက်သေပြရမည့် ခွင်လည်းဖြစ်နေတယ်။
ပျက်ခဲ့ တပ်ပေါင်းစုတွေက ဘုံရန်သူတိုက်ဖျက်ရေး အမြင် ထက် ကိုယ်ကျိုးရှာ အမြင်တွေ၊ လူလည်ကျ အမြတ်ထုတ်တဲ့ အမြင်တွေ၊ ရန်သူနဲ့ ပေါင်းပြီး ကိုယ် ဖိနှိပ်ခံ အချင်းချင်း အပေါ် သစ္စာဖေါက်တဲ့ အမြင်တွေ ကြောင့် တပ်ပေါင်းစုတွေ ပျက်ရတာဘဲ။ နယ်မြေနဲ့ လူမျိုး အကန့်အသတ်တွေက အခုလို ကမ္ဘာပတ် စံနစ် (Globalization) ခေတ်မှာ သုံးစားလို့ မရတော့သလို ကိုယ့်ကိုယ်ကို ချုပ်နှောင်ထား ရာကျ ခဲ့ကြတယ်။ ဒီတော့ ခေတ်နဲ့ မလျှော်ညီတဲ့ စုဖွဲ့မှုတွေဟာ ပျက် သွားကြရတာဖြစ်တယ်။
အခုတော့ နောက်တက် ခေါင်းဆောင်သစ်တွေဟာ ခေတ်မီတိုးတက်တဲ့ တော်လှန်ရေး အမြင်နဲ့၊ မတရားတဲ့၊ သဘာဝမကျတဲ့ ဖိနှိပ်မှုတွေကို အများတကာအများစုကြီး အတွက်လုပ်ဆောင်နိုင်ကြရပါ မယ်။ ဖိနှိပ်မှုကို တွန်းလှန်တာတရားတယ်။ တယောက်အားနဲ့ ယူသော်မရ တသောင်းအားနဲ့ ယူသော်ရ၏ ဆိုတဲ့ စကားတိုင်း ပြည်တင်းလျှင် ဘယ်မင်းမှ  ခံနိုင်မည်မဟုတ်ပါ။
ဒီနေ့ မြန်မာပြည်ရဲ့ တော်လှန်ရေးတာဝန်က စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး ဖြစ်ပါတယ်။ တခြားအရာတွေက တော်လှန်ရေးလမ်းကြောင်းကိုေ၀၀ါးစေရန်သာဖြစ်ပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူစစ်အာဏာကို တိုက်ဖျက်။
တော်လှန်ရေး မုချအောင်ရမယ်။
ဦးအေးဆောင်
သြဂုတ် ၂၀။ ၂၀၁၉။


0 comments: