သမိုင်းကို
ဒဲ့ပြောခြင်း
“ရှင်က အင်္ဂလိပ်ကို ဆန့်ကျင်ပြီးတော့
ဘာကြောင့် ခရစ်ယာန်ကျောင်းမှာ နေတာလဲ” လို့ မိန်းမက ပြောတော့၊ ငါက ငါ့အဖေ စီစဉ်သလို
နေရတဲ့ ခလေးဘဲ ဘာသိမလဲ။ လို့ ပြန်ပက်လိုက်တယ်။ ဒီလိုစီစဉ်တဲ့ အဖေကို ကျေးဇူးတင်ပြီး
တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အသိတခုက မွေးကထည်းကပါလာတာမှမဟုတ်တော့ အတွေ့ အကြုံရလာမှသာ
သိရတာကို ပြောပြချင်လို့ပါ။
ဗုဒ္ဓလောင်းလျှာ သိဒ္ဓတ္ထ လည်း တက္ကဒွန်းတွေ
ဆီမှာ တပြည့်ခံခဲ့ရတာပါဘဲ။ နောက်မှ အတွေးအ ခေါ်အရ ဖေါက်ထွက်ပြီး ဘုရားဖြစ်တယ်လို့ လေ့လာဘူးပါတယ်။
အခုပြောချင်တာက တပြည့်ခံဘူးတာ ထက် ဖေါက်ထွက်နိုင်တာက အရေးကြီးတာကို သိစေချင်လို့ပါ။
ဒါက အတွေးအခေါ်အရ တိုးတက်လာမှုရဲ့ အရေး ပါပုံကို ထောက်ပြချင်လို့ပါ။ အင်္ဂလိပ်စာသင်ဖူးတာနဲ့
အင်္ဂလိပ် ကိုလိုနီစံနစ်ကို မဆန့်ကျင်ရဘူးမှ မဟုတ် တာ။
မြန်မာပြည် သမိုင်းကို ပြန်ဆန်းစစ်ကြည့်ရင်တော့
ထုံးစံအတိုင်းဘဲ သမိုင်းတွေက အုပ်စိုးသူတွေ သူ့ဘက်ပင်းပြီးရေးထားကြတာတွေဘဲ။ ကျွန်တော်တို့က
လူသာမာန်တွေ ဆိုတော့ ရေးထား၊ ပြောထားတာ ကိုဘဲ လေ့လာမှတ်သားပြီး အဟုတ်လို့ ထင်ကြတာက
ဓမ္မာတာဘဲလေ။ အခုဆောင်းပါးက သမိုင်းကို ဒဲ့မြင်ပြီး အမှားအမှန်ကို ဆုံးဖြတ်ကျင့်သုံးနိုင်ဖို့ပါ။
ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ နှောင်းလူတွေ ထပ်မမှားဖို့၊ အမှား တရားတွေကို ဆည်းကပ်မကိုးကွယ်မိဖို့
ရေးပြတာပါ။ အကျိုးကျေးဇူးရှိသလို ထိခိုက်နစ်နာမှုတွေလည်း ရှိနိုင်ပါ တယ်။ ရပ်တည်တဲ့ဘက်ပေါ်
တည်ပြီးဖြစ်မှာပါ။
ဂဠုန်ဦးစောကို လူတွေ သိပြီး မုန်းကြပါတယ်။
မုန်းသင့်ပါတယ်။ ဒါပေမဲ့ ဂဠုန်ဆရာစံကို ကြိုးပေးတဲ့ သူကို သိပ်မသိကြသလို သိပ်မမုန်းကြဘူး။
ဂဠုန်ဆရာစံကို ကြိုးပေး သူကိုလည်း မုန်းသင့်တာပါဘဲ။ ထင်ထင် ရှားရှား ထားမုန်းသင့်ပါတယ်။
သူဘာသာ သမတဖြစ်ဖြစ် စင်္ကြာ ၀ဒေး မင်းဖြစ်ဖြစ်။ဒါပေမဲ့ အဲလိုမဖြစ် ဘူး ဆရာစံအရေးက ဘာမှ
မဖြစ်သလိုလို ပြီးသွားတယ်။ သတ်သူက ရှောင်တိန်းသွားနိုင်တယ်။ တကယ်က အင်္ဂလိပ် အစိုးရ ဖြစ်ပေမဲ့၊
ကြိုးမိန့်ချသူကို ကျွန်တော်တို့ ဂဠုန်ဦးစောမုန်းသလို မုန်းသင့်တာဘဲ မဟုတ်လား။ ဘာဖြစ် လိုလဲ ဆိုတော့ အုပ်စိုးသူတွေက သိပ်ထင်ရှားအောင်မလုပ်ပေးခဲ့
လို့ဘဲ။ သူတို့ မလုပ်လည်း ကျွန်တော်တို့က လုပ်ရမှာဘဲ။ အမုန်းတရားကို ပွါးနေတာမဟုတ်ဘူး
အမှန်တရားကို ဖေါ်ထုတ်ဖို့ပါ။
သူ့ခေတ်သူ့အခါတိုင်း သူရဲကောင်းတွေကို
ဂုဏ်ပြုအပ်သလို၊ ဖေါက်ပြန်သူတွေကို လူထုက ရှုတ်ချကြ ပါတယ်။ ဒါပေမဲ့ မျက်နှာကြီးတဲ့သူတွေကိုတော့
မထိမတို့တတ်ကြပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ အကျိုးစီးပွါး ထိခိုက်မှာ စိုးလို့ပါ။
ဒီတော့ သမိုင်းဟာ ကွေးနေတော့တာပေါ့။
ဗိုလ်အောင်ဆန်း အကြောင်းကို ပြန်ကြည့်ရင်
သူ့ကို ပါတီက တရုတ်ပြည်သွားခိုင်းတယ် လို့ လေ့လာဘူးတယ်။ ဂျပန်စပိုင်တွေက သူ့ကို မိတော့ ဂျပန်ဘက် ပြောင်းသွားတယ်
ဆိုဘဲ။ ဒါတွေက မြန်မာ ပြည်ကို မိအေးနှစ်ခါနာစေခဲ့တဲ့ အကြောင်းကြီး၊ မြန်မာပြည် ကို
အင်္ဂလိပ်က ဖျက်သွား၊ ဂျပန်လာ၊ ဂျပန်က အထွက်မှာ ထပ်ဖျက်၊ ဒီတော့ တိုင်းပြည် ဖွတ်ဖွတ်ညက်ညက်
ကျေခဲ့တာဘဲ။ ဒါပေမဲ့ မျက်နှာကြီးပြီး ကပ်စားနိုင်စရာ
အကြောင်းတွေ ရှိတော့ သူ့ကိုဝိုင်းဖါးစားကြတယ်။
သူကလည်းနောက်တော့ ပါတီကို စုံကန်တော့တာဘဲ။
သူကလည်း သူ့အကွက်နဲ့ သူ၊ အင်္ဂလိပ်က လည်း သူ့အကွက်နဲ့ သူဆိုတော့ ၊ အဆုံးမှာ သူခံလိုက်ရတယ်။
သင်းကွဲမျောက်လိုဖြစ်ခဲ့တယ်။ ဒါဟာ အင်မ တန် တန်ဖိုးကြီးတဲ့ သင်ခန်းစာပါ။
ဒီနေရာမှာ ဆရာတော်ဦးဥတ္တမ အကြောင်းကို
ချန်ထားလို့ မရပါဘူး။ သူဟာ မြန်မာပြည်သမိုင်းမှာ အထင် ကရ ဆရာတော်တပါးပါ။ သူကဂျပန် လိုလားသူ
ဖြစ်ပါတယ်။ ဒါကြောင့်ဘဲ အင်္ဂလိပ်ပြန်ဝင်လာတော့ သူဟာ ပစားပေးမခံရတော့ပါဘူး။ ဒါပေမဲ့ ဆရာတော်က
ဗိုလ်အောင်ဆန်းလို အင်္ဂလိပ် အောက် မကြို့ပါဘူး။ သူဘာသာ ငတ်ငတ်ပြတ်ပြတ်နဲ့ နေရင်း လမ်းဘေးမှာ
ပျံလွန်ရရှာတယ်။ ကျွန်တော် ပြောချင်တာ ဆရာတော် ဟာ သူယုံကြည်ချက်အတိုင်း ဘက်မပြောင်း
အခိုင်အမာ ရပ်တည်ရင်း သူ့ဘ၀ပေးဆပ်တာကို အလေးအနက် ဂုဏ်ပြုရမှာပါ။ မူမဲ့ ပန်းပြားပင်လို
လေယူရာယိမ်းတဲ့ လူမဟုတ်တော့ ယုံကြည်အားကိုးထိုက်တဲ့ ဆရာတော်ဖြစ် တယ်။ သူ့ရဲ စိတ်ဓါတ်ကို
စံယူရမယ်။ လမ်းစဉ် အမှား အမှန်က နောက်တကိစ္စ။
ခုတော့ ဗိုလ်အောင်ဆန်းကို တရုတ်ပြည်ကိုသွားခိုင်းတာ
ဂျပန်ပြည်သွားသလို - ဒေါ်စုကလည်း ဒီမိုကရေစီဆီ သွားခိုင်း တာ စစ်အာဏာရှင်တွေ ဘက်သွား
လိုက်တော့ ဒီမိုကရေစီရေးက သောင်ခုံပေါ် ရောက်နေတဲ့ ငါးလိုဖြစ်နေတာ မြင်လို့မှ မကောင်းတော့ဘူး။
ကျွန်တော်တို့ သမိုင်းကို ရဲရဲ ကြည့်ပြီး
ရဲရဲ မြင်ဖို့လိုပါတယ်။
ဒီမိုကရေစီရေးအတွက်
တိုက်ပွဲဝင်ကြ။
စစ်အာဏာကို
တိုက်ဖျက်ကြ။
ဦးအေးဆောင်
သြဂုတ်
၂၂၊ ၂၀၁၉။