သမိုင်းရေး ရုပ်ဝါဒ - မိတ်ဆက်
ကိုယ်တိုင်အတွေ့အကြုံ အရ သမိုင်းရေးရုပ်ဝါဒ
(Historical Materialism) ကို မသိဘဲ ရုပ်ဝါဒကို သဘော ပေါက်ဖို့ခက်ခဲ့ပါတယ်။ သမိုင်းရေးရုပ်ဝါဒကို
နက်နက်နဲနဲ လေ့လာမိပြီးတဲ့ နောက်မှာ ရုပ်ဝါဒရဲ့ ခိုင် မာမှုကို ပိုမိုနားလည်လာခဲ့ရပါတယ်။
ရုပ်ဝါဒက နာမ်ဆန်တဲ့ ဖန်ဆင်းရှင်ဝါဒနဲ့
ဆန်ကျင်ဘက် ဖြစ်ပါတယ်။ ကမ္ဘာကြီးက ဘုရားဖန် ဆင်းတာမဟုတ်ဘဲ နေကနေပေါက်ကွဲလာတဲ့ အပိုင်းအစလို့
ယူဆပါတယ်။ ဒီနေ့သိပ္ပံပညာရှင်တွေ ယုံကြည် လက်ခံထားတာပါ။ နေကလွင့်စင်လာတဲ့ အတုံးကြီးက
နေစကြာဝဠာထဲမှာ လည်ပတ်ရင်း ချော့မွေ့လာတယ်လို လို့ ဆိုပါတယ်။ ကျောက်တုံးတွေ ရေထဲမျှောတာကြာတော့
ချောမွတ်တဲ့ကျောက်စလစ် ခဲတွေ ဖြစ်လာသ လိုပေါ့။နေရဲ့ ဆွဲဆောင်အားကြောင့် တခြားဂြိုလ်တွေလို
ကမ္ဘာဖြစ်လာမည့် အတုံးကြီးက နေကို ပတ်နေရ တယ်။ ကမ္ဘာကို နေကပတ်တယ်၊ နေကိုကမ္ဘာကပတ်တယ်
ဆိုတဲ့ အယူအဆတွေကြောင့် ရှေးအ နောက် နိုင်ငံမှာ သိပ္ပံပညာရှင်နဲ့ ဘာသာရေးသမားတွေ အငြင်းပွါးခဲ့ဖူးတယ်။
သတ်ကြဖြတ်ကြတာလဲရှိခဲ့တယ်။
အခုတော့ ကမ္ဘာက နေကိုပတ်တယ်ဆိုတာ လက်ခံထားကြပါပြီ။
နေစကြာဝဠာထဲမှာ လည်ပတ်ရင်း ကမ္ဘာက အပူချိန်လည်းလျှော့လာတယ်။ အခိုးတွေပြန်မဲမှောင်နေရာက
မြေပြင်က အခိုးတွေဟာ ရေငွေ့ တွေအဖြစ်ပြောင်းပြီး မိုးရွာချလာတယ်။ ဒီမှောင်မဲံ အချိန်ကနေ
မိုးအဖြစ်ရွာချချိန်ဟာ နှစ်ပေါင်း တသန်း လောက်ကြာမလားမသိဘူး။ ဒီနောက် မိုးရေတွေက မြေပြင်ပေါ်မှာရှိတဲ့
ချိုင့်ခွက်ကြီးတွေပေါ်ထဲမှာ ရေကန်လို၊ ရေချောင်းလိုစီးဆင်းကြတယ်။ ရေတွေက အခိုးပြန်လိုက်၊
မိုးရွာလိုက် သံသရာလည်နေခဲ့တယ်။ ဒီလိုကာလ ကလည်း နှစ်ပေါင်းသန်းချီကြာခဲ့တာပါဘဲ။
နောက်တော့ဒီရေတွေထဲမှာ ပိုးလောင်လန်းလို၊
ငါးဖလောင်းလို အကောင်းလေးတွေ ဖြစ်ပေါ်လာတယ်။ ဒီအကောင်းလေးတွေက တဖြည်းဖြည်းနဲ့ ခြေတွေလက်တွေလို
ပေါ်လာပြီး ကုန်းမြေပေါ်မှာ ကျက်စား လာကြ တယ်တဲ့။ ဒီအဆင့်ဟာလည်းနှစ်ပေါင်းသန်းချီကြာခဲ့တာဘဲတဲ့။ထွားသွားသတ္တ၀ါ
ကနေ အစားအစာရှာဖွေကြ ရင်း တဖြေးဖြေးချင်း လက်ခြေတွေ ရှည်လာတယ်။ ဒီနေရာမှာ ရုက္ခဗေဒ အပိုင်းဘက်မှာလည်း
သတ္တ၀ါတွေနဲ့ အပြိုင် ရှင်သန်ပေါက်ရောက်လာတယ်လို့ ဆိုပါတယ်။ ဒါတွေကို စာသုံးရင်း သတ္တ၀ါတွေလည်း
အမျိုးမျိုး ရှင်သန်ကြီးထွါးလာကြတယ်။ လူတွေဖြစ်လာမည့် မျောက်ဝံလို သတ္တ၀ါတွေ မပေါ်မှီ
ဒိုင်နိုဆောလို သတ္တ၀ါတွေ အရင်ပေါ်နေတယ်လို့ မှတ်သားဖူးတာဘဲ။ လူဝံဆိုတာကလည်း မျောက်လိုသတ္တ၀ါထဲကတမျိုးဆိုပါတော့။
ဒီလူဝံလိုလိုဟာတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၂.၅ သန်းလောက်ပေါ်ခဲ့တာတဲ့။ ဒါတွေကိုတော့ ခေတ်မှီသိပ္ပံ
ပညာရှင်တွေက သူတို့တွေ့ရတဲ့ အရိုးတွေ၊ သက်သေတွေကို စမ်းသပ်ရင်းသိလာရတာပါ။ တရွေ့ရွေ့
ဖြစ်စဉ်နဲ့ တဖြေးဖြေးပြောင်းလဲလာတာလို့ ချားလ် ဒါဝင်ဆိုတဲ့ သိပ္ပံပညာရှင်ကြီးက ဆိုခဲ့တယ်။
မျောက်ဝံလိုလို လူဝံလိုလို အဆင့်ကိုရောက်လာကြပြီဆိုပါဆို့။ရှေးဦးလူသားပေါ့။
ရာသီဥတုကကြမ်း၊ ဒိုင်နိုဆောလိုသတ္တ၀ါတွေ၊ ဆင်ရိုင်းတွေ ၊ ကြီးမားတဲ့ သားရဲတိရိစ္ဆာန်တွေ
ကြားမှာရှေးဦးလူသားတွေက ကျောက် ဂူ လို လေကွယ်ရာ မိုးကွယ်ရာတွေမှာ ခိုအောင်းနေကြရတယ်၊
အကောင်ကြီးတွေရဲ့ အန္တရာယ်လည်းကင်း အောင်ပေါ့။ ကျောက်ခေတ်လို့ ခေါ်ပါတယ်။ခေတ်ကတော့ နိုင်ရာစားခေတ်။
အမဲလိုက်၊ အစိမ်းစားခေတ်ပေါ့။ အစွယ်တွေ၊ ဂျိုတွေ မရှိတဲ့ ရှေးဦးလူသားတွေက ကျောက်တုံးတွေကို
လက်နက်လို သုံး လာတတ်ကြတယ်။ စောင်းထက်တဲ့ ကျောက်ပြားတွေနဲ့ ခုတ်ဖြတ်တတ်လာကြတယ်။ အစုလိုက်
နေကြတယ်။ မိသားစုပေါ် အခြေပြု နေကြတယ်။ အမက အမိဖြစ်နေတော့ အမကြီးစိုးတဲ့ စုဖွဲ့မှုလို့
ဆိုတယ်။ မိသား စုလို့ ပြောရတာက သူတို့တတွေ တနည်းမဟုတ်တနည်းနဲ့ လိင်မှုအရဆက်သွယ်နေကြလို့ပါဘဲ။
လင်မယား၊ သားသ မီးရယ်လို့ သတ်သတ် မှတ်မှတ် ဘယ်ရှိကြမလဲ။
မီး - ကိုသုံးခြင်း
မီးကိုသုံးတတ်တာဟာ လူသမိုင်းမှာ အလွန်ကြီးမားတဲ့
တိုးတက်မှုပါ။ မီးကိုတွေ့ နေရတာ တော့ကြာ ပါပြီ။မိုးကြီးလေကြီး လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်
သစ်ပင်ခြောက်တွေ မီးလောင် ၊လူတွေလန့်ထွက်ပြေး ကြနဲ့ ကြုံရတာများခဲ့ပေမဲ့ မီးကို မသုံးတတ်ဘဲ
ကြောက်စရာ သတ္တ၀ါတကောင်လို ဝေးဝေးရှောင်ခဲ့ကြတယ်။ ဒါပေမဲ့ ဆန်းစစ်ချင်တဲ့ စိတ်ရှိတဲ့
လူသားတယောက်က တနေ့တော့ မီးစွဲလောင်နေတဲ့ သစ်ကိုင်း ခြောက် တခုကို သူနေထိုင်ရာ ကျောက်ဂူထဲ
ယူလာသတဲ့။ မီးတောက်လည်း ဆက်ရှိနေတယ်။ ဒီမီးတောက်ကို သစ်ရွက်ခြောက်နဲ့ ဖုံးကြည့်တော့
မီးကပိုတောက်လာတယ်။ ဒါဟာမီးရဲ့ အစာဖြစ်မှဘဲလို သူကယူဆပြီး မီးမ သေအောင် အစာကျွေးထားတယ်။
မီးထည့်ထားတယ် ဆိုပါတော့။
မီးကိုကျောက်ဂူထဲမှာ မွှေးထားတော့ ကျောက်ဂူကလင်းနေတာပေါ့။
လင်းနေတော့ တခြားအကောင် ကြီးတွေက မကပ်ရဲတော့ဘူး၊
မီးကအနွေးဓါတ်ပေးလို့ လူတွေလည်း နွေးနွေးထွေးထွေးနေလာနိုင်တယ်။ လင်း လင်း ချင်းချင်း
နေလာနိုင်တယ်။ မီးကို တခြားသတ္တ၀ါကောင်ကြီးတွေ ကြောက်မှန်းသိတော့ မီးနဲ့ ခြောက်လန့်
ရင်း အန္တရာယ်ပိုကင်းလာတယ်။ တပြိုင်ထည်းမှာဘဲ လူဦးရေလည်း တိုးလာတော့တယ်။
ဒီနေရာမှရုပ်ပစ္စည်းဖြစ်တဲ့ မီးကအရင်ရှိနေပြီး
လူရဲ့ စိတ်ကူးနဲ့ တီထွင်တာကို သတိထားဖို့ပါ။မီးကို အသုံးချနိုင်မှုဟာ လူသားမျိုးနွယ်တွေ
တိုးတက်မှုကို မြန်ဆန်စေခဲ့ပါတယ်။
သားကောင်တွေကို လိုက်ပြီး ဖမ်းဆီးသတ်ဖြတ်စားသောက်ရတဲ့
မုဆိုးခေတ်မှာ ဖမ်းမိတဲ့ သားကောင် ရဲ့ခလေးတွေကို မွေးမြူထားတာ၊ အရှင်ဖမ်းမိတဲ့ အကောင်ကို
လှောင်ထားတာတွေက လည်း မွေးမြူရေး အသိကို ရလာစေခဲ့ပါတယ်။ ဒီတော့ ကျောက်ဂူထက်ကျယ်တဲ့
နေရာမှာ အမိုးအကာနဲ့ နေကြပြီ ဆိုပါတော့။ ဒီနေရာမှာ ဖတ်ဖူးတဲ့ ကျောက်ခေတ်ဟာသပုံပြင်လေးကို
ပြောပြချင်ပါတယ်။ ဇီက ဆိုတဲ့ လူတယောက်ဟာ သူတဲမှာ ၀က်တကောင်ကို ချည်ထားတုန်း တဲကိုမီးလောင်တော့
ဝက်ပါသေသွားသတဲ့။ ဒီတော့ ၀က်မီးလောင် သေ တာကို သူကမသိဘူး။လှဲအိပ်နေတယ်လို့ဘဲ ထင်တာတဲ့။
ဒီတော့ လက်ညှိုးနဲ့ထိုးကြည့်လိုက်တော့ ကပ် ပါလာတဲ့ ၀က်သားကြောင့် လက်ညှိုးက ပူလွန်းလို့
သူ့ပါးစပ်ထဲ ထဲ့မိသတဲ့၊အဲဒီမှာ အရသာသိသွား တော့ ဒါဘဲ တဲ့။ ၀က် ကင်နံ့ကလည်းမွေးနေတော့ ကုန်အောင်ဆက်စားလိုက်တယ်ဆိုဘဲ။
ဒါပေမဲ့ အဲဒီအချိန်က အသား ကို မီးဖုတ်မီးကင် စားရမှန်းမသိကြဘူးဆိုဘဲ။ တဲတခုရဖို့ လူတွေက၀ိုင်းဆောက်ပေးရလေ့ရှိတယ်။
မကြာ ခဏဆိုသလို ဇီက တဲက မီးခဏခဏလောင်တော့ လူကြီးလုပ်သူက
မသင်္ကာလို့ စောင့်ကြည့်တော့ ဇီက ၀က်မီးဖုတ်စား တာသိ သွားရောတဲ့။ ဒါနဲ့ လူတွေလည်း သူလုပ်စားစလို
စားကြည့်တာ ကောင်းမှန်း သိသွားကြ တယ်တဲ့။ ဇီက လည်း သူတဲကို နောက်ဆို မီးရှို့ဖို့မလိုတော့ဘူး
လို့ဆိုတယ်။
မီးသုံတတ်ပြီးတဲ့နောက်မှာ မိသားစု လူအုပ်ကလည်းများလာတယ်။
တောကောင်တွေလည်းရှားလာ တောလိုက်ရတာလည်း မလွယ်သလို မလောက်ငှတော့ သတ္တ၀ါတွေ၊ ငှက်တွေစားတဲ့
သီးနှံတွေကို စား ကြည့်ကြရာ ကနေ အလေ့ကျပေါက်တဲ့ သလေးစပါးတွေရှိရာရွေးနေကြတော့တယ်။ စပါးသပါးတွေ
ကျွေကျ ပေါက်တာတွေကို တွေ့တော့ ကျဲစိုက်တတ်လာကြတယ်။ ဒီမှာဘဲ စိုက်ပျိုးရေးနဲ့ မြေယာပိုင်ဆိုင်မှု
တွဲပေး လာတော့တယ်။ စိုက်ပျိုးမြေက ကျင်းပြီးလူဦးရေက များလာတော့ နေရာသစ်ကိုရှာကြရတယ်။
အဲဒီမှာဘဲ တခြား အုပ်စုရဲ့ မြေယာတွေကို ရယူဖို့ လုံးပမ်းတော့တယ်။ မြေလုပွဲတွေဖြစ် ၊
ရှုံးတဲ့ လူက မြေရှုံး၊ လူက ကျွန်ဖြစ်ရတော့တယ်။ သမိုင်းဦးဘုံမြေခေတ် ကနေ ကျေးပိုင်ကျွန်ပိုင်ခေတ်ကို
လူသားတွေ ပြောင်းလဲလာ တော့တယ်။ မြေပေါ် ထွန်ယက်တာတွေ၊ မြေယာလုတာတွေ၊ ကျွန်ကိုထိန်းရတာတွေကြောင့်
အမကြီးစိုးတဲ့ ခေတ် ကနေ အဖိုကြီးစိုးတဲ့ ခေတ်ကိုပြောင်းလာတော့တယ်။
ဒါတွေကလည်းလူတွေက ပြောင်းချင်လိုပြောင်းလာရတာမဟုတ်ဘဲ
လူသတ္တ၀ါ တို့ ဘ၀ရှင်သန်ရေး အတွက် သဘာဝအလျှောက် ပြောင်းလဲလာရတာကိုတွေ့ရမယ်၊ ကျေးကျွန်နဲ့
ကျွန်ပိုင်ရှင်လူတန်းစား ပေါ်လာ တာကို လည်းသတိထားရမယ်။ ကျွန်တွေကို အများဆုံးပိုင်သူတွေက
ကျွန်ထိန်းတွေ အများအပြား ရှိကြတယ်။ အဲဒီကျွန်ထိန်းတွေက ကျွန်ပိုင်ရှင်တွေရဲ့ စစ်သားတွေလိုဖြစ်လာတာပါဘဲ။
တကယ်လည်းစစ်တပ်ဖြစ် လာပါ တယ်။ စစ်တပ်ကြီးကြီးရှိသူက သူအုပ်မှာ ခေါင်းဆောင်ဖြစ်လာသလို
တခြားဒေသတွေကို တိုက်ခိုက်သိမ်း ပိုက်နိုင်တော့ နယ်စားဖြစ်၊ မြို့စားဖြစ် ဘုရင် ဖြစ်
ဖြစ်လာကြတော့တယ်။ ကျေးပိုင်ကျွန်ပိုင် သက်ဦးဆံပိုင် ဘုရင်တွေဖြစ်လာတယ်။ နိုင်တဲ့သူက
သတ်ချင်သလိုသတ် နိုင်တဲ့ ခေတ်ပေါ့။
ကျေးကျွန်ဖြစ်တဲ့ လူတွေကို ထိန်းရတာမလွယ်လှဘူး။
သူတို့မှာလည်း သူတို့ဘ၀ ရှင်သန်ရေး တိုးတက် ရေးအတွက် မျှော်လင့်ကြတာဘဲ။ သူတို့ကို သံကြိုးချည်ပြီး
ရိုက်နှက်ခိုင်းနေတာကို ဒီအတိုင်း ငြိမ်မခံ တတ်ကြ တော့ စောင့်ကြည့်ရတာ၊ ကျွေးမွေးရတာက ၀န်ထုပ်ဝန်ပိုးကြီးနေတယ်။
ဆူပူမှုတွေလည်း မကြာခ ဏဖြစ်နေ တော့ ကြိုးချည်ကြိမ်နဲ့ ရိုက်ရာကနေ မြေကို သီးစားချပြီး
အခွန်ကောက်တဲ့နည်းကို မြေရှင် ပဒေသရာဇ်တွေက ပြောင်းလုပ်လာရတယ်။ ရေမြေ့သခင်အဖြစ်ကိုတော့
လက်မလွတ်ကြသေးဘူး။ဒါဟာ မြေရှင် ပဒေသရာဇ် ခေတ် မြို့နိုင်ငံတွေခေတ်ပေါ့။ ဘုရင်တွေ ရှိနေပြီး
သူ့နယ်ကိုယ်လု၊ ကိုယ့်နယ်သူလု လုပ်ရင်း ဧကရာဇ် ဘွဲ့ခံယူချင်ကြတဲ့ အချိန်ပေါ့။ မြန်မာပြည်မှာ
ပုဂံ၊အင်းဝ ၊ပင်းယခေတ်တွေလိုပေါ့။
ဒီနေရာမှာ ရှင်းလင်းမြင်သာအောင် ဥပမာနဲ့
ပြောပြချင်တယ်။ က နဲ့ ခ ဆိုတဲ့ တိုင်းပြည် နှစ်ခုရှိတယ်။ နယ်ချင်း ဆက်နေတယ်။ မိတ်ဆွေဖြစ်ပြီး
နှစ်ပြည်ထောင် လူထုတွေလည်းကူးလူးဆက်ဆန်နေကြတယ်။ က ပြည်က စပါးထွက်ပြီး၊ ခ ပြည်က နွားသားရည်
ထွက်တယ်ဆိုပါစို့။ တခါတရံ စပါးနဲ့ သားရည်လဲလှယ်ရာမှာ ပစ္စည်းက မရောက်လာ၊ မပေါ်လာသေးတော့
သက်ဆိုင်ရာဘုရင်က သက်သေခံ လက်မှတ်ထုတ်ပေးရတယ်၊ ဒါမှ ပစ္စည်းပေါ်လာတော့ လက်မှတ်ပြထုတ်နိုင်တာကိုး။
ဒါကိုလည်းနှစ်ဖက်ကုန်သည်တွေက လက်ခံထားတယ်။ အဲဒီ အထောက်အထား လက်မှတ်ဟာ “ပိုက်ဆံ” ဆိုပါစို့။ ဒါပေမဲ့ တနေ့တော့ က ဘုရင်က သူသား တော်အတွက် ခ ဘုရင်သမီးကို တောင်းတော့ ခ ဘုရင်က ငြင်းလိုက်လို့
တိုင်းပြည်နှစ်ခု ဆက်ဆံရေး ပျက်သွား ရော။ နယ်စပ်တွေ
ပိတ် ၊ ဆက်ဆံရေးတွေ ဖြတ် လုပ်ကြတယ်။
အဲဒီမှာ တိုင်းပြည်တဖက်တချက်မှာရှိတဲ့
ကုန်သည်တွေက သူတို့လက်ထဲမှာရှိနေတဲ့ တဖက်နိုင်ငံက ပိုက်ဆံ တွေ သုံးမရ ဖြစ်တော့ ဒေါပွလာကြတယ်၊
ဒီဘုရင်တွေ သူတို့ သားသမီးကိစ္စနဲ့ တို့ စည်းဇိမ်တွေ ပျက်ရမလား ဆိုပြီး ဘုရင်တွေကို
မကျေနပ်တော့ဘူး။ ဒီမှာ ပိုက်ဆံထွင်တုန်းက ဘုရင်တွေက ဒီပိုက်ဆံဟာ ကုန်သည်လူတန်းစားတွေကိုမွေးထုတ်
လိမ့်မယ်။ အဲဒီကုန်သည်တွေက သူတို့ ထီးနန်းကို ဖျက်သိမ်းလိမ့်မယ်လို့ မတွေးထင်မိခဲ့ကြ
ဘူး။ ရုပ်ပစ္စည်း ပိုက်ဆံ ရဲ့ တန်ခိုး စွမ်းအင်ကို မခန့်မှန်းနိုင်ကြခဲ့တာကို သိစေချင်လို့ပါ။
ဒါနဲ့ အရင်းရှင် ဓနရှင်တွေက ချုပ်ချယ်လွန်းတဲ့
မြေရှင် ပဒေသရာဇ်စနစ်ကို ပါလီမန်စံနစ်နဲ့ တိုက်ဖျက် တော့တာပါဘဲ။ ဘုရင်တွေဖြုတ်ချခံရသူခံရ၊
အသတ်ခံရသူခံရ၊ စည်းမျဉ်းခံဘုရင် စံနစ်လို ပြောင်လိုပြောင်း လုပ်ကြရတယ်။ ပဒေသရာဇ် စနစ်ကျဆုံးခန်းပေါ့။
ဒီဖြစ်စဉ်တွေကိုကြည့်ရင် လူလောကရုပ်သမိုင်းဟာ
စိတ်အလိုအတိုင်း ဖြစ်နေတာမဟုတ်တာ၊ နည်း ပညာတိုးတက်လာသလိုရုပ်ပစ္စည်းလည်း တိုးတက်လာတာ၊
လူတန်းစားတိုက်ပွဲတွေဟာ တိုးတက်လာတဲ့ ရုပ် ပစ္စည်းနဲ့ အတူ လျှင်လျှင်မြန်မြန်တိုးတက်ဖြစ်ပေါ်လာတာကို
တွေ့နိုင်တယ်။ ကျောက်ခေတ်ကနေ ကျွန်ခေတ် ပြောင်တာလောက်မကြာတော့ဘူး။
၁၈ ရာစုမှာ အင်္ဂလန်က ဂျိမ်းဝပ်နဲ့ ဂျော့စတီဖင်ဆင်တို့
ဟာ ရေနွေးဆူရာက ရေနွေးအိုး အဖုံးလှုပ် တာကိုမြင်ပြီး ရေနွေးငွေ့ကို အသုံးပြုလာကြတယ်။
ချည်ငင်စက်တွေမီးသင်္ဘောတွေပေါ်လာ တယ်။ကုန်သွယ် ရေး တွေ သွက်လာတယ်။ ချည်ငင် စက်အတွက် ၀ါဂွမ်းတွေများများလိုတယ်။
ဒီတော့ ၀ါစိုက်ခင်းကြီးကြီး တွေမှာခိုင်းဖို့
ခေတ်နောက်ကျ အဖရိကလိုနေရာက လူမဲတွေကို ကျွန်လုပ်ခိုင်းကြတယ်။ နောက်ဆုံးတော့
မီးသဘော် တွေနဲ့ ကိုလိုနီနယ်ချဲ့ ကြိးစိုးကြတာပေါ့။ ရေနွေးဆူတာကို တွေ့ပြီး စက်ထွင်ခဲ့တဲ့
ဂျိမ်းဝပ်ကတော့ ကျွန်ဖမ်းဖို့ ၊ သီဗေါမင်းကို
ဖြုတ်ချဖို့ အထိ ရည်ရွယ်ချက် ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရေနွေးငွေ့ ရဲ စွမ်းအား ကိုဘယ်လိုလူက
မူလက ခန့်မှန်းနိုင်မှာလဲ။ ဒီနေရာမှာ လူရဲ့ အသိပညာဆိုတာကို ပိုပိုကဲကဲ တန်ဖိုးထား တွက်
တတ်တာကိုလည်းတွေ့ရတယ်။ လူရဲ့ အသိဟာ သူ့ဘ၀ကျင်လည်ရာဝန်းကျင်က ရကြပါတယ်။ ရေနွေးဆူတာ ကိုလူတိုင်း
မြင်ကြတာ ဘဲ ၊ ဒါပေမဲ့ တခြားလူတွေက အသုံးချ ဖို့ အမြင်နဲ့၊ လုပ်နိုင်တဲ့ အခြေအနေ မရှိတာကိုတွေ့နိုင်ပါတယ်။
အမြင်ရဖို့ ဆိုတာကလည်း အတွေ့အကြုံ လိုတယ်။ အတွေ့အကြုံ ဆိုတာကလည်း လက်တွေ့ ရုပ်ဘ၀ ဖြစ်ပါတယ်။
ဒီနေရာမှာ ဗုဒ္ဓဘာသာတွေနားလည်လွယ်အောင် ဆိုရင် သိဒ္ဒတ္ထ မင်းသား နမိတ်ကြီးလေးပါးကို အရင်မြင်ပြီးမှ
တောထွက်ချင်စိတ်ပေါက်သလိုပေါ့။ ရုပ်မြင်ပြီးမှ အမြင်ပေါ်လာမှာ မဟုတ်လား။
လူသားတွေရဲ့ သမိုင်းရေးရုပ်ဝါဒကို ပြန်ဆက်ရရင်
ပါလီမန်ခေတ်မှာ ငွေအရင်းရဲ့ လည်ပတ်မှုက ကြီးလာတယ်။ အမြတ်များများရဖို့ စက်ရုံကြီးတွေ
တည်လာကြတယ်။ အလုပ်လုပ်မည့်သူတွေကိုလည်း ရှာလာ ရတယ်။ စိုက်ပျိုးစားတဲ့ သူတွေရဲ့ မြေယာတွေ
ကျဉ်းကျဉ်းလာ၊ ကုန်ဈေးနှုန်းတွေကလည်းကြီးလာတော့ လယ်ယာမြေကို ရောင်းစား၊ပေါင်စား၊ အသိမ်းခံနဲ့
စက်ရုံတွေမှာ လုပ်ခစားလုပ်လာကြရတော့ စက်ရုံပိုင်ရှင် တွေက ပိုပို ချမ်းသာလာကြပြီး အလုပ်သမားတွေက
ပိုပိုဆင်းရဲလာကြရတယ်။ အရင်းရှင်ပါလီမန်ကလည်း အရင်းရှင်ဓနရှင်တွေကိုဘဲရွေးပြီး သူတို့ကိုယ်သူတို့ဘဲ
ကာကွယ်ပေးကြတယ် ၊ အလုပ်သမားတွေကို လှစ်လျူရှု ထားတယ်။လုပ်ပေးရင်လည်း ဟန်ပြလောက်ဘဲ။ ဒါကြောင့်ဘဲ
အလုပ်သမားလူ တန်းစားတွေက ဘ၀ရပ် တည်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်လာနေတုန်း ကာလက အခုကာလလို့
ဆိုပါတော့။ ၉၉% လူထုကြီးနဲ့ ၁% လူတစု တိုက်ပွဲက ဒီနေ့ ပိတ်ကားပေါ်က ရှုခင်းပေါ့။
တိုးတဲ့ဘက်နဲ့ ဆုတ်ယုတ်တဲ့ ဘက်ကို သက်သေပြရရင်
ရုပ်ရှင်တွေပေါ်လာတော့ ဇာတ်ပွဲတွေမှိန် သွားတယ်။ စီးပွါးရေးအရတွက်ခြေမကိုက်လို့၊ ဗွီဒီယိုခွေတွေပေါ်လာတော့
ရုပ်ရှင်ရုံတွေ မှိန်သွားတယ်။ ကားတွေပေါ်လာတော့ လှည်းတွေ အသုံးနည်းလာတယ်။ လက်ကိုင်ဖုံးပေါ်လာတော့
အိမ်ဖုန်းတွေ မသုံးကြ တော့ဘူး။ လက်ပ်တော့တွေပေါ်လာတော့ ဒက်စတော့ဗ်တွေ ပျောက်သားတယ်။
အခုလည်း ကေဘလ်တွေ ပျောက်တော့မယ် ဆိုနေတယ်။ ဆိုလိုတာကတော့ ရုပ်သမိုင်းက အမြဲမပြတ်ပြောင်းလဲ
တိုးတက်နေတယ်။ စံနစ်တွေလည်း ဒီလိုဘဲ ပစ္စည်းတွေ သွက်သွက်လက်လက် စီးဆင်းပုံအရ စံနစ်ကလည်း
သွက်လက်အောင် ပြောင်းလဲနိုင်ရလိမ့်မယ်။ မပြောင်းလဲနိုင်ရင် ဖွင့်စရာစက်မရှိတဲ့ ဓါတ်ပြားဟောင်းတွေ
လက်ထဲမှာ တင်ကျန် နေလိမ့် မယ်။ ဒီတော့ ရုပ်ပစ္စည်းတွေရဲ့ တိုးတက်မှုကို မျက်ခြေမပြတ်လေ့လာထားရလိမ့်မယ်။ဒါပေမဲ့
လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။ လေ့လာထားရင်တော့
ကျပေမဲ့ ကြောင်ကျဆိုရင် သက်သာတာပေါ့။
ကမ္ဘာမှာရှိတဲ့ ရေထု မြေထုတွေ၊သဘာဝသယံဇာတတွေ၊
ထွက်ရှိတဲ့ သီးနှံတွေ ၊ တိုးတက်လာတဲ့ နည်းပညာတွေကို ကမ္ဘာသားအားလုံးက ပိုင်ဆိုင်တယ်လို့
ယူဆကြရင် - လူသားတိုင်း ခံစားသင့်တယ်လို့ ခံယူသင့်ပါတယ်။
ဒီနေ့ ကမ္ဘာမှာ ကြီးစိုးနေတဲ့ အရင်းရှင်ပါလီမန်ခေတ်
ဟာ သူတို့ သွေးစုတ်ရယူထားတဲ့ ဥစ္စာဓနတွေကို ကာကွယ်ဖို့ ၊ပိုသွေးစုတ်နိုင်ဖို့ နည်းနာတွေကို
ပရိယာယ်တွေ ချခင်းလုပ် ဆောင်နေပါတယ်။ ကော်ပိုရေး ရှင်းကြီးတွေနဲ့ ကမ္ဘာကိုပတ်ပြီး အမြတ်ထုတ်သွေးစုတ်နေကြတယ်။
အလုပ်သမား ဆင်းရဲသားတွေ အတွက် သင့်တင့်လျှောက်ပတ်တဲ့၊ လုပ်ခလစာကို မပေးကြဘဲ ဆင်းရဲသား
အလုပ်သမားတွေ ဘ၀ရှင်သန်ရေးကို အမြဲ တမ်းဖိ။နိပ်ချိုးနှိမ်ရင်း အခွင့်ထူးတွေ စည်းဇိမ်တွေခံစားနေကြတယ်။
အခုဆိုရင် သောက်ရေသန့်တောင် မရတဲ့ ကမ္ဘာ့တချို့ အပိုင်းကလူတွေ တောင်ရှိနေပြီ။
အရင်းရှင်စံနစ်ကဲ့သို့သော ဖိနှိပ်သွေးစုတ်မှု
အမျိုးမျိုးကိုဆန့်ကျင်ရေ၊ ဆင်းရမှု ပပျောက်ရေးဟာ ဒီနေ့လူသားတွေ ရုန်းကန်နေရတဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။
သမိုင်းရေးရုပ်ဝါဒ အရလူ့လောကကို သုံးသပ်ကြည့်ရင်
ရုပ်ပစ္စည်းတွေရဲ့ ကျယ်ပြန့်တဲ့ သက်ရောက် မှုကို သိနိုင်တယ်။ လူ့သမိုင်းဟာ ရုပ်ပိုင်း
ဆိုင်ရာတိုးတက်မှု ပေါ် မူတည် တိုးတက်လာတယ်။ လူတန်းစား တိုက်ပွဲတွေက ထိုတိုးတက်လာမှုအလျှောက်ပေါ်လာတယ်။
လူသမိုင်း အရ တိုးတက်မည့် ဖက်နဲ့ ကျဆုံး မည့်ဖက်ကို သိနိုင်တယ်။ တဒင်္ဂ ရှုံးပေမဲ့လည်း
ရေရှည်မှာ နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း ပေးပါ တယ်။အဆင့်အတန်းတွေကွားခြားမှုရှိနေသမျှ
လူတန်းစားတိုက်ပွဲတွေ ဆက်ရှိ မယ်။ အခွင့်အရေး တန်း တူခံစားနိုင်တဲ့ စံနစ် ဖြစ်ပေါ်လာသည့်တိုင်ပေါ့။
ဒီဆောင်းပါးကို ကျွန်တော်ပေါ့ပေါ့ပါးပါးဘဲရေးပါတယ်။
ပေါ့ပေါ့ပါးပါးဖတ်ကြည့်ပြီး နည်းနည်းပါးပါး စဉ်းစားမိရင် ကျေနပ်ပါပြီ။
အများအကျိုးသယ်ပိုးကြ။
လောကကို
အလှဆင်ပါ။
တော်လှန်ရေးထက်
မြင့်မြတ်သည့်အရာမရှိ။
ဦးအေးဆောင်
ဂျွန်
- ၁၂၊ ၂၀၁၈။