ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, May 18, 2015

လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာ ဘာလဲ



(အမေရိကန် Wealth Daily  မှ ဆောင်းပါး ဘာသာပြန်)?
လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာ ဘာလဲ
ဗုဒ္ဓဟူးနေ့ ၊မေ ၁၃၊ ၂၀၁၅။
ရေးသူ - Briton Ryle
ဒီဆောင်ပါးက တချို့လူတွေကို ထိခိုက်မိစရာရှိမှာပါ။ ဒါပေမဲ့ အမေရိကန်တွေရဲ့ အခြေခံ အခွင့် အရေးကို ခြိမ်း ခြောက်နေတော့လည်း ဒါကိုပြောရမှာဘဲ ….
ကျွန်တော်က ကျွန်တော့် ခံယူချက်နဲ့ ယုံကြည်ချက်မှာ အခိုင်အမာရှိနေမယ်ဆိုရင် ကျွန်တော်တန်ဖိုးတထား ဆုတ်ကိုင်ထားတဲ့ အခြေခံ အယူအဆကို ခင်ဗျားက သဘောမတူ ဒါမှ မဟုတ်တိုက်ခိုက်မယ် ဆိုလည်း ကျွန်တော့်အတွက် ဘာမှဖြုံမှာ မဟုတ်ဘူး။ ကျွန်တော်ယုံကြည်ချက်ကြောင့် လူမိုက်လို့ ခေါ်ချင်လည်းခေါ်ပါ။ ကျွန်တော်ကတော့ ခင်ဗျားကို ငတုံး စာရင်းထဲမှာ ထည့်မိမှာဘဲ။ ခင်ဗျားကိုကျွန်တော်က မခြိမ်းခြောက်နိုင်သလို ဘယ် တော့မှလည်း ခြိမ်းခြောက်မှာ မဟုတ်ဘူး။ ခင်ဗျားပြောချင်တာပြောတာကို ဘာမှ တားဆီးတာလည်း လုပ်မှာမဟုတ်ပါဘူး။
ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ပါ။
လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာ ကျွန်တော်တို့သိထားတာထက် ပိုမိုတန်ဖိုးရှိပါတယ် - ကျွန်တော်တို့ ယုံကြည် ချက်နဲ့ ခံယူချက်ကိုလည်း အားကောင်စေပါတယ်။
တဦးတယောက်က ခင်ဗျား အခိုင်အာယုံကြည်ထားတာကို ထိပါးတယ်၊ လာယှဉ်မယ်ဆိုရင် ဒေါသထွက် မှာဘဲ၊ တခုခုလည်းလုပ်ရမှာဘဲ - ဘာကြောင့်များလဲ ဆိုတာလည်း အသေးစိတ် စဉ်းစားရတော့မယ်။ ဘာကြောင့် ငါ စိတ်ထိခိုက်ရတာလဲ ပေါ့။
ဒီလို စဉ်းစားလာတာတွေက ကျွန်တော်တို့ ယုံကြည်ချက် ခံယူချက်ကို ကိုယ်ဘာသာ ပြန်ဆန်းစစ်စေပြီး ပိုအားကောင်းလာစေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ယုံကြည်ချက်ရဲ့ အကြောင်း အချက်ကိုလက် ခံ ထားမလား ပယ်ပစ်လိုက်မလား ပေါ့။
Wealth Daily မှာ ကျွန်တော် ဆောင်းပါးနှစ်ပုဒ်ရေးပါတယ်။ ဝေဖန်စာတွေ တော်တော်ရခဲ့တယ်။ အတိုးနှုန်း တွေအကြောင်းရေးရင် စီပွါးရေးသမားလို့ အခေါ်ခံရယ်၊ Fox သတင်းတွေကို မေးခွန်းထုတ်ရင် လစ်ဘရာယ် တံဆိပ်အကပ်ခံရယ်၊ အခု ၀ါရှင်တန်ပို့စ်သတင်းစာ ထဲက ဆောင်းပါးကို ဝေဖန်တော့ ဘယ်လို နံမယ် အတပ် ခံရဦးမလဲ စဉ်းစားနေမိတယ်။
ခင်ဗျား ကျွန်တော့်ကို ဘယ်လိုဖြစ်ဖြစ်ပြောနိုင်ပါတယ်။ ကျွန်တော် ရထူပါတယ်။ ပိုတာက ကျွန်တော်ရေး တာ တွေကို ဘယ်လို တုန့်ပြန် ဝေဖန်ကြမလဲ ဆိုတာကို သုံးသပ်ဖို့လည်း မတွန့်ပါဘူး။
မေးခွန်းက ဒီမှာပါ - ဒါကို နားလည်မှုလွဲမယ်၊ တခြားပုံစံ တခုခုနဲံ့မြင်နိုင်တာလည်း သိပြီးသာပါ ဒါပေမဲ့ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်က မေးရမှာဘဲ။
အမေရိကန်တယောက်နေနဲ့   တဦးတယောက်က အမေရိကန်အလံကို မီးရှို့နေတာကို ခင်ဗျားမြင်ရင် ဘယ် လို ခံစားမလဲ ? အမေရိကန် ပြည်ကို မေးခွန်းထုတ်မလား၊ ဒါမှ မဟုတ် ခင်ဗျားအမေရိကန်ဖြစ်ရတာကို ပိုခိုင် မာ စေမလား?
ကိုယ့်ကိုယ်ကို မညာတမ်းဆိုရရင်တော့ လူတချို့က အမေရိကကို ဒေါသဖြစ်တဲ့ အကြောင်းတွေ ရှိတာကို ကျွန် တော်တို့ နားလည်ပါတယ်။ ဒါတွေကို ရွှန်ပေါလ်ကလည်း ခင်ဗျားကို ပြောမှာဘဲ။ မလုပ်သင့်ဘဲ ဒရုံးတွေနဲ့ တိုက်လို့ တခြားနိုင်ငံက အရပ်သားတွေ သေရတာ၊ အီရတ်ထဲ ၀င်တဲ့ အမှား၊ နှိပ်စက်မှု - ဒါတွေအားလုံးက တခြားနိုင်ငံကလူထုတွေ ဒေါသဖြစ်ရာ အခိုင်အမာ အချက်တွေဘဲ။
ဒီလိုဘဲ - ဒီမှာလဲ  အမေရိကန်တွေ ဒေါသထွက်ဖို့ အခိုင်အမာ အချက်တွေလည်း ရှိတယ်။
အမေရိကန်အလံကို မီးရှို့တာမြင်ရင် ကျွန်တော်ကတော့ အမေရိကန်ဟာ ကမ္ဘာမှာ မြင့်မြတ်တဲ့နိုင်ငံဖြစ်တယ်၊ ကျွန်ုပ်တို့ရဲ့ လွတ်လပ်မှုနဲ့ အောင်ပွဲတွေက တခြားဘာနဲ့မှ ယှဉ်လို့ မရဘူး။ အရေိကပြည်ကကမ္ဘာပေါ်ရှိတခြား နိုင်ငံတွေထက် ကျွန်တော်တို့ကို ပိုမိုကောင်းမွန်တဲ အခွင့်အရေးတွေပေးတယ် ဆိုတာကို ခိုင်မာ အား ကောင်း လာစေတယ်။
ကျွန်ုပ်တို့ ချာလ်လီ ဟက်ဒ်ဒူ တွေဖြစ်နေတယ်။
 မိုဟာမက်ကို ဖေါ်ပြပုံကစော်ကားတယ်ဆိုတဲ့ ပြင်သစ်မဂ္ဂဇင်း ချာလ်လီဟက်ဒ်ဒူ၊ အကြမ်းဖက်သမားတွေရဲ့ အတိုက်ခံရတာ ခင်ဗျားသိမှာပါ၊ လူ ၁၂ ယောက်အသတ်ခံရတယ်။
မကြာမီက တက်ခ်ဆက်စ်ပြည်နယ် ဂါလင်းမှာ မိုဟာမက်ပုံ ကာတွန်းပြိုင်ပွဲကို လူနှစ်ဦးက မောင်းပြန်သေနတ် တွေနဲ့ ပစ်ခတ်တာလည်း ခင်ဗျားသိမှာဘဲ။
ဖြစ်စဉ်နှစ်ခုလုံးမှာ မိုဟာမက်ပုံကို ကာတွန်းပုံရေးတာဟာ တိုက်ခိုက်သူတွေကသူတို့ကိုစော်ကားတာဖြစ် တယ် လို့ ခံစားကြတယ်။ သူတို့ အနေနဲ့လည်း ခံစားခွင့်ရှိပါတယ်။ ယေရှုပုံကို ကာတွန်းဆွဲလျှင်လည်း တချို့လူ တွေ ကို စော်ကားတာဖြစ်မှာ သေချာပါတယ်။
ဒါပေမဲ့ ကာတွန်းရေးတဲ့ သူကို မောင်းပြန်သေနတ်တွေနဲ့ သွားပစ်ရမှာတော့ မဟုတ်ပါဘူး။
ခင်ဗျားကို တဦးတယောက်ကအဲဒါပြောရင် မင်းကိုငါသတ်မယ်လို့ဆိုရင် ဒါဟာ ခင်ဗျားရဲ့ လွတ်လပ် စွာပြောဆိုခွင့်ကို သိမ်းယူသွားတာဘဲ။ အဲဒီလိုဘဲ ခင်ဗျားက ခင်ဗျားကို ထိပါးသူကို အပြစ်ဒဏ်ခတ် မယ်ဆိုရင်လည်း တခြား သူရဲ့ လွတ်လပ်စွာ ပြော ဆိုခွင့်ကို နုတ်သိမ်းတာဘဲ ဖြစ်တယ်။
ထိပါးသလား ထိပါးဘူးလားဆိုတာနဲ့ မဆိုင်ပါဘူး။
မေးခွန်းအမှန်က - တခြားလူတယောက်ယောက်က မေးခွန်းထုတ်ရင် ခင်ဗျားရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်ဟာ မရေမရာ ဖြစ်သားတာမျာလား ဆိုတာပါ။
လွတ်လပ်မှုဆိုတာဘာလဲ ?
ဆိုကြပါစို့ ခင်ဗျား တခုခုပြောလို့ တယောက်ယောက်က ခြိမ်းခြောက်မယ်ဆိုရင် ခင်ဗျားရဲ့ လွတ်လပ်စ ပြောဆိုခွင့်ကို လာသိမ်းယူသွားတာဘဲ။
ခင်ဗျားရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဘယ်လိုကာကွယ်ရမလဲ? ခြိမ်းခြောက်ခံရတဲ့ အကြောင်းအရာကိုဘဲ ဆက်ပြောနေရမယ်။ စိတ်ထဲရှိတာ ဆက်သာပြော။
ယေရှုနဲ့ ပတ်သက်ပြီး ပုံပျက်ပန်းပျက်ဆွဲတာတွေကို သိပ်ထိခိုက်ခံစားရတာ မတွေ့ရတ အကြောင်းရှိတယ်။ ခရစ်ယာန်တွေက အဲဒီလိုအကြောင်းတွေကို အလေးထားကြဘူး။ သူတို့ အများစုယုံကြည်မှုက ပုဂ္ဂိုလ်ရေး အရနှီနွှယ်မှုကိုနား လည်ကြတယ်။ သူတို့ ယုံကြည်ချက်က ပုဂ္ဂိုလ်ရေးနဲ့ ဆက်နေတယ်။တခြားလူပြောလို့ မပြောင်း သွားဘူး။
ပိုတာက ခရစ်ယာန်အယူက ကျွန်ုပ်တို့ကို ပါးတဖက်အရိုက်ခံရရင် တခြားတဖက်ကိုပါအရိုက်ခံဖို့ သင်ပေး ထားတယ်၊ တဖက်သားကို စာနာသနားဖို့ သင်ပေးတယ်။
ယေရှုပုံ ပုံပျက်ပန်းပျက်လုပ်တာကို မတုန့်ပြန်ကြတော့ဘူး၊ သူတို့က (ကျွန်ုပ်တို့က) ထိပါးတာကိုလည်း လွတ် လပ်မှု အဖြစ်ယူကြပြီး၊ ဘယ်လိုရှိခိုးရမလဲ ဆိုတာလည်း လွတ်လွတ်လပ်လပ် ရွေး နိုင်တယ်။
နောက်ဆုံးတော့  အစွန်းရောက်အစ္စလမ်တွေနဲ့ အကြမ်းဖက်တာတွေကို ကျွန်တော်တို့လို ဆန့်ကျင်တဲ့ သာမန် မွတ် စလင်မ် တွေ တွက် အနှောက်အယှက်မဖြစ်အောင် မိုဟာမက်ပုံကို ရေးတာ၊ ဖြန့်တာ တွေကို ကန့် သတ်သင့်တယ်လို ငြင်းခုံ ကြတာရှိတယ်။
မနေ့က ၀ါရှင်တန်ပို့စ် သတင်းစာမှာ ပင်တိုင်ဆောင်းပါးရှင်တဦးက
အမေရိကန်လူမျိုးများဟာ အဆင့်မြင့်အသိုင်းအ၀ိုင်းကို တက်လှမ်းနေချိန်မှာ ဘာသာရေးရ ( မိုဟာမက် ဆန့်ကျင်မှု) စော်ကားမှုတွေဟာ အမေရိကန် ရှေ့တန်းစစ်မျက်နှာနဲ့ ထောက်လှမ်းရေးတပ်တွေထဲမှာ ဖြစ်နေ တာမဟုတ်၊ ဘာသာရေးထိခိုက်မှုတွေက ရှုပ်ထွေးမှုနဲ့ အလုပ်ပေါ် အာရုံပြားစေတယ်။” တဲ့
ဒီဆောင်းပါးရှင်က အစွန်းရောက်အစ္စလမ်တွေကို တိုက်ဖို့ သမာန် မွတ်စလင်တွေရဲ့ အကူ အညီကို အနောက် ကလိုနေတယ်လို့ ဆိုပါတယ်။ အဲဒါကမှန်နိုင်ပေမဲ့ သူက လက်ငင်းမဟာမိတ်တွေကို အနှောက်အယှက် မဖြစ် အောင် မိုဟာမက်ပုံကို သရုပ်ပျက် မရေးဆွဲရဘူးလို့လည်း ဆိုနေပါတယ်။
တနည်းအားဖြင့်  ထိပါးမှုတွေ ထပ်မဖြစ်အောင် လွတ်လပ်စွာ ပြောဆိုခွင့်ကို စွန့်ပယ်ဖို့ သူက ရှေ့နေလိုက် နေတာပါ ဒါဟာ အမျိုးသားလုံခြုံရေး အတွက် အမေရိကန်တွေရဲ့ အခြေခံ အခွင့်အရေးကို စွန့်လွှတ်ဖို့ ကျွန် တော်တို့ တောင်းဆိုခံနေရတာပါ။
ကျွန်တော်ဘယ်လိုထင်လဲ ခင်ဗျားသိလား ? ဘာဘဲ ဖြစ်ဖြစ် ကျွန်ုပ်တို့က လွတ်လပ်စွာ ပြောဆိုခွင့်ကို လုံးဝ ကာကွယ်ရမှာဘဲ။ ကျွန်တော်ထင်တယ် “ ဒါမပြောနဲ့ ဟိုဟာ မပြောနဲ့ …..” ဆိုတဲ့လူတွေကို ကာကွယ်ဖို့ တောင်းဆိုခံရပြီ
ထပ်ပြောရရင် - လွတ်လပ်စွာပြောဆိုခွင့်ဟာ မြင့်မားတဲ့ရည်မှန်းချက်ကို ပေးတယ်။ ဒါက ကျွန်ုပ်တို့ရဲ့ ခံယူ ချက်နဲ့ ယုံကြည်ချက်ကို သန်မာစေတယ်။ ဒါ့အပြင် ဒုတ်နဲ့ ခဲတွေ(မောင်းပြန်သေနတ်တွေ)က ကျွန်ုပ်တို့ အရိုးတွေကို ကျိုးစေ၊အသက်ကို သေစေ နိုင်ပေမဲ့ စကားလုံးတွေက ကျွန်ုပ်တို့ကို မထိခိုက်စေဘူးဆိုတာလည်း သင်ပေးသင့် တယ်။
ပြန်လည်ဆုံစည်းသည့်တိုင်
ဘရစ်တွန် ရှိုင်း
ဘရစ်တွန်ရှိုင်းသည် စာစောင်လောကတွင် ၁၇ နှစ်တာမျှကျင်လည်ခဲ့ပြီး Yhe Wealth Advisory စာစောင် အယ်ဒီတာ ဖြစ်သည်။ @BritonRyle on Twitter.

0 comments: