ဦးရွှေမန်း
စာနဲ့ ပတ်သက်၍
“စကားမှာရွှေမန်း”
လို့ ပြောနေကြတာကြားနေရလို့ ဦးရွှေမန်းစာကို စိတ်ဝင်တစားဖတ်မိပါတယ်။ သူ့ရဲစာဟာ ယေဘုယျအားဖြင့်
အမျိုးသားနိုင်ငံရေးကို ရည်ညွှန်းနေတာတွေ့ရလို့ အရင် ဗိုလ်ခင်ညွှန်း တို့ ခေတ် ၁၉၉၀ ရွေးကောက်ပွဲ
မတိုင်မီက များပြားလှတဲ့ နိုင်ငံရေးပါတီတွေကို အမျိုးသားနိုင်ငံရေး ဆိုတဲ့ စကားလုံးနဲ့
သိက္ခာ ချနှိပ်ကွပ်တိုက်ခိုက်ခဲ့တာကို ပြန်ပြောင်းအောက်မေ့စေခဲ့ပါတယ်။ နောက်တော့လည်း
စစ်အာဏာရှင်တွေရဲ့ကြံ့ဖွတ်ပါတီဟာအရင်ကလူမှုရေးကွန်ယက်လိုလိုဘာလိုလိုနဲ့အခုတော့
နိုင်ငံရေးပါတီဖြစ်ပြီး တိုင်းပြည်ကို ကြီးစိုးနေတော့တာပါဘဲ။ ဒီတော့ “အမျိုး သားနိုင်ငံရေး”
ဆိုတာ နိုင်ငံရေးပါတီတွေကို စစ်တပ်က အပုတ်ချဖို့ သုံးတဲ့ စကားလုံးသာဖြစ်ခဲ့တယ်။ ဘယ်
နိုင်ငံရေးပါတီကကော နိုင်ငံရှိ အမျိုးသားတို့၊ တိုင်းပြည်တို့ နယ်မြေတို့ အခြေမခံဘဲ
ရှိပါ့မလဲ။ ကျွန်တော်တို့ ဒီနေ့ ဖြစ်နေတဲ့ ပြဿနာက အမျိုးသား ထဲက ဖေါက်ပြန်တဲ့ ၊ ဖိနှိပ်
သွေးစုတ်တဲ့ စစ်အာဏာရှင်လူတန်းစား ကြောင့် ဖြစ်နေတဲ့ ပဋိပက္ခတွေ ချည့်ပါဘဲ။ အမျိုးသားရေးလို့
လုံးတုတ်လို့ မရတဲ့ အချိန်ပါ။
ဦးရွှေမန်းစာမှာ
စေတနာသံပါနေလို့ ကျွန်တော့်အနေနဲ့ အလေးထားပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲစည်းပုံရဲ့ အကျိုးကျေးဇူးကြောင့်
ဖြစ်လာတဲ့ ရွေးကောက်ပွဲ၊ ဖြစ်လာတဲ့ လွှတ်တော်၊ ဖြစ်လာတဲ့ ဥက္ကဌ ဆိုတော့ ဘယ်ပေါ်မှာ သစ္စာစောင့်သိမယ်ဆိုတာကတော့
သိသာပါတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ ပြည်သူအတွက် တဦးချင်း စိတ်ရင်း အတိုင်းပြောဆိုနိုင်ကြ
ရင်တော့ ယခင့်ယခင်က အုပ်စိုးသူတွေကို သူပြောတဲ့
စကားလုံးအရဆိုရင် “ ပြည်သူကရွေးကောက်ထားသော အစိုးရမဟုတ်၍ ပြည်သူအများစုက လက်မခံ” ဆိုတာဟာ၊
“မယုံကြည်” ဆိုတဲ့ အဓိပ္ပါယ်လို့ ဆိုနိုင်ပါတယ်။ ကျားဟာ ဘယ်လောက် သဘောကောင်းကောင်း သမင်က
မယုံပါဘူး။ လူတွေက တိရိ စ္ဆာန်မဟုတ်တော့ ပြောင်းနိုင်တယ်၊ ပရိယာယ်တွေလုပ်နိုင်တယ်၊ ဟန်ဆောင်နိုင်တာပေါ့။
ဒါတွေကို လူတွေက၊ လက်တွေ့နဲ့ရေရှည်မှာ ကြည့်ပြီး ယုံကြည်ကြပါတယ်။ တိရိ စ္ဆာန်ကတော့ တလမ်း
မောင်းပေါ့။
ဒီတော့
ယုံကြည်မှုတည်ဆောက်ရေးဆိုတဲ့ စကားကရေပန်းစားလာပြန်တယ်။ယုံကြည်မှု တည်ဆောက်ရေး က တနိုင်ငံလုံး
အပစ်ရပ်ရေး လုပ်ငန်းစဉ်ရဲ့ ဖြစ်စဉ်ကို သုံးသပ်ရင် ရှင်းပါတယ်။ ဘာကိုရည်ရွယ် လုပ် ဆောင်
နေတယ်ဆိုတာသိသာနိုင်ကြပါတယ်။အုပ်စိုးခဲ့သူတွေဟာ“စေတနာကောင်း၊ရည်ရွယ်ချက်ကောင်း၊
အရည် အချင်းကောင်း များရှိသော်လည်း” ဆိုတဲ့
ဦးရွှေမန်းက စကားအရ ဆိုပေမဲ့ လူတွေက မယုံကြည်ကြဘူး။ ဒါကြောင့်တနိုင်ငံလုံးအပစ်ရပ်ရေးဟာ
ေ၀၀ါးနေပါပြီ။ဒါဟာ သိသာလွန်းတဲ့သက်သေတခု သာပဲ ဖြစ်ပါ တယ်။
“ညှိတတ်ရင်
ပြေလည်ပါတယ်” ဆိုတဲ့ စကားက ပရိယာယ်နဲ့ကျွမ်းကျင်မှုပေါ် အခြေခံပြီးအင်မတန်စိတ္တဇ ဆန်ပါတယ်။
အနှစ်သာရကို မျက်ကွယ်ပြုပါတယ်။ ဒီနေ့ ဖြစ်နေတဲ့ ဆီးရီးယား၊ အစ္စရေး - ပလက်စတိုင်း၊ ယူကရိန်း
ပြဿနာတွေဟာ မညှိတတ်ကြလို့မဟုတ်ပါဘူး။အကျိုးစီးပွါးတွေထိပ်တိုက်တွေ့နေလို့ပါ။ မြန်မာ
ပြည် မှာ လက်ပံတောင်း၊ မြစ်ဆုံပေါ့၊ ညှိနှိုင်းရေး မဟုတ်တော့ဘဲ ဘယ်ဘက်မှာ လိုက်မလဲ ဆိုတဲ့ကိစ္စ
သာဖြစ်တယ်။ ဒါတွေအတွက် တစုံတရာစွန့်လွှတ် အနစ်နာခံတာတွေ ရှိလာနိုင်တယ် ။ “ မခင်တွယ်၊
မခင်တွယ် ချစ်သူစွန့်လို့ရယ် ” ဆိုတဲ့ သီချင်းလိုပေါ့။ ဒီနေ့ မြန်မာပြည် ပြဿနာက အုပ်စိုးသူတွေအနေနဲ့
အနစ်နာခံရမှာ၊ ဒါက တောင်အဖရိကက ဒီကလပ်နဲ့ မန်ဒဲလား တို့လို ဖြစ်ချင်ဖြစ်နိုင်တယ်။ ကျွန်တော်က
ဒီကလပ်ကိုပိုချီးမွမ်းတယ်။သူကအားဏာရှိကနေ လျှော့ချခံခဲ့တာ။ပြည်သူလူထုတွေလွတ်လပ်စွာ
နိုင်ငံရေးလှုပ်ရှားနိုင်ပြီး စစ်တပ် အနေနဲ့ ပြည်သူတင်မြောက်တဲ့ အစိုးရ ပေါ်လစီအောက်မှာ
ပြည်သူအကျိုးကို ထမ်းဆောင်တာက သာလျှင် လက် ရှိ စစ်တပ်ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ပါလိမ့်တယ်။
တိုင်းပြည်စည်းလုံးပြီး အမျိုးသားညီ ညွတ် ရေးတွေရလာနိုင် ပါလိမ့်မယ်။
စာထဲက“ဆွေးနွေးမယ်၊ညှိနှိုင်းမယ်ဆိုတာဘာကြောင့်လက်မခံချင်တာလဲ”ဆိုတာက လေးပွင့်ဆိုင်ဆွေး
နွေးပွဲကို ရည်ညွှန်းတယ် ထင်ပါတယ်။ ဒီကိစ္စတွေက ဦးရွှေမန်းအနေနဲ့ ဦးသိန်းစိန် အစုနဲ့
မတူတာကို ပြချင် တယ် လို့ ယူဆရတယ်။ ဒီလိုမတူတာလေးတွေကို ပြသပြီး မြန်မာပြည်နိုင်ငံရေးမှာ
လူထုစိတ်ဝင်စား အောင် လုပ်၊ ဆွဲဆောင်မိန်းမောစေတာ၊မက်လုံးပေးလှည့်စားခဲ့တာကလွဲလို့ဘာမှမဖြစ်လာလို့ရာစနှစ်ဝက် တောင်ကျိုးခဲ့ပြီး တိုင်းပြည်နဲ့ ပြည်သူဟာ ဆင်းရဲတွင်းက
တက်ကို မတက်ခဲ့နိုင်ခဲ့ဘူး။ စစ်အာဏာရှင် စံနစ်သာမြဲခဲ့တယ်။
“ညှိနှိုင်းမယ်
ဆိုတာ ဘာကြောင့် လက်မခံချင်တာလဲ” ဆိုတာနဲ့ ပတ်သက်ပြီး ၁၉၆၃ ခု ဗိုလ်နေ၀င်းလုပ်တဲ့
ငြိမ်းချမ်းရေး ဆွေနွေးပွဲမှာ သခင်စိုးက “ ပါတီပေါင်းစုံ ကွန်ဖရင့်” မူကိုတင်ပါတယ်။
ဗိုလ်နေ ၀င်းလက်မခံခဲံ့ ပါဘူး၊ အခုလည်း တိုင်းပြည်နဲ့ ပြည်သူတွေ အမှန်တကယ် ဆင်းရဲတွင်းက
လွတ်စေ ချင်ရင်၊ အမျိုးသားစည်းလုံးရေးတကယ်ရချင်ရင် ကျွန်တော့်အနေနဲ့ အရင် ၆၃ ခုကလို “ပါတီ ပေါင်းစုံ
ကွန်ဖရင့်” လုပ်ပြီး လူထုရဲ့ ဆန္ဒအမှန်ကို ဖေါ်ထုတ်ခါ တိုင်းသစ်၊ပြည်သစ် ကိုတည် ဆောက်
အ ကောင် အထည်ဖေါ်ဖို့ ညှိနှိုင်း ရပါလိမ့်မယ်။
၆၃ ခုတုန်းကလည်း ဗိုလ်နေ၀င်းက
လက်မခံခဲ့ပါဘူး၊ အခုလည်းလေးပွင့် ဆိုင်တောင် လက်ခံဖို့ အတွက် အခက်အခဲတွေတွေ့နေတာ ဦးရွှေမန်း
အသိဘဲ။ ဒီတော့ လွတ်လပ်ပွင့်လင်းတဲ့ “ပါတီပေါင်း စုံ ကွန်ဖရင့်” ဆိုရင် ပိုလို့ပိုလို့
ဝေးနေဦးမှာပါ။ ဒီတော့ ဦးရွှေမန်းရေးတဲ့ စာထဲကလို “ညှိနှိုင်း မယ်ဆိုတာ ဘာကြောင့် လက်မခံချင်တာလဲ”
လိုသာထပ်ပြန်မေးရပါတော့မယ်။
နိုင်ငံ့အရေးကို ထမ်းဆောင်ချင်တဲ့
လူတိုင်းအတွက် ထမ်းဆောင်နိုင်တဲ့ အခြေအနေကို ဒီမိုကရေစီ ဆိုတဲ့ စံနစ်ကပေးပါတယ်။ အတုအယောင်ဟန်ပြ
ဒီမိုကရေစီက မပေးပါဘူး။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေ စီဆိုတာက ပိုလို့မပေးဘူးလို့ ဆိုတာ
ခြေဥတို့၊ စထွက်လာတဲ့ ရွေးကောက်ပွဲစည်းမျဉ်းတွေမှာ တွေ့နိုင်ပါပြီ။
စာထဲက “ နိုင်ငံ့အရေး၊ အမျိုးသားအရေးကို
ကောင်းစွာဆောင်ရွက်နိုင်ပါမှ နိုင်ငံအရေးကို စိတ်ဝင်စားကြသော နိုင်ငံသားများ၏ စားဝတ်နေရေးလူမှုရေးကို
ကောင်းစွာ ဆောင်ရွက် ပေးနိုင် မှာဖြစ်ပါတယ်” ဆိုတာဟုတ်တယ်။ ဒါပေမဲ့ အခုအခြေအနေမှာ အဲဒီအခြေအနေ
မျိုးမရှိဘူး။ ဒီတော့ ဦးရွှေမန်း ကို - စစ်တပ်စကားမတိုင်း ဆိုရင် “ ဆက်လုပ်” လို့သာပြောရတော့မှာပါ။သူရဘွဲ့ရထားတဲ့
ဦးရွှေမန်းဟာ သတ္တိရှိမယ်လို့ မျှော်လင့်ရတာပါဘဲ။
ပြည်သူအကျိုးကိုသယ်ပိုးကြ။
လူထုအစိုးရပေါ်ထွန်းရမယ်။
ဦးအေးဆောင်
မေ ၂၊ ၂၀၁၄။
0 comments:
Post a Comment