ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Sunday, January 20, 2013

ရင်နင့်စရာ ခြောက်ထပ်ကြီးမှတ်တိုင်က အဖြစ်အပျက်မှ စ၍



ရင်နင့်စရာ ခြောက်ထပ်ကြီးမှတ်တိုင်က အဖြစ်အပျက်မှ စ၍
ပြီးခဲ့တဲ့နှစ် ဒီဇင် ၂၉ ရက်နေ့ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး ကားမှတ်တိုင်မှာ ငိုနေတော့ ၁၀ နှစ်အရွယ် ခလေးမလေးကို  အမျိုးသမီး တဦးက ခေါ်နေတဲ့ အခါ ဈေးသည်တွေက မသင်္ကာလို့  ၀ိုင်းမေးတော့ ခလေးမအမေရင်းကမှတ် တိုင်မှာ ပစ်ထားခဲ့ကြောင်း သိလာကြတယ်။ ဈေးသည်တွေက ရဲစခန်းကို အကြောင်း ကြားလိုက်တယ်၊ ရဲက စုံစမ်း ပြီး သူ့မိဘတွေထံပြန်ပို့တော့၊ မိဘတွေက တဲပြိုလို့ နေစရာ မရှိတော့ဘူး၊ အကြွေးရှင်တွေက ပူလို့ ရန်ဖြစ်ရ တာလည်းမကြာခဏ၊ ဒီခလေးကို အိမ်ဖေါ်လုပ်ခိုင်းဖို့ ဆိုပြီး မိခင်ကခေါ် လာပြီး ကားမှတ်တိုင်မှာ ပစ်ထားတာ ၊အခုတော့ဒီခလေးမလေးကို သူ့ အဖွါး ဆီမှာရဲကအပ်ထားလိုက်တယ်လို့ သတင်းကဖေါ်ပြတယ်။ ဒီလိုဖြစ်တာက ခဏခဏဘဲ လို့ အင်းစိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်း ကဆိုပြန် တယ်။ ခလေးကယ်ဆယ်ရေး ဆရာမကြီးတွေက မိဘတွေဟာ ခလေးကို ဂေဟာ တခုခုမှာ အပ် ထားဖို့ သင့်တယ် လို့ဆိုတယ်။
ဒီအဖြစ်အပျက်မှာ မြင်သာတာက မိဘတွေက သူတို့ရင်သွေးကို ပစ်ထားရလောက်အောင် ဘ၀ ခက်ခဲနေတာကို သိနိုင်ပါတယ်။ ဒီနေရာမှာ မိဘတွေကို အပြစ်တင်မည့်သူတွေရှိနိုင်ပါတယ်။ မိဘတွေက ချို့တဲ့ နေတာကို အရင်းအမြစ်အထိ စစ်သင့်ပါတယ်၊ ပညာအရည်းအချင်းကြောင့်၊ စာရိတ္တကြောင့်၊ အလုပ်အကိုင် ရှားပါးတာ ကြောင့်၊ ကုန် ဈေး နှုန်းကြောင့်၊ အိမ်ဖျက်ခံရတာကြောင့် ဆိုတာတွေတွေ့ နိုင်ပါလိမ့်မယ်။ ပညာနဲ့ အခွင့် အလမ်းကိစ္စ တွေက အုပ်ချုပ်သူနဲ့ လုံးဝ ပတ် သက် နေတယ်။ဒါက ငြင်းမရတဲ့ ကိစ္စ။ မိဘတွေရဲ့ ချို့ငဲ့မှုက သားသမီး တွေအပေါ် ရိုက်ခတ်တာ သဘာဝဘဲ။ ဒီတော့ ပညာရေးစံနစ်နဲ့ အလုပ်အကိုင်အခွင့် အ လမ်းဟာ မြန်မာပြည်မှာ ချို့ငဲ့နေတာ ကြာပြီ၊ ဒီကိစ္စက ရေရှည်လုပ်ရမှာ ဆိုတော့ ခြောက်ထပ်ကြီးမှာ ပစ် ထားခံရတဲ့ ငိုနေတဲ့ ခလေးမ အတွက် ဘာမှ လက်ငင်းလုပ်ပေးနိုင်မှာ မဟုတ် ပါဘူး။
ခလေးတွေ ထိန်းသိမ်းစောင့်ရှောက်တဲ့ ဂေဟာက ဆရာမကြီးတွေက ပြောသလို ခလေးတွေ သူတို့ဆီ သွားအပ်တဲ့ အလုပ်က ဘယ်လို လုပ်ကြရတယ်တော့ မသိပေမဲ့ ဒီခလေးမလေးရဲ့ မိဘတွေက ၀င်ငွေမျှော်လင့် ချက်ထားပုံရတယ်၊ သူတို့ကို ဂေဟာက ခလေးမိဘတွေကို ကူနိုင်မလား ဆိုတာလည်း စဉ်းစားစရာ။ မိဘ တွေအတွက် မပြောနဲ့ ခလေးတွေအတွက်  မြန်မာပြည် မှာ အခမဲ့ ပညာရေးဟာ တကယ်အခ မဲ့တည်ရှိ နေပြီလားလည်း စီစစ်သင့်ပါတယ်။
ဂေဟာက အဆင်ပြေချောမောစွာ စွန့်ပစ်ခလေးတွေအားလုံးကို ကယ်ဆယ်နိုင်တယ် ဆိုလျှင်လည်း ဘယ်လို ကြောင့် လေလွင့်ခလေးတွေရှိနေရတာလဲ ဆိုတာကို လေ့လာရဦးမယ်။ အခုတော့ စစ်ရှောင် ခလေးတွေ၊ ဒုက္ခသည်ခလေးတွေကိစ္စ ကိုကော ဘယ်လို စီစဉ်ကြမလဲ ထည့်တွက်ရတော့ မယ်၊ စာရေးသူရဲ့ ရည်ရွယ် ချက်က ဂေဟာတွေရှိတာကောင်းပေမဲ့ ဆင်းရဲခြင်း ဒုက္ခကိုပါ တင်ပြချင်တာပါ၊ လူတယောက်ဟာ ဆင်းရဲပြီ ဆိုရင် ဒုက္ခတွေ အားလုံး ၀င်လာတော့တာဘဲ။ သမတက ဆင်းရဲမှု တိုက်ဖျက်ရေး လုပ်နေတယ်လို့ ဆိုတယ်၊ ခရိုနီတွေလည်း ကြီးပွါးနေကြတယ်၊ အခုလို ရင်သွေးသား သမီးတွေကို စွန့်ပစ်ရလောက်အောင် အခြေ အနေက ရန်ကုန်မြို့ကြီးမှာဖြစ်နေတယ်။ ချမ်းသားကြီးပွါးနေ တဲ့ လူတွေ ရှိရာ မျက်စိအောက်မှာဘဲ ဖြစ်နေတော့၊ မိဘတွေက သား သမီးကို စွန့်ပစ်သလို၊ မိဘနဲ့ တူတဲ့ အစိုးရတို့၊စေတနာကောင်းသလိုလိုရှိတဲ့ လူချမ်းသာတို့ ၊ လူဂုဏ်တန်တို့က ဆင်းရဲသားတွေကို  ပစ်ထား တာဟာ တော်တော်ကြည့်ရ၊ ကြားသိရ ဆိုးတဲ့ကိစ္စဘဲ၊ ရင်နင့် စရာပါဘဲ။
အရွယ်မရောက်သေးတဲ့ ခလေးငယ်တွေ မိဘကစားဝတ်နေရေးမပြေလည်လို့ ဈေးဗန်းခေါင်း ရွက် ဈေး ရောင်း ထွက်ရ၊စားပွဲထိုးလုပ်ရ၊အိမ်ဖေါ်လုပ်ရ၊ ပြည့်တတန်ဆာဖြစ်ရ၊တောင်းရမ်းစားသောက်နေ  ရတာတွေတပုံတပင်ဖြစ်နေသလို၊ ကျောက်ဖြူပညာရေး ကောလိပ်လိုနေရာမှာတောင်ထမင်းမ၀တဲ့ ကျောင်းသား တွေရဲ့ အဖြစ် ဟာ ဒီနေ့ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှု တိုက်ဖျက်ရေး လို့ ကြွေးကြော်နေတဲ့  ကြံ့ဖွတ်အစိုးရနဲ့၊ သူရဲ့အပေါင်း ပါ လူချမ်း သာတွေ၊ သူတို့ကိုထောက် ခံအား ပေးနေတဲ့သူတွေကို  သရော်နေသလိုသာရှိတော့တယ်။
ဆင်စွယ်နန်းကလူတွေ ပြောင်လက်ရွှင်းပ ပွဲလမ်းကြီးငယ် ကျင်းပကြပေမဲ့ ဆင်းရဲသားအများစုက လုပ်ခအပြည့် ၀ရရေးအတွက် ဆန္ဒပြရ၊ မြေယာပျောက်ရ၊ ထောင်တန်းကျရ၊ တရားတဘောင်ရင်ဆိုင်နေရ၊ ညစာ အတွက် ပူပင် နေရတဲ့ ဒီလို အခြေအနေကို မနှိုင်းယှဉ်ဘဲ ဘယ်သူကနေနိုင်မှာပါလဲ။
လက်ရှိဖြစ်ပေါ်နေတဲ့အချက်အလက်တွေက မြန်မာ့လူ့အဖွဲ့အစည်းဟာအပျက်ဘက်ကိုယိမ်းနေ ကြောင်း ညွှန်ပြ နေတယ်။ အုပ်ချုပ်ရေးအာဏာကိုလည်း မတရားတဲ့နည်း၊ ကောက်ကျစ်တဲ့ နည်းတွေနဲ့ စစ် အာဏာရှင် လက် ပါးစေဟောင်းတွေက သူတို့အာဏာကို ပြန်ထူထောင်ဖို့ ကျားကုတ်ကျားခဲလုပ်ဆောင်နေ တာတွေ ကိုတော့ အောက်ခြေအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေမှာ ပေါ်ပေါ်လွင်လွင် မြင်သာနေပြန်ပါတယ်။ ဆင်း ရဲ သား ပြည်သူလူထု အတွက် အကာအကွယ်ပေးမည့် အာဏာ ဆိုတာကို အထက်စီးက အုပ်စိုးနေတဲ့ စစ် အာဏာ ရှင်တွေဆီက မျှော်လင့် နေရတာ ငုံးအမြီးမျှော် သလိုပါ။
ဆင်းရဲသားပြည်သူလူထုတွေအတွက်  ရည်မှန်းချက်တွေနဲ့ လုပ်ဆောင်နေကြတယ် ဆိုတဲ့ပါတီအဖွဲ့ အစည်း တွေကလည်းကြံ့ဖွတ်အစိုးရရဲ့ မြင်ရတဲ့ဥပဒေတွေရော၊မမြင်ရတဲ့ဖိအားတွေရော၊ခြိမ်း ချောက်မှု တွေရော၊ မြူဆွယ်မှုတွေရောရဲ့ အောက်မှာ ရည်ရွယ်ချက်ပျောက်၊လမ်းပျောက်ဖြစ်နေကြလို့ ပြည်သူတွေ က ကိုယ်တိုင် တိုက်ပွဲဝင်ရင်း နော်အုန်းလှလို၊ မအေးနက်လို၊ သွဲ့သွဲ့ဝင်းလို၊ ကိုဝေဠုလို၊ ကိုထင်ကျော်လို၊ ကိုအောင်သန်း ချိုလို၊ကိုဟန်ဝင်းအောင်လို၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်လို လူတွေ သူရဲကောင်းတွေအများ အ ပြား သီးသန့် ပေါ်လာကြရ တာက လည်း နိုင်ငံ ရေးပါတီတွေဟာ  လူထုရှေ့မှာအားကိုးနိုင်လောက်အောင် မရှိ တာကို တွေ့နိုင် ပါတယ်။
စစ်အာဏာရှင်စံနစ်ရဲ့ အရင့်အရင် သွေးစုတ်ဖိနှိပ်အနိုင်ကျင့်ခဲ့တာတွေ၊လက်ရှိအကျင့်ပျက်ချို့ယွင်း ချက်နဲ့ ဘက်လိုက်မှုတွေကို ပြုပြင်ပြောင်းလဲဖါထေးယုံနဲ့ မရဘဲ အမြစ်ကနေ လှန်ပစ်မှသာရနိုင် မယ် ဆိုတာက ဒီနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အကြောင်းအမျိုးမျိုးမှာ ပေါ်လွင်နေ ပါတယ်။ စစ်ဘက်အသိုင်း အ၀ိုင်းနဲ့ နီးစပ် တဲ့ လူလက်တဆုတ်စာသာ ကြီးပွါး ချမ်းသာပြီး ဧရာမ ပြည်သူလူထုကြီးမှာ ဆင်းရဲ တွင်းနက်သ ထက်နက်နေတာထင်ရှားနေတယ်။
ဒီတော့ကျွန်တော်တို့ပြည်သူတွေကဘာလုပ်ရမှာလဲလို့ မေးစရာရှိလာတော့ကျွန်တော့်အနေနဲ့ ပြည်သူအတွက် အလေးထားပြီး ဆောင်ရွက်တဲ့ အဖွဲ့ကိုသာ ပြောင်းဝင်ကြ ၊ ထောက်ခံကြရတော့မှာ ဖြစ်တယ်။ လူထု အများအတွက် တိုက်ပွဲဝင်တဲ့သူတွေကို အားပေးထောက်ခံရမှာပါ၊ ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်သူကို ပိုမို အားပေးဝန်းရံကြရမှာပါ။စစ်အာဏာရှင်တွေရဲ့အကျိုးစီးပွါးကိုသိသိသာရော၊မသိမသာပါအားပေးနေတဲ့ ဖေါက်ပြန်သူတွေ၊ အဖွဲ့တွေကိုဖွင့်ချဆန့်ကျင်ပြီး၊၀ိုင်းပယ်ရှုတ်ချသင့်ပါတယ်။ဒါဟာ ပြည်သူတွေရဲ့ဆန္ဒသ ဘောထားပြဆိုချက်တခုလည်းဖြစ်လာပါလိမ့်မယ်။ ပြည်သူတွေအတွက် ၊ပြည်သူ့အကျိုးအတွက် မလုပ်ဆောင် ဘဲ၊ ခေါင်း ဆောင် မဟုတ်ဘဲ ခေါင်းရှောင် နေတဲ့ ပါတီတွေမှာ ၀င်မိနေရင်လည်း မြန်မြန် ထက်ထက်နုတ် ထွက်ပြီး ရင်နင့်စရော အကြောင်းများကို ပြည်သူနဲ့အတူ ခံစား တိုက်ပွဲဝင်သည့် ပါတီအဖွဲ့အစည်းထဲကိုပြောင် ၀င်ကြ ရမယ်။ ဆင်းရဲသားပြည်သူလူထုအတွက် ခိုင်ခိုင်မာ မာ ရိုးရိုးသားသားလုပ်ဆောင်သူကို သာ ခေါင်း ဆောင် တင်ပြီး လူထု အကျိုးကို အမှန်တကယ်ဦး တည်ဆောင်ရွက်အောင် လူထုဘက်က ပေးနိုင်တဲ့ ဖိအားက ဒါသာဖြစ် တယ်။ လက်တွေ့ကျကျ ကျင့် သုံးနိုင်အောင် ကျိုးပမ်းသင့်ပါတယ်။
ဒီလိုပြည်သူတွေရဲ့ ဖွင့်ချဆန့်ကျင်မှုမရှိဘဲ ရိုးရာအစဉ်အလာအတိုင်းလုပ်နေပါက သမာရိုးကျကြီးစိုး မင်းမူ သူတွေက ဆက်လက်ကြီးစိုးရင်း ပြည်သူတွေရဲ့ ဘ၀က တိုးတက်လာစရာ မရှိဖြစ်နေတော့မှာဘဲ။ ဆင်းရဲ ဒုက္ခ သံသရာမှာ ထွက်ပေါက်မဲ့ ဖြစ်နေပါလိမ့်မယ်။ လူထုကကိုယ့်လမ်း ကိုယ်ထွင်ကြရမှာပါဘဲ။
အနီးဆုံး ဖေါက်ပြန်သူတို့ကို ဆန့်ကျင်ဝိုင်းပယ်ကြ။
လူထုလှုပ်ရှားမှုကို မြှင့်တင်ကြ။
လူထုအစိုးရ ပေါ်ထွန်းရမည်။

ဦးအေးဆောင်
ဇန်န၀ါရီ ၉ ၊ ၂၀၁၃။

0 comments: