သိရှိလိုသူများ
၊ ဆက်သွယ်လိုသူများအတွက်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
(PLF)သည် လူမျိုးအပေါ် အခြေခံသောအဖွဲ့အစည်းမဟုတ်၊ အဖိနှိပ်ခံလူတန်းစားပေါ်တွင် အခြေခံသောအဖွဲ့အစည်းဖြစ်သည်။
အသားအရောင်၊ဘာသာရေး၊ကျား/မ ခွဲခြားမှုမရှိ။
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
အခြေခံမူဝါဒ
(၃) ရပ်
၁ - အဖိနှိပ်ခံညီညွတ်ရေး
၂ - ဘုံရန်သူ ( လက်ရှိ ကြံ့ဖွတ်စစ်အာဏာရှင်)
ကို ၀ိုင်းတိုက်ရေး
၃ - အချောင်သမားဝါဒ ဆန့်ကျင်ရေး
ရပ်တည်ချက် (၄) ရပ်
၁ - တပြည်လုံးအတိုင်းအတာဆောင်ရေး
၂ - တပ်ပေါင်းစုနှင့် အောင်ပွဲခံရေး
၃ - လက်နက်ကိုင်တိုက်ပွဲကို ဗဟိုပြုရေး
၎ - စစ်မှန်သော ဖက်ဒရာယ်ပြည်ထောင်စု
ထူထောင်ရေး
ရည်မှန်းချက်များ -
၁ - စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေး
၂ - ဒီမိုကရေစီနှင့် လူ့အခွင့်အရေး
ရရှိရေး
၃ - ပြည်တွင်းငြိမ်းချမ်းရေး
၎ - စစ်မှန်သောဖက်ဒရာယ်ပြည်ထောင်စု
ထူထောင်ရေး
၅ - အရပ်သား အစိုးရထူထောင်ရေး
၆ - ပါတီစုံစံနစ်ကျင့်သုံးရေး
၇ - လွတ်လပ်သော စီးပွါးရေးစံနစ်ကျင့်သုံးရေး
၈ - လယ်လုပ်သူလယ်ပိုင်ရေး
၉ - အလုပ်ချိန် - (၈) နာရီနှင့် ဖူလုံသော
လုပ်ခလစာ ရရှိရေး
လုပ်ငန်းစဉ် -
၁ - လွတ်မြောက်ရေးကော်မီတီများ ကျေးရွာ၊ရပ်ကွက်၊
ခရိုင်၊ တိုင်းအဆင့်ဆင့် ဖွဲ့စည်းရေး
၂ - လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲဆက်စပ်ရေး
၃ - ကျယ်ပြန့်သော တပ်ပေါင်းစု ထူထောင်ရေး
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ သစ္စာဓိဌါန်
(၅) ချက်
၁ - ငါတို့သည် အဖိနှိပ်ခံပြည်သူတို့၏
အကျိုးကို ဦးထိပ်ထားရွက်ဆောင်ပါမည်။
၂ - ငါတို့သည် လူမျိုးရေးအရ ခွဲခြားမှုကို
ဆန့်ကျင်ပါမည်။
၃ - ငါတို့သည် ဝေမျှခံစားရဲသော စိတ်ဓါတ်ကို
စိုက်ထူပါမည်။
၎ - ငါတို့သည် အထက်မှ ပေးအပ်သော အမိန့်နှင့်
တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပါမည်။
၅ - ငါတို့သည် ၊ ငါ့ပြည်သူ၊ ငါ့တပ်ဦး
ငါ့ရဲဘော်တို့အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌါန်ပြုပါ၏။
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး တပ်မှူးတပ်သားတိုင်း၊
အဖွဲ့ဝင်တိုင်း လိုက်နာရမည့် ၃/၈ လုပ်ဟန်
စည်းကမ်းကြီး(၃)ရပ် -
၁ - ဘာဘဲလုပ်လုပ် အမိန့်လိုက်နာပါ။
၂ - ပြည်သူ့ပစ္စည်းအပ်တချောင်း ချည်တမျှင်မျှ
မယူရ။
၃ - သိမ်းပိုက်ရသည့်ပစ္စည်းများ စံနစ်တကျ
အထက်သို့အပ်ရမည်။
သတိပြုရန် (၈) ချက်
၁ - အမျိုးသမီးများကို မစော်ကားရ
၂ - ပြည်သူလူထုအပေါ် မရမ်းကားရ
၃ - စကားပြောလျှင်ချိုသာစွာပြောပါ
၎ - ငှါးသည့်ပစ္စည်းပြန်အပ်၊ ပျက်လျှင်လျှော်ပါ
၅ - ၀ယ်လျှင်တန်ဖိုးပေးပါ
၆ - သူတပါးဓလေ့ထုံးစံကိုလေးစားပါ
၇ - သုန့်ပန်းများကို မညှင်းဆဲရ
၈ - သီးနှံပင်များကို မဖျက်စီးရ
ဤသံဓိဌါန်နှင့် ၃/၈ လုပ်ဟန်တို့ကို
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး အဖွဲ့ဝင်တိုင်း မပျက်မကွက် သိရှိ၊လိုက်နာ၊ကျင့်သုံးရမည်။
ဆက်သွယ်လိုသူများ - plfburma@gmail
U Aye Saung ( face
book)
ဖုန်း - 089 8355341
- ဆက်သွယ်နိုင်ပြီး
ပိုမိုသိရှိလိုပါက - plfburma.blogspot.com မှာတက်ကြည့်နိုင်ပါတယ်။
ဆက်သွယ်လာသူများ၏ ကိုယ်ရေး အချက်အလက်များကို
လျှို့ဝှက်ထားပါမည်။