သမရိုးကျ ရိုးရာတော်လှန်ရေးသမားများအတွက် ဆေးခါးတခွက်
ပြဿနာလောင်စာတွေများနေတဲ့ မြန်မာပြည်မှာ ဆန္ဒပြပွဲတွ
အမျိုးမျိုးပေါ် အဓိကရုဏ်းတွေ
တိုက်ပွဲရိုက်ပွဲ တွေဖြစ်နေတာဟာသိပ်ထူးခြားတာမဟုတ်သလိုဖြစ်လာနေတယ်။ ပြဿနာရဲ့ဇစ်မြစ်ကိုလည်း
တူးဆွ ဖေါ် ထုတ်
နိုင် လောက်
အောင် စွမ်းဆောင်နိုင်စွမ်းလည်းအားနည်းနေတော့ ဖြစ်ရပ်ဟာ
ဖြစ်ရပ် အဖြစ် သာရှိပြီး ပကတိ
အကြောင်းရင်းကောက်ချက်ကို
မထုတ်ဆောင်နိုင်ကြတော့ဘူး။ အခြေခံ
အကြောင်းတရားတွေနဲ့လူထုတွေရဲ့အ ရေးကို
အောင်မြင်ပြီးမြောက်အောင်မဆောင်ရွက်နိုင်ကြ ခြင်းဘဲ။
မြေသိမ်းခံရတာကို ပြန်ရဖို့ ဘဲဖြစ်ဖြစ် ၊
လုပ်ခတွေ တိုးပေးမယ်ပြောပြီး မရတာဘဲ ဖြစ်ဖြစ်၊
ပစ်ခတ်မှုတွေ ရပ်မယ်ပြောပြီး မရပ်တာဘဲ ဖြစ်ဖြစ်
ဒါတွေ က
အုပ်ချုပ်ရေး စံနစ်ရဲ့
ဖေါက်ပြန်တာကို ပြတာ၊
မပီပြင်တာကို ပြတာပါဘဲ။
အုပ်ချုပ်စံရေးနစ်မကောင်းမွန်
နေတုန်းကာလမှာလူထုအနေနဲ့ဘ၀လုံခြုံရေးနဲ့ မျှော်လင့်ချက်တွေက မရေမရာရှိနေမှာအမှန်ပါဘဲ။ဒီအခြေအနေတွေကို ထောက်ရှုပြီး
တော်လှန်ရေး တွေကိုလုပ်လာကြတာက မြန်မာပြည်မှာ
ဆရာစံခေတ် က
စတယ်လို့ ယေဘုယျ
ပြောနိုင်မှာပါ။ အခုထိလည်းတော်လှန်ရေးလှုပ်ရှားမှုက အားနည်းနေသည့်တိုင်ရှိတုန်းပါဘဲ။ခေတ်အဆက်ဆက်မှာ သူ့ခေတ်နဲ့သူ၊တော်လှန်သူတွေက သဘောတ
ရား တွေ လမ်းစဉ်တွေချလုပ်ကြတာချည့်ပါဘဲ ။
ယနေ့ခေတ်မှာတော့ လမ်းစဉ်တွေချ
ကြပေမဲ့ သဘောတရားကမရှိကြဘူး၊ လူကြိုက်များရေး၊
ကြီးပွါး ရေးစာနာရေးလူ့အခွင့်အရေး၊ဒီမိုကရေစီရေးဆိုတာတွေနဲ့လုံးလည်ချာလည်လိုက်ရင်း နိုင်ငံရေးသဘော တရားမှာ အရင်းရှင်စံနစ်နဲ့
ကွန်မြူနစ် စံနစ်သာရှိတာကို ရှင်းရှင်း မပြောကြဘူး၊ မပြောကြရတဲ့ အကြောင်း အချက်တွေ
ရှိမယ်ဆိုတာ ကျွန်တော့်အနေနဲ့ နားလည်ထားပေမဲ့ မရှင်းပြတာကို
က တာဝန်မကင်း သလို ဖြစ်နေ တော့တယ်။
သိသိချည်းနဲ့ အကျိုးစီပွါး
အရထိခိုက်မှာစိုးလို့ မပြောသာ
မဆိုသာတဲ့ လူတွေကို
ကျွန်တော် က
ထပ်မရှင်း ပြလိုသော်လည်း မသိသေးတဲ့
မသိရှာတဲ့ လူငယ်တွေ၊
လေ့လာနိုင် အားချို့ငဲ့သူတွေ ၊
ပိတ်ပင် တားဆီးခံထားရသည့်သူ တွေ အတွက်
ကျွန်တော် ဥာဏ်မှီသလောက်ကျိုးစား ရှင်းပြချင်ပါတယ်။
အရင်းရှင်စံနစ်နဲ့ ကွန်မြူနစ်စံနစ်ကို
အရပ်သားစကားနဲ့ ပြောရရင်
အတ္တ နဲ့
ပရ လို့ဆိုပြန်ရင် လည်း အဘိဓမ္မာသိပ်ဆန်လေမလား မသိဘူး၊
ဒီတော့ “တကိုယ်ကောင်းဝါဒ”
နဲ့ “ အများကောင်းစားရေးဝါဒ”
လို့ဘဲ ပြောကြပါစို့။ ဒီနေရာမှာ
အရင်းရှင်စံနစ်ကို တကိုယ်ကောင်းဝါဒ ကွန်မြူနစ်ဝါးကို
အများေ ကာင်း စားရေးဝါဒလို့ ဆိုတော့
အငြင်းပွါး စရာ
အချက်အလက်တွေ ပေါ်လာမှာ
ရှိမှာသေချာပါတယ်၊ ဒါတွေကို
ဒီမှာ ဦးစားမ
ပေးသေးဘဲ
ယေဘုယျ စံနစ်ကြီး
နှစ်ခု ကို
သိသာစေချင်လို့ တင်ပြတာပါ၊
ဒါက ဒီနေ့
မြန် မာပြည် နိုင်ငံရေးကို ချဉ်းကပ်ရာမှာ
လွယ်မယ်ထင်လို့ပါ။
မြန်မာပြည်မှာ ကြီးစိုးနေတဲ့
စစ်အာဏာရှင်တွေ လုပ်ခဲ့တာ
လုပ်နေတာတွေက စစ်အာဏာကို
ကာကွယ်ဖို့၊စစ်အာဏာရှင်လက်ဟောင်းလက်သစ်တွေ၊သူတို့အပေါင်းပါတွေ
ကောင်းစားရေးဘဲ ဖြစ်နေတာ
ကို ယေဘုယျတွေ့မြင်တွေ့နိုင်ပါတယ်။ သူတို့ဟာ
“ တကိုယ်ကောင်းဝါးဒ”
သမားတွေပါဘဲ။ ဒီတော့
ကျွန်တော်တို့က
သူတို့နဲ့ ဆန့်ကျင်ဘက်လုပ်မလား သူတို့လိုလုပ်မှလားကိုယ့်ကိုယ်ကို ကိုယ်မေးရမှာဘဲ
သူတို့လို တကိုယ်ကောင်းဝါဒ တကိုတော်ကောင်းစားရေးကို
လုပ်ချင်ရင်သူတို့နဲ့ ပေါင်း
သင့်တယ်၊ သူတို့ကို
ဆန်ကျင်မယ် အများကောင်းစားရေး လူထုကောင်းစားရေး
လုပ်မယ်ဆိုရင်တော့ မပေါင်းရ ဘူး
ဗြောင်ဆန့်ကျင် ရမယ်။
လောက
ကြီးက ဒီလောက်ရှင်းတာတာတော့ မဟုတ်ဘူး၊
သူတို့ကလည်း သူတို့ကောင်းကြောင်း ၀ါဒဖြန့်မယ်၊
ဆန်ကျင်တဲ့ ကျွန်တော်တို့တွေကလည်းကျွန်တော် တို့ကောင်းကြောင်းဝါဒဖြန့်မှာဘဲ အဲဒီဝါ ဒဖြန်
တာ တွေကို
ရှင်းလင်းပြရတာကို က
၊ဆန့်ကျင်ဘက်ကို တိုက်ဖျက်
ရတာကိုက အလုပ်ကြီးတခုပေါ့။ ဒါကိုအတွေးအခေါ်တိုက်ပွဲလို့ခေါ်တယ်။ဒီအတွေးအခေါ်တိုက်ပွဲထဲမှာဘဲသန်မာလာသူတွေရှိသလိုကျဆုံးပြီး
ဘက် ပြောင်း
သွားတာတွေ ရှိတော့တာဘဲ။ အတွေးအခေါ်တိုက်ပွဲ
ရှိမှန်းမသိတော့ သူများ
အတွေး အခေါ် တွေက
ကိုယ် လူတွေဆီ
ဝင်လွှမ်းမိုးပြီး ကိုယ့်သူတွေ
မီးခိုးဇုံးထဲရောက်သလို ဘာမျ
မမြင်နိုင်ဘဲ ဘယ်သွား
လို့ဘယ် လာ၊
ဘယ်ချိန်လို့ ဘယ်ပစ်ရမှန်းမသိ ဖြစ်နေတတ်တော့
။ ဒါကဒီနေ့
နိုင် ငံရေးမြင်ကွင်းပါဘဲ။
”တော်လှန်ရေး”
ဆိုတဲ့ စကားကို
ကြားရတာကြာလို့ အဓိပ္ပါယ်
မရှိဖြစ်သွားတာလား၊ အဓိပ္ပါယ်ဖွင့် ဆိုတာများလို့
ဟုန်သွားတာလား လှည့်စားသူတွေဘက်က တော်လွန်းလို့
လားတော့ မသိ
ဒီနေ့လုပ်နေ တဲ့ မြန်မာပြည်က
တော်လှန်ရေးတွေဟာသာမရိုးကျရိုးးရာတော်လှန်ရေးလို ဖြစ်နေတာကိုဝမ်းနည်းဖွယ်တွေ့နေရ တယ်။
အဖွဲ့နံမည်တခု၊ ခေါင်းဆောင်တယောက်ပေါ် မှီတည်လုပ်ဆောင်နေကြသလိုပါဘဲ။ လမ်းစဉ်နဲ့
အတွေး အခေါ်ကို
ထည့်မ တွက်ကြဘူး၊
ဒီတော့ ကိုယ်ကျိုးကြည့် အမြင်၊ ပါတီဂိုဏ်းဂဏနဲ့ လူမျိုးရေး
အမြင်ကနေမတက်ကြတော့ဘူး။ဒီလိုဖြစ်ကြတော့ရန်သူစစ်အာဏာရှင်တို့ရဲ့ကိုယ်ကျိုးကြည့်သည့်အမြင်ကသာ လွှမ်းမိုး
အသာစည်းရ သွားတော့တယ်။
ကိုယ်ကျိုးကြည့်ဖို့၊ သီးခြားအရေးသာအလေးထားဖို့ အလုပ်ရှင်တွေက အမြဲအားပေးပါတယ်၊
မစုပေါင်း တဲ့
အလုပ်သမား ဟာ
ဘာမှ အားမရှိ၊
အလေးထား၊မှုလောက်စရာ မဟုတ်မှန်း
အလုပ်ရှင်တွေ ကသိပါတယ်၊
အုပ်ချုပ်သူတွေကလည်း ဒီနည်းအတိုင်းဘဲ ကျင့်သုံးပါတယ်။
ဒါဟာရိုးနေတဲ့ နည်းဖြစ်ပေမဲ့ ဘာမှ မသိသေးတဲ့
နောက်ပေါက်တွေကို သစ်လွင်တဲ့
စကားလုံးတွေနဲ့ ဖုံးတော့လည်း
ဆန်းသလိုဖြစ်နေ ခဲ့တာပါ။
စစ်အာဏာရှင်လွှမ်းမိုးမှုကတိုင်းပြည်မျာရှိနေတယ်။ဖိနှိပ်ချုပ်ချယ်မှုတွေကလည်း လျှော့ပါးတယ်မရှိ၊ စီပွါးရေးမက်လုံးတွေနဲ့တကိုယ်ကောင်းသမားတွေကို မြူဆွယ်အသုံးချနေပါတယ်။နိုင်ငံတကာကကိုယ်ကျိုး
ရှာစီးပွါးရေးသမားတွေက လည်း
အားကောင်းကောင်းနဲ့ ကြော်ငြာပေးတော့ ဟုတ်သလိုလို
ဖြစ်မေပေမဲ့ ဖိနှိပ်မှုတွေရ
ထူးမခြားနားရှိနေတော့ တော်လှန်ရေး
အသွင်ဆောင်လာမည့်လှုပ်ရှားမှုတွေက ရှိနေဦးမှာ ဘဲ။ သမရိုးကျ
ရိုးရာတော်လှန်ရေး အဆင့်ကနေ
ခေတ်မှီ ထက်မျက်တဲ့
တော်လှန်ရေး အဆင့်ကို
တက်လှမ်းဖို့က ကျွန်တော်တို့ ပခုံးပေါ်
ကျလာတဲ့ တာဝန်ဘဲ
ဖြစ်ပါလိမ့်မယ်။
စစ်အာဏာရှင်
စံနစ်ကို တိုက်ဖျက်ကြ။
စစ်မှန်သော
တော်လှန်ရေးကို ဖေါ်ဆောင်ကြ။
ဦးအေးဆောင်
ဇူလိုင်
၇ ၊
၂၀၁၂။
0 comments:
Post a Comment