ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Friday, September 9, 2011

လူတန်းစားတိုက်ပွဲနဲ့ မြန်မာပြည်


လူတန်းစားတိုက်ပွဲနဲ့ မြန်မာပြည်

ကြံ့ဖွတ် လက်ပါးစေ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး ပါတီ (KSDDP)က DKBA ကို အသိအမှတ်မပြုကြောင်း ဒီလ ၃ ရက်နေ့က ဖါးအံမှာ ကျေညာလိုက်တယ်။ DKBA ကလဲ လူထုက သူတို့ကို သိနေပြီးသားဖြစ်တာကို ရှင်းလင်းလိုက်တယ်။
ကရင် အဖွဲ့ နှစ်ခုရဲ့ မတူညီတဲ့ ရပ်တည်မှုနဲ့ ဆန့်ကျင်တိုက်ပွဲဖြစ်နေပုံကို သိသာပါ တယ်။ လူမျိုး တူချင်း အတွေးအခေါ်အရ ရပ်တည်ချက်အရကွဲပြားတာကြောင့် ဖြစ်နေတဲ့ ပဋိ ပက္ခတွေပါဘဲ။ လူတန်းစား တိုက်ပွဲပါ။ အဖိနှိပ်ခံနဲ့ ဖိနှိပ်သူတွေရဲ့ လက်ပါးစေတို့ ပဋိပ က္ခ။ ဒီလိုဖြစ်ရပ်တွေကကချင်မှာလဲအဖွဲ့ကွဲတွေ၊ ရှမ်းမှာလဲအဖွဲ့ကွဲတွေ၊ကရင်နီ၊မွန်မှာလဲအဖွဲကွဲတွေ ပေါ်ခဲ့ကြတယ်။ဗမာအချင်းချင်းကတော့ ပြောစရာမလိုအောင် ကြာ ရှည်ပြ၊ီး များလွန်းနေတယ်။ အချင်းချင်း တိုက်ခိုက်ကြတယ်။
ဒီလို ပဋိပက္ခက မြန်မာပြည်မှာ ဖြစ်နေတာကြာပြီ။ လွတ်လပ်ရေးရခါနီးကတည်းက လွတ်လပ်ရေး ကို ဘယ်လိုယူရမလဲ ဆိုတာကစပြီး အတွေးအခေါ်တွေ ၀င်လာကြတယ်။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ပေါ် သဘောထားက စခဲ့ကြတယ်။ လူမျိုးအချင်းချင်းမတရားအသင်းအဖြစ်ကျေညာကြတယ်။ဆန့်ကျင်တိုက်ခိုက် ကြတယ်။ လက်ဝေခံ ဓနရှင် အစိုး ရနဲ့ တိုင်းရင်းသား ပဒေသရာဇ်တွေရဲ့ ပဋိပက္ခ၊ ဓနရှင်အစိုးရနဲ့ စစ်ပဒေသရာဇ်တို့ ပဋိပက္ခ စတဲ့ မြန်မာပြည် သား အချင်းချင်း ပဋိပက္ခ တွေဟာ ကိုလိုနီဆေတ်နောက်ပိုင်း မှာ အနှစ်သာရအားဖြင့် လူတန်းစား ပဋိပက္ခတွေဘဲ။
ဒါကကောင်းလား မကောင်းဘူးလား။ ကျွန်တော်က အဆုံးအဖြတ်ပေးတာထက် သုံးသပ်တာကို အရင်လုပ်စေချင်ပါတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက်။ ဒါကသဘာဝ ဖြစ်စဉ် ဆိုတာကို ကျွန်တော်တို့ လက်ခံရမှာဘဲ။ ဒီလိုပါဘဲ တခြားနိုင်ငံတွေမှာလဲ ဖြစ်ပါ တယ်။ ပြင်းတာ ပြော့တာဘဲကွာမယ်။အီဂျစ်တွေ၊ လစ်ဗျားတွေလဲ ဒီလိုဘဲ။ မဆန်းပေမဲ့ မမြင်မိဘူး။
အခုဖြစ်နေတဲ့ ပဋိပက္ခ တွေက လူမျိုးတခုတည်းမှာ ဖြစ်တာမဟုတ်ဘဲ လူမျိုး တိုင်း မှာ ဖြစ်နေရတာ က ကဒ်ရောဂါ တခုလို ဖြစ်တဲ့ အတွက်လူတန်းစားတိုက်ပွဲ ဖြစ်တယ်၊ မျိုးနွယ် စု တခု နယ်နယ်မိတ် တခု ရဲ့ ပြဿနာထက်ကြီးတယ်။ လူတန်းစားပဋိပက္ခ ဖြစ် တယ်။ ဒီနေ့ ပဋိပက္ခက ဖိနှိပ်သူ စစ်အာဏာရှင်တွေနဲ့ အခွင့်ထူးခံ သူ့လက်ပါးစေ လက် ဝေခံတွေက တဖက်၊ တိုင်းရင်းသားလူမျိုးစုံအပါအ၀င် လယ်သမား အလုပ်သမား ဆင်းရဲ သား စစ်သား တွေအပါဝင်တဲ့ အဖိနှိပ်ခံ ဧရာမ ပြည်သူလူထုကြီးကတဖက်ဆန့်ကျင် တိုက် ပွဲ ၀င်နေကြ တာဖြစ်တယ်။ ဖိနှိပ်သူ လူတန်းစားနဲ့ ဖိနှိပ်ခံ လူတန်းစားတို့ တိုက်ပွဲ ဖြစ်တယ်။
ဒါလေးများ - ဘာဖြစ်မှာလဲ ဆိုချင်ဆိုမယ်။ အတွေ့ အကြုံ အရ မာနယ်ပလောခွင် မှာ နအဖတပ်က ဦးသုဇန( မြိုင်ကြီးငူ) နဲ့ ချိတ်ဆက်ပြီး ထိုးစစ်လုပ်လာတော့ ဗိုလ်ချုပ်မြက သူ့ ဗျူဟာ မှူးကို တိုက်ဖို့ အမိန့်ပေးတယ်လို့ကြားဖူးတယ်။ဗျူဟာမှူးလုပ် သူက ကရင် ချစ်စိတ်လောက်  နဲ့ တော်လှန်ရေး လုပ်နေတဲ့ သူဖြစ်တော့ ကရင်အချင်းချင်း မတိုက် ချင် တော့ မတိုက်ဖူးတဲ့ ။ ဒါနဲ့ မာနပလောကျရတယ်လို့ ဆိုတယ်။အဲဒီတပ်မှူးက “ သမိုင်းး တရားခံ မဖြစ်ချင်ဘူး” လို့ ကျွန်တော့်ကိုပြောတယ်။ သူဟာ သမိုင်းတရားခံ ဖြစ်မဖြစ်တော့ မသိဘူး။ ရန်သူအမြတ် ထုတ်သွားတာရယ် KNU အထိနာသွားတာရယ်၊ သူအမိန့်မနာခံ တာရယ် ကတော့ အမှန်ဘဲ။ ကျွန်တော်သူ့ကိုဘာမှ ပြန်မပြောလိုက်ပါ။မာနပလောက ရန်သူ့လက်ရောက်ခဲ့ပြီးပြီဘဲ။ ကြီးလေးတဲ့ သင်ခန်းစာတခုဘဲ ယူလိုက်ရတယ်။
  ဒီတော့ ဒီနေ့ဖြစ်နေတဲ့ လူတန်းစားပဋိပက္ခကို မသိရင် လူမျိုးစိတ်၊ မျိုးချစ် စိတ် လောက်နဲ့ ဆိုရင် စဉ်ပေါ်မှာ ရှိနေတဲ့ စစ်အာဏာရှင်တွေကို ဆွဲချဖို့ခက်မယ်။ ရန်သူက ဘာလူမျိုးရယ်ရွေးမနေဘူး သူအကျိုးရှိမယ်ဆိုရင် ပေးပေါင်းပြီးဆွဲစားတာဘဲ အကျိုး အမြတ် အမြင်နဲ့ လုပ်တယ်။ ကျွန်တော်တို့ကလဲ လူတန်းစားအကျိုးနဲ့ဘဲ လုပ်တတ်အောင် ကိုယ်ကိုယ် ကိုလေ့ကျင့်သင့်တယ်။ လူမျိုးရေးတွေ၊နယ်မြေတွေ၊ ဂိုဏ်းဂဏတွေဟာ အရံ ဘဲ။
ဒီလိုပါဘဲ ကြံ့ဖွတ်တပ်ထဲ ကအရာရှိအရာခံအကြပ်တပ်သားတွေကလဲ ။ မျိုးချစ် စိတ် လောက်ပြည် ချစ်စိတ်လောက် အမိန့်နာခံမှုလောက်နဲ့ဆိုရင် စစ်အာဏာရှင်တွေရဲ့ သွေး စုတ်ချယ်လှယ်ပြီး အခွင့် ထူးခံ အမြတ်ထုတ်တာကို မြင်ဖို့ခက်မယ်။ ဒါကြောင့် အဖိနှိပ် ခံညီညွတ်ရေးနဲ့ ဘုံရန် သူဝိုင်း တိုက်ရေးလုပ် ငန်းစဉ်မှာ လူတန်းစားတိုက်ပွဲ အတွေး အခေါ်ကို အခိုင်အမာမြင့်မြင့် မားမား စိုက်ထူထားဖို့ မဖြစ်မနေ လိုအပ်တယ်။
ပဋိပက္ခတွေ တိုက်ပွဲတွေဟာ အမြဲတမ်းရှိနေမှာဘဲ။ ထွေပြားနေမယ်။ ပြောင်းလဲ နေမယ်။ ဒါပေမဲ့ အဓိက ကျတဲ့ ပဋိပက္ခဖြစ်တဲ့ စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေးကို နယ်မြေတွေ ၊လူမျိုးတွေနဲ့ အကန့် အသတ်မထားဘဲအကောင်အထည်ဖေါ်နိုင်အောင် နိုင်ငံ ရေးခေါင်းဆောင်တွေ၊စစ်ခေါင်းဆောင်တွေ၊ ကေ ဒါတွေ ပြည်သူတွေ နားလည်အောင် ကျွန်တော်တို့ အမြဲမပြတ် အတွေးအခေါ်တည်ဆောက်ပေးထားရမယ်။
ရန်သူကြံ့ဖွတ်ကသူတို့မှာခိုအောင်းဖို့ နိုင်ငံရေးအတွေးအခေါ်မရှိတော့ဘူး။အမျိုးချစ်စိတ်ပြောရအောင်လဲ ပြည်သူတွေ ဘုန်းကြီးတွေကို သတ်ပြထားပြီးဖြစ်နေ၊ လူတန်းစားဆိုရအောင်ကလဲ အခြေခံလူတန်းစားမဟုတ်ဘဲ၊ ဖိနှိပ်သူသွေးစုတ်လူတန်း စား ဖြစ် နေတော့ သူတို့အနေနဲ့၊ နိုင်ငံတော်တို့ ၊ ပြည်ထောင်စုစိတ် တို့ ပါးစပ် ကပြောနေ မှာဘဲ။ အဓိကအားဖြင့် လိမ်လည်ကောက်ကျစ်မှုနဲ့ အပေါစား မြူလုံးတွေကို သုံပြီး သူတို့သက် ဆိုးရှည်အောင်ကျိုးစားဖို့သာရှိတယ်။
မြန်မာပြည် တော်လှန်ရေးဟာ ရေရှည်စစ်ဖြစ်ခဲ့တယ်။ဖြစ်နေတယ်။အဆုံးအရှုံး တွေအထိအခိုက်တွေ ကြားမှာဘဲ တော်လှန်ရေးတွေဟာ ဆက်ရှင်သန်နေတုန်းဘဲ။ သင်ခန်းစာ တွေ ကို ထုတ်ယူမယ်ဆိုရင် ကျွန်တော်တို့တတွေ အောင်ပွဲနားနီးနေ လောက်ပြီ၊ဒါပေမဲ့ရန်သူရဲ့လိမ်လုံးလှိမ့်လုံးတွေကမျိုးဆက်သစ်တွေ ကို ညာစားနိုင် သေးတယ်။ အချောင် သမားတွေကလဲ “ အမျိုးသား” လို့ပြောရရင်အလွယ်စည်းရုံးနိုင် တော့ အမျိုးသားရေး၊ လူမျိုးရေးနားမှာဘဲ ကပ်ရပ်ပြိး စားသောက်နေကြတယ်။ ပြည်သူကို ရန်သူနဲ့မိတ်ဆွေ မခွဲပြကြဘူး။ လူတန်းစားတိုက်ပွဲနဲ့ အဆက်အစပ်ကို မရှင်းပြလိုကြဘူး။ လူတန်းစားအကြောင်းပြောရင် ကွန်မြူနစ်လို့ထင်မှာ ကြောက်ဟန်တူ တယ်။ ယနေ့ မြန်မာပြည်တော်လှန်ရေးရဲ့ အဆင့်နေရာဟာ လူတန်းစားတိုက်ပွဲ ဖြစ်တာကို မသိကျိုးကျွံ ပြုရင် ရန်သူရဲ့ အမြတ်ထုတ်တာကို တနည်းမဟုတ်တနည်းနဲ့ အမြတ်ထုတ်တာ။ လှည့်ဇြား တာ ခံရပြီး တော်လှန်ရေးဟာ ပိုရေရှည်သွားနိုင်လို့ လူတန်းစား စိတ်ဓါတ်ကို တည် ဆောက်ရတာ။
သမိုင်းကို ပကတိအတိုင်း မြင်နိုင်အောင်လေ့လာရမယ်။ သမရိုးကျ အမျိုးသားရေး အမြင်အဆင့် ဟာ ဒီနေ့ မြန်မာပြည်မှာ မကိုက်ညီတော့ဘူး။ အမျိုးသားရေးအမြင်ရှိသူတွေအနေနဲ့အငြင်းပွားစရာဖြစ်ပေမဲ့ ဘုံရန် ၀ိုင်းတိုက်ရေးလုပ်ငန်းပေါ်မှာတော့ မဖြစ်မနေ ပူးပေါင်းဆောင်ရါက်နိုင်အောင် သီးသန့် အမျိုးသား ၀ါဒကို ပြုပြင်ကြရဦးမှာပါဘဲ။ သမိုင်းမှန်  ကို သိဖို့ဆိုရင်လဲ ရန်သူက အချက်အလက်တွေကို ပိတ်ပင်ထား တယ်။ ဖုံးကွယ် ထား တယ်။လူတွေဘယ်လောက်အမြင်မဲ့မဲ့၊ မဲ့ လေ ဖိနှိပ်အုပ်ချုပ်ရလွယ်လေလို့ အာဏာ ရှင် တိုင်း က ယူဆကြတယ်။ တကယ်တော့လူထု မျက် လုံးကို ဖေါက်ထားတာဘဲ။ မျက်မ မြင် ဖြစ် နေတဲ့ ၊ ခြေလက်ကျိုးပြတ်နေတဲ့ ပြည်သူ တွေကို  မျက်စီဖွင့်ဖို့၊ ထမ်းခေါ်ဖို့  ပညာတတ်ဆိုတဲ့၊အများအကျိုးသယ်ပိုး လိုတဲ့၊ ပြည်သူ့ အတွက်၊ တော်လှန်ရေးအတွက် ထမ်း ဆောင် လိုတဲ့၊ တော်လှန်ရေး သူရဲကောင်း တွေကို  စစ်အာဏာရှင်ဆန့်ကျင်ရေးလူတန်းစားတိုက်ပွဲကဖိတ်ခေါ်နေတာကို မြင်သာ အောင်တင်ပြလိုက်ရပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ ။
ဘုံရန်သူ စစ်အာအာဏာရှင်ကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
စက်တင်ဘာ ၈ ၊ ၂၀၁၁။






0 comments: