ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Thursday, January 6, 2011

အဖိနှိပ်ခံ ညီညွတ်ရေး၊ ဘုံရန်သူ ၀ိုင်းတိုက်ရေး

ဒီနေ့လုပ်ရမည့် အလုပ်က အဖိနှိပ်ခံ ညီညွတ်ရေးနဲ့ ဘုံရန်သူ ၀ိုင်းတိုက်ရေး ဖြစ်တယ်။

ရန်သူ စစ်အာဏာရှင် နအဖနဲ့ အပေးအယူ လုပ်ရေး၊ ဆွေးနွေးရေး၊ အမျိုးသားရင်ကြားစေ့ ရေး၊ အမျိုးသား ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ မဟုတ်။

စစ်အာဏာရှင်တွေ ရှိနေသ၍ အထက်က အလုပ်တွေ ဘယ်တော့မှ မဖြစ်။ သဲထဲရေသွန်သလို သာ ဖြစ်လိမ့်မယ်။

မြန်မာပြည်ဟာ ပြိုကွဲနေပြီ။ ၀ နယ်ဟာ တရုတ်ရဲ့ သြဇာခံ နယ်မြေ ဖြစ်သွားပြီ။ တခြား နယ်နိမိတ်တွေမှာလဲ နိုင်ငံခြားသြဇာတွေ တနည်းမဟုတ်တနည်း သက်ဝင်လာနေတယ်။

နအဖစစ် အာဏာ ရှင်တွေဟာ သူတို့ ကောင်းစားရေးက လွဲလို့ ဘာကိုမှ ဂရုမစိုက်ဘူး။ သူတို့ကိုယ်တိုင်က တိုင်းပြည်ကို ရောင်းစားနေတာလဲ ဖြစ်တယ်။ အမျိုးသားရေးတို့၊ တိုင်းပြည် ချစ်စိတ်တို့ဆိုတာ သူတို့မှာ မရှိတော့ဘူး။ ကျွန်တော်တို့ တိုင်းပြည်ဟာ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ။

နိုင်ငံခြား သြဇာလွှမ်းမိုးမှုတွေ ရှိလာရတာက နအဖ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ် ရက်စက်မှုတွေကြောင့် ဖြစ်ရတာဘဲ။ တရားဥပဒေမဲ့ လုပ်ရပ်တွေ၊ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေ မခံနိုင်ရာက ဖြစ်လာရတာ။

ဒီတော့ တိုင်းပြည် ပြန်လည်စည်းလုံးဖို့ဆိုရင် နအဖ စစ်အာဏာရှင်တွေ မရှိမှ ဖြစ်မယ်။

စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းဖို့ဆိုရင် “အဖိနှိပ်ခံ ညီညွတ်ရေး” နဲ့ “ဘုံရန်သူ (စစ်အာဏာရှင်ကို) ၀ိုင်းတိုက်ရေး” လုပ်ရမယ်။ ဒီအလုပ်ကို မလုပ်သ၍ တိုင်းပြည် စည်းလုံးရေး၊ လူထုတွေ လူလိုသူလို ဖြစ်လာဖို့ ခက်တယ်။ ဒီအလုပ်ကို လုပ်ရာမှာ လူမျိုးစွဲ၊ ပါတီစွဲ ဂိုဏ်းဂဏစွဲ၊ ဒေသစွဲတွေကို ကျော်လွှား ရပါလိမ့်မယ်။ ဒီအစွဲတွေကို အဖိနှိပ်ခံ ညီညွတ်ရေး စိတ်ဓါတ်နဲ့ တိုက်ဖျက်ရမှာပါ။

စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားက မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွါးနဲ့ တိုက်ရိုက်ဆန့် ကျင်ဘက် ဖြစ်နေတယ်။ စစ်အာဏာရှင်တွေ ကြီးပွားချမ်းသာလေ လူထုက ပိုဖိနှိပ် သွေးစုတ်ခံရလေ၊ ဆင်းရဲလေပါဘဲ။ စစ်အာဏာရှင်တွေနဲ့ သူ့လက်ပါးစေ လက်ဝေခံတွေဟာ သူတို့ရဲ့ အကျိုးအတွက်ဆို ဘာကိုမှ ဂရုစိုက်မည့် သူတွေ မဟုတ်ဘူး။ ဒီတော့ သူတို့ကို လူရာသွင်း ဆက်ဆံမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ရဲ့ တုံး ရာ၊ အ ရာ ကျလိမ့်မယ်။ အပြတ် ဆန့်ကျင်ကြရပါမယ်။

ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အဓိက ပဋိပက္ခက နအဖစစ်အာဏာရှင်တွေ၊ သူ့လက်ပါး စေတွေ၊ လက်ဝေခံတွေက တဖက်၊ ဧရာမအများစုကြီး ဖြစ်တဲ့ လူမျိုးစုံ ပြည်သူတရပ်လုံး ပါဝင်တဲ့ အဖိနှိပ်ခံ ဆင်းရဲသား ပြည်သူများ လယ်သမားများ အလုပ်သမားများက တဖက် ဖြစ်နေတဲ့ ပဋိပက္ခ ဖြစ်တယ်။ တခြား ကိစ္စတွေက အရံသာ ဖြစ်တယ်။ ဒီပဋိပက္ခကို မဖြေရှင်း မချင်း မြန်မာပြည် ပြည်သူတွေဟာ စစ်အာဏာရှင်တွေနဲ့ သူ့လက်ပါးစေ လက်ဝေခံတွေရဲ့ မတရား ရက်ရက်စက်စက် ဖိနှိပ်မှုအောက်က လွတ်မှာ မဟုတ်ဘူး။ ဖိနှိပ်ခံ ညီညွတ်ရေး အင်အားနဲ့ စစ်အာဏာရှင်တွေကို တိုက်ဖျက်မှ လွတ်မြောက်နိုင်မှာ ဖြစ်တယ်။ စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့က အဓိကနဲ့ ပထမဆုံး လုပ်ငန်း ဖြစ်တယ်။

ဒီအလုပ်ကို မလုပ်ဘဲ အချောင်သမားဆန်ဆန် လူလည်ကျ ရေသာခိုနေမယ်။ စစ်အာဏာရှင် တွေကို ချော့မြူ ခယနေရင်၊ အလိုက်သင့် ရေမျောကမ်းတင် လုပ်နေမယ်ဆိုရင်တော့ ကျွန် တော်တို့ဟာ နအဖ စစ်ဗိုလ် ချုပ်တွေရဲ့ သားကောင်၊ သွေးစုတ်ခံ၊ အဖိနှိပ်ခံ ဘ၀က တက်စရာ လမ်းမရှိ ဖြစ်နေမယ်။ တိုင်းပြည် ဟာလဲ ပြိုကွဲသထက် ပြိုကွဲလာမယ်။ ပြည်သူတွေရဲ့ ဘ၀က စစ်အာဏာရှင် နအဖအောက်မှာ နေမထူး သေမထူးလို ဖြစ်နေမှတော့ တိုက်ပွဲဝင်ရင် အောင်ပွဲရဖို့လမ်း ဘ၀စိုပြေမယ့် လမ်းရှိတယ်။ မ၀င်ရင်တော့ ငရုတ် ကျည်ပွေ့လို အတက် ပေါက်မှာ မဟုတ်ဘူး။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ နအဖ စစ်ဗိုလ်ချုပ်တွေက ဆယ်စုနှစ်ချီ ဖိနှိပ်သွေးစုတ်လာ တာကို လူမုန်း သူမုန်းများလာလို့ သူတို့နဲ့ ဝေစားမည့်သူတွေ၊ လက်ကိုင်ဒုတ်တွေ ထပ်မွေး လိုက်တာသာ ဖြစ်တယ်။ အကာအကွယ်ယူဖို့ လူမိုက်ငှားလိုက်တာ ဖြစ်တယ်။ ဒီတော့ ပြည်သူ တွေအနေနဲ့ အာဏာရှင် စစ်ဗိုလ်ချုပ်တွေ အပြင် သူ့လူမိုက် လက်ကိုင်ဒုတ်တွေရဲ့ ဒဏ်နဲ့ ၀န်ထုပ်ဝင်ပိုးတွေ ပိုပိလာစရာ ရှိတယ်။ ပိုကြပ်တည်း ဆင်းရဲလာစရာ ရှိတယ်။ ဒါကြောင့် ဖိနှိပ်သူ နအဖစစ် အာဏာရှင်တွေနဲ့ လက်ပါးစေ လက်ဝေခံတွေကို အမြင် ရှင်းရှင်းနဲ့ ပြတ်ပြတ် သားသား ဆန့်ကျင် တိုက်ပွဲဝင်ကြဖို့ လိုတယ်။

“အဖိနှိပ်ခံ ညီညွတ်ရေးနဲ့ ဘုံရန်သူ ၀ိုင်းတိုက်ရေး” လမ်းစဉ်ကို အခိုင်အမာ၊ ပြတ်ပြတ်သား သား ကျင့်သုံးပြီး ရက်စက် ဖိနှိပ်လွန်းတဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ဖျက်ကြရမှာပါ။

ဒါမှသာ ပြည်သူတွေရဲ့ ဘ၀ဟာ အာမခံချက်ရှိပြီး အေးချမ်းသာယာမှာ ဖြစ်သလို ပြည်ထောင် စုကြီးကို ပြန်လည် စည်းလုံး လာနိုင်မှာ ဖြစ်တယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ

ဘုံရန်သူကို ၀ိုင်းတိုက်ကြ

တော်လှန်ရေးမုချအောင်ရမယ်

ဦးအေးဆောင်

၆၊ ၁၊ ၂၀၁၁

0 comments: