ရှေ့ရေးကို မျှော်တွေးသော်
ဆက်သွယ်ရေး၊သွားလာရေး၊ တွေလွယ်ကူကောင်းမွန်လာတော့(မြန်မာပြည်တော့မပါသေးပါ။)လူသား
တွေ နေထိုင်တဲ့ ကမ္ဘာကြီးက ရွာတရွာလိုဖြစ်သွားပြီလို့ ပြောနေကြပြီ။ ဒါကြောင့်ဘဲ ကမ္ဘာဒေါင့်စွန်း
တနေရာက အဖြစ်အပျက်ဟာ ကမ္ဘာတ၀ှမ်းကိုနေ့ချင်းည ချင်း ရိုက်ခတ်နေတော့တယ်။ဒီတော့ ကျွန်တော်
တို့လည်း ကမ္ဘာ အရေးတွေကို မတွေးလို့ မရတော့တဲ့ အခြေအနေ ကိုရောက်နေတော့တယ်။ ကမ္ဘာ့ အခြေအနေအရ
နိုင်ငံ ရေးလှုပ်ရှားမှုတွေကို ခင်းကျင်းပြင်ဆင်ကြ တာကိုတော့ပထမ၊ ဒုတိယကမ္ဘာစစ် မတိုင်မှီ
မြန်မာပြည် နိုင်ငံရေး ဖြစ်စဉ်ကို ပြန်ကြည့်ရင် သိသာပါတယ်။
ဂျပန်အင်္ဂလိပ်နယ်ချဲ့ နိုင်ငံတွေကြားမှာ
ဂျပန်ဘက်က ပါခဲ့လို့ မြန်မာပြည်ဟာ ဂျပန်ဝင်တော့ တခါနာ၊ အင်္ဂလိပ်ပြန်ဝင်တော့ တခါနာ ရွေးချယ်ရာဘက်မှားခဲ့လို့
မိအေးနှစ်ခါနာဖြစ်ခဲ့ရတဲ့ အဖြစ်ကို လည်း ကျွန် တော်တို့ တတွေကြုံခဲ့ရပြီ။ အလေးအနက်
သင်ခန်းစာယူတတ်ကြဖို့ လိုပါလိမ့်မယ်။ ဒီတော့ အခုလို အမေရိကန်အုပ်စုနဲ့ တရုတ်အုပ်စု
တို့ အားပြိုင်နေတဲ့ ကာလမှာ၊ စီပွါးရေးမက်လုံးတခုတည်းကို ဦတည်ပြီး လှုပ်ရှားနေတဲ့ ကာလမှာ ကမ္ဘာကြီး၊ရဲ့ လားရာကို ကျွန်တော်တို့
တွက်ဆဖို့ လိုအပ်နေတော့တယ်။ ဒီအလုပ်ဟာ တိုးတက်တဲ့ တော်လှန်ရေး အမြင်ရှိတဲ့ ပညာတတ်တွေရဲ့
ပုခုံးပေါ် တိုက်ရိုက်ကျနေတော့ တယ်။စီးပွါးရေး၊ သွေး စုတ်အမြတ်ထုတ်ရေး၊ အမျိုးသားရေး၊ဘာသာရေးတွေကြီးစိုးနေတော့ ကြိုက် သည်ဖြစ်စေ၊
မကြိုက် သည် ဖြစ် စေ စစ်ဆိုတာဟာ လွှဲလို့ရစရာမရှိတော့ဘူး။
စီပွါးရေးအမြင်ကို ထိပ်တန်းဦးစားပေး
အဖြစ် ထားရှိနေတဲ့ အင်အားကြီးနိုင်ငံတွေဟာ စစ်ပွဲကိုဦး တည် စရာတွေများပါတယ်။ အစွမ်းထက်
ပြင်းထန်တဲ့ လက်နက်တွေကြောင့် တနိုင်ငံလုံး ပျက်စီးကိန်း၊ တမ္ဘာလုံးပျက်စီးကိန်းကြုံနိုင်တာမို့ကမ္ဘာ့အတိုင်းအတာနဲ့ ဖြစ်ဖို့ထက် ဒေသအကန့်အသတ်စစ်ပွဲတွေ ဖြစ်နိုင်ပါတယ်၊ အရှေ့အလယ်ပိုင်းမှာ၊
ယူကရိန်းမှာ၊ အာဖရိကနိုင်ငံတချို့မှာလည်း ဖြစ်နေတာပါဘဲ။စစ်ပွဲတွေက နိုင်ငံချင်း အလိုက်
ဗြောင် တိုက်ခိုက်တာထက် ကိုယ့်ဘက်ယိမ်းတဲ့ ဘက်ကို ကူရင်း အင်အားပြကြတာ၊ သြဇာ တည် ဆောက်နေကြတာတွေ့နေရတယ်။ရည်ရွယ်ချက်ကတော့စီးပွါ့းရေးအကျိုးအမြတ်အတွက်ပါဘဲ။ တောင် တရုတ် ပင်လယ် အရေးက ဒီနေ့
ကျွန်တော်တို့နဲ့ အနီးဆုံး ပြဿနာပေါ့။ဒီထက်နီးတာက ဘင်္ဂလား ပင် လယ် အော်မှာ တရုတ်နဲ့
အိန္ဒိယ တို့အားပြိုင်နေတာဖြစ်တယ်။
စီးပွါးရေးကို ဦးစားပေးရာက၊ရေနံထွက်ရာကို
ကြီးစိုးဖို့ ကြံစည်ရာကနေ လူမျိုးရေး၊ဘာသာရေး ၊ တွေပါ ပါလာကြတော့တယ်။ အရင်းရှင် တွေအနေနဲ့၊
အာဏာရှင်တွေ အနေနဲ့လည်း ဒီလူမျိုးရေး ဘာသာရေး ခုတုံး လုပ်မှလည်း သူတို့အတွက် လူထုအင်အားနဲ့
အကာအကွယ်ကိုရယူနိုင်ကြတာကိုး။ ဒီတော့ လူမျိုးရေးကနေ ဘာသာရေး၊ ဘာသာရေးကနေလူမျိုးရေး
အပြန်အလှန် လုံးလည်ချာလည် လိုက်ရင်း ပြဿနာအရင်းကို ရှာမ ရသလိုဖြစ်နေတော့တယ်။ ဒီနေ့ ဘာသာရေး
ပဋိပက္ခအထူးသဖြင့် အစ္စလာမ် ၀ါဒ နဲ့ ပတ်သက်တဲ့ ပြဿနာကထိပ်တန်းတက်နေပါတယ်။ဘာသာရေးရဲ့
သွေးခွဲမှုတွေကြောင့် လူတွေ သွေးကွဲနေကြရပါပြီ။
ဘာသာရေးမှိုင်းတိုက်၊ အမြတ်ထုတ် ၊ အာဏာတည်ဆောက်တဲ့
နည်းက ဒီနေ့ အထိ ခေတ် စား နေ သေးတော့ မြန်မာပြည်သေးသေးလေးက ကျွန်တော်တို့ တတွေလည်း ဒီဘာသာရေး
ဒုက္ခသံသ ရာကို ရင်ဆိုင်ဖို့ သတိဝါရိယ ဥာဏ်ပညာတွေ ရှိဖို့ လိုအပ်နေပါလိမ့်မယ်။
ဒီနေ့ အဓိက ကမ္ဘာ့ပဋိပက္ခမှာ အမေရိကန်အုပ်စုနဲ့
တရုတ်အုပ်စုတို့ ရဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ အခြေခံကတော့ စီးပွါးရေးအရ ချယ်လှယ်နိုင်ရေးဘဲ။အမေရိကန်က
ဂုဏ်သရေရှိ အရင်းရှင် စံနစ်ကို ကျင့်သုံး နေပြီး ၊ တရုတ်က ကွန်မြူနစ်အမည်ခံ နိုင်ငံတော်
အရင်း ရှင်စံနစ်ကို ကျင့်သုံးရင်း နိုင်ငံ့အရင်းနဲ့ ကမ္ဘာပတ်သွေး စုတ်နေတော့တယ်။နိုင်ငံကြီးတွေရဲ့
ကော်ပိုရေးရှင်းကြီး တွေက ကမ္ဘာပတ်သွေးစုတ် အမြတ် ထုတ်ရင်း စစ်ပွဲ တွေ ဒေသအလိုက် ဖန်တီးတာကို
ကျွန်တော်တို့ နိုင်ငံ ပိစိကွေးတွေက ဘယ်လို ရင်ဆိုင်ကြ ရမ လဲ။နိုင်ငံ ငယ်တွေ ပေါင်းစည်းထားနိုင်ရင်တော့
ကောင်းမယ်၊ ဒါပေမဲ့ ဒါဟာအိမ်မက်မျှ သာဖြစ်မယ်။ နိုင်ငံ တွေစုစည်း ရေးမပြောနဲ့ မြန်မာပြည်ထဲမှာရှိတဲ့
ပြည်နယ်ဆိုတာတွေတောင် ပေါင်းစည်းရေးဟာ ဘယ် လောက်ခက်သလဲ ဆိုတာ စုပေါင်းအဖွဲ့ အစည်းတွေ
ဖြစ်ခဲ့တဲ့ မြန်မာပြည် ဒီမိုကရက် တစ် မဟာမိတ်အဖွဲ့ချုပ် ( DAB) ပြိုကွဲရပုံနဲ့ ၊ ဒီနေ့
တိုင်းရင်းသားအဖွဲ့စုစည်းထားတဲ့ UNFC ပုံပျက်ပန်း ပျက်ဖြစ်နေရ တာကို ကြည့်ရင် သိနိုင်ပါတယ်။
ရန်သူရဲ့ ထိုးနှက်ထိုးခွဲမှုတွေရှိပေမဲ့ တပ်ပေါင်းစုတွေ ရဲ့ နီုင်ငံရေးအမြင်ချို့ငဲ့မှုကအဓိကကျပါတယ်။ဒီတော့ကျွန်တော်တို့ကလက်မြှောက်ပြီး မျောလိုက်ရတော့မလား ဆိုတာတော့
မဟုတ်ပါဘူး။
ဒီဆောင်းပါးမှာကမ္ဘာ့နိုင်ငံရေးကိုကျွန်တော်မြင်သလောက်ဇောင်းပေးတင်ပြမှာဖြစ်လို့ ပြည်တွင်းနိုင်ငံ ရေး ကို နောက် ဆောင်ပါးများနဲ့
ဆက်သွယ်ရေးဖို့ရည်ရွယ်ထားပါတယ်။ အခုတော့ ကမ္ဘာနိုင်ငံရေးမိုးလေ ၀သနဲ့ ကျွန်တော်တို့
ဘာလုပ်ရမလဲ ဆိုတာကို အကြံပြုချင်ပါတယ်။ ပြည်တွင်းရေးဟာ အဓိကထားရ မှာဖြစ် ပေမဲ့ ကမ္ဘာ့
အင်အားကြီးနိုင်ငံတွေရဲ့ လှုပ်ရှားမှုဟာ မဟာဗျူဟာ ဖြစ်နေတတ်လို့ပါဘဲ။ ဘက်မှန်မှန် ကျင့်သုံး
နိုင်ဖို့က ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်နဲ့ ရနိုင်မည့် အာဏာနဲ့စွမ်းရည်ပေါ်တည်မှာပါ။အခုက
အမေရိကန် အရင်းရှင်နဲ့ တရုတ်အရင်းရှင် အုပ်စု ကြားမှာ ရွေးရမှာဖြစ်ပါတယ်။
ရွေးဖို့ဆိုရင် အရင်ဆုံး ကျွန်တော်တို့
ဘာလိုချင်တာလဲ ဆိုတာကိုသိထားဖို့လိုပါတယ်။ ကျွန်တော်တို့ လိုချင်တာက နိုင်ငံရေး၊ စီးပွါးရေး
လွတ်လပ်မှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ( အရင်းရှင်အဆင့်) လို့ ပြောနိုင်ပါတယ်။ ဒီရည်ရွယ်ရွယ်ချက်ကို
ဖြည့်ဆည်းနိုင်မည့် မိတ်ဆွေအုပ်စုကို ရှာဖို့ဘဲ။ တရုတ်နဲ့ အမေရိ ကန်ကို ဒီရည်ရွယ်ချက်နဲ့
တိုင်းရင် အမေရိကန်ဘဲ နီးစပ်တာတွေ့နိုင်တယ်။တရုတ်ဟာ ကျွန်တော်တို့ မြန်မာ ပြည်အတွက်
အလွန်စီးပွါးရေးဆန်ပြီး ဖိနှိပ်တဲ့ စစ်အာဏာကို အားပေးခဲ့တာ လည်းပါပါတယ်။သူတို့ဟာ မြန်မာ
ပြည်သူတွေ အရေးကို ဂရုမစိုက်သူတို့ အမျိုးသားရေးသက်သက်ကိုဘဲ ကြည့်နေတော့ ကျွန်တော်တိုလည်း
ကိုယ်တိုင်ပြည်လိုအပ်ချက်ကိုကြည့်ရမှာဘဲ၊ စစ်အာဏာရဲ့ဖိနှိပ်မှုကို ဖယ်ချနိုင်ရေး ကစ
စဉ်းးစားသင့် တော့တယ်။
သူတို့ရဲ့အုပ်ချုပ်ပုံစံနစ်ကလည်းပါတီစုံဒီမိုကရေစီမဟုတ်သလို၊ကွန်မြူနစ်စံနစ်တွေရဲ့ နိုင်ငံတကာဝါဒ ကိုလည်း စွန့်လွှတ်ထားတော့ ကျွန်တော်တို့ နိုင်ငံလွတ်လပ်မှုဟာ
အင်မတန်နည်းတယ်။ရန်သူ စစ်အာဏာ ရှင် တွေနဲ့လည်း သူက ပေါင်းထားလေတော့ အန္တရာယ် များတယ်။ဒီတော့
အမေရိကန်ဘက်ယိမ်း ရလိမ့်မယ်။အ မေရိ ကန်ကိုကော စိတ်ချရပြီလားလို့ မေးစရာရှိတယ်။ စိတ်ချစရာတော့
မရှိပါဘူး။ သူကလည်း လက်ဝဲအယူအဆ၊ ကွန်မြူနစ်အယူအဆကိုတရားသေဆန့်ကျင်နေတော့ဆင်းရဲးသားနိုင်ငံ
တွေ ရဲ့ဓန ဝေမျှရေးလှုပ်ရှားမှုကိုတရားဝင် မဆန့်ကျင်ပေမဲ့ တိတ်တိတ် ဆန့်ကျင်နေမှာပါ။ဒါပေမဲ့
အကွေးထဲက အကောက်ကို ရွေးရသလိုပါ။ ကိုယ်လို ချင်တာ မဟုတ်ပေမဲ့ နီးစပ်တယ်လို့ဘဲ ဆိုရမှာပေါ့။
အမေရိကန်ဘက်ယိမ်းလို့ အမေရိကန်အောက်ခေါင်း လျှိုဝင်ရမှာတော့မဟုတ်ဘူး၊အနိမ့်ဆုံး ရင်ဘောင်တန်း
ဆက်ဆံရေးတော့ ရယူဖို့လိုမယ်။
သူတို့ကလူထု တော်လှန်ရေးကိုအားမပေးသလို ကြောက်တဲ့
သဘောထားရှိတော့ စစ်အာဏာ ရှင်တွေဘက်ပင်းမှာများတယ်။ဒီတော့ ကျွန်တော်တိုရည်မှန်းတဲ့ လွတ်လပ်မျှတတဲ့
ဖက်ဒရာယ်အတွက်
နိုင်ငံဓန ခွဲဝေရေး၊ လူထုအယဏာထူထောင်ရေး အတွက် ကိုယ့်ကိုယ်ကိုဘဲ အဓိကထားလုပ်ကိုင် ရပါလိမ့် မယ်။ ဒါဟာ ဒီနေ့ကျွန်တော်တို့ ကြုံနေ ရတာပါဘဲ။ ဒီအခြေအနေကို ရှင်းရှင်း သိထားစေ ချင်ပါတယ်။
နိုင်ငံဓန ခွဲဝေရေး၊ လူထုအယဏာထူထောင်ရေး အတွက် ကိုယ့်ကိုယ်ကိုဘဲ အဓိကထားလုပ်ကိုင် ရပါလိမ့် မယ်။ ဒါဟာ ဒီနေ့ကျွန်တော်တို့ ကြုံနေ ရတာပါဘဲ။ ဒီအခြေအနေကို ရှင်းရှင်း သိထားစေ ချင်ပါတယ်။
ဒီလိုအခြေအနေမှာ စေ့စပ်ရေးလမ်းစဉ်တွေ၊
ရွှေပြည်အေးလမ်းစဉ်တွေ၊ ကျေးအေးရေးလမ်းစဉ်တွေ၊ ငြိမ်းချမ်းရေး လမ်းစဉ်တွေက အဖိနှိပ်ခံပြည်သူတွေရဲ့
တိုက်ပွဲကိုေ၀၀ါးစေပြီး လက်ယာအချောင်သမား လမ်းစဉ်ဘက်ဆွဲပြီးဖိနှိပ်ခံဘ၀တာရှည်အောင်ဆွဲဆန့်တာကိုသတိထားဆန့်ကျင်ဖို့လိုပါတယ်။ မေရိကန်ဘက် ယိမ်းမယ် ဆိုလို့ အဖြူဆို အထင်ကြိးတတ်တဲ့
ဥာဉ်ကိုလည်း တိုက်ျေက်ရလိမ့်မယ်။
ဒီတော့ ကျွန်တော်တို့က ဘယ်ကစ ဘာလုပ်ရမလဲ။
ကျွန်တော်တို့ ဆီမှာ တိုးတက်တဲ့ အမြင်ရှိတဲ့ ပါတီတရပ်အမြန် လိုအပ်တယ်၊ဒီပါတီဟာ တခြား
နိုင်ငံက တိုးတက်တဲ့ ပါတီတွေနဲ့ ချိတ်ဆက်နိုင် ရပါလိမ့်မယ်။ တတိုင်းတပြည်လုံးကိုစုစည်းနိုင်မည့်
မူဝါဒ ရှိရမယ်။ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ၊ ဖက်ဒရာယ် ကို အာမခံရ မယ်။စစ်အာဏာရဲ့ အရိပ်အောက်လွတ်လပ်စေရမယ်။
ဒီလိုဖြစ်ဖို့က တရုတ်နဲ့ အပေးအယူလုပ်ထားတဲ့ စစ်အာဏာရှင်
တွေရဲ့သြဇာနဲ့ အမြစ်အ ငုတ်တွေက ခံနေပါတယ်။ ဒါတွေက လက်ငင်းရင်ဆိုင်ရမည့်ကိစ္စတွေပါ။ပြည့်ဝတဲ့၊
တကယ်လွတ်လပ် တဲ့ နိုင်ငံရေး လေ ထုကို ဖန်တီးပြီး နိုင်ငံနဲ့ ပြည်သူ့အရေးအတွက်
နိုင်ငံကို လမ်းမှန်ပေါ် မှာ ထိန်းကျောင်းသွားနိုင်မည့် အစိုးရပေါ်ထွန်းရေးဟာ တိုးတက်တဲ့ အင်အားစုတွေအနေနဲု့
အင်အားကြီးတဲ့ ပါတီထောင်ပြီး ဒီနေ့လုပ်ရမည့် အလုပ်ပါဘဲ။ ကျွန်တော်ကတော့ “ တော်လှန်သော
ဒီမိုကရေစီ” စံနစ်လို့ ခေါ်ပါတယ်။ အလုပ်သမား လယ်သမားတွေ၊ တိုင်းရင်းသားဓနရှင်တွေ တိုးတက်တဲ့
ပညာ တတ်တွေ က တိုင်းရင်း သားဓနရှင်တွေ ကို အလုပ်သမား လယ်သမားများ အတွက် ဓနမျှဝေရေး စံနစ်နဲ့
ထိန်း ထားနိုင်ဖို့ပါ။စစ်အာဏာရှင်တွေရဲ့ လက်ဝါးကြိးအုပ် လက်ပါစေ၊လက်ဝေခံ တွေကို ဖြိုချ
ဖို့ တော်လှန်တဲ့ ဒီမိုကရေစီ စံနစ်ကို ထူထောင်ရပါလိမ့်မယ်။
ဒီလိုပေါ်လစီရှိတဲ့ လူထုအစိုးရကသာ တိုင်းပြည်ကို
ပြည်တွင်းရှိ လက်ဝါးကြီးအုပ်စစ်အာဏာရှင်တွေ ရဲ့ ဖိနှိပ်သွေးစုတ်နေတဲ့ ဘ၀က လွတ် မြောက် နိုင်ပြီး အမျိုးသား စက်မှုလက်မှုတွေ
ထွန်းကားနိုင်အောင် ကြိုး ပမ်းနိုင်ပါလိမ့်မယ်။လွတ်လပ်တဲ့
နိုင်ငံရေး ပတ်ဝန်းကျင်နဲ့ လူထုကရွေးချယ်တဲ့၊ အာဏာပြည့်ဝတဲ့ အစိုးရ ကြောင့် ပြည်တွင်းငြိမ်းချမ်းမှုလည်း
ရလာနိုင်မယ်။ ဒါမှသာကမ္ဘာ့ အလယ်မှာ လွတ်လွတ်လပ် လပ်ရပ် တည်နိုင်မည့်အခြေအနေကိုရောက်နိုင်ပါလိမ့်မယ်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နဲ့ ပေါ်လစီမရှိ
အစီအစဉ်မရှိဘဲ တပွဲထိုးဖြေရှင်းနည်းနဲ့ ပူး ပေါင်း လုပ်ဆောင်လိုက်လို့ ရလိုက်တဲ့ နာကျည်းနှောင်ကျဉ်စရာကောင်းတဲ့
အဖြစ်မျိုး ထပ်မဖြစ်စေဖို့ ကျွန် တော် တို့တတွေ အမျှော်အမြင်ရှိရှိ နဲ့ ပြည်သူအကျိုး၊
တိုင်းပြည်အကျိုးကို ဦးဆွေးဆံမြေ့ ထမ်း ဆောင် သင့်ကြ ပါတယ်။
အဖိနှိပ်ခံတို့
ညီညွတ်ကြ။
တော်လှန်ရေး
မုချအောင်ရမယ်။
ဦးအေးဆောင်။
သြဂုတ်
၁၆၊ ၂၀၁၆။
(
မှတ်ချက် - ဒေါ်စု အမေရိကန် သွားမှာနဲ့ ဘာမှ မဆိုင်ပါ။)