စစ်အာဏာရှင်
စံနစ်ရှိနေသ၍ ငြိမ်းချမ်းရေး မရှိ ။
“ငြိမ်းချမ်းရေး
” ဆိုသော စကားသည်
နားဝတွင်ချိုမိန်လှပါသည်။ ထို့ကြောင့်ပင် ထိုစကားလုံးကို သုံး၍
ကိုယ်လိုချင်သော အရာတို့ကို
ဖန်တီးကြသည်ကို သာတွေ့နေကြရပါသည်။ကမ္ဘာကြီးတွင်ငြိမ်းချမ်းရေး စကားလုံး
အောက်မှာပင် လူးသားမျိုးနွယ် ပြုန်းတီးနိုင်သော
လက်နက် များ ပေါ်ထွန်းလာခဲ့ကြပါသည်။စစ် ပွဲများက
ကမ္ဘာ၏ တနေရာမက
နေရာများတွင် ဖြစ်မြဲ
ဖြစ်နေကြပေသည်။ကမ္ဘာကြီးသည် မငြိမ်းချမ်းပါ။ ငြိမ်းချမ်းရေးအတွက်
တိုက်ပွဲဝင်ကြရပါဦးမည်။
ယခု
မြန်မာပြည်တွင် ငြိမ်းချမ်းရေး စကားလုံးက
လူပြောများလာကြပြန်သည်။ ငြိမ်းချမ်းရေးသည် စိတ္တဇနာမ်
လိုလို အလွယ်တကူပြောနေကြခြင်းမှာ ကိုယ့်ကိုယ်ကို လှည့်စားခြင်း၊
သို့မဟုတ် ရန်သူ၏
ပရိ ယာယ်ကို
ဖုန်းကွယ်ပေးသလိုသာရှိနေလေတော့မည်။
မြန်မာပြည်၏
ပြဿနာကိုလည်း နိုင်ငံရေးပြဿနာဟူ၍ ယေဘုယျပြောကြပြန်သည်။
မြန်မာပြည်မှာ ဖြစ်နေသော
အဓိက ပြဿနာမှာ
ယေဘုယျ နိုင်ငံရေးမဟုတ်“စစ်အာဏာဖိနှိပ်မှု”ပင်ဖြစ်သည်။ထိုကြောင့်ပင် သွေးမြေကျ
ခံခါဆန္ဒပြခဲ့ကြသော ရှစ်လေးလုံးလှုပ်ရှား သူများသည်
နိုင်ငံရေး နည်းဖြင့်
မရနိုင်သည်ကို သိရှိ၍
တောခို လက်နက်
ကိုင်တိုက်ပွဲ ၀င်ခဲ့ကြသည်
မဟုတ်ပါလား။ “ဖွံ့ဖြိုးရေး” “အမျိုးသားရင်ကြားစေ့ရေး၊”“ ဒီမိုကရေစီရေး၊”
“ငြိမ်းချမ်းရေး” ဆိုသည်မှာ
စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေး အတွေးအခေါ်ကို ရှုပ်ထွေး
မှေးမှိန် သွားရန်
ရန်သူ စစ်အာဏာရှင်တို့က တမင် ထွင်ထားသည့်စကားလုံးများသာဖြစ်ပေသည်။
ယနေ့အခါတွင်စစ်အာဏာရှင်တို့သည် ပြည်သူလူထုလယ်မြေများမတရားသိမ်းပိုက်အမြတ်ထုတ်
သွေးစုတ်နေသည်မှာ ဗူးပေါ်သလိုပေါ်လာခဲ့ပေပြီ၊ စစ်ဗိုလ်ချုပ်အသစ် အဟောင်းများ၊
သူတို့၏ မျိုးအနွယ်
များနှင့် လက်ပါးစေ
လက်ဝေခံများ၊ လူထုအပေါ်
သွေးစုတ်အမြတ်ထုတ် နေကြသည်မှာ
မြင်ရက်စရာမရှိ လောက်
အောင် များပြားပြီး
ရက်စက်လှပေသည်။ ထွန်တုံးတိုက်ပွဲများ၊ လုပ်ခလစာအတွက်ဆန္ဒပြပွဲများ၊ တောတောင်ထဲမှ
တိုက်ပွဲများသည် ဖိနှိပ်မှုကို
တွန်းလှန်နေသော ပြည်သူတို့၏
ရုန်းကန်လှုပ်ရှားမှု များ
ပင်ဖြစ်ပေသည်။
ပြည်သူများအပြင်းအထန်အဖိနှိပ်ခံနေရသောဤသို့သောအခြေအနေအောက်တွင်စစ်အာဏာရှင်ဘက်မှ
မည်သို့သော လိုက်လျှောမှုမှမရှိဘဲ“ငြိမ်းချမ်းရေး”ဆိုသောအဓိပ္ပါယ်သည်မည်သည့်အရာဖြစ်နိုင်ပါမည်နည်း။
လက်တွေ့အားဖြင့် မတရားမှုကို
ဆန့်ကျင်သော လူထုတို့
၏လှုပ်ရှားမှုကို “ငြိမ်းချမ်းရေး”
ဆိုသော မှိုင်းလုံးဖြင့်ေ၀၀ါးတွေဝေစေရန်ကြံဆောင်သည့်
ကောက် ကျစ်သော
ပရိယာယ်မျှသာဖြစ်ပေသည်။ ဤသို့ သော
ပရိယာယ်များ သည်
သခင်အောင်ဆန်းပုံ ချိတ်ပြီးပြစား ရန်ကြံလာသည်
အစီအစဉ်တို့၏ နောက် ဆက်တွဲ။
အစီအစဉ်များသာဖြစ်ပေသည်။
ဤနေ့
အဓိကလိုအပ်နေသည်မှာ စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်ဖယ်ရှားရေး
ဖြစ်မြဲ ဖြစ်နေပါ
သည်။ တိုက်ပွဲဝင်ရမည့်ကာလ ဖြစ်ပါသည်။ငြိမ်းချမ်းရေးလုပ်ရမည့်ကာလ မဟုတ်ပါ။
စစ်အာဏာရှင်စံနစ် သည် အရပ်သားပြည်သူလူထုများ ကိုသာ
ဖိနှိပ်သည်မဟုတ်၊ စစ်တပ်ထဲမှ
စစ်သားများသည်လည်း ဖိနှိပ်သွေးစုတ် ခံနေရပေသည်။အကျင့်ပျက်ချစားမှုများသည် စစ်တပ် ထဲတွင်လည်း
ပိုမိုပြန့်နှံ့နေပေသည် ။ကြီးနိုင်ငယ်ညှင်း လုပ်နေကြပေသည်။
ထိုကြောင့် စစ်အာဏာရှင်စံနစ်နှင့် စစ်တပ်သည်
မတူကြောင်း ကျွန်ုပ်တို့
ခွဲခြား သိမြင်နားလည်ထားဖို့လို သလို၊
စစ်တပ်အတွင်းမှ အဖိနှိပ်ခံ၊
အနှိမ်ခံ စစ်သည်တို့
ကလည်း သိရှိနား
လည်သင့်ပေသည်။
ဦးအောင်မင်းက တော်လှန်နေသူတို့သည်
ချမ်းသာလာပါက တော်လှန်ရေး
လုပ်မည်မဟုတ် ဆိုသည့်သဘောထားအတိုင်း တော်လှန်ရေးလုပ်သူတို့ကိုချမ်းသာရန်လုပ်ပေး နေမှုမှာလည်း
ဖေါက်ပြန်သူထိပ် ပိုင်းတချို့ တို့ ကိုသာဆွယ်နိုင်ပြီး အများစုကို
ကျေနပ်အောင်မပေးနိုင်ခဲ့ချေ။ မည်သို့
ပင်သူပေးနိုင်ေ သ်ာလည်းလယ်သမားများ၊အလုပ်သမားများ၊စစ်သားများဘ၀အဆင်ပြေရန်ဦးအောင်မင်းလုပ်ပေးနိုင်ဖို့ကောင်းပါသည်။ သို့မှသာ
လူထုတွေက ဆန္ဒပြတောင်းဆိုကြမည်မဟုတ်ပါ။ လက်တွေ့မှာကား ဦးအောင်မင်းသည် အချိန် ဆွဲ၊
သွေးခွဲ၊ ရှုပ်ထွေးမှုများသာ ပေးဆောင်နိုင်ရှာပေသည်။သူ့
ငြိမ်းချမ်းရေးကား မစမှီကဆုံးနေတော့သည်။
ငြိမ်းချမ်းရေးသည် ဘာကြောင့်
ပျက်သုန်းရသနည်းဆိုသည့် အကြောင်းရင်း
ဇစ်မြစ်သည် ပထစ လူထု
အစိုးရကို စစ်တပ်
(ဗိုလ်နေ၀င်း) က
အာဏာသိမ်းရာကစလာရခြင်းဖြစ်သည်။လူထုဆန္ဒပြသည်ကို ပစ်သတ်၍ငြိမ်းချမ်းရေးလည်းပျက်စီးသည်၊ယခုလည်းလက်ပံတောင်း
တောင်တွင်ပစ်သတ်မှုတွေ
ဖြစ်လာနိုင်ချေ ပေါ်နေပြန်သည်။ ထိုကြောင့်
ငြိမ်းချမ်းရေး ဆိုသောစကားသည် ဤလို အချိန်တွင်
အသုံးချခံစကားလုံး အဖြစ်သာရှိနေပေ လိမ့်မည်။ စစ်တပ်မှ
အာဏာသိမ်းခဲ့စဉ်မှစ၍ စစ်အာဏာရှင်မင်းဆက်တို့သည် အာဏာနှင့်
ဓန ဥစ္စာ အဆောက်အအုံများကို သူတို့အသိုင်းအ၀ိုင်းအလိုက်ခံစားစံစားလျှက်အခိုင်အမာအခိုင်အခန့်တည်ဆောက် ထားခဲ့ကြပြီ၊ထိုဥစ္စာစည်းစိမ်တို့ကိုကာကွယ်စောင့်ရှောက်ရန်အတွက်အာဏာပါဝါကိုဆက်လက်အုပ်စီးထားရန် အစီအမံများ
နှင့် စီပွးရေး၊
နိုင်ငံရေး ခံကတုတ်တို့ကို အခိုင်အမာ
တည်ဆောက် ထားနေကြသည်။
မတရားမှုများကိုဆက်လက်ကျူးလွန်နိုင်ရေးအတွက်လည်းငြိမ်းချမ်းရေး၊အမျိုးသားရေး၊အချုပ်အခြာအာဏာ တည်မြဲရေး၊ နိုင်ငံတော်စသည့်
မှိုင်းလုံးများ၊ကို ပရိ
ယာယ် အဖြစ်
လှိုင်လှိုင်သုံးလာနေကြခြင်း
ဖြစ်ပေသည်။
စစ်အာဏာရှင်စံနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံ၊
၂၅% ကိုယ်စားလှယ်
တွေ အပြင်၊
တရားစီရင်ရေး၊ အုပ်ချုပ်ရေး
ကဏ္ဍတွေနှင့် ကျားကန်ထားပြီးဖြစ်သည်။ ဥပဒေပြု
အာဏာကိုပင် လူထုလက်၌
အပြည့်အ၀ မရှိသောဤစံနစ်ဆိုးမျိုးကိုတိုက်ဖျက်ယုံမှတပါးတခြားမရှိတော့ချေ။စစ်အာဏာရှင်စံနစ်နှင့်ငြိမ်းချမ်း ရေးလုပ် ရမည့်
ကာလမဟုတ်ဘဲ စစ်အာဏာရှင်
စံနစ် ကို
ဆန့်ကျင်တိုက်ပွဲ ၀င်ရမည့်ကာလသာ လျှင်ဖြစ်
ပေသည်။ လူထုတွေလိုချင်သည်မှာ စစ်အာဏာရှင်
မရှိသော ဒီမိုကရေစီဖြစ်သည်။ စစ်အာဏာရှင်ရှိသော
ငြိမ်းချမ်းေ ရး မဟုတ်ပေ။
နောက်ပြန်လှည့်မည်၊ မလှည့်မည်
ဆိုသော စကားသည်
ပြည်သူ့ဘ၀ မလုံခြုံမှုကို ပြပါသည်။
ဖွဲ့စည်းပုံမှာလည်း လိုအပ်ပါက
စစ်တပ်က အာဏာသိမ်းနိုင်သည် ဟုပါရှိနေလေရာ
ပြည်သူ့ဘ၀သည် ငြိမ်း
ချမ်းပါသည်ဟု ဤဥပဒေအောက်တွင် ပြောနိုင်ဘွယ်ရာ
အကြောင်းမည်သို့မျ
မရှိနိုင်ချေ။
လက်တဆုတ်စာ
စစ်အာဏာရှင် ဗိုလ်ချုပ်တို့သည် လက်ပါးစေ
လက်ဝေခံ ဆွေတော်မျိုးတော် များကို အခွင့်ထူးများ၊ လူထု၏မြေများ၊
အာဏာများခွဲဝေ ပေးခါ
လက်ဝါးကြီးအုပ် စစ်ပဒေရာဇ်
လူတန်းစား အဖြစ်
တည်ထောင်နေကြပေသည်။ ဟန်ပြလွှတ်တော်နှင့် မသမာသော ရွေးကောက်ပွဲများကိုလည်း သူတို့အာဏာတည်မြဲရေးအတွက်နည်းပေါင်းစုံဖြင့်ဆက်လက်အသုံးချနေဦးမည်သာ
ဖြစ်ရာ ပြည်သူများတမ်းတသော ငြိမ်းချမ်းရေးကို
ရရှိရန်မှာ ပထမအားဖြင့်
ငြိမ်းချမ်းရေးကိုဖျက်ဆီးတတ်သည့် စစ်အာဏာရှင်စံနစ်ကို ဖယ်ရှားပြီး
လွတ်လပ်သည့် လူထုအစိုးရ
စစ်စစ်ပေါ်ပေါက်မှသာ မျှော်လင့်
နိုင်ဖွယ်ရာရှိပါလိမ့်မည်။
စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်ကြ။
လူထုအစိုးရ ပေါ်ထွန်းရမည်။
ဦးအေးဆောင်
စက်တင်ဘာ ၂၅၊
၂၀၁၃။