မြေယာ ပိုင်ဆိုင်ရေး ပြဿနာဟာ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက်
အခရာ ဖြစ်တယ်။
လယ်ယာမြေပိုင်ဆိုင်မှု ပြဿနာဟာကြံ့ဖွတ်လွှတ်တော်မှာကျယ်ကျယ်လောင်လောင်ဆွေးနွေး ပြောဆိုကြပြီးနောက် ရလာဒ်ကစစ်ဝန်ကြီးဗိုလ်ဝေလွင်က၁၆ပုံတပုံသာပြန်ပေးမယ်ဆိုတာနဲ့ဇာတ်သိမ်း
တော့မလိုဖြစ်နေတယ်။စစ်တပ်နဲ့ စစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ ကုမ္ပဏီတွေကသိမ်းထားတဲ့အပြစ်မဲ့
တောင်သူလယ်သမားတွေရဲ့ လယ်တွေဟာ
စစ်တပ်တခုထည်းတင်၂၉၇၂၁၇ဧက ဖြစ်နေပြီးကုမ္ပဏီ တွေကဒီထက်နည်းမည်လို့မထင်နိုင် ပါဘူး။ ဒါတွေဟာလည်း
လူသူမသိတဲ့ လယ်သိမ်းမှုတွေ ကျန်နေဦးမှာပါ။
စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာလယ်ယာမြေပိုင်ဆိုင်ခွင့် ပြဿနာဖြေရှင်းရေးဟာ နိုင်ငံတကယ်
ဖွံ့ ဖြိုးဖို့လိုအပ်ချက် ဖြစ်ပါတယ်။
အခုတော့ လယ်ယာမြေ
အရေးလှုပ်ရှားတောင်ဆိုသူတွေကို ကြံ့ဖွတ်
အစိုးရက စတင်နှိပ်ကွပ်နေတာကို တွေ့နေရပါပြီ။ များပြားလှတဲ့
အဖမ်းအဆီးတွေထဲမှာ နောက်ဆုံးဖြစ် စဉ်က ကချင်
ပြည်နယ် က
ဒေါ်ဘောက်ကြာ အဖမ်းခံရခြင်းကိစ္စပါ ဘဲ။
လယ်ယာမြေပြဿနာကို လက်လှမ်းမှီသလောက်ကပြောရရင်၅၈ခုနှစ်လောက်ကလယ်ယာမြေနိုင် ငံပိုင်
ပြုလုပ်ရေး ဥပဒေဆိုတာကို
ကြားဖူးလိုက်တယ်။ ဒီဥပဒေက
လယ်ပိုင်ရှင်ကြီးတွေ လယ်ကို
သိမ်းပြီး လယ်သမားတွေကို ချပေးဖို့
လုပ်တယ်လို့လေ့လာရတယ်။ ဒါပေမဲ့
ဦးနုရဲု့ ပါလီမန်ထဲမှာ
ကလည်းပါ လီမန်
အမတ်တွေ၊ ၀န်ကြီးတွေ
ကိုယ်တိုင်က မြေရှင်ကြီးတွေ ဖြစ်တော့
ဒီဥပဒေက လေထဲမှာပျောက် သွားခဲ့ တယ်။ဦးနုအစိုးရကဟာလယ်သမားအကြိုက် လေလုံးသာရှိခဲ့ပြီးတကယ်အကောင်အထည် အောင်မလုပ်
နိုင်ခဲ့ဘူး။ ကျားကို
သားသတ်လွှတ် စားခိုင်းတဲ့
ပေါ်လစီပါ။ မြေရှင်လူတန်းစားက မြေတွေကို
အကြောင်းမဲ့ စွန့်လွှတ်မှာ
တဲ့လား။
နောက်တော့
စစ်တပ်နဲ့ လက်နက်နဲ့
အကြမ်းဖက်အာဏာသိမ်းတဲ့ နေ၀င်းကလည်း
ဦးနုလုပ်ခဲ့တဲ့ ဒီမြေယာ
မက်လုံးပေးနည်းကို
“ ဆိုရှယ်လစ်”ယောင်ယောင်နဲ့ မြေယာတွေကိုသိမ်းကျုံးပြီးလက်ဝါးကြီးအုပ် လိုက်တယ်။
“နိုင်ငံတော်က လယ်ယာမြေအားလုံးကိုပိုင်တယ်” ဆိုတဲ့ ဥပဒေနဲ့။
အဲဒီကစ ဘွါးဘွါးပေါ်လာခဲ့ လက်ဝါးကြီးအုပ်
စစ်ပဒေသရာဇ် စံနစ်နဲ့
အုပ်ချုပ်ဖိနှိပ်လာတာ အခုပုံစံပြောင်း ဦးသိန်းစိန်ရဲ့
စစ်ပဒေသ ရာဇ် အစိုးရအထိဘဲ။
ဘာကြောင့်ပုံစံပြောင်းရလဲဆိုတော့သူတို့ပြောင်းချင်လို့ပြောင်းရတာမဟုတ်ပါဘူး။ပြည်သူလူထုလူတွေက ဆင်းရဲ
တွင်း နက်လာပြီ၊
တပ်ထဲမှာလည်း ထိန်းရသိမ်းရခက်လာပြီ၊ နိုင်ငံတကာကလည်း ၀ိုင်းကျဉ်လာပြီ၊
သတင်းပြန့်နှံ့မှုတွေကလည်း မြန်ဆန်လာပြီး ထိန်းချုပ်လို့မလွယ်တော့ဘူး
ဒီတော့ သူတို့
စစ်ပဒေသ ရာဇ်စံနစ်ကိုဆက်လက်ကာကွယ်နိုင်အောင်သူတို့ကို
ထောက်ကူမည့်လူတွေကိုလက်ကြားယိုအခွင့်အရေးပေး၊ စစ်
ဘောင်းဘီချွတ် ပုဆိုးဝတ်ပြီး အရပ်သားဟန်နဲ့ဗိုလ်ချုပ်ချုပ်အောင်ဆန်းပုံတွေ၊ဟန်ပြရွေးကောက်ပွဲတွေ၊ ရုပ်
သေး လွှတ်တော်တွေ
ကို ၂၀၀၈
ဥပဒေနဲ့ ချည်နှောင်ရင်း နောက်လိုက်တွေ
၊ အခွင့်အရေးသမားတွေ၊ စီးပွါးရေးသမားတွေ၊အချောင်
သမားတွေ၊လူထုကိုအထင်သေးပြီး ဖိနှိပ်မည့်
သူတွေကို မွေးမြူရင်း
သူတို့ စစ်ပဒေသရာဇ်အာဏာကို ဆက်လက် ကာကွယ်ထိန်းသိမ်းထား တာပါဘဲ။
မြန်မာနိုင်ငံရဲ့ အကြပ်အတည်းက
ကုန်ထုတ်လုပ်ရေးပြဿနာ မဟုတ်ဘူး၊
စီမံခန့်ခွဲရေး ပြဿနာ။
တခွန်းထည်းနဲ့ ပြောရရင်အာဏာပြဿနာ။ဒီအာဏာ
ပြဿနာကလက်ဝါးကြီးအုပ်စစ်ပဒေသရာဇ်အာဏာရှင် ကနေ
လွတ်လပ်တဲ့ ဓနရှင်
အာဏာကို ပြောင်းမလား၊
မပြောင်ဘူးလားဖြစ်တယ်။လွတ်လပ်တဲ့ ပိုင်ဆိုင်မှုနဲ့ အခွင့်အရေးတွေပေးရင်လူထုတွေသူဘာသာတီထွင်လုပ်ကိုင်စားသောက်နိုင်တယ်၊စက်ရုံတွေ
ထောင် နိုင်တယ်။
ဒါတွေကို ပိတ်ပင်ထားတာဟာ စစ်ပဒေသရာဇ်စံနစ်ကြောင့်ဘဲ။
ဒီနေ့
လူပြောများနေတဲ့ သမတနေရာရလို့
ဘာမှ မပြောင်းလဲနိုင်ဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ စစ်အာ
ဏာဟာ အာဏာသုံရပ်စလုံးမှာ လွှမ်းဖိုးထားလို့ဘဲ။
ဥပဒေပြုအာဏာဆိုတာ စစ်အာဏာရှင်တွေ ၂၀၀၈ ဥပ
ဒေနဲ့ ကြိုးရှည်ရှည်လှန်ထား တာသာဖြစ်တယ်။
စစ်တပ်အကူနဲ့ တက်လာမည့်
သမတက သူ့ကိုထောက်ခံတဲ့ စစ်တပ်ကိုပြင်မှာတဲ့လား။
ဒီတော့လာမည့်သမတ ဘယ်သူဘဲ
ဖြစ်ဖြစ် ပြည်သူ့အတွက်
စွန့်စားမည့်သူတွေ မဖြစ်နိုင်။
သူထိုင်ခုံကို လှုပ်အောင်လုပ်မှာတဲ့လား။ ၂၀၀၈ဥပဒေတိုက်ဖျက်ရေးကိုလုပ်ရ မှာတော့ဟုတ်တယ်။ ဥပဒေကို
တိုက်ဖျက်လို့ စစ်အာဏာက
ပျောက်သွာစရာမရှိပါ။ အခု
သတင်းမီဒီယာ ဥပဒေလို
နောက်ပုံစံတမျိုးနဲ့ လာမှာပါဘဲ။
ဒီတော့ စစ်အာဏာရှင်စံနစ်တခုလုံးကို ဖြိုချရမှာ
ဖြစ်တယ်။
ဒီကိစ္စက၂၀၀၈ဥပဒေဘောင်ထဲကလုပ်နေလို့တော့ နောက်စစ်အာဏာရှင်မျိုးဆက်သုံးဆက် လောက်ရောက်တဲ့တိုင် ဘာမှ ထူးထူးခြားခြား ဖြစ်လာစရာမရှိပါဘူး။
အခုတောင် အာဇာနည်နေ့
တောင် အာ
ဥသြဆွဲ ဖို့ကိစ္စလေးလောက်တောင်မလိုက်လျှောတာကိုသိမ်းထားတဲ့
မြေယာတွေ ပြန်ပေးမယ်လို့ မျှော်လင့်
နေတာဟာ မျှော်လင့်တတ်တဲ့ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပြန်သုံးသပ်သင့်
နေတယ်။
လယ်ယာမြေပိုင်ဆိုင်နိုင်ရေးကိုယူချင်လို့သိမ်းထားတဲ့လူတွေဆီက
တောင်းယုံနဲ့မရနိုင်တာ
သေချာ နေတယ်။
ဆရာစံသူပုန်သမိုင်းကလည်းပြနေတယ်။လက်ရှိကြံ့ဖွတ် လွှတ်တော်ထဲမှာလည်း မြေရှင်တွေ၊
ကုမ္ပဏီပိုင် ရှင်တွေ၊ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ အလိုက်သင့်
လိုက်လုပ်သူတွေက များနေတော့
မြေယာ
ရရှိရေး ထွန်တုံးတိုက်ပွဲဟာ အချုပ်ခန်းနဲ့
အကျဉ်းထောင်မှာ ဂိတ်ဆုံးတော့မှာလား။
ဒီနေ့ဓနရှင်ဒီမိုကရေစီခေတ်ဟာစစ်လက်ဝါးကြီးအုပ်စစ်ပဒေသရာဇ်စံနစ်ကို ကျော်ဖြတ်ကို
ကျော်ဖြတ်ကြရလိမ့်မယ်။ရှောင်လို့မလွတ်နိုင်ဘူး။ တိုးတက်သူနဲ့
ဖေါက်ပြန်သူတို့ရဲ့တိုက်ပွဲလည်းဖြစ်တယ်။ဓနရှင်ဒီမိုကရေစီရဲ့ မောင်းနှင်အားဖြစ်တဲ့ပုဂ္ဂိကပိုင် ဆိုင်ခွင့်နဲ့ လွတ်လပ်မှုမရှိဘဲ ဓနရှင် ဒီမိုကရေစီဖွင့်ဖြိုးမှုကို ရနိုင်စရာမရှိပါဘူး၊ စစ်ဒေသရာဇ်တွေဆီက
မရောရာတဲ့သီးစားချထားမှု လောက်က ခေတ်ကိုဘယ်တော့မှမလိုက်နိုင်သလို၊ဖွံ့ဖြိုးစရာမရှိသလို၊
ပြည်သူလူထုဘ၀ ဆင်းရဲတွင်းတွေ နက်သထက်နက်လာပါလိမ့်မယ်။
ဒီတော့ကျွန်တော်တို့အနေနဲ့ လယ်ယာမြေ
ပိုင်ဆိုင်ရေး အပါအ၀င်
ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်အားလုံး အတွက်
ပဒေသရာဇ်စစ်အာဏာရှင်စံနစ်ရဲ့လက္ခဏာ၊စရိုက်၊ကျင့်စဉ်တို့ကိုအာဏာသုံးရပ်အ၀န်းအ၀ိုင်းတွင် ဆန့်ကျင်
တိုက်ဖျက် ရမည်
ဖြစ်လသလို မိမိတို့
ဘ၀ ရှင်သန်းရေးအတွက် ဖိနှိပ်ချုပ်ချယ်မှုတွေကို
လူထု အားနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ရပါလိမ့်မယ်။
မြေယာဟာ
တခြားသယံဇာတတွေလို ကုန်မသွားပါဘူး၊ ပြင်ဆင်ဖြည့်ဆည်းလို့ရတဲ့
သဘာဝ အရင်း
အမြစ်ပါ။ တခြား
သတ္တု၊ရေနံဓါတ်ငွေ့တွေမှာ အကန့်အသတ်ရှိပေမဲ့ မြေယာက ထိန်းသိမ်းစောင့် ရှောက် လို့လွယ်တယ်။
စိုက်ပျိုးရေးလုပ်ငန်း ပေါ်
အခြေပြုရတဲ့ လူဦးရေ
၇၀% အတွက်အင်မတန်အရေးပါသလို။ တိုင်းပြည်
အနာဂါတ်အတွက် နောက်မျိုးဆက်များအတွက် လိုအပ်နေပါလိမ့်မယ်။
စစ်တပ်လက်ကိုင်ထားပြီးဖိနှိပ်သွေးစုတ်နေတဲ့စစ်ပဒေသရာဇ်စံနစ်ကို၊ ပြည်သူ့ဘက်ကရပ်တည်မည့်စစ်တပ်နဲ့
သာအစားထိုးနိုင်မှသာစစ်ပဒေသရာဇ်စံနစ်ရဲ့ရက်စက်ကြမ်းကြုတ်မှု၊မတရားဖိနှိပ်အမြတ်ထုတ်မှုတွေ အောက်က
ပြည်သူတွေ လွတ်မြောက်နိုင်ပါလိမ့်မယ်။ အခြေအနေနဲ့
အချိန်အခါက ပြည်သူတွေ
ဘက်ကရှိနေတာကို တိုက်ပွဲဝင် ရင်းသိလာမှာသာဖြစ်ပါတယ်။အခုအခါ လုပ်ငန်းရှင်တွေ၊ အရင်းအနှီးလာစိုက်သူ
တွေရဲ့ “ဖြေလျှော့မှု”
“လွတ်လပ်မှု” တွေတောင်းဆိုသံတွေလည်း ကျယ်သထက်ကျယ်လောင်လာနေပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
စစ်အာဏာကို ၀ိုင်းတိုက်ကြ။
လူထုအစိုးရ မုချပေါ်ထွန်းရမယ်။
ဦးအေးဆောင်
ဇူလိုင် ၂၀၊
၂၀၁၃။