“ အပေါစား
ဖိတ်ခေါ်ချက်နဲ့ စားကွက်ဖန်သူများ”
ဦးအေးဆောင်
နိုင်ငံခြားရောက် မြန်မာတွေကို ဦးသိန်းစိန်က
လူသိရှင်ကြား ဖိတ်ခေါ်နေတာ နှစ်ခါရှိပါပြီ။ အစက တည်းက စီးပွားရေးလုပ်ဖို့ ဖိတ်ခေါ်နေတာပါ။သူ့အဆိုအရ
ရာဇ၀တ်မှု မကျုးလွန်သူ၊ ကျူးလွန် လည်းလျှော့ ပေါ့ပေးမယ်။ တိုင်းပြည်အတွက်အသိပညာရှင်တွေ
အတတ်ပညာရှင်တွေ လာဝိုင်းလုပ်၊ လိုရင်အရင်းပါ ထုတ်ပေးမယ်လို့ ဆိုပါ တယ်။
အစကတည်းက ပြည်ပထွက်ပြီးစီးပွားရေးလုပ်ချင်သူတွေက
နိုင်ငံရေး အကြောင်းတွေ ကြံဖန်ပြ ပြီး နိုင်ငံခြားရောက်နိုင်ရေး နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြတယ်။
ရောက်ကုန်ကြ တယ်။ပြည်ပ ထွက်ဖို့ နိုင်ငံကူး လက် မှတ်ကလည်း ချုပ်ချယ်လွန်း၊ ဈေးကလည်းကြီး၊
စီးပွားရေးကလည်း ကျ့ပ်ကြ တော့ နိုင် ငံရေးကိုခု တုန်းလုပ်ထွက်လာကြတယ်။ တော်လှန်ရေးအဖွဲအစည်းတွေထဲကလူကလည်း နိုင်ငံရေးအရ ထောက်ကူတယ်ဆိုတဲ့ နိုင်ငံ တွေ ကို သွားကြတယ်။ အကြောင်းအမျိုးမျိုးနဲ့
ထွက်သွားကြတယ်။
ထွက်သွားကြတဲ့လူတွေ၊ ဦးသိန်းစိန်ဖိတ်ခေါ်လို့
မြန်မာပြည်ပြန်လာကြတဲ့လူတွေကသူ့အကြောင်းနဲ့ သူရှိကြမှာဘဲ။ ဖိတ်ခေါ်တဲ့ ကိစ္စကလည်း အသိပညာတွေ၊
အတတ်ပညာတွေလာအသုံးချဖို့။ အရင်းအနှီး လာစိုက်ဖို့ ပါဘဲ။ စီးပွားရေးလုပ်ငန်းတွေ ဖွင့်ပေးမယ်ဆိုတဲ့
သဘောနဲ့ မြူဆွယ်ပါတယ်။ ဒီလိုအချိန် မှာစီး ပွားရေး အရ စားကွက် ဖန်လိုတဲ့ သူတွေ အနေနဲ့
တိုင်းပြည်ကောင်းအောင်လို့၊ဒီမိုကရေစီရှင် သန်အောင် လို့၊ စစ်အာဏာ ရှင်စံနစ်ဘက် နောက်ကြောင်း
ပြန်မလှည့်စေဖို့ ဆိုတာတွေ အကြောင်းပြပြီး ပြန်ကြတာ လည်းရှိကြတယ်။
ဒါပေမဲ့ သူ့ဖိတ်ခေါ်ချက်က နိုင်ငံရေးနဲ့
မပတ်သက်တာကို အလေးထားသင့်ပါတယ်။ စီးပွားရေးတို့ ဖွံ့ဖြိုး ရေးတို့ဆိုတာက နိုင်ငံရေးမဟုတ်ဘူးလား
ဆိုရင် ပတ်တော့ပတ်သက်တယ် မြန်မာပြည်လိုနိုင်ငံမှာ အဓိက မကျဘူး၊
မြန်မာပြည်ရဲ့နိုင်ငံရေးပြသနာက ကုန်ထုတ်စွမ်းအားစုကိစ္စ
မဟုတ်ဘူး၊ စီမံခန့်ခွဲမှု ပြသနာ ၊ ရှင်းအောင် ပြောရ ရင် ထုတ်လုပ်ရေးမဟုတ်ဘူး၊ အုပ်ချုပ်ရေးက
ပြသနာရှိနေတာ။ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးကို ပြောင်းလဲဖို့ အုပ်ချုပ်ရေးကို ပြောင်းပစ်နိုင်ရင်
ဖွံ့ဖြိုးမှုဟာ နေရောင်ရတဲ့ အပင်လို ထွားကြိုင်းရှင်သန်လာမှာဘဲ။ ဆိုလိုတာက လွတ်လပ်တဲ့
နိုင်ငံရေး ၊ အုပ်ချုပ်ရေး ပတ်ဝန်း ကျင်ရှိ ရင် ပြည်သူတွေက ဥာဏ်ရှိသလောက် တိုင်းပြည်
ကမြန်မြန် ကောင်းစားလာမှာပဲ၊ အတားအဆီက စစ်အာဏာရှင်စံနစ်ကလာနေတာ သာဖြစ်နေ တယ်။အဓိက လိုအပ်တဲ့
စစ်အာဏာရှင်စံနစ် ဖျက်သိမ်းတာ ကို မလုပ်ဘဲ ထုတ်လုပ် ရေးဖွံ့ဖြိုးရေးက မရှင် သန်နိုင်ဘူး။အမြဲတမ်း
အနှောက်အယှက်ခံရမယ်။ လက်ကိုင် ဖုန်း ဈေး ဖြစ်ပုံကို ကြည့်ပါ။
နောက်ဥပမာက ကချင်ပြည်မှာ အပစ်ရပ် ဖွံ့ဖြိုးရေးကာလက
ဆောက်ခဲ့တဲ့ တံတားတွေ အခု ဖျက်လိုက်ရပြီ။ နိုင်ငံရေး အုပ်ချုပ်ရေး မတည်ငြိမ်လို့၊မဖြေရှင်းနိုင်လို့။ယနေ့KIOကပြောနေပြီ နိုင်ငံရေးအရ အရင်ဆွေးနွေးရမယ် နောက်မှ အပစ်ရပ်မယ်လို့၊ ဒါကမှန်ကန်တဲ့
ခြေလှမ်းပဲ။
မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ၈၈ လူထုလှုပ်ရှားမှုက
သက်သေပြတာက နိုင်ငံရေး အရဖြေရှင်းဖို့၊ အခု ဦးသိန်းစိန် ခေါ်နေတာက စီးပွားရေးလုပ်ဖို့
အရင်းအနှီး လာစိုက်ဖို့ ဆိုတော့ နိုင်ငံပြသနာကို အပေါစား စီးပွားရေး မျော်လင့်ချက်ပေးပြီး
တော်လှန်ရေးအမြင်တွေကို မသိမသာ ဖျက်ဆီးနေတာသာဖြစ်နေတယ်။ စီပွားရေး စား ကွက် ရှာသူတွေအတွက် တော့ အကြိုက်တွေ့ စေမှာပါ။
ရောဂါရဲ့ အရင်းအမြစ် ဖြစ်တဲ့ စစ်အာဏာရှင်
စံနစ်ကို ပယ်ဖျက်ရှင်းလင်းတာ မလုပ်ဘဲ လက်ကြား ယို အခွင့်အရေးတွေလောက် ပြည်သူကိုပေးစား၊
အဓိက စီပွားရေးလုပ်ပိုင်ခွင့်တွေကိုတော့ စစ်အာဏာ ပိုင်တွေ၊ သူ့အသိုင်းအ၀ိုင်းတွေ ၊ လက်ဝေခံလက်ပါးစေ၊
အခွင့်ထူးခံတွေက ခွတုတ်နေသမျှ တိုင်းပြည် က ပြည်သူတွေ ဆင်းရဲမွဲတေနေကြမှာပါပဲ။ ဟန်ပြလွှတ်တော်နဲ့
စစ်အာဏာရှင်အကျိုးပြု ၂၀၀၈ ဥပဒေက ဖိနှိပ်သွေးစုတ်မှုကို နည်းမျိုးစုံနဲ့ အားပေးနေပါလိမ့်မယ်။
တိုင်းပြည်ကို ပြန်လာသူတွေဟာ ကြံ့ဖွတ်အစိုးရဆန့်ကျင်ရေး
မလုပ်ရဘူးဆိုတာကိုလည်း လက် မှတ် ထိုး ရမည့် ၀န်ခံစာမှာပါနေတော့ ဦးသိန်းစိန် ဖိတ်ခေါ်ချက်က
နိုင်ငံရေးလာမရှုတ်နဲ့ စီးပွားရေးသာလာ လုပ်ဆိုတဲ့ သဘောထားကရှင်းနေပါတယ်။ နိုင်ငံရေးသမား၊တော်လှန်ရေးသမား
တွေကို ခေါ်တာမဟုတ်ဘဲ ၊ စီးပွားရေး လုပ်ပြီး သူတို့ကို အထောက်အကူပြုမယ့်သူတွေကိုသာ အောက်ဈေးနဲ့
ခေါ်နေတာဖြစ်တယ်။
သတင်းဌာနတွေကလည်း သူတို့ကို ထောက်ပံ့ထားတဲ့
နိုင်ငံတွေရဲ့ ထိန်းချုပ်မှုအောက်က မ လွတ် နိုင်ကြ တော့ စီးပွားရေး ဈေးကွက် အငန်းမရ
ရှာကြံနေရတဲ့ နိုင်ငံတွေရဲ ပေါ်လစီကို သိသိသာ သာေ ရာ မသိမ သာ ရော ထုတ်လွင့်ပေးနေတယ်၊ ကြံ့ဖွတ်စစ်အာဏာရှင်တွေ ပြောင်းလဲ ကောင်းမွန်လာတာကို ပဲအမွှန်းတင် နေတော့ ပြည်သူတွေက တောခြောက် ခံ နေရတဲ့
သားကောင်လို ဖြစ်နေရတော့တယ်။
နိုင်ငံရေးက အရေးကြီးကြောင်း ပြောတဲ့
မီဒီယာကမရှိ၊ပြောင်းနေတယ်။ နောက်ပြန်မလှည့်အောင် လုပ်ရမယ် ဆိုပြီး ကြံ့ဖွတ်အကြိုက်၊
စီးပွားရေး အမြတ်ထုတ်လိုသူအကြိုက်သာ အပြောများနေချိန်မှာ စစ်အာ ဏာ ရှင်တို့ကို ထိခိုက်စေမယ့်အပြောမျိုးကို
လုပ်ချင်သူမရှိသလိုဖြစ်နေတယ်။ အခုတော့ KIO က နိုင်ငံရေးအရ အရင်ဖြေရှင်းဖို့အဆိုပြုသလို၊
UNFC ကလည်း ကချင်ပြည်နယ်မှာ ထိုးစစ်ရပ်ဖို့ တိုက်တွန်းလာလို့ နိုင်ငံရေး ရှေ့တန်းရောက်လာနေတယ်လို့
မှတ်ယူနိုင်တယ်။
ဦးသိန်းစိန်ဖိတ်ခေါ်ချက်နဲ့ ပတ်သက်လို့
ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ရှင်းရှင်းလင်းလင်း တုန့်ပြန် တာကို မတွေ့ရ။ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း
အများစုက စေ့စပ်ရေးလုပ်ပြီး ဘာသိ ဘာသာနေ၊ ဒီမိုကရေစီအင်အားစုဆိုတဲ့ လူတွေကလည်း ဦးအောင်သောင်းတို့
၊ ဦအောင်မင်းတို့နဲ့ တွေ့ရ မလားလို့ မျှော်ရင်း ဘာလုပ်ရမှန်းမသိဖြစ်နေတော့ ကျွန်တော့်
သဘောကို ဒီနေရာမှာ တင်ပြချင်ပါတယ်။ တခြားခေါင်း ဆောင် တွေအနေနဲ့ သူတို့အမြင် သူတို့ရပ်တည်ချက်တွေ
ရှိမှာဖြစ်ပေမဲ့ တပ်ပေါင်းစုမှာ တာဝန်ရှိသူတယောက်အနေနဲ့ တာဝန် အရတင်ပြရမှာပါပဲ။
ဦးသိန်းစိန်ဖိတ်ခေါ်ချက်က နိုင်ငံရေး
၊တော်လှန်ရေးလုပ်တဲ့ ကျွန်တော်တို့နဲ့ မပတ်သက်တာကို ပြတ်ပြတ်သိထား တဲ့ အတိုင်း ဘာမှ
စိတ်ဝင်စားစရာ မရှိပါ။ ဘာကြောင့်ပြန်မလာတာလဲဆိုတာ သိချင်တဲ့ လူတွေအတွက် ပြောပြရရင်
ပြည်တွင်းမှာ လွတ်လပ်တဲ့ သတင်းမီဒီယာ မရှိလို့၊ လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်လို့မရလို့ပဲ။
နိုင်ငံရေးအရ ဖြေရှင်းဖို့ ပါတီပေါင်းစုံ ကွန်ဖရင့်လိုခေါ်သင့်ပါလျှက် သီးခြား ခွဲဖဲ့
စည်းရုံးလုပ်ဆောင်ချက်တွေ က ကြံ့ဖွတ်စစ်အာဏာရှင်တွေ ရည်မှန်းချက်ဖြစ်တဲ့ လူထုဖိနှိပ်ရေး၊
တော် လှန် ရေး အင်အားစုတွေ ချေမှုန်းရေး ဟာရှိမြဲ ရှိနေတာကို သိနေလို့ပဲ။
ခင်ဗျားတို့ အတိုက်ခံတွေက ကောအားရှိသေးလို့လား
လို့မေးမှာ သိပါတယ်။ အတိုက်အခံတွေ ထိခိုက် အားပျော့သွားတာ NLD ဘက်ပြောင်းသွားကတည်းကပါ။ဒါတွေက
ကိုယ်အတွင်းချို့ယွင်းချက်တွေ။ နိုင်ငံရေး
မူကို အလေးမထားတော့ အားမရှိ၊ အားမရှိတော့ ကိုယ့်နိုင်ငံရေးမူကိုလည်း သူများက မလေးစား
ဆိုသ လိုပတ် ချာလည်နေတော့မှာမို့ ။ အခုဟာက အားအကြောင်းထက် နိုင်ငံရေး ရည်မှန်းချက်
ကိုသာ အလေး ထား တင်ပြချင်လို့ပါ။
တကွဲတပြားမဟုတ်ဘဲ တပ်ပေါင်းစုနဲ့ ရပ်ခံပြီး
ကြံ့ဖွတ်နဲ့ ဆွေးနွေးရင် တိုးတက်မှုနဲ့ ခိုင်မာမှုတွေ ပိုရှိနိုင်တယ်။နိုင်ငံရေသိက္ခာလည်း
ရှိမယ်။ အခုတော့ ခွဲခြားဖဲ့ထုတ် ခံရပြီး စစ်အာဏာရှင်တွေရဲ့ နားလှည့် ပါးရိုက်တာခံကြရတယ်။
ဒါက တပြည်လုံးနိုင်ငံရေးထက် ကိုယ့်လူမျိုး၊ ကိုယ့်အဖွဲ့အကျိုး စီးပွားကို ဦးစားပေး
ခဲ့ကြတဲ့ ရလာဒ်ပါပဲ။ဒီတော့နိုင်ငံရေး တော်လှန်ရေး ရည်မှန်းချက်ကို ပြန်လည်ရှင်သန်အောင်
လုပ်ကြ ရမှာပါ။
ပါတီပေါင်းစုံကွန်ဖရင့်ဆိုတာတိုင်းပြည်အကျိုးသယ်ပိုးချင်သူတွေ၊ နိုင်ငံရေးပါတီအားလုံးကြံ့ဖွတ်ရော၊ ဗကပရော၊ လူမျိုးစုံပါတီတွေရော
အားလုံးပါဝင်နိုင်ရမယ့် ကွန်ဖရင့် ဖြစ်ရပါတယ်။ လွတ်လပ်ရပါမယ်။ ပွင့်လင်း ရမယ်။ တိုင်းပြည်ရဲ့
အရင်းခံ ပြသနာတွေကို အများသဘောတူ ဖြေရှင်းဖို့ နည်းလမ်းတွေချ မှတ်နိုင်ဖို့ဖြစ်တယ်။ဒီလိုစံနစ်တကျ နိုင်ငံရေးအရ ဖြေရှင်းနည်းတွေကိုစီးပွားရေးစားကွက်ဖန်လိုတဲ့ နိုင်ငံတွေက
သူတို့ပိုင်သတင်းဌာနတွေကရှင်းလင်း ဆွေးနွေးနေမှာမဟုတ်သလိုအမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား အမြတ် ရပြီးစတမ်း အလွယ်လမ်းလိုက် ဖို့ပဲ တွန်းနေကြတယ်။
စစ်အာဏာရှင်တွေရဲ့ ဒဏ်ကို ခါးဆီးခံရ မှာက မြန်မာ ပြည်သူဆင်းရဲသားလူထုပါပဲ။လုပ်ခနည်း၊
မြေသိမ်းခံရ၊ကုန်ဈေးနှုန်းတွေကြီတာအဲဒီလက္ခ ဏာတွေပါပဲ။
ဒါတွေအားလုံးဖြေရှင်းနိုင်ဖို့က တကယ်လူထုအစိုးရလိုသလို၊လူထုကိုကာကွယ်ပေးတဲ့စစ်တပ်လည်း လိုတယ်။ဒီလိုစစ်တပ်ဖြစ်ဖို့ဆိုရင်အခွင့်အရေး၊လစာနဲ့အမိန့်လောက်သိတဲ့စစ်တပ်ထက် နိုင်ငံရေး တော်လှန် ရေး အမြင် ထက်သန်တဲ့ ပြည်သူ့ဘက်က
ရပ်တည်တဲ့ ပြည်သူ့တပ်မတော်တရပ် ဖြစ်အောင် လုပ်ရပါလိမ့် မယ်။ဒါတွေကြောင့်ပဲ စီပွားရေးဘန်းပြ၊
တိုင်းပြည်နံမည်သုံး အမြတ်ထုတ်တဲ့ ဦးသိန်းစိန်ကလည်း ကျုပ်တို့ ကို မခေါ်ချင်၊ကျုပ်တို့ကလည်းလူထုကောင်းစားရေးအတွက်အတားအဆီးတွေကိုပယ်ဖျက်ချင်တော့ ပြဒါးတ လမ်း၊ သံတလမ်း ဖြစ်နေတာကို သိချင်သူတွေ သိရအောင် တတ်နိုင်သလောက်
ရှင်းလင်း လိုက်ပါ တယ်။
ဦးသိန်းစိန်တို့က စစ်သားပီပီ လက်နက်နဲ့
တိုက်တဲ့သူတွေကိုပဲ အလေးထားတယ်၊ ဂရုစိုက်တယ်။ ဒါကိုသိလို့လည်း လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့
ကြိုးပမ်းလုပ်ဆောင်တယ်၊ အားပေးကူညီပါတယ်။ စစ်အာဏာရှင်ကို လေနဲ့ မှုတ်လို့မရနိုင်တာသိထားပြီးသား၊
ဒါပေမဲ့အမြင်မတူသူတွေကအသာစီးရနေတော့ လက်နက်ကိုင်ဒီမိုကရေစီ အင်အားစုတွေဟာ အမွှေးသပ်ခံရတဲ့
ဘူသီးလိုမကြီးခဲ့ဘူး၊အခုတော့ သေနတ်မရှိ တဲ့ လူတွေ၊ တိုက်ပွဲမ၀င်ရဲတဲ့လူတွေကို စစ်အာဏာရှင် စစ်ဗိုလ်တွေကဘယ်လိုသဘောထားတယ်၊ဆက်ဆံ တယ်ဆိုတာ
ကြံ့ဖွတ်လွှတ်တော်မှာကျမ်းကျိန်သွားလိုက်ရတဲ့ ဖြစ်ရပ်မှာအထင်းသားမြင်နိုင်နေတော့တယ်။
ဒီတော့ ကျွန်တော်တို့ ရည်မှန်းချက်တွေအတွက် လူထုတိုက်ပွဲ လက်နက်ကိုင်တွက်ပွဲတွေဟာ မရှိမဖြစ်လုပ် ရ မယ့်လုပ်ငန်းတွေသာ ဖြစ်နေတုန်းပါပဲ။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူစစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
လူထုအစိုးရ မုချပေါ်ထွန်းရမယ်။
ဦးအေးဆောင်
မေ ၁၆၊ ၂၀၁၂။