“ဝေါလမ်းမနဲ့ ကြပ်ပြေးမြို့”
ဦးအေးဆောင်
အမေရိကန်နိုင်ငံ နယူးရော့မြို့ကငွေကြေးလုပ်ငန်းတွေကို
ချုပ်ကိုင်ထားရာ အချက် အခြာ ကျတဲ့
ဝေါလမ်းမကို လူထုတွေက သိမ်းပိုက်ဆန္ဒပြနေတာ စက်တင်ဘာလ၁၇ရက်နေ့ ကတည်းက ပါ။
အနောက် တိုင်း သတင်းဌာနတွေက ဖုံးဖိထားခဲ့ပြီး အယ်ဂျာဇီးရား သတင်းဌာနက
တပတ်လောက်အကြာမှာ ဖေါ်ပြခဲ့လို့ တခြားသတင်းဌာနတွေလဲ
မနေသာ တော့ ဘဲ ဖေါ်ပြလာခဲ့ရပါတော့တယ်။ အခုတော့ ဒီသ တင်းတွေက ပြန့်ပြီး ကမ္ဘာ့ နိုင်ငံ အများ အပြားက မြို့ကြီးပြကြီးတွေမှာလဲ
ငွေကြေး ဈေးကွက် အချက် အခြာကျရာတွေကို လူထုတွေက ၀ိုင်းဝန်း ဆန္ဒပြ နေကြပါတော့တယ်။ သြစထရေးလီးယား၊ တိုင်ဝမ် ၊ဂျပန်တွေ အထိပြန့်နေပါပြီ။
ဒီသတင်းကို မြန်မာပြည်က လူတွေက မသိသေးတာလား။
မသိချင်တာလားတော့ မသိ။ သူတို့ သတင်းလောကမှာ မကြားရတာက ထူးဆန်းနေပါတယ်။
ဝေါလမ်းမကို သိမ်းပိုက်ကြတဲ့ လူထုတွေက
ငွေကြေးချုပ်ကိုင်ထားတဲ့ ချမ်းသာကြွယ်ဝတဲ့ လုပ်ငန်း ရှင် အရင်းရှင်တွေဟာ ဒီနေ့ ဖြစ်ပေါ်နေတဲ့ ၊ စီးပွါးရေး၊ နိုင်ငံရေး၊
စစ်ရေး ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး ရေး
ပျက်စီးမှုတွေ အတွက် တာဝန်ရှိတယ်လို့ ယူဆကြပြီး ၀ိုင်းဝန်း ဆန္ဒပြ နေကြတာပါ။ ကမ္ဘာမှာ
ချမ်းသာသူက ၁%သာရှိပြီး ဆင်းရဲသားတွေက ၉၉% ရှိတယ်လို့ဆိုတယ်။ ဒီ ၁% က ဘဲ ကမ္ဘာ့
အရင်း အမြစ်တွေကို ထုတ်ယူအမြတ်ထုတ်တယ်။ စည်းစိမ်ခံကြတယ်၊ ဆင်းရဲသား တွေ မှာက ပင်ပင်
ပန်းပန်း လုပ်ရပေမဲ့ စားဝတ်နေရေး
ဖူလုံတယ်လို့မရှိတာကို သူတို့ သိရှိကြပြီး ငွေရှင်ကြေး ရှင် အရင်းရှင် တွေကို ရှုန့်ချကန့်ကွက်နေကြတာပါ။
လှုပ်ရှားမှုတွေက အဖွဲ့အစည်းသဘောမဆောင်ဘဲ ၊ လူထုသဘောဆောင်ပါတယ်။
ခေါင်းဆောင် ဆိုသူတို့လဲ မရှိကြပါဘူး။ ဘာတွေတောင်းဆိုတယ်ဆိုတာကိုလဲ တိတိကျကျ
မရှိသေးပါဘူး။ လူထုတွေဟာ အရင်းရှင်ကြီးတွေကြောင့် ဆိုတာကိုဘဲသိနေကြတယ်။
နိုင်ငံရေးသမားတွေကိုလည်း အရင်းရှင်တွေနဲ့ ပုလင်း တူဗူးဆို့လိုသဘောထားနေကြတယ်။
အခုဖြစ်နေတဲ့ နိုင်ငံတကာလှုပ်ရှားမှုဟာ လက်ဝဲလက်ျာ
ကိစ္စ မဟုတ်ဘဲ ဆင်းရဲချမ်း သာကိစ္စဖြစ် နေတယ်။ လူတန်းစားကွာဟမှု ကြီးမားရာက ပေါ်လာတဲ့
ကိစ္စ ဖြစ်တယ်။ လူတန်း စားပဋိပက္ခဘဲ။ ချမ်းသာ ဆင်းရဲ မကွာခြားပါဘူးဆိုတာ မဟုတ်ဘူး။
ဆင်းရဲသားတွေအတွက် ပစ္စည်းမဲ့ ဆိုတဲ့ လူတွေအတွက်
အလုပ်အကျွေးပြုချင်တဲ့ လူတွေဟာ ဒီအ ချိန်ဟာ
ရှေ့တန်းက ပါဝင်ကြရတော့မှာ ပါ။ အခုတော့ အချိန်ကာလက တို သေး လို့လား၊
ခတ်ကွင်းပြင် နေကြတာလားတော့ မသိဘူး လူထုတွေဟာ သူတို့ ကောင်းနိုးနိုး ရာရာတွေ
အော်နေကြပေမဲ့ ဘာကစလို့ ဘာဆက်လုပ်ရမယ်ဆိုတာကို မသိသလိုဖြစ်နေ တယ်၊
အားစုနေကြတာလားလဲ မပြောတတ်။
သေချာတာကတော့ ရေရာတဲ့ ခေါင်းဆောင်မှုမရှိသလို ၊
ရည်မှန်းချက်က ငြိမ်းငြိမ်း ချမ်းချမ်း ဖေါ်ပြ တာလောက်ဘဲ ဖြစ်နေတယ်။
အုပ်ချုပ်သူတွေကလဲ ဘယ်သူ့ ကို ညှိပြိး
ဖြေရှင်း ရမလဲမသိသလို၊ ဘာအ ချက်အလက်တွေလိုလားမှန်းမသိ ဖြစ်နေတော့တယ်။
အခုဖြစ်နေတဲ့ ကမ္ဘာ တ၀ှမ်းလှုပ်ရှားမှုက
ဘာနဲ့တူသလဲဆိုရင် ဂျီကျ လွန်းတဲ့
သားတယောက်က သူ့အမေကို အတင်းကုတ်ခိုင်းနေတယ်။ အမေကလဲ ဘယ်မှာ ယားသ လဲလို့ မေးတော့
သားလုပ်တဲ့သူက “ရှာကုတ် - ရှာကုတ်” လို့ပြောနေသလိုဖြစ်နေတယ်။ အခု လည်းမကျေနပ်တာတော့သိတယ်၊
ဘယ်လို ဖြေ ရှင်း ရမယ် ဆိုတာကို ဆင်းရဲသားတွေရော၊ အုပ်ချုပ်သူတွေရော မသိသလိုဖြစ်နေတယ်။
ဒါပေမဲ့ ဒီလှုပ်ရှားမှုမှာ ဆင်းရဲသားတွေအနေနဲ့
သွေးစုတ် အမြတ်ထုတ်မှုကို သိတယ်၊ ရွံရှာ တယ်ဆိုတာကို ပြလိုက်နိုင်ပေမဲ့ လက်တွေ
အကျိုး ရှိအောင်လုပ်ဆောင်ဖို့က ရှေ့ ဆောင်လမ်းပြ လိုပါလိမ့်မယ်။
ဒါအတွက် ဆင်းရဲသား တွေအကျိုးဖြစ်စေလိုတဲ့
ကျွန်တော်တို့ စဉ်းစားရပါလိမ့်မယ်။ ကမ္ဘာ အတိုင်းအတာနဲ့ ချီစဉ်းစားဖို့က
ကမ္ဘာအနှံ့အဆက်အစပ်တွေလိုပါလိမ့်မယ်။ အရင်က မရှိထားတဲ့ ကျွန်တော်တို့အတွက် ညှိနှိုင်းဖို့ခက်ပါလိမ့်မယ်။ ဒါကြောင့်ပဲ ရှေးက
ဆိုရှယ်လစ် ကွန်မြူနစ်တွေက နိုင်ငံ တကာအဖွဲချုပ်တွေ တည်ထောင်ကြပါတယ်။ အခုတော့
ဒီအဖွဲချုပ် တွေအပေါ် အရေးပါတာကို မသိကြ လို့ဘဲဖြစ်ဖြစ် အကျိုးစီးပွါးချင်း
မကိုက်လို့ ပဲ ဖြစ်ဖြစ် မတည်ထောင်ချင်ကြဘူး။ တဗိုလ်တမင်း ဖြစ်နေ ကြတုန်း
အခုလိုကာလမှာ ဆင်းရဲသားတွေကို ကယ်တင်စောင့်ရှောက်ချင်တဲ့ လူတွေဟာ ကမ္ဘာ့အမြင်နဲ့
စုစည်းသင့်ပါတယ်။ ဖွဲ့စည်း သင့်တယ်။ စုစည်းပုံတွေကကျစ် လစ်လေကောင်းလေဖြစ်မှာ ပါ။
အဖွဲအစည်း မရှိဘဲ အလုပ် လုပ်လို့ မရနိုင်ပါ။ အခုလိုအချိန်မှာ
ဆင်းရဲသားတွေဘက်ကရပ်တည်တဲ့ ကမ္ဘာ့ အဖွဲ့ချုပ် တခုသာရှိရင်
အနည်းဆုံးလမ်းညွှန်ချက်တွေတော့ပေး နိုင်မှာ ပါပဲ။
အခုလက်တွေ့မှာတော့ဝေါလမ်းမကိုသိမ်းပိုက်ဆန္ဒပြတာကို
ကျွန်တော်တို့က ထောက်ခံ ရမှာ ပဲ။ ကမ္ဘာအနှံ့ကျယ်ပြန့်အောင်လဲ အားပေးရမှာဘဲ။
မြန်မာပြည်မှာ ဆင်းရဲချမ်းသာကွာဟတာကိုလဲ တိုက် ဖျက်နိုင်အောင် စစ်အာဏာရှင်တွေ
မတရားသိမ်းတားတဲ့ ပြည်သူ့ ဘဏ္ဍာ တွေကို ပြန်ယူပြီး ပြည်သူ့ အကျိုးပြု
လုပ်ငန်းတွေမှာသုံးနိုင်အောင်လုပ်ရမယ်။ ၊ အခွင့်အ လမ်းတွေကို လက်ဝါးကြီးအုပ်ပြီိး
ကိုယ့်တ ဆွေ တမျိုးကောင်းစားရေးအစား
လူထုအစိုးရက သတ်မှတ်တဲ့ ဥပဒေအောက်မှာ လူတိုင်းတန်း တူအခွင့် အရေး ရှိအောင်
လူထုအစိုးရ ပေါ် ပေါက်အောင် ကြိုးပမ်းရမှာဘဲ။
ဒီနေ့ကမ္ဘာ့ ဆင်းရဲသားလှုပ်ရှားမှုဟာ
အရှိန်ရလာနေပါတယ်။ ကျွန်တော်တို့ ပြန်မာပြည်က ဆင်းရဲ သားပြည်သူတွေဟာလဲ လူမျိုးမရွေးဘာသာမရွေး
ဆင်းရဲမှုနွံ့ တွင်းက ထွက်နိုင်မောင် အဓိကတရားခံ စစ်အာဏာာရှင် တွေကို
တိုက်ဖျက်ကြရပါလိမ့်မယ်။ ကြံ့ဖွတ်တွေရဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးဆိုတာ ယုဇန လို ကုမ္မ္မဏီတွေအတွက်
လယ်သမားတွေ ဆီက မြေသိမ်းတာသာဖြစ်နေမှာပါဘဲ။ စစ်အာဏာရှင်တွေနဲ့ သူ့လက်ပါစေ တွေရဲ့အကျိုး
စီးပွားက ပြည်သူတွေကို
ပိုပိုဆင်းရဲတွင်းနက်စေနေပါတယ်။
ဒီတော့ ကြံ့ဖွတ်စစ်အာဏာရှင်နဲ့
သူ့လက်ပါးစေလက်ဝေခံတွေကို လူထုတိုက်ပွဲ လက်နက ကိုင်တိုက်ပွဲနည်းနဲ့ ဖြုတ်ချနိုင်ရေးကသာ ပြည်သူတွေဆင်းရဲတွင်းက
အမြန်လွတ် ကင်းနိုင်မှာပါ၊
အောင်ပွဲကိုတိုက်ယူကြ။
အချောင်သမားဝါဒဆန့်ကျင်ကြ။
ဦးအေးဆောင်
အောက်တိုဘာ
၁၉ ၊ ၂၀၁၁