ဒီအလုပ်ကို လုပ်သင့်မသင့် အချိန်ယူစဉ်းစားချင်တဲ့သူတွေ သူ့ဟာသူ လိုသလောက် အချိန် ထပ်ယူနိုင်တယ်။ ဒါပေမဲ့ မြန်မာပြည်မှာ စစ်အာဏာရှင်စံနစ်ကကြီးစိုးနေခဲ့တာ ၆၂ ခုနှစ် က စရေတွက်ရင် အနှစ် ၅၀ လောက်ရှိပြီ ဆိုတာကိုတော့ ထည့်တွက်ဖို့ဘဲ၊
အရင်ဆုံးသိထားဖို့က လက်တဆုတ်စာ စစ်ဗိုလ်ချုပ်တစုက တိုင်းရင်းသားပေါင်းစုံ အပါအ၀င် လူမျိုးစုံပြည်သူတွေ၊ ဆင်းရဲသား၊ အလုပ်သမားလယ်သမား စာရေးစာချီ၊ကုန် သည် ပွဲစား၊ ကျောင်းသား။ဘုန်းကြီး၊ စစ်သားပါမကျန် ဖိနှိပ်သွေးစုတ်ရင်း စစ်အာဏာရှင် စံနစ်ကို ထူထောင်နေခဲ့တာဖြစ်တယ်။ပုံသဏ္ဍာန်တွေ အမျိုးမျိုးပြောင်းခဲ့ပေမဲ့ စစ်အာဏာနဲ့ ဖိနှိပ် မှုက လျှော့လာတာမရှိ၊ ပိုပိုဆိုးလာတာဘဲ ရှိတယ်။
စစ်အာဏာကို ဖယ်ရှားဖို့အတွက် တိုက်ဖျက်နည်းကလွှဲလို့ ဘယ်နည်းတွေကျန်ပါသေးသ လဲ။ ဆန္ဒပြမလား၊ ဆွေးနွေးမလား၊ ဆုတောင်းမလား၊ ကုလသမဂ္ဂကို စာတင်မလား၊ေ ရွးကောက်ပွဲလုပ်မလား၊ ဖဲကြိုးတွေ လည်ပင်းမှာချည်မလား၊ ကြာပန်းတွေကို အိမ်ရှေ့ ပြတင်းမှာ စိုက်မလား။ဒါတွေဟာ စစ် အာဏာရှင်လို ရက်စက်ကြမ်းကြုတ်သူတွေအတွက် အယားတောင်မပြေဘူးလို့ ပြောလို့ ရပါတယ်။ ခေတ်စကားနဲ့ပြောရရင် “ ပျင်းတောင် ပျင်းသေး” လို့ဆိုရမယ်။
လူထုအပေါ်ကျူးလွန်ထားတဲ့ ပြစ်မှုတွေက များလွန်းလို့ စစ်အာဏာရှင်တွေဟာ သူတို့ အရိပ်တောင် သူတို့ သွေးလန့်နေကြတာ။ သူတို့ကိုစေ့စေ့ကြည့်ရင်တောင် ပစ်သတ်ချင်တဲ့ သူ တွေ၊ ဒီတော့ သူတို့ကို ချေမှုန်းတဲ့နည်းဘဲကျန်တော့တယ်။
ဒီတော့ “မြို့မှာ သပိတ်၊ တောမှာ တိုက်ပွဲ” တွေနဲ့ ပြည်သူတွေက စစ်အာဏာရှင်ကို စစိန်ခေါ် ရတော့မယ်။ တခြားအီးယောင်ဝါး ဖြန်းသန်းလို့တော့မရတော့ဘူး ဆိုတာက ရှင်းနေ ပါ တယ်။
“လုပ်ဖို့ကျတော့” ဆိုပြီးခေါင်းကုတ်တွေးလိုက်တာ နောက်ဆုံး “ဘယ်သူမှ လုပ်မှာမဟုတ် ပါဘူးလေ” ဆိုပြီး ဖြေသိမ့်ရင်း ပေါ်တာအဆွဲ မခံရအောင်၊ လုပ်အားပေးမထိအောင် ရှိသ မျှလေးပေး မျက်နှာချိုသွေးရတာ အကြိမ်ဘယ်နှစ်ဆယ်လောက်ရှိပြီလဲ။ ဒီတော့ စစ်အာ ဏာရှင် စံနစ် ဆိုးကို ရိုက်ချိုးဖို့ မဖြစ်မနေလုပ်ကိုလုပ်ရတော့မယ် ဆိုတာသိကိုသိသင့်ပြီ။ ဒါမှမလုပ်ရင် ကျွန်တော်တို့ ပြည်သူတွေ မြုပ်ပြီးရင်းမြုပ် ကြရတော့မှာ။ ဒီတော့ ခေတ်ရဲ့ သမိုင်းပေးတာဝန်ကို စာရေးဆရာကြီးဗန်းမော်တင်အောင် ပြောသလို တာဝန်ကျေအောင် မနွဲ့တမ်း ထမ်း ဆောင် ကြရမှာဘဲ။
ထမ်းဆောင်တော့မယ် ဆိုပြန်တော့ ဘယ်က စလုပ်မှာလဲ။ တရားဝင်နဲ့ တရားမ၀င် နည်း ရှိတယ်။ မြို့က သပိတ်တွေအတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ အလုပ်ချိန် ရှစ်နာရီသတ် မှတ်ရေး သီးနှံလွတ်လပ်စွာစိုက်ပျိုးရေး၊ မြေသြဇာရရျိရေး၊ လစာအပြည့်ရရေး၊ မတ ရား အခွန်ဆန့်ကျင်ရေး၊ လာဒ်စားအကျင့်ပျက်မှုဆန့်ကျင်ရေး၊လူ့အခွင်းအရေး စတာတွေအ များကြီး၊ တောမှာတော့ တရားဝင်စရာမရှိတော့ လက်နက်ကိုင်တိုက်ပွဲကို အရှိန်မြှင့်ဆောင် ရွက်ရမှာပါဘဲ။
မြို့မှာ သပိတ်တိုက်ပွဲဘဲလုပ်လုပ်၊ တောမှာ လက်နက်ကိုင် တိုက်ပွဲဘဲ ဆင်ဆင် တ ယောက်ထည်းလုပ်မရတော့ အစုအဖွဲ့နဲ့လုပ်ရမှာဘဲ။ဒီနေရာမှာ ကျွန်တော်တို့ အဖွဲ့က “ လွတ်မြောက်ရေးကော်မီတီ” ပုံစံနဲ့လုပ်ပါတယ်။ ဒါကသင့်တော်သလို ဖွဲ့ကြပေါ့။ အရေး ကြီးတာက “စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင် တိုက်ဖျက်ရေး” ဦးတည်ချက်ကို မျက်ခြေ မပြတ်ဖို့ပါဘဲ။
ဒီအလုပ်တွေဟာ ကျွန်တော်တို့ပြည်သူတွေ လုပ်တတ်ရမယ်။ လုပ်နိုင်အောင်လဲ လေ့ လာဆည်းဖူးရမယ်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်က အတွေ့အကြုံတွေ ရှိပြီးသား။
ဒါပေမဲ့ အခုဟာက အခွင့်ထူးခံဖိနှိပိသူလူတန်းစားကို အဖိနှိပ်ခံ မြန်မာပြည်သူတွေက တော်လှန် ရတာ။ အမျိုးသားလွတ်မြောက်ရေးမဟုတ်ဘူ။ လူတန်းစာတိုက်ပွဲဖြစ်တယ်။ ဒီတော့ အရင် ကထက် သိမ်မွေ့သလို ပြတ်သားပြင်းထန်ရလိမ့်မယ်။ မြန်မာပြည်က ပြည် သူ လူထု တွေဟာ ကမ္ဘာ့အလယ်မှာ စစ်အာဏာရှင် စနစ်ဆိုးတော့ မျက်နှာငယ်သိက္ခာ ကျ နေတာကြာခဲ့ပြီ။
တိုက်ပွဲကနှစ်မျိုးရှိနေပြန်တယ်။ အတွေးအခေါ်တိုက်ပွဲနဲ့၊ လက်တွေ့တိုက်ပွဲ။ လက်တွေ့ တိုက်ပွဲကရှင်းပေမဲ့ လက်တွေ့တိုက်ပွဲကို အနှောက်အယှက်ပေးတဲ့ အတွေးအခေါ်တွေက ၀င်နှောက်ယှက်တတ်တယ်။ တကိုယ်ကောင်းဝါဒ၊ အမျိုးသားအမြင်ကျဉ်းဝါဒ၊ အချောင် သမားဝါဒ၊ လူမျိုးကြီးဝါဒ၊ ရွှေပြည်အေးဝါဒ၊ တရားသေ၀ါဒတွေ ဆိုတာရှိတတ်တယ်။ ဒါတွေကိုတော့ တွေ့ကြုံလာရတဲ့ အခြေအနေအရ ရင်ဆိုင်ဖြေရှင်း သွားရ လိမ့်မယ်။
ရန်သူသူလျှိုဆိုတာတွေကလဲ တော်လှန်ရေးကို သွေးပျက်အောင်လုပ်တတ်တယ်။ ဒါတွေ က စစ်ပွဲတခုမှာ နှစ်ဘက်အပြန်အလှန် ယှဉ်ရတဲ့ အလုပ်တွေပါ။ အခုဒါတွေရှင်းပြနေရင် မူလရည်ရွယ်ရာ “ မြို့မှာသပိတ် ၊တောမှာတိုက်ပွဲ” လမ်းစဉ်ကို စူးစိုက်မှုလျှော့ပါသွားမှာ စိုးပါတယ်။
လက်တွေ့လုပ်ရာမှာ တွေ့ရတဲ့ အခက်အခဲတွေရှိရင် စာရေးသူကို ဆက်သွယ် ဆွေးနွေး နိုင်ပါတယ်။
လူထုတိုက်ပွဲလက်နက်ကိုင်တိုက်ပွဲ ဖေါ်ဆောင်ကြ။
စစ်အာဏာရှင်စနစ် မုချ ပြုတ်ကျရမယ်။
ဒီမိုကရေစီမုချရရမယ်။
ဦးအေးဆောင်
၂၂ ၊ ၄ ။ ၁၁ ။