ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Tuesday, August 27, 2013

စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေးသည်သာ ယနေ့ တော်လှန်ရေးတာဝန်ဖြစ်သည်။



စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေးသည်သာ ယနေ့ တော်လှန်ရေးတာဝန်ဖြစ်သည်။

ဒီဆောင်ပုဒ်က ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF)ရဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ဒီနေ့ ကြံ့ဖွတ် စစ်အာဏာရှင်တို့ နောက်ပြန်လှည့်မလား၊ ဖွဲစည်းပုံကိုပြင်ပေးမလား၊ ပင်လုံကဲ့သို့သောညီလာခံလုပ် အလား၊ သိမ်းထားတဲ့ မြေတွေ ပြန်ပေးမလား၊ အဓိကရုဏ်တွေ ဆက်ဖြစ်ဦးမလား၊ဆင်းမ်ကတ်တွေ ဈေးလျှော့ မလား ဆိုတာတွေ အပေါ် အလုပ်ရှုပ်နေတဲ့ လူတွေ အတွက် အမြင်ရှင်းစေချင်လို့ပါ။ပြဿနာတွေ အားလုံးကို စစ်အာဏာရှင်တွေ က အာဏာကို ချုပ်ကိုင်ပြီး ပြဿနာအားလုံး ဖန်တီးနေတော့ မလိုလားအပ်တဲ့၊ အပို ကိစ္စ ရပ်တွေ အပေါ်မှာ လူထုတွေ ပူပန်သောကရောက် စိတ်ညစ်၊ အလုပ်အကိုင်အဆင်မပြေ၊ စားဝတ် နေ ရေး ကြပ်တည်း မကြာခဏ ကိုယ့်ကိုယ်ကို သတ်သေ တာတွေ ဖြစ်နေရတော့တာပါဘဲ။ဒါကြောင့် စစ် အာ ဏာရှင် ကြံ့ဖွတ်ဖိနှိပ်သူတွေကို ဆန့်ကျင်တိုက်ဖျက်တဲ့ အလုပ်ဟာ မလုပ်မဖြစ် လုပ်ရမည့်အလုပ်ဆိုတာ အခုအချိန်မှာ ရှင်လင်း ပေါ်လွင်လာနေပါတယ်။
စကားပြောပွဲတခုမှာ  ဖွဲ့စည်းပုံပြောင်းဖို့ ပြင်ဖို့ အကြောင်း တော်တော်ပြောတဲ့ လူတ ယောက်ကို ကျွန် တော်ကကဲဗျာ - လူထုအားနဲ့ ကြံ့စစ်အာဏာရှင်တွေကို ဖြုတ်ချလိုက်လို့ - ပြုတ်ကျပြီး သူတို့တတွေ ပုဆိုးမနိုင် ပုဝါမနိုင် နိုင်ငံခြားထွက်ပြေးပြီ ဆိုပါစို့ - အဲဒါခင်ဗျားက အဲဒီဖွဲ့စည်းပုံဥပဒေ စာ အုပ်ကြီးပိုက်ပြီး သူတို့နောက်ကလိုက် ပြင်ပေးပါ၊ ပြင်ပေးပါ လို့ပြောနေ ဦးမှာလား။  လို့ မေးမိတယ်။  သူကအဲလိုဆိုရင် ဘယ် ပြော တော့မလဲတဲ့ ဟုတ်တာပေါ့ ကျွန်တော်တို့ လိုချင်တာက စစ်အာဏာရှင် ဖြုတ် ချရေးဖြစ်တယ်။ သူတို့ ပြုတ်ကျရင် သူတို့လုပ်ထားတာတွေ အကုန်ပျက်တယ်။ လူထုကြိုက်တာ လွတ်လွတ်လပ်လပ် လုပ်ယုံဘဲ။ စစ်အာဏာရှင် ကြံ့ဖွတ်ကို တိုက်ရိုက်တိုက်နိုင်ရင် တိုက်ဖို့ဘဲ။  ဒီ တိုက်ရိုက်လုပ်ရမည့်အလုပ်ကို လုပ်ရာမှာ လူထုတွေ မရှင်း မှာစိုးလို့  ဥပဒေကြောင်းအရ၊ စီးပွါးရေး အရ၊ လူမှုရေးအရ နိုင်ငံရေးအရရှင်းလင်းပြ ၊လှုပ် ဆော်ရ လုပ် နေတာ။ ရည်ရွယ်ချက်က စစ်အာဏာရှင်ကို တိုက်ဖျက်ဖြုတ်ချဖို့ဘဲ။
အခုကျွန်တော်တို့လူတွေဖြစ်နေပုံက ရန်ကုန်သွားဖို့ မီးရထားစောင့်နေကြတာနဲ့ တူတယ်။ရထား ကလာ မယ်မလာမယ် မှန်းမသိမသိဘူး။ ကားနဲ့ ဖြစ်ဖြစ် လေယျာဉ်ပျံ နဲ့ ဖြစ်ဖြစ် သွားလိုက် လည်း ဖြစ်နိုင်တယ်။ ရည်ရွည်ချက်က ရန် ကုန် ရောက်ဖို့ဘဲဖြစ်တယ်၊  ရထာစီးရမှမဟုတ်ဘူး။ အခုဟာက ရထားမှ ရထား၊ ဥပဒေ ပြင်ရေး ဥပဒေပြောင်းရေး ပြော နေကြတာ ရည်ရွယ်ရာကို မေ့နေကြတယ်လို့ ထင်မိတယ်။ ရည်ရွယ်ချက်က ရန်ကုန်ရောက်ရေးပါ ။ရထားစီးတာသက်သက် တာမဟုတ်ဘူး ဆိုတာရှင်း ရှင်း သိထားဖို့လိုပါတယ်။ ဥပဒေ ပြင်ပြီးတော့လည်း စစ်တပ်ကို အခုလိုကြောက် နေရရင်ဘာထူးမှာလဲ။   လူထုတိုက်ပွဲနဲ့ ရမည့်အောင်မြင်မှုကဥပ ဒေပြင်တာထက်   ပိုသေ ချာသလို ပြောင်း လဲတိုးတက်ရေးကို ပိုမြန်ဆန်နိုင်တယ်။ ဥပဒေပြင်ရေး ပြောင်းရေး ဟာ ပရိယာယ်အဆင့်တခု ဆိုရင်တော့ ဘာမှ ပြောစရာမရှိ။ ရည် မှန်းချက်တော့ ရောက်ရမယ်။ ဥပဒေပြင်ရေး ပြောင်းရေးလောက်မဟုတ်ဘူး၊ စစ်အာဏာရှင် စံနစ် တိုက်ဖျက်ဖြိုချရေး။
ဒီရည်မှန်းချက်ပေါ်မှာလူထုတွေစုစည်းသင့်တယ်။တခြားအောက်ဆင့် လေ့ကျင့်ရေး၊ဆက်စပ် ရေးပုံစံတွေက လူထုရဲ့ အမြင်တိုးတက်မှုအပေါ် မူတည်လုပ်ဆောင်ကြရတာတော့လုပ်ရလိမ့်မယ်။ရည်မှန်းချက် က စစ်အာ ဏာရှင် စံနစ်တိုက်ဖျက်ရေးဘဲ။ ရွေးကောက်ပွဲ နိုင်ရေး၊ လွှတ်တော်ထဲဝင်ရေး၊ တဖြေးဖြေး ပြောင်း လဲရေးမဟုတ်ဘူး။ ရွေးကောက်ပွဲတွေ၊လွှတ်တော်တွေဟာစစ်အာဏာရှင်စံနစ်ကိုကာကွယ်စောင့်ရှောက်တဲ့ အရံ အတားတွေသာဖြစ်ပြီး စစ်အာဏာကို ကျားကန်ထားတာတွေ ဖြစ်နေတာကို လူထုတွေက သိနေပြီ။လူထုတွေ ခံစားနေရတဲ့ ဆင်းရဲတွင်းက နက်သထက်နက်နေကြရတယ်။ ဘ၀တွေ ပျက်သ ထက် ပျက်နေကြပြီ။
စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေး အတွက် လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ နည်းနာကို သုံးရ လိမ့်မယ်။ ဒီနည်းနာကို လက်ခံတဲ့ လူတွေနဲ့သာ လှုပ်ရှားမှုကိုလုပ်ရင်း အောင်ပွဲတွေ တဆင့်ပြီး ဆင့် ရလာ နိုင်ပါလိမိ့မယ်။ ၈၈ လှုပ်ရှားမှုရဲ့ အဓိက ချို့ယွင်းချက်က ရှင်းလင်းပြတ်သားတဲ့ ဦးဆောင်မှုမရှိ၊ လက်နက်ကိုင်လှုပ်ရှားမှုလမ်းစဉ်မရှိ၊အာဏာသိမ်းဖို့ရည်မှန်းချက်မရှိခဲ့လို့ဘဲ။ဒီလိုထပ်မဖြစ်ဖို့ လေးလေးနက်နက် သင် ခန်း စာယူသင့်တယ်။
တကယ်က ခေါင်းမာတဲ့ ကြံ့ဖွတ်စစ်အာဏာရှင် ဗိုလ်ချုပ်တွေဆိုတာ လက်တဆုတ်စာသာရှိတယ်။ သူတို့မှလည်း သူတို့ အကျိုး စီးပွါးချင်း ပဋိပက္ခတွေရှိနေကြတယ်။ အခွင့်အရေးမဲ့ပြီး ပြည်သူတွေကို စာနာတဲ့ စစ်အရာရှိတွေက လူထု တွေ ထကြွပြီးတိုက်ပွဲဝင်ကြရင်  ဘက်ပြောင်လဲကြမှာတွေ က တော်လှန်ရေးရဲ့ သဘာ ၀ တွေဖြစ်တယ်။
မြန်မာပြည်မှာအမှန်တကယ်တိုးတက်ရေးအတွက် တော်လှန်ရေးတရပ်ဟာလိုအပ်မြဲလိုအပ်နေတယ်။ ဟန်ပြ ပြောင်းလဲမှုမျိုးက စစ်အာဏာရှင်တွေနဲ့ သူ့နောက်လိုက် လက်ပါးစေ၊ လက်ဝေခံတွေကို ဘယ် လိုမှ မဖယ်ရှားနိုင်ပါဘူး။ သူတို့ရဲ့ မတရား ဖိနှိပ်သွေးစုတ်မှုတွေကို လျှော့ပါးအောင်လည်း မလုပ်နိုင် ဘူး။ အောက် ခြေအမြစ်ကလှန် ပြောင်းလဲနိုင်မှ စစ်အာဏာရှင် စံနစ်ဆိုး ဒဏ်က ပြည်သူ တွေ လွတ်နိုင်မှာ ဖြစ်တယ်။
ဒီဆောင်းပါးတိုမှာတော့ ဥပဒေတွေ၊ ပေါ်လစီတွေ၊အပေါ်ယံ ဟန်ပြပြောင်းလဲတာတွေထက် စစ်အာ ဏာ ရှင်တွေကို တိုက်ဖျက်ရေး ဦးတည်တဲ့ လှုပ်ရှားမှုများကသာ ပြည်သူတွေ မျှော်လင့်တောင်တတဲ့ လယ် ယာမြေတို့လုပ်ခလစာတို့နဲ့ဒီမိုကရေစီအခွင့်အရေးတို့ကိုခံစားစံစားနိုင်ပါလိမ့်မယ်။ တော်လှန်ရေးကြောင့် ပြည်သူတွေဆန္ဒနဲ့ တင် မြှောက်တဲ့ ပြည်သူ့အစိုးရကသာ ပြည်သူတွေရဲ့အခွင့်အရေးကိုလည်း ရေရှည်ကာကွယ် ပေးနိုင်ပါလိမ့်မယ်။ မသေချာ မရေရာတဲ့၊  မျှော်လင့်ချက်မဲ့ ဖိနှိပ်ခံ ဘ၀တွေ က လွတ် မြောက် စေပါလိမ့်မယ်။
လှုပ်ရှားမှုဟာ အသံထက် ထိရောက်တယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
အောင်ပွဲကိုတိုက်ယူကြ။

ဦးအေးဆောင်
သြဂုတ် ၂၆၊ ၂၀၁၃။



0 comments: