ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, August 3, 2013

ပြည်သူ့ဘက်သား အကြမ်းဖက်သမားများ အလိုရှိသည်။



ပြည်သူ့ဘက်သား အကြမ်းဖက်သမားများ အလိုရှိသည်။ 
                                                        
အကြမ်းဖက်သမားများလို့လူထုလှုပ်ရှားမှုတွေကိုတံဆိပ်တပ်တာတွေကအုပ်စိုးသူတွေလုပ် နေကျပါ။အမှန်တကယ်အကြမ်းဖက်တဲ့နည်းတွေ၊မီးလောင်ဗုံးတွေ၊ သေနတ်တွေစသုံးသူတွေက မတရား အုပ်စိုးသူ၊ ဖိနှိပ်သူတွေချည့်ပါဘဲ။ လက်ငင်း ရန်ကုန်က မင်းဓမ္မ ပန်းခြံ ဈေးကိစ္စ ကို ဘဲကြည့် ပါ။ စည်ပင်ဆိုတဲ့ နံမည်နဲ့ အင်အားသုံး အကြမ်းဖက်တာကို ပြောင်လုပ်ပြလာနေပြီ။ ၂၀၀၃ ခု ဒီပဲယင်း လုပ်ကြံမှု၊၂၀၀၇ ရွှေဝါ ရောင် သံဃာတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆုတောင်းတဲ့ လှုပ်ရှားမှုကို နအဖ အစိုးက ဘယ်လို အကြမ်း ဖက်ခဲ့သလဲ။ လက်ပန်းတောင်းတောင် သပိတ်စခန်းကို ဘယ်လိုမီးလောင်ဗုံးနဲ့ ပစ် အကြမ်း ဖက်ခဲ့သလဲ။ အရင့်အရင် ဆန္ဒပြပွဲတွေဖြစ်တဲ့ ၈၈၈၈ လူထု လှုပ်ရှားမှု၊ ၆၂ ခု ဇူလိုင် လှုပ်ရှား မှုတွေ ကအစ ဖိနှိပ်သူ၊ အစိုးရအမည်ခံ အုပ်စိုးသူတွေက ဘယ်လို အကြမ်းဖက်ခဲ့သလဲ။ တခြား လူထု လှုပ်ရှားမှုတွေကိုလည်း ဘယ်လိုအကြမ်းဖက်ခဲ့ကြသလဲ ဆိုတာကို ချုပ်လိုက်ရင် အကြမ်းဖက် သူဟာ အုပ်စိုးဖိနှိပ်သူတွေရဲ့ပုံသေ လက်သုံး နည်းနာဖြစ်တာကို ရှင်းရှင်းဘဲ ကောက်ချက် ဆွဲ နိုင်တယ်။
အင်တာနက်ပေါ်မှာ ပေါ်နေတဲ့ ဗိုလ်ခင်ညွန့်ရဲ့ တန်ပြန်အဖျက်အမှောင့်လုပ်ငန်းလုပ်ဖို့ ညွန် ကြားစာကလည်း အကြမ်းဖက်ဖို့ တိုက်တွန်းမြူဆွယ်တဲ့ ညွှန်ကြားချက် အထောက်အထားတခုဘဲ ဖြစ်တယ်။ အစစ်ဟုတ်မဟုတ်ထက် တကယ် ဖြစ်ခဲ့တာကို စိစစ်ကြည့်ရင် သိသာနေပါတယ်။ အခု လတ် တလောဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေကလည်း ဗိုလ်ခင်ညွှန်သုံးခဲ့တဲ့ နည်း နာဖြစ်တဲ့ ပရိယာယ်ဆင် အကြမ်းဖက်မှုတွေ အဖြစ် မြင်လာနေကြတာကိုတွေ့နိုင်တယ်။
မူလဇစ်မြစ်ဖြစ်တဲ့ စစ်အာဏာရှင်စံနစ်ဟာဗိုလ်နေ၀င်းက အကြမ်းဖက်အာဏာသိမ်းခြင်းမှ စလာခဲ့ တာဖြစ်တော့ အကြမ်းဖက်ခြင်းအကျိုးကြောင့် ရလာတဲ့ အာဏာစည်းစိမ်အရသာကို ရရှိခံ စားစံ စားလာတဲ့ စစ်အာဏာရှင် အဆက်ဆက်က အကြမ်းဖက်တဲ့ နည်းနာသုံးဖို့ ဘာမှဝန်လေးနေမှာ မဟုတ်တာ သိသာပါတယ်။တော်ယုံတန်ယုံနဲ့ သူတို့ရဲ့ အာဏာစည်းစိမ်လက်လွှတ်မှာ မဟုတ်ပါဘူး။
ဒါကြောင့်ဘဲ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး အနေနဲ့ စစ်အာဏာရှင်တွေကို ဆန္ဒပြ တောင်းဆိုယုံနဲ့သူတို့ချုပ်ကိုင်သိမ်းယူထားတဲ့၊ သူတို့ ယစ်မူးခံစားနေတဲ့ အာဏာစည်းစိမ်ကို အလွယ် တကူစွန့်လွှတ်မှာမဟုတ်ကြောင်းနားလည်သဘောပေါက်တာကြောင့်လက်နက်ကိုင်အကြမ်းဖက်တော်လှန်ရေးကို ဆင်နွဲဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ရှေးရှေးကတော်လှန်ရေးများလည်း ထိုနည်း အတူလုပ်ခဲ့ရတာပါဘဲ။ ဒီဆုံးဖြတ် ချက်ဟာ မှန်ကန်ကြောင်း သက် သေတွေ အထပ် ထပ် ပေါ်နေခဲ့ပြီးဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံ အပြည့်အ ၀ အောင်ပွဲမရခဲ့ခြင်းဟာလည်းလူထုလှုပ်ရှားမှုနဲ့လက်နက်ကိုင်လှုပ်ရှားမှုမပေါင်းစပ် နိုင်ခဲ့လို့ဘဲ ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။ဒါကြောင့် နောင်ပေါ်လာစရာရှိတဲ့ လူထုလှုပ်ရှားမှုတွေဟာ လူထု လှုပ်ရှားမှုသက် သက်သာ မဟုတ်ဘဲ စစ်အာဏာ၏ အရင်းအမြစ်တွေကို တူးဆွ ထုတ်ပယ်ပြစ် နိုင်မည့် ဘက်စုံအကြမ်း ဖက်တော်လှန်ရေး ဖြစ်ဖို့ လိုပါလိမ့်မယ်။
စစ်အာဏာရှင်စံနစ်ရဲ့ မတရားဖိနှိပ်မှုတွေကြောင့် ပြည်သူတွေဘ၀ ပျက် သုန်း နေရပြီး ဆင်းရဲ တွင်းနက်နေသလို တိုင်းပြည်ဟာ ပြိုကွဲမည့် အန္တရာယ်ရှိနေပါတယ်။ ကြက်ဥကို မခွဲဘဲ ကြက်ကောင် မပေါက်နိုင်သလိုဘဲ။ စစ်အာဏာရှင် စံနစ်ကို ဖေါက်ခွဲမှသာ တိုင်းပြည်နဲ့ ပြည်သူတွေ ပြည့်ဝတဲ့ ဒီမိုကရေစီ ကို လွတ်လပ်စွာ ခံစားနိုင်မယ်။ ဘ၀တွေ သာ ယာ ၀ပြောဧချမ်းနိုင်လိမ့်မယ်။
အကြမ်းဖက် ဖိနှိပ်မှုတွေဟာ ဖေါက်ပြန်တဲ့ အင်အားစုတွေရဲ့ မျက်နှာသာပေးမှုတွေကြောင့်ကြံ့ဖွတ် အစိုးရအနေနှင့်ပိုမိုတိုးလုပ်လာစရာရှိနေတယ်။ဒါတွေကိုရင်ဆိုင်နိုင်ရေး ပြည်သူတွေကိုကာကွယ်နိုင်ရေး၊ပြည့်ဝတဲ့ ဒီမိုကရေစီခံစားနိုင်ရေး၊ တိုင်းပြည်တည်တန့်ခိုင်မြဲနိုင်ရေးအတွက် စစ်အာ ဏာရှင်စံနစ် တိုက်ဖျက်ရေး မဖြစ်မနေလိုအပ်နေတယ်။ ဒီလှုပ်ရှားမှုကိုလူထုတိုက်ပွဲ လက်နက် ကိုင်တိုက်ပွဲ ပေါင်းစပ်တဲ့နည်းနာနဲ့  ဖေါ်ဆောင် ကြရလိမ့်မယ်။ အကြမ်းဖက်ဖိနှိပ်ကြီးစိုးနေတဲ့ ကြံ့ဖွတ်စစ်အာဏာရှင် တွေကို ပြည်သူ့ အားနဲ့ တန်ပြန်အကြမ်းဖက် ဖို့ လိုနေတော့တယ်။
အကြမ်းဖက်တဲ့ သူကို တန်ပြန်အကြမ်းဖက်တာတရားတယ်။မတရားတဲ့ဥပဒေတွေကိုတိုက်ဖျက်တာ တရားတယ်။ လယ်သမားတွေရဲ့ ကိုယ့်မြေယာတွေကို ပြန်လည် သိမ်းယူတာ ရား တယ်။ အကြမ်းဖက် ကြီးစိုးနေတဲ့ စစ်အာဏာရှင်နဲ့ သူ့လက်ပါးစေတွေကို အကြမ်းဖက် တိုက်ဖျက်ဖို့ ပြည်သူ့ ဖက်သား အကြမ်းဖက်သမားတွေ ဟာ ဒီနေ့ စစ်အာဏာရှင် တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ များစွာလို အပ်နေတယ် ဆိုတာကို အသိပေးနိုးဆော်လိုက်ပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေးမုချအောင်ရမယ်။

ဦးအေးဆောင်
သြဂုတ်လ ၄၊ ၂၀၁၃။



0 comments: