ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Thursday, August 15, 2013

UNFC နဲ့ WGEC



UNFC နဲ့ WGEC
တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီ (WGEC) က ရေးဆွဲတဲ့ နိုင်ငံရေး ဆွေး နွေးရေး မူဘောင်ကို လူထုအားရှင်းလင်း ပြမယ်ဆိုတဲ့  သျှမ်းသံတော်ဆင့် သတင်းကြောင့် ဒီ WGEC က ဘာေ ကြာင့်ရှင်းပြချင်တာလဲဆိုတာကိုကျွန်တော်စဉ်းစားနေမိတယ်။သူတို့က နိုင်ငံရေးအဖွဲ့လား၊တပ်ပေါင်းစုလား၊ ရွေး ကောက်ပွဲဝင်မလို့ မဲဆွယ်တာလား၊နိုင်ငံရေး ဆွေးနွေးပွဲမှာပါချင်တာလားဆိုတာတွေကိုကျယ်ကျယ် ပြန့်ပြန့်ဆန့်တွေးမိနေတယ်။
ဒီမူဘောင်ရဲ့ အဓိက-က သက်ဆိုင်ရာနယ်မြေအတွင်းက စီမံကိန်းကနေ ဝေစုတွေခွဲပေးဖို့၊ အပစ်ရပ် နယ်မှာ NGO INGO တွေလှုပ်ရှားခွင့်ပေးဖို့ အစိုးရကနောင်လုပ်မည့် အစည်းအဝေး အဆင့် ဆင့်မှာ စိုးရိမ် စိတ်မကြီးဖို့ ဖြေသိမ့်တာတွေပါ ပါတယ်။
 ဘာဖြစ်လို့ ဒီမူဘောင်ကိုဆွဲရတာလဲ ဆိုတာက စရရင် ဦးအောင်မင်းနဲ့ ဆွေးနွေပွဲတွေ က တော် တော် ခေတ်စားလာနေတော့ ဆွေးနွေးပွဲပြင်ဆင်မှုတွေလုပ်ရာ ကနေ ကြံ့ဖွတ်အစိုးရ အတွက် အကွက်ဖန် အကျိုး ပြုဖို့၊ နေရာယူအမြတ်ထုတ်ဖို့ ချောင်းနေတဲ့ ဟန်ယောင်ဟွေက EU ငွေနဲ့ အစည်းဝေး စရိတ်ပေးရင်း လူမွေး တာကို မမြင်ချင်ပေမဲ့ မြင်နေရတယ်။
မူလကဒီဆွေနွေးရေးမူဘောင်ဟာUNFCအဖွဲ့ဝင်တွေအများစုပါတဲ့ကွန်ဖရင့်မှာ ရေးဆွဲခဲ့တာပါ။ နောက်တော့အစည်းဝေးစားရိတ်ပေးခဲ့တဲ့ဟန်ညောင်ဟွေကသူသဘောအတိုင်းဦးအောင်မင်းဆီ အစည်းအဝေး ဆုံဖြတ်ချက်ကို တင်ပြပေါက် ကြား လိုက်ပါတော့တယ်။ ဒီအချိန်က စပြီး WGEC ကို UNFC က ကင်းကင်းနေလာတော့တာပါ။ ဒီတော့ ပြဿနာဟာ နိုင်ငံရေး ကိစ္စမဟုတ်ဘဲ ဖေါက်ပြန်တဲ့ ပုဂ္ဂိုလ်ရေး လူလည် ကျမှု ဖြစ်နေတာကို သိသာစေ ချင်ပါတယ်။
ဒီမူဘောင်ကို ယေဘုယျစီစစ်လိုက်ပါကငြိမ်းချမ်းရေးစကားလုံးအောက်မှာအခွင့်အရေးပြ မြူလုံးများ သာဖြစ်ပြီး ဖြစ်နိုင်ခြေ အလွန်နည်းတဲ့ စိတ်ကူးယဉ် အစီအစဉ်များသာဖြစ်နေတယ်။ ထူးခြား ဒါကစစ်အာ ဏာရှင်ဆိုသောစကား၊စစ်အုပ်စုဆိုသောစကား လုံးဝ မပါပါ။ဖက်ဒရာယ်ဆိုတဲ့ စကားလုံး လည်း မပါပါ။ UNFC က ဆုံးဖြတ်ထားတဲ့ ဖွဲ့စည်းပုံ ဥပဒေ အသစ်ရေးဆွဲရေးလည်း မပါ တော့ ပါ။ဒါ ကြောင့် WGEC ရဲ့ မူဘောင်ဟာ UNFC နဲ့ တောင် အဆင်မပြေ လေတော့ တိုင်းပြည် စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ အရာတွေ အတွက် များစွာ အလှမ်းဝေးလှပါတယ်။ WGEC ရဲ့ မူဘောင်ဟာ အစိုးရကိုဖါးပြီး၊ မက်လုံး ပေး ဂိုဏ်းဖွဲ့၊ UNFC ကို ထိုးခွဲတဲ့လုပ်ရပ်သာ ဖြစ်ပါတယ်။
နယ်စပ်ဒေသမှာ ဟန်ယောင်ဟွေရဲ့ လုပ်ရပ်တွေကိုလက်လှမ်းမှီသမျှ  ပြန်လည်သုံးသပ်ကြည့်ပါက - ၁၉၉၅ ခုနောက်ပိုင်းမှာရောက်လာပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ပယ်ဖျက်ဖို့လာလှုပ်ဆော်ခဲ့တယ်၊ ကြားကာလ အုပ်ချုပ်ရေးကို စစ်အစိုးရနှင့် ပေါင်းလုပ်ဖို့ ဆွယ်ခဲ့တယ်၊ NDF ကို ENC အပြိုင်ဖွဲ့ပေးပြီ့း ထိုးခွဲတယ်၊နောက်ပိုင်းမှာ မူမမှန်တဲ့ ENC လည်းအားနည်း အလုပ်မဖြစ်တော့ ခေါက်ထားလိုက်တယ်။   DAB ကိုလည်း UNFC နဲ့ ပြိုင်စေဖို့ အားပေးခဲ့တယ်။ UNFCကိုလူမှုရေးအဖွဲ့လိုလိုWGECအဖြစ်ပြောင်းလဲဖို့ လုံးပမ်းရာ   သူရဲ့ မရိုးမသား နိုင်ငံရေး အမြတ်ထုတ်မှုတွေကြောင့် အောင်မမြင်ဖြစ်သွားတယ်။  သူရဲ့ လုပ်ရပ် က  ရန်သူနှင့် နိုင်ငံရေး၊ စစ်ရေး ရင်ဆိုင်ရာမှာ UNFC ကို အင်အားဆုတ်ရုတ်အောင်လုပ်ပြီး ရန်သူ ကြံ့ဖွတ် အစိုးရ အကြိုက် သွေးကွဲအောင် သွေးခွဲနေတာသာ ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေး ပါတီတခုကိုလည်း မထောင်၊ မဦးဆောင်ဘဲ ရှိပြီးသားတပ်ပေါင်းစုတွေကို အစည်းဝေးစာရိတ်ပေး၊ ပရိုဂျက်ချပေးပြီးငွေ သူ့သြဇာကို တည် ဆောက်နေ တာ သာဖြစ်ပါတယ်။
သူ့သြဇာလို့ဆိုတာကလည်း သူ့ရဲ့ ကိုယ်ပိုင်အကြံထက် သူအမှုထမ်းနေတဲ့ EBO ကညွှန်ကြားချက် အတိုင်း၊ ဥရောပက နိုင်ငံတွေ အကျိုးအတွက် ကြံ့ဖွတ်အစိုးရထံက စီးပွါးရေး အကျိုးအမြတ် ရရှိရေး အတွက် တော်လှန်ရေးအင်အားစုများ နိုင်ငံရေး၊စစ်ရေး အရည်အသွေးကျဆင်းပြီး ရန်သူနဲ့ နား လည်မှုယူအလျှော့ပေးပူးပေါင်းရေးအတွက်တဘက်က တော်လှန်ရေးအင်အားစုတွေကိုဖိအားပေးနေသာဖြစ်ပါတယ်။
အခုအချိန်မှာသစ္စာဖေါက်ခံရတဲ့UNFCကိုအထက်စီးကနေခေါင်းမာတယ်”“နည်းနာ ခေါင်းပါးတယ်လို့ လိုက်အပုတ်ချနေပြီး UNFCထောက်ခံသူများ၊လိုလားသူများကိုလိုက် သွေးထိုးနေတယ်။ ယခင့်ယခင်က အဖြစ်အပျက်တွေမှာ သူ့ကို ဝေဖန်ရှုတ်ချဖို့အတွက်စိတ်ကူးရှိပေမဲ့ ဗမာနဲ့ တိုင်းရင်း သား ဆိုတဲ့ လူမျိုးရေး အမြင် ဖြစ်နေမှာ စိုးတာရယ်၊ တိုင်းရင်းသား တွေထဲမှ တဦးဦးတော့ပေါ်လာမှာဘဲဆိုတဲ့အမြင်နဲ့ နေခဲ့တယ်။ အခုတော့ တိုင်းရင်းသား အဖွဲ့ အစည်ကြီးးဖြစ်တဲ့ UNFC က နိုင်ငံရေး စစ်ရေး တိုးတက်ဖို့ အရှိန် ယူနေစဉ်မှာ  သိက္ခာချ နံမည်ပျက်စေဖို့ ငြိမ်းချမ်းရေး အရည်ခြုံ မူမဲ့ WGEC ကို လူသူရှေ့ တင်ဖို့ ကြိုးပမ်း ချက်ဟာ တိုင်းရင်းသာ နိုင်ငံရေးလှုပ်ရှားမှုကို လူထုအမြင် ရှုတ်ထွေးစေမည့်အပြင် ရန်သူအား ပေးလုပ်ရပ် သာဖြစ် တာကြောင့် ဟန် ယောင်ဟွေဟာသူ့ ဒလံ အဖြစ်လုပ်နေတာကို လှစ်လျူရှု ထား၍မရ နိုင်တော့ပါ။
 ဟန်ဟာ သူ့ကိုယ်ပိုင် နိုင်ငံရေး သြဇာ အရှိန်အ၀ါ ရှိသူမဟုတ်ပါ။ သူများကိုမှီပြီး အမြတ်ထုတ် နံမည်ယူတတ်သာတာဖြစ်တယ်။ အခုတေ့ သူက ဗိုလ်ချုပ်မူတူး၊ ဗိုလ်ချူပ် ရွက်ဆစ်တို့ကို အသုံးချခါ UNFC ဆန့်ကျင်ရေး လှုပ်ရှား မှုများ လုပ်သော်လည်း အောင်မြင်မှုမ ရသည့်အဆုံး လူထုကို ချပြခါ မသမာ တဲ့နည်းနဲ့၊ EU ငွေဖြင့်  နောက်လိုက်ရှာ တော့မည့်ပုံဖြစ်ပါတယ်။GWEC ဟာရန်သူ စစ်အာဏာ ရှင်ကြံ့ ဖွတ်နဲ့ ပတ်သက်ရင် အလျှော့ ပေးရေး၊ ပူးပေါင်းရေးကို တိမ်း ညွှတ်နေတဲ့ အစုဖြစ်တယ်။တော်လှန်ရေးကို ဆန့်ကျင်တယ်။  UNFC ဆိုတာက ပိုကျယ် ပြန့်တဲ့ ညီညွတ်ရေး၊ ဖက်ဒရာယ် ရေးအတွက် ဒီမိုကရေ စီအင်အားစုတွေကိုပါအဆက် အစပ်ပြီး ဘုံရန်သူကြံ့ဖွတ် စစ်အာဏာရှင်ကို ဦးတည် တိုက်ပွဲဝင်နေတာကို သိထားသူများက  GWEC ဟာ UNFC ကို နိုင်ငံရေးအ မြင် အရ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်တာ ထင်ရှားပါတယ်။
နိုင်င်ငံရေးနဲ့ တော်လှန်ရေး ခရီးကြမ်းမှာ အချောင်သမား၊ဖေါက်ပြန်သူတွေဟာ ပုံစံအမျိုး မျိုးနဲ့ ပေါ်လာတတ်သလိုသူတို့ရဲ့အဆိပ်ငွေ့တွေကိုတတ်နိုင်သလောက်ဖြန့်ကျက်ကြတာချည့်ပါဘဲ။ ပြင်းတာ၊ ပြော့တာ သာ ကွာပေမဲ့ အဆိပ်တွေက လူကိုသေစေတာချည့်ပါဘဲ။ ဖြစ်နိုင်ရင် အစဦး သိမြင်ကထည်းက သူတို့ ကို ရှောင်ရှားယုံသာမက ကျရောက်နိုင်တဲ့ အန္တရာယ် အကြောင်းကို ဖေါ်ထုတ်ပြီး ဖွင့်ချတိုက်ခိုက်မှသာ လူထုကို အကျိုးပြုရာကျမှာပါ။ ဟန်လို ဖေါက်ပြန်သူများရဲ့ ခုတုံးလုပ်အမြတ်ထုတ် တာကို တားဆီးနိုင်မှာပါ။
နိုင်ငံခြားကအကူအညီတွေကအဖိနှိပ်ခံပြည်သူတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု၊အထူးသဖြင့်တော်လှန်ရေး လှုပ်ရှားမှု၊လက်နက်ကိုင်လှုပ်ရှားမှုကို ကူညီပေးတာရှားပါတယ်။သူတို့ရဲ့ အကူအညီတွေက အုပ်စိုးသူ လူ တန်း စားနဲ့ နားလည်မှု ယူဖို့ တော်လှန်ရေးကစွန့်ခွါဖို့ တနည်းမဟုတ်တနည်း အားပေးတာသာ များပါ တယ်။ စစ်အာဏာရှင်ကို ဖြုတ်ချပြီး လူထုအစိုးရပေါ်ထွန်းလာရေးအတွက်ဆိုရင်လူထုလှုပ်ရှားမှုနဲ့လက်နက် ကိုင် တိုက်ပွဲ တွေကသာ တိုးတက်မှုကို ဖြစ်စေနိုင်ပါတယ်။ အစည်းဝေးစရိတ်၊ခရီးစားရိတ်၊ ပရိုဂျက်ငွေ နောက်လိုက် နေပါက တဦးချင်းကောင်းစားရေးသာဖြစ်နိုင်ပြီး ပြည်သူတရပ်လုံးကောင်းစားဖို့ မဖြစ်န်ုင်ပါ။ ဒါကြောင့် ကိုယ် ကျိုးမငဲ့ဘဲ ပြည်သူလူထုအကျိုးကို သည်ပိုးမယ်ဆိုရင် တိုင်းပြည်အာဏာမရဘဲ မလုပ်နိုင်တာကို သဘော ပေါက်ပြီး အာဏာရရေးအတွက်တိုက်ပွဲဝင်သင့်တယ်။ နိုင်ငံခြားက အကူတွေ က တော်လှန်ရေးထက် သွေးကွဲ စေတတ်တာကို ဖြစ်ရပ်တွေထဲက ခါးသည်းတဲ့ သင်ခန်းစာယူသင့်ကြောင်း ရဲဘော်များနဲ့ မိတ်ဆွေများကို တင်ပြလိုက်ရပါတယ်။
စေ့စပ်ရေး အတွေးအခေါ်ရှိနေသမျှ တော်လှန်ရေးသည် ရှေ့ မရောက်နိုင်။
အချောင်သမားဝါဒကို ဆန့်ကျင်ကြ။
အောင်ပွဲကို တိုက်ယူကြ။

ဦးအေးဆောင်
သြဂုတ် ၁၅၊ ၂၀၁၃။




0 comments: