ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Wednesday, April 9, 2008

ဒီနေ့နိုင်ငံရေးသည် အင်အားနိုင်ငံရေးဖြစ်သည်

မြန်မာပြည် နိုင်ငံရေးသည် အင်အားနိုင်ငံရေးသာ ဖြစ်သည်။ သို့ဆိုရခြင်းမှာ “မဲ” နိုင်ငံရေး။ “ပါလီမန်” နိုင်ငံရေး “ဥပဒေ” နိုင်ငံ ရေး “အမျိုးသား” နိုင်ငံရေးမဟုတ်ဘဲ၊ “အင်အား” နိုင်ငံရေး အဖြစ်လက်တွေ့ ဘ၀အဖြစ် အပျက်များက ပြဌါန်း လိုက်သောကြောင့်သာ ဖြစ်ပါသည်။ ထိုသို့ ပြဌါန်းသူမှာ တခြားသူများ မဟုတ် စစ်တပ်အင်အားဖြင့် ၆၂ ခုမှစ၍ အရပ်သား အစိုးရ လက်ထဲမှ အာဏာသိမ်းယူခဲ့သော စစ်အာဏာရှင် များသာဖြစ်သည်၊ သူတို့ အင်အားသုံးအနိုင်ကျင့် မှုများက ဤသို့သော အဓ္ဓိပါယ်ကို ထင်ထင်ရှားပြနေသောကြောင့် ဖြစ်သည်။
ဤသို့ ပြသနေသည့်တိုင် တချို့သော သူတို့သည် သူတို့ သန်ရာသန်ရာ ဆွဲ၍ တခြားအကြောင်းအရာ တို့ အပေါ် အာရုံစိုက် စဉ်းစားနေကြပေ သေးသည်။ သူတို့သည် သူတို့ကိုယ်သူတို့ ထူးခြားပြောင်မြောက် သောသူများအဖြစ် ထင်နေကြသလား မပြောတတ်ပေ၊
“အင်အား” နိုင်ငံရေးကို ယခုကြီးစိုးနေသော စစ်အာဏာရှင် သန်းရွှေ အောင်သောင်းဂိုဏ်း ကဖေါ်လှစ်ပြသလိုက် ခြင်း အတွက် ကျွန်ုပ်တို့ဘက်က နိုင်ငံရေးအရမြတ်သည်ကို သူတို့မမြင်ကြပေ။ သူတို့သည် စစ်တပ်သည်သာလောက ၌ အင်အားအကြီးဆုံး ဖြစ်သည်ဟု ထင်နေကြသူများဖြစ်သည်။ ကြွက်တို့သည်ကြောင်ကိုအထင်ကြီး သကဲ့သို့ဖြစ်နေကြသည်။ ပြည်သူသည်နိုင်ငံ၏ ခွန်အားဟု ပြောနေကြသော်လည်း တကယ်ယုံကြည်သူများမဟုတ်ကြပေ။ ထိုကြောင့်ပင် စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ခိုက်ရန် မည်သို့မျှ မတွေးတတ် သူများဖြစ်နေ ကြပေသည်။ အပေးအယူ လုပ်ရန်သာ စိတ်ထက်သန် နေကြပေသည်။ “စေ့စပ်” ပါလို့ ဘုန်းကြီးတွေက ပြောမည်၊ “ဆွေးနွေးရေးလမ်း မှတပါး တခြားမရှိ” ဟု ဓမ္မဆရာက ပြောသည်။ သူတို့သည် တော်လှန်ရေး၏ ပြင်းထန်ရက်စက်မှုကို ခံနေရသည့်တိုင် သူတို့၏ တရားသေ ကျသော သူတော်စဉ် အကျင့်မှ ရုန်းထွက်ရန်ခက်ခဲနေကြသူများဖြစ်ပါသည်။ သူတို့သည် လောကနှင့် နိဗ္ဗာန်ကိုရောထွေး စဉ်းစားနေပုံပေါက်ပေသည်၊ တော်လှန်ရေးသည်ဘုန်းကြီးကျောင်းနှင့်ဘုရာရှိခိုးကျောင်းတို့မှထွက်ပေါ်လာရန် ဖြစ်နိုင် ချေ မရှိပါ၊ ရဟန်းသံဃာများ၊ ဆန္နပြခြင်းကို လမ်းညွှန်ချက်အဖြစ်သာ သဘောပြီးပြည်သူများကအောင်ပွဲရသည် အထိ အဆုံးတိုင် တိုက်ပွဲဝင် သွားရမည် သာဖြစ်ပါသည်။
“အင်အား” နိုင်ငံရေးဖြစ်လာခြင်းကြောင့် အင်အားအကြီးဆုံးသော သူကသာနိုင်ရမည် ဖြစ်ပါတော့သည်၊သန်းရွှေ အောင်သောင်းဂိုဏ်းသည် မြန်မာပြည်သူတို့အထွတ် အမြတ်ထားသော သံဃာ၊ မည်သို့သော ယုတ်ကြမ်းမှုကိုမျှ မလုပ်တတ်သော သံဃာတို့ကို ခုတ်ထစ်သတ်ဖြတ်ပြလိုက်ခြင်းကြောင့် တိုင်းပြည်၏ အရေးပါသော သာသနာမဏ္ဏိုင်ကြီးသည် သူတို့ဘက်၌ ဆုံးရှုံသွားခဲ့ပေပြီ၊ ဥပဒေမဲ့အင်အားသုံးခြင်းကြောင့် ပြည်သူများမှလည်း အင်အားသုံးရန်အမြင် ပြင်းပြင်းထန်ထန် ပေါ်လာနေတော့သည်။ ဤသည်မှာ အိပ်နေသော ခြင်္သေ့ကို နိုးထစေသကဲ့သို့ ဖြစ်ခဲ့ပေသည်။

ပြည်သူတို့ကသာ အင်အားကို အပြည့်အ၀ အသုံးချရန် လိုနေပါတော့သည်။ မည်သို့သော ချွေးသိပ်မှု၊ အာဏာလွှဲပြောင်းမှု၊ အကောက်ကြံမှု တို့ကို နအဖက လုပ်လာသည့်တိုင် ပြည်သူများက အရေး မစိုက်ဘဲ“အင်အားသုံး တိုက်ခိုက်ရေး” ဟူသောလမ်းကိုသာ ခိုင်ခိုင်မာမာဖြောင့် ဖြောင့်တမ်းတမ်း လျှောက်ပါက စစ်အာဏာရှင် နအဖသည် ပြိုကျပျက်သုန်းသွားခါ ပြည်သူတွေလိုလားသော အရပ်သားအစိုးရနှင့် ဒီမိုကရေစီစနစ်သည် မုချပေါ်လာပါလိမ့်မည်။

ပြည်သူတို့သည် စစ်တပ်ထက်အားကြီးကြောင်း အမှန်တရားကိုလည်း ကမ္ဘာတခုလုံးအား ပြသရာရောက် ပေလိမ့်မည်၊သို့ဖြစ်ရန်မှာ အင်္ဂလိပ်ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ဖက်ဆစ်ဂျပန် တိုက်ဖျက်ရေးကာလ လှုပ်ရှားမှု များမှ နည်းနာများကိုသုံးရန် အပြင် ယနေ့ရင်ဆိုင်နေရသော အမျိုးသားချင်းဖိနှိပ်သူ စစ်အာဏာရှင်တို့ကို ဖိနှိပ်ခံလူတန်း စားစိတ်ဓါတ်ဖြင့် တိုက်ပွဲဝင်ရန် လိုအပ်ပါသည်။ ကိုလိုနီခေတ်လွတ်လပ်ရေးလှုပ်ရှားမှုနှင့် ဖက်ဆစ်ဂျပန်တိုက်ဖျက်ရေး ကာလအတိုင်း မျိုးချစ်စိတ်လောက်ဖြင့် မရတော့သည်ကို အသေအချာသိစေရပါမည်။ ဖိနှိပ်ခံလူမျိုးစုံသွေး စည်းရေးနှင့် လူတန်းစားတိုက်ပွဲတို့ ပြင်းထန်သဲသန်မှုအကြောင်းများကို အလေး အနက်လေ့လာ ကျင့်သုံးရပါလိမ့်မည်၊ ဤနေရာတွင် အနီကြောက်ရောဂါ ။ အနက်ကြောက်ရောဂါတို့ ၀င်လာနိုင်သည်ကိုလည်း သိထားရမည်။ လယ်သမား စကားနှင့် ပြောရလျှင် ချိုထောင်၊ ချိုကုတ်အရေးမကြီးလှည်းဆွဲနိုင်ဖို့သာ အရေးကြီးသည်ဆိုသည်ကို ရှင်းလင်းစွာသဘော ပေါက်သင့် ပါသည်။
“အင်အား” နိုင်ငံရေးကွင်းသည် ပြည်သူတွေ နိုင်မည့်ကွင်း ဖြစ်သည်။ နအဖစစ်အာဏာရှင် ဗိုလ်ချုပ်တို့ သည်လက်တ ဆုတ်စာသာ ရှိသည်။ သူ့နောက်တွင် နည်းလမ်းမမြင်၍ ရောယောင်လိုက်သူ လက်ပါးစေတချို့သာရှိသည်။ ဖိနှိပ်ခံပြည် သူများ ဘက်တွင် သာမန်စစ်သားတွေကအစ။ ဓနရှင်များ၊ ပညာတတ်များ၊ လက်လုပ်လက်စားများ ၀န်ထမ်း များ၊ ဆင်းရဲသားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားများ၊ မြောက်များစွာသော တိုင်းရင်းသားများ ပါဝင်ပါသည်။
ဤမျှ အင်အားများပြားသော အင်အားတို့သည် အင်အားကို အသုံးချလိုက်ပါက စစ်အာဏာရှင် နအဖ အင်အားကို လုံးဝ ဖြိုချဖျက် သိမ်းနိုင်မည်သာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်၊
လူတင့် ၂၃ ။ ၁၁ ။ ၀၇ ။

Monday, March 10, 2008

နအဖ ဆန္ဒခံယူပွဲကို အယုံအကြည်မရှိ

ရန်ကုန်တက္ကသိုလ်ကျောင်းသားများကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့က သတ်ဖြတ် ပြီး သမိုင်းဝင်ကျောင်းသား သမဂအဆောက်အဦးကို မိုင်းနှင့် ခွဲ၍ဖျက်စီးခဲ့သော အာဏာသိမ်း ဗိုလ်နေ၀င်းသည် သူ့အပစ်ကို ဖုံးကွယ်ပြည်သူလူထုကို လှုစားရန် ၆၃ ခုနှစ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်ပါ သည်၊ ထိုနောက်ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းခါ သူထင် သလိုစိုင်းပါတော့သည်၊
၁၉၈၈ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို ဗိုလ်စောမောင်က လူထောင်ချီသတ်ပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားများကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့က သတ်ဖြတ် ပြီး သမိုင်းဝင်ကျောင်းသား သမဂအဆောက်အဦးကို မိုင်းနှင့် ခွဲ၍ဖျက်စီးခဲ့သော အာဏာသိမ်း ဗိုလ်နေ၀င်းသည် သူ့အပြစ်ကို ဖုံးကွယ်ပြည်သူလူထုကို လှည့်စားရန် ၆၃ ခုနှစ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်ပါ သည်၊ ထိုနောက်ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းခါ သူထင် သလိုစိုင်းပါတော့သည်၊
၁၉၈၈ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ ဗိုလ်စောမောင်က လူထောင်ချီသတ်ပြီးနောက် လူထုကို ချွှေးသိပ်လှည့်စားရန် ရွေးကောက်ပွဲဆိုသည်ကို ၁၉၉၀ တွင် ကျင်းပပေးပါသည်၊ ထိုနောက် အနိုင်ရ ပါတီကို အာဏာမပေးဘဲမျက်နှာပြောင်စွာ နည်းမျိုးစုံဖြင့် ဖိနှိပ်ဖျက်ဆီး ပြန်ပါသည်၊
ယခုတခါ ၂၀၀၇ ခုနှစ်သြဂုတ်စက်တင်ဘာ သံဃာများအေးချမ်းစွာ လမ်းလျှောက် ဆုတောင်းသည်ကို ရက်စက်စွာ သတ်ဖြတ်လိုက်ပြီးနောက် ဗိုလ်သန်းရွှေသည် လူထုအမျက်ကို ဖျောက်ဖျက် လှည့်စားရန် အခြေခံဥပဒေအတွက် ဆန္ဒမဲပေးပွဲကို လုပ်ရန်ကြံစည်နေပြန်ပါပြီ၊ ထိုဥပဒေမှာလည်း သူတို့အကြိုက်ရေးထားသော ဥပဒေများသာဖြစ်ပါသည်၊
ဤသို့ယုတ်မာကောက်ကျစ်စွာ လှည့်စားလုပ်ဆောင်လေ့ရှိသောစစ်အာဏာရှင်အဆက်ဆက်တို့ကိုကျွန်ုပ်တို့ပြည်သူ့ လွတ်မြောက်ရေးတပ်ဦးက လုံးဝအယုံအကြည်မရှိ၊နည်းမျိုး စုံဖြင့် ဆန့်ကျင်သွားပါမည်၊
တိုင်းပြည်ပြဿနာကို မှန်ကန်စွာဖြေရှင်းလိုပါက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး။ စာနယ်ဇင်း လွတ်လပ်ခွင့်။ ဟောပြောစည်းရုံးခွင့် အပြင် တပြည်လုံးအပစ် အခတ် ရပ်စဲရေး။ နိုင်ငံရေး အဖွဲ့အားလုံးပါဝင်သော ပါတီပေါင်းစုံ ကွန်ဖရင့် ခေါ်ရေးတို့ကို လုပ်ဆောင် ရပါလိမ့်မည်၊
တခြားသော လုပ်ရပ်များမှာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး အတွက်ပရိယာယ်များ သာဖြစ်လေရာ ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ပြင်းထန်စွာ ကန့်ကွက် ပါသည်၊
၂၀၀၇ သြဂုတ်စက်တင်ဘာ ရဟန်းရှင်လူပြည်သူအပေါင်း ငြိမ်းချမ်းစွာ လမ်းလျှောက် ဆုတောင်းခြင်းကိုနအဖကရက်စက် ကြမ်းကြုတ်စွာ ပစ်ခတ်သတ်ဖြတ်မှုသည် မြန်မာ့သမိုင်း တွင် သာမက ကမ္ဘာ့ယဉ်ကျေးမှုသမိုင်းတွင်လည်း အကျည်းတန်လှသော ဖုန်းကွယ်လို့မရသည့် အမဲ စက်ကြီး ဖြစ်ခဲ့ပေရာ စစ်အာဏာရှင် သန်းရွှေ။ မောင်အေး။ ရွှေမန်းတို့ဂိုဏ်းကို ပြည်သူအပေါင်းက ထိုက်သင့်သော ဒဏ်ခတ်နိုင်ရေးအတွက် လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်၍ နအဖ ကိုအင်အားသုံးဖြုတ်ချရန်မှတပါး တခြားမရှိကြောင်း တင်ပြလိုက်ပါသည်၊

စစ်အာဏာရှင်စနစ်ဆိုးကို ၀ိုင်းတိုက်ကြ၊
တော်လှန်ရေး မုချအောင်ရမည်၊
ဒီမိုကရေစီမုချ ရရမည်၊

ဦးစီးကော်မီတီ
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊
မတ်လ ၇ ရက် ၂၀၀၈၊


ဆက်သွယ်ရန် - မင်းသစ် - ၀၈၇ ၅၇၁ ၇၁၅၅ ၊

Thursday, July 12, 2007

editorial 99

မတရားမှုကို ဆန့်ကျင်လိုပါက တော်လှန်ရေးလုပ်ပါ၊

နအဖစစ်အာဏာရှင်တွေက နိုင်ငံအတွက် လုပ်ကိုင်လိုကြသူတွေကို သူ့ရဲ့လက်ပါး စေ လက်ကိုင်ဒုတ်တွေကဆင့် မသမာတဲ့နည်းတွေနဲ့ ရိုက်ပုတ်ထုနှက်နေတယ်၊ နှိပ်စက် အနိုင်ကျင့်နေတယ်၊ အရိုက်ခံရသူတွေကို ထပ်ထောင်ချ ဖိနှိပ်ပြန်တယ်၊ တချို့လူတွေကို မတရားတဲ့ ပုဒ်မတွေတပပြီး ဖမ်းဆီးထောင်ချနေတယ်၊ ထောင်ထဲမှာသေဆုံး ကြရတယ်၊ တချို့ပေါ်တာဘ၀နဲ့အသက်ဆုံးရတယ်၊
ဒါတင်မကနိုင်ငံရေးနဲ့ပတ်သက်တဲ့လူတွေရဲ့ဆွေရိပ်မျိုးရိပ်မကင်းသူတွေကိုပါလိုက်လံဖိနှိပ်အကြပ်ကိုင်နေတယ်၊ဘ၀တွေပျက်ပြီးရင်းပျက်နေရ တော့ တယ်၊ဒါတွေ ဟာအာဏာရှင်စံနစ်ရဲ့နေ့စဉ်လုပ်နေကျဖိနှိပ်ရေးယန္ဒယားရဲ့ ရလာဒ် တွေချည့်ပါဘဲ၊
ပြည်သူတွေဘက်မှာ ဥပဒေမရှိ။တရားရုံးမရှိ။ရဲမရှိ။ စစ်တပ်မရှိဖြစ်နေပြီ၊
နအဖလက်ထဲမှာ အာဏာရှိနေသရွေ့ ဒီဒုက္ခကို ပြည်သူတွေလှိမ့်ခံနေရပါလိမ့်မယ်၊

နအဖပြုတ်မှသာကျွန်တော်တို့ပြည်သူတွေဘ၀ဟာသက်သာစရာရှိမယ်၊နအဖရှိနေသရွေ့  ပြည်သူတွေဘ၀တွေဟာ သမင်မွေးရင်းကျားစားရင်းသာဖြစ်နေလိမ့်မယ်၊စစ်အာဏာရှင်စံ နစ် ရှိနေ သမျှ ပြည်သူတွေ ဘ၀ဟာ သာယာအေး ချမ်းစရာ အကြောင်းမရှိဘူး၊
နအဖစစ်အာဏာရှင်တို့ကြီးစိုးနေသရွေ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့သူတို့လက်ပါးစေ လက်ဝေခံလက်တဆုတ်စာသာ အခွင့်ထူးခံပြီးကောင်းစားနေလိမ့်မယ်၊ပြည်သူတွေအများ စုမှာထမင်းရည်သောက် ပြီး အိပ်ယာဝင်ရတဲ့ နေ့တွေပို ပိုများလာမှာပါဘဲ၊
စစ်အာဏာရှင်စံနစ်တော်လှန်တိုက်ဖျက်ရေး အလုပ်ဟာဒီနေ့အလိုအပ်ဆုံးအလုပ် ဖြစ်တယ်၊

တခြားအလုပ်တွေဟာ ဆင်ကောင်ကြီးမြင်နေမှ ဆင်ခြေရာ ရှာတဲ့ အလုပ်တွေ ဖြစ်ပြီး ပြည်သူတွေကို လှည့်စားရာ

ကျတယ်။ စစ်အာဏာရှင် နအဖကို သွယ်ဝိုက်အကျိုးပြု နေတာသာဖြစ် နေလိမ့်မယ်၊
တော်လှန်ရေး မလုပ်ဘဲ စစ်အာဏာရှင်ဟာအလိုလိုပျောက်သွားမှာ မဟုတ်သလို ဘ၀ရှင်သန်ရေးနဲ့ အေးချမ်း သာယာရေးဟာ မျှော်လင့်စရာ မရှိ ဖြစ်နေမှာပါဘဲ၊တော်လှန် တိုက်ပွဲဝင်ရင်းသာ မျှော်လင့်ချက် နဲ့နောင်လာ နောက်သားတွေအတွက်ကောင်းမွန်တဲ့ဘ၀ ကို ဖေါ်ဆောင်နိုင်ပါလိမ့်မယ်၊ ငတ်ပြီးသေတာထက် တော်လှန်ရင်း သေတာကမြတ် ပါတယ်၊
ကျွန်တော်တို့ ပြည်သူတွေဟာ ဖိနှိပ်တဲ့ ကိုလိုနီသမားအင်္ဂလိပ်နဲ့ ဖက်ဆစ် ဂျပန်တွေကို တော်လှန်ခဲ့ တဲ့ အစဉ် အလာကြီးတဲ့သူတွေဖြစ်ခဲ့ပြီးဖြစ်ရာ ယနေ့ အဖိနှိပ် ဆုံး။ အရက်စက်ဆုံး။ အကောက်ကျစ်ဆုံး။အယုတ်မာဆုံး နအဖစစ်အာ့ာရှင်တို့ကိုလည်း မတိုက်ဖျက်နိုင်စရာ အကြောင်း မရှိ၊ပြည်သူတွေဟာ ပြတ်သားတဲ့ အမြင်။ ရဲရင့်တဲ့ စိတ် ဓါတ်နဲ့ တိကျတဲ့ နည်းနာတွေနဲ့တော်လှန်တိုက်ပွဲဝင်ပါက နအဖမသာက ဘယ်ဖိနှိပ်သူ ကိုမဆို အနိုင်ယူနိုင် ကြောင်း ရေးသား အပ်ပါ တယ်၊

အယ်ဒီတာ
ဇွန် ၂၀။ ၂၀၀၇၊

နအဖလုပ်ပုံနဲ့ ကျွန်တော်တို့

ရေးသူ - လူတင့် ၁ ။ ၇ ။ ၀၇ ၊
“အာဏာလွှဲပေးမယ်” ဆိုတဲ့ စကားနဲ့ “ညီလာခံ အဆုံးသတ်တော့မယ် ” ဆိုတဲ့ စကား ကို နအဖ ဗိုလ်သိန်းစိန်က အလေးတင်းလိုက်တဲ့ အခါမှာ ကျွန်တော်တို့ဘက်က တော်လှန်ရေးသမားတွေ အနေနဲ့ချိန်ဆတာတွေ ရှိလာနေ တယ်လို့ အကဲခတ်မိတယ်၊ ပထမဆုံး သတိပြုဖို့က ပြောတဲ့ သူရဲ့ အခြေအနေနဲ့ အဆင့် အတန်းကို ကြည့်ရပါမယ်၊ ဗိုလ်သိန်းစိန်က နအဖ ထဲမှာ ယေဘုယျအားဖြင့် အဆင့်ငါး။ ၁၉၉၀တုန်းက အဆင့်တစ် ဖြစ်ခဲ့တဲ့ ဗိုလ်စောမောင် ပြောခဲ့တဲ့ “စစ်တန်းလျှားပြန်မယ်” ဆိုတဲ့ စကားတောင် ဘယ်ရောက်သွားသလဲ အမှတ်ရကြပါသေးရဲ့ လား။ ဆင့်ငါး မပြောနဲ့အဆင့်သုံး ဖြစ်ခဲ့တဲ့ ဗိုလ်ခင်ညွန့်တောင် ဘယ်ရောက် သွားလို့ ဘာဖြစ် သွားလဲသိနိုင်ပါရဲ့လား၊ စစ်အာဏာ ရှင်စနစ်ရဲ့အောက်မှာ နိုင်ငံရေး မိုးလေ၀သက ဒီလိုဖြစ်နေတာပါ၊ စစ်အာဏာရှင် စစ်ဘုရင်ရဲ့စိတ်ဆန္ဒ ပေါ်ဘဲ မူတည်နေရလို့ပေါ့၊ဘုရင်ဆိုတဲ့သူတွေဟာ ပုလ္လင်ပေါ်ကနေ ကြည်ကြည်သာသာဆင်းသွားတဲ့ဘုရင်ရယ်လို့မရှိဘူးပါ၊စောမောင်။သန်းရွှေ တို့ ပြည်သူကို ဒုက္ခအမျိုးမျိုး ပေးထားတဲ့ သူဆိုပိုဆိုးမှာပါ၊ဒီတော့ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေး ကိုဘဲရည်မှန်း လုပ်ရမှာပါဘဲ၊တခြားအရာတွေကချော်တော်ငေါ့တာတွေချည့်ဖြစ်နေမှာ၊ဒီအချိန်မှာ နအဖတို့လုပ်နေပုံက ဗမာပြည်က လူထုနဲ့ နိုင်ငံတကာကို ချွေးသိပ်ဖို့ကြိုးစားနေတာပါ။ ချွေးသိပ်တာက မသိပ်တာထက်မကောင်းဘူး လားလို့မေးမည့်သူကပေါ်လာနိုင်ပါတယ်၊ “ကောင်းတော့ကောင်းတယ် ခါးတောင်း ကြိုက် မဖြုတ်လိုက်ရဘူး ”ဆိုတာမျိုးပါဘဲ၊ ဒီလူတွေအတွက် ပြီးခဲ့ တဲ့၈၈ အတွေ့ အကြုံကို ပြန်သတိရစေချင်တယ်၊ လူတွေက ဆူပူပြီး စစ်တပ်ပါ ဂယိုင်းဂယိုင်ဖြစ်နေတဲ့ အခါ မှာ “ရွေးကောက်ပွဲလုပ်ပေးမယ်” ဆိုတဲ့ ပရိယာယ်နဲ့ လိမ်ချွေးသိပ်ခဲ့တာကို မှတ်မိနေသင့်တယ်၊ ခုအဲဒီ ရွေးကောက်ပွဲ က ဘယ်လိုဖြစ်နေခဲ့သလဲ၈၈ကအားတွေဘယ်လို ဖြစ်ကုန်သလဲ၊
ကျွန်တော်တို့တတွေဘက် က ဥာဏ်ကြီးရှင်တွေများတယ်၊ အတွက်အချက်တွေပိုင်တယ်၊ “တွက်ရေးကတော့ စက်သူဌေးဘဲ ။တွက်ကြည့်မှ စက်မရှိ”မှန်းသိကြတဲ့လူတွေချည့်၊ အချိန်တွေ ကုန်ပြီ။ ရန်သူက တပ်အခိုင်အမာ ဆောက်ချိန်ရသွားပြီ။ ကိုယ်က လက်တွေ့မကျတဲ့ ရွေးကောက်ပွဲရလာဒ်ကိုပိုက်ပြီးရင်ဟောင်းလောင်းနဲ့အပစ်ခံဖို့ ဘဲကျန်ခဲ့ ရတယ်၊အခုတပတ်ပြန်လာပြန်ပါပြီ“မကောင်းဘူးလား”လို့ဆိုမည့်သူတွေအချောင်သမားတွေအခွင့်အရေး သမားတွေကတန်းစီနေပြန်ပါပြီ၊ရန်သူနအဖကလည်း အလံရှူးတွေမွေးထားပြီးပါပြီ။လက်ပါးစေလူမိုက်ဂိုဏ်းတွေလဲ မွေးထားပြီးပါပြီ ပွဲဆူအောင်တောခြောက်ကြဦးမှာပါ၊ ဒါသူတို့ဘက်ကလုပ်မှာ - ၊ဒီလိုပြင်ဆင် ထားတာကို
သိလျှက်နဲ့ အာဏာလွှဲမှာ ဘဲလို့တွေးရင်ပြောဆိုနေရင်အဲဒီလူလောက်အနုံတဲ့သူရှိမယ်မထင်တော့ဘူး၊ဒါမှမဟုတ်လဲ ရန်သူ့ ဘက်သားသာဖြစ်နေ တော့မယ်၊ဒီလိုအချိန်မျိုးနဲ့ပတ်သက်ပြီး လီနင်က “ထိပ်လန့်နေတဲ့ ဇာဘုရင်ရဲ့ ဒီ “လက်ဆောင်” ကို ဓနရှင်လူတန်းစား ။လစ်ဘရာယ်တွေ။အချောင် သမားတွေဟာ လက်နှစ်ဖက်နဲ့ခံယူဖို့အသင့်ပြင်နေကြတယ်၊ ပြုပြင်ရေးသမား အားလုံးလိုလိုဘဲ --- တခါတလေ ပြုပြင်မယ်ဆိုတဲ့ ကတိသက်သက်တွေကနေ တခုတည်းသောရည်မှန်းချက်ကို သာဦးတည်တယ်ဆိုတာကိုနားမလည်နိုင်ကြဘူး၊အဲဒီရည်မှန်းချက်ကတော့ပြည်သူတွေရဲ့မငြိမ်သက်မှူတွေကိုအရှိ
န်လျှော့စေဖို့။ တော်လှန်တဲ့ လူတန်းစားကို တိုက်ပွဲဆက်မတိုက်ဖို့။ ဒါမှမဟုတ် အနည်းဆုံးပျော့သွားအောင်လုပ်ဖို့ ဆိုတာပါဘဲ၊” တဲ့ ဒီတော့ ဗိုလ်သိန်းစိန်တို့ ရည်ရွယ်ချက်ကကောဒါနဲ့ဘယ်လိုမှမကွာနိုင်ပါဘူး၊၈၈ကပြည်သူတွေ လိုချင်တာ“လူထုအစိုးရပေါ်ထွန်းဖို့”ပါ။ဒီလိုပေါ်ဖို့ကစစ်အာဏာရှင်ကိုအရင်ဖြုတ်ရမှာပါ၊ လူထုအစိုးရထူထောင်ဖို့၊ စစ်အာဏာရှင်ရှိနြေံပီး ရွေးကောက်ပွဲလုပ်ဖို့မဟုတ်ပါဘူး၊ကျွန်တော်ကိုယ်ရည်မှန်းချက်ကို ရှင်းရှင်းမရှိခဲ့ကြဘူး၊ မခိုင်မာခဲ့ကြဘူး၊ “ရေချိုးရနည်းလား”ဆိုပြီး ငါးရအောင်မဖမ်းကြတော့ဘူး၊ ဒီတော့ နောက်ဆက်တွဲရလာဒ်တွေက ထောင်ထဲသေကြ။တောထဲသေကြ။အဖမ်းခံရ။အရိုက်အနှက်ခံရ ။ ငတ်ကြ ပြတ်ကြ။ ဘ၀တွေပျက်ကြရတာတွေကို နောက်ပြန်ကြည့်ရင် သိနိုင်တယ်၊ ကျွန်တော်တို့ ကိုယ့်ရည်ရွယ်ချက်ကို ရှင်းရှင်းမရှိခဲ့ကြ။ဘူး၊
ယခုရွေးကောက်ပွဲဆိုတာတွေ ထပ်ကြားလာရပြန်ပြီ၊ဒီနေရာမှာ လေ့လာရတဲ့“တော်လှန်ရေးသည် အားကောင်းပြီး စည်းလုံးမှုရှိသော တန်ပြန်တော်လှန်ရေးကို ဖြစ်ပေါ်စေခြင်းဖြင့် ရှေ့ကို တိုးတက်သည်” ဆိုတဲ့ လီနင်ရဲ့စကားကို ကိုးကားချင်ပါတယ်၊ နအဖဘက်က အားစုလာတာကဘဲ တော်လှန်ရေးအတွက် အရှိန်တက်စေမှာဆိုတာကို ပြောချင်ပါတယ်၊ဒီနေ့ နိုင်ငံရေးဂရုကြီးတွေလိုလိုလူတွေရဲ့ ပို့ချချက်တွေနဲ့ပတ်သက်ပြီး လီနင်ပြောဘူးတာက “စစ်ဝါဒကို ရှုတ်ချရုံ။ ဆဲရေးရုံ။“ငြင်းပယ်ရုံ” ဒါမှမဟုတ်ရင် ဒီဝါဒဟာအန္ဒရာယ်ကြီးကြောင်း ဝေဖန်ရုံ။ချေပ ပြောဆိုနေရုံနဲ့မရဘူး စစ်ရေးအရလုပ်ဖို့ငြင်းပယ်တာဟာ ငြိမ်းချမ်းစွာရူးမိုက်မှုဘဲ”လို့ဆိုတယ်။ဒီတော့ ကျွန်တော်တို့ရန်သူနအဖစစ်တပ်ကို ဦးတည်ရမှာပါဘဲ၊ဒီနေ့လှုပ်ရှားမှုတွေကပစ္စည်းမဲ့အလုပ်သမားအတွေးအခေါ်လှုပ်ရှားမှုမဟုတ်ဘဲဓနရှင်အစွဲအလမ်း တွေလွှမ်းခြုံနေတဲ့ ကာလမျိုးဖြစ်နေတော့ပစ္စည်းမဲ့လူတန်းစားအမြင်နဲ့လုပ်ဟန်တွေဆီကိုကျွန်တော်တို့ပြောင်းရမယ်၊ ပစ္စည်းမဲ့လူတန်းစားတွေခေါင်းဆောင်မှုထဲ ပါဝင်လာအောင်လုပ်ရမယ်၊ လှုပ်ရှားမှုတွေ ကလည်းဆန္ဒပြပွဲ အဆင့်ကသပိတ်တိုက်ပွဲလမ်းတိုက်ပွဲတွေအဆင့်ကိုကူးရလိမ့်မယ်၊ဒေသလိုက်ရပ်ကွက်လိုက်လူထုအုပ်ချုပ်ရေးလုပ်ငန်းတွေကိုအကောင်အထည် ဖေါ်နိုင်ဖို့ လွတ်မြောက်ရေး ကော်မီတီတွေ ရှိဖို့လိုပါတယ်၊ လွတ်မြောက်ရေးကော်မီတီ ဆိုတာက နအဖစစ်အာဏာရှင် စံနစ်ကို တိုက်ဖျက်ပြီး ပြည်သူတွေကိုလွတ်မြောက်အောင်လုပ်တဲ့လုပ်ငန်းကော်မီတီ ကိုဆိုလိုတာပါ၊၁၉၀၅ခုနှစ်ကရုရှားလယ်သမားတွေဘယ်လိုအုံကြွခဲ့သလဲဆိုရင်လယ်သမားတွေဟာအက်စတိတ်ကြီးပေါင်းနှစ် ထောင်ထက် မနည်းကိုမီးရှိုဖျက်ဆီးပစ်ကြပြီး။ ပြည်သူတွေဆီကနေအနိုင်ကျင့်လုယက်ယူထားတဲ့လူကုံတံတွေရဲ့ ဥစ္စာပစ္စည်းတွေကိုခွဲဝေယူကြတယ်၊”လို့လီနင်ကဆိုတားတယ်၊ဒါတောင်လီနင်က“လယ်သမား တွေရဲ့လှုပ်ရှားမှုဟာ အင်မတန်ကြဲကွဲ။ ဖွဲစည်းမှုအင်မတန်ကင်းမဲ့ပြီး ကြမ်းသင့်သလောက် မကြမ်းခဲ့ကြဘူး၊ တော်လှန်ရေးရှူံးနိမ့်ရမှုရဲ့ အကြောင်းရင်း တရပ်ဟာ ဒီအချက်မှာ ရှိတယ်၊”လို့ဆို တယ်၊ဇာဘုရင်ရဲ့ရွေးကောက်ပွဲ အတုတွေ။လွှတ်တော်အတုတွေကို လီနင်တို့ခေတ်ကလဲ ရင်ဆိုင်ခဲ့ရတယ်။ သူတို့ရင် ဆိုင်ပုံ နည်း အတိုင်းဆိုရင် ကျွန်တော်တို့ လုပ်ရမှာက “နအဖ ဖွဲစည်းပုံ အလိုမရှိ။ သပိတ်မှောက်ကြ။ နအဖ အလိုမရှိ။ ရွေးကောက်ပွဲကျင်ကပေးမည့်သူသည် နအဖ မဟုတ် ယာယီအရပ်သား အစိုးရသာဖြစ်ရမယ်” လို့ကြွေးကြော်တိုက်ပွဲဝင်ကြရပါလိမ့်မယ်၊ -
လူတင့်

Sunday, June 24, 2007

Editorial

လွတ်မြောက်ရေး စာစဉ် အမှတ် (၉၇)
နိုင်ငံတော်မရှိ
နအဖလက်ပါးစေတစုကဟင်္သာတရှိအပြစ်မဲ့ပြည်သူနှစ်ဦးကိုအနိုင်ကျင့်ရိုက်နှက်ခြင်း (စာမျက်နှာ - ၃ ) အတွက်ကျွန်ုပ်တို့တတွေက ဘယ်လို တုန့်ပြန်သင့် သလဲ၊ဆိုတာဟာ ယနေ့စဉ်းစားရမည့်ပြဿနာ ဖြစ်လာပါသည်။ ဤလိုအဖြစ်မျိုး တွေဆက်တိုက်ကြုံတွေ့လာနိုင်စရာ လည်းရှိပါသည်၊ စစ်အာဏာရှင်တွေ အာဏာသိမ်းယူပြီးတဲ့နောက်နိုင်ငံတော်ဆိုတဲ့စကားလုံးနဲ့အဓိ ပ္ပါယ်ဟာ ပြည်သူကို ကိုယ်စားပြုသည်၊ ကာကွယ်စောင့်ရှောက်ပေးသည်ဟု အဓိပ္ပါယ် မဟုတ်တော့ဘဲ ပြည်သူကိုဖိနှိပ်ညှင်းပန်းတဲ့။နှိပ်စက်တဲ့ ယန္ဒယားတခုသာဖြစ်နေတော့သည်၊နိုင်ငံတော်ဆိုသည်မှာလဲစကားလုံးသာသုံးနေပေမဲ့ အမှန်က နိုင်ငံတော်ဆိုတာ မရှိတော့ပါ၊နိုင်ငံတော်ပျောက်ကွယ်နေပါပြီ၊ ယခုကျွန်တော်တို့ပြည်သူများ ရင်ဆိုင်နေရသည်မှာ တရားဥပဒေမရှိအစိုးရဟန်ဆောင် ထားသည့် နအဖ စစ်အာဏာရှင်
လူဆိုးဂိုဏ်းသာဖြစ်ပေသည်၊ထိုကြောင့်ပင်နအဖတို့သည် လူဆိုး လူမိုက်တို့ကျင့်စဉ်အတိုင်း လုပ်ကိုင်နေကြသည်၊ ပြုမူနေကြပေတော့သည်၊ကျောသားရင်သား မခွဲခြား။ တရားဥပဒေဖြင့် စီမံအုပ်ချုပ်နေကြသည် မဟုတ်တော့ ပေ၊ ထိုကြောင့်ကျွန်ုပ်တို့ပြည်သူတို့သည် မိမိကိုယ်ကို ကာကွယ်နိုင်ရန် ကျိုးပမ်းကြ ရတော့မည်။ထိုသို့လုပ်ဆောင်ရာတွင် ပြည်သူတို့သည်နအဖတိုက်ဖျက်ရေးပြည်သူ့လွတ် မြောက်ရေးအစုအဖွဲ့တို့ကိုဖန်တီးရပါလိမ့်မည်။
သဘာဝအတိုင်းပင်ပြောင်လုပ်၍မရသည် ဖြစ်၍လျှို့ဝှက်ဖွဲစည်းကြရပါမည်၊ရည်ရွယ်ချက်မှာ ပြည်သူကို နှိပ်စက်သည့် မတရား သော နအဖလက်ပါးစေတို့ကို ထိထိရောက်ရောက် လက်တုန့်ပြန်နိုင်ရန်ဖြစ် ပါသည်။လုပ်ငန်းမှာလည်း ပြောင်နှင့် လျှို့ဝှက် နှစ်မျိုးရှိနိုင်ပါသည်၊ ပစ်မှတ်မှာလည်း အရံပစ်မှတ်နှင့် အဓိက ပစ်မှတ်ရှိပါလိမ့် မည်။ဤသည်ကို ခွဲခြား သိမြင်ခါပြည်သူများအတွက်ကာကွယ်ရင်းနအဖစစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးဖြိုချရေးအထိ ရည်ရွယ်လုပ်ဆောင်သင့်ပေသည်။ လူထု၏နိုင်ငံတော်သစ် ကို တည်ဆောက်ရန်ဖြစ်သည်၊နောက်ဆုံးဝင်လာသည့် သတင်းအရ ရန်ကုန်တိုင်းရှိ နအဖအထူး ရဲတွေကရပ်ကွက်တခုစီမှ လူ သုံးဦးစုပြီးသင်တန်းတွေပေးနေတယ်ဟုကြားရသည်၊ သူတို့လူမွေးခြင်း ပင်ဖြစ်နိုင်ပါသည်၊မည်သို့ပင်မွေးပါစေ။ ပြည်သူအပေါ် စေတနာမမှန်သောသူတို့သည် မည်သို့ပင်ကျိုးပမ်းပါသော်လည်း လူထု.ထောက်ခံမှုကို မရသောကြောင့် မည်သို့မှ အောင်မြင်မည်မဟုတ် ချေ၊ကျဆုံးရမည်သာဖြစ်သည်၊ နအဖ၏ခြိမ်းခြောက်မှု၊ သပ်လျှိုမှုတို့ရှိလာနိုင်သည်။ဤ သည်မှာ နအဖနှင့် ကျွန်ုပ်တို့ပြည်သူတို့အားပြိုင်ရမည့် ကွင်းသာဖြစ်ပေ တော့သည်။ဤနေရာတွင်ပြည်သူတို့ သည် မည်သည့်အာဏာရှင်ကိုမဆိုတိုက်ဖျက်နိုင်ကြောင်း သမိုင်းအဆက် ဆက် ကပြသခဲ့ သည့်အတိုင်း ဆက်လက်ပြသရန်သာရှိပါသည်။ ဤသို့လှုပ်ရှားမှုအတွက်အသေးစိပ်သိလို ပါက ဤ လွတ်မြောက်ရေး စာစဉ်မှတဆင့်ပြည်သူ့လွတ်မြောက်ရေးတပ်ဦးသို့ဆက်သွယ် စုံစမ်း နိုင်ပါတယ်၊
အယ်ဒီတာ ၂၆ ။ ၄ ။ ၀၇ ၊

Wednesday, June 20, 2007

အလံနီတွေ ရှိပါတယ်၊

အလံနီတွေ ရှိပါတယ်၊
ခင်မောင်သိမ့်
အဖေဦးနီရဲ့သားဟာ ဦးနီမဟုတ်တော့ဘဲ ဦးနီတွတ်ဒါမှမဟုတ်ဦးနီဖျော့ဖြစ်နေမှာကို ကျွန်တော်တို့ အားလုံးခန့်မှန်း သိရှိမှာပါဘဲ၊ဦးနီရဲ့သားဟာ ဦးနီထက်တော်ချင်တော်မယ်ညံ့ချင်လဲညံ့မယ်၊ ဦးနီနဲ့ တဖြတ်တည်းကတော့ မဖြစ်နိုင်ပါဘူး၊
အခုလည်း အလံနီကွန်မြူနစ်ပါတီ ကို သခင်စိုးကဦးဆောင် ထူထောင်ခဲ့ပေမဲ့ အလံနီကွန်မြူနစ် ပါတီ ၀င်တွေဟာ သခင်စိုးလိုလူ တွေချည့်တော့ မဟုတ်ကြပါဘူး၊ သူတို့ဟာ အလံနီသဘောတရားကို ခံယူရင်း တော်လှန်ရေး သမားဘ၀ကိုတည်ဆောက်ခံယူခဲ့ကြရ တဲ့သူတွေပါ၊ သခင်စိုးကို မဏ္ဍိုင်ပြုပြီးပါတီပေါ်ပေါက်လာပုံ ရပေမဲ့ ရပ်တည်ချက်အရပါတီထောင်ပြီး တော်လှန်ရေးလုပ် လာကြရ တာပါ၊ပုဂ္ဂိုလ်ရေးထက်မြက်မှုတွေက မူကိုဖုံးသလိုရှိခဲ့ပေမဲ့ ပုဂ္ဂိုလ်ရေး ပြောင်းလဲမှုတွေက မူကိုပြောင်းလို့မရနိုင်ပါဘူး၊ ရှည်လျှားတဲ့ ကားကြီး တွေဟာကွေ့ချင်တိုင်းကွေ့လို့မရ သလိုပါဘဲ၊
ဒါပေမဲ့ မူထက်လူတွေကို ဦးစားပေးတတ်လွန်းတဲ့ လူတွေရဲ့သဘာဝအရ လူပုဂ္ဂိုလ် ကိုသာ မဏ္ဍိုင်ပြု ပြောဆို တတ်ကြပြီးအသံချဲ့ စက် တတ်နိုင်သူတွေက ပိုမိုကျယ်ကျယ်လောင်လောင်ပြောနိုင်တော့ ဟုတ်သလိုလိုထင်တတ်ကြလို့ပါ၊အကျယ်ကြီးအော်တိုင်းအမှန်လို့ ကျွန်တော်တို့ မယူဆနိုင်ပါဘူး၊
အခုတော့ သခင်စိုးခမျှာလဲ မရှိတော့ သူ့သဘောတရားက ဘာလဲဆိုတာ ရှင်းရရင်လဲ အငြင်းသာဆက်ပွါး စရာရှိနေမယ်၊သခင်စိုး က ၁၉၆၃ ခု ဗိုလ်နေ၀င်းခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အရင်ဦးဆုံးလာပြီး ဗိုလ်နေ၀င်းရဲ့ ငြိမ်းရေး ဆွေးနွေးပွဲဟာ “ကတ္တီပါ လက်အိပ်ထဲက သံလက်သီး” လို့ဖွင့်ချခဲ့ပါ တယ်၊ နောက်၁၀နှစ်လောက်ကြာမှသာ“ ငြိမ်းချမ်းရေးတမန်တော်”ဆိုတဲ့ အသံပေါ်လာ တာ။ ဒီတော့ ဘယ်ဟာက သူ့သဘောတရားလဲ ပြောရခက်ပါတယ်၊ ဘယ်လိုဘဲဖြစ်ဖြစ် လူဂ္ဂိုလ်မှ မဟုတ် အဖွဲအစည်းကြီးတွေတောင် အမှားအမှန် အဆုတ်အတက် ဆိုတာရှိတတ်ကြတာပါဘဲ၊
ဒီဆောင်းပါးကိုရေးရခြင်းအကြောင်းက သခင်စိုးရဲ့သဘောတရားကိုလေ့လာ ဆန်းစစ်ဖို့မဟုတ်ဘဲ ယနေ့ထက်တိုင် အခက်အခဲ တွေကြားထဲကတော်လှန်ရေး ဘက်မှာ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ အလံနီကွန်မြူနစ်ပါတီဝင်တွေအကြောင်း ပါ၊ သူတို့ဟာ ကျွန်တော်တို့ မေ့ထားလို့မသင့်တဲ့ တော်လှန်ရေးသမား တွေဖြစ်နေလို့ပါဘဲ၊
လေယာဉ်ပျံတွေစီးပြီး လေအေးစက်တပ် ထားတဲ့မှန်လုံခန်းထဲမှာ ကော်ဇော်အပြည့်ခင်း အရက်အမျိုးမျိုး အလျှံပယ်။ အစားအစာ မျိုးစုံနဲ့ ဧည့်ခံတဲ့ အစည်းအဝေးတွေတက်နေကြတဲ့ သူတွေက သူတို့ကို ကမ္ဘာဦးကလူးသားလို့တောင် ထင်ကောင်းထင် နိုင်ပါ တယ်၊ မိုက်မဲသူတွေလို့ထင်ချင်လဲထင်နိုင်ပါတယ်၊ သူတို့ဟာယုံကြည်ချက်ကြောင့် ဒီလိုဖြစ်နေရတာပါ၊ စားဝတ်နေရေး ခက်ခဲကြပ်တည်းလှပါ တယ်၊ သူတို့အနီးအနားက လူတွေ တဖြုတ်ဖြုတ် လက်နက်ချ အညံ့ခံတာ။ ငြိမ်းချမ်း ရေးဆိုပြီးရန်သူဆီ အောက်ကြို့ ဒါတွေရှိခဲ့တယ်၊ ဒါပေမဲ့ ရန်သူ စစ်အာဏာရှင်တို့နဲ့ စေ့စပ်ပြီးသက်သာရာ သက်သာကြောင်းရှာမည့် သူ တွေ မဟုတ် ကြောင်း နှစ်ကာလတွေက ခိုင်မာတဲ့သက်သေအဖြစ်ပြ နေပါ တယ်၊ဒါဟာလဲသခင်စိုးနဲ့မတူတဲ့ကြီးမားတဲ့ကွာခြားအချက်တခုဖြစ်ပါတယ်၊ သူတို့ဟာ အသက်အားဖြင့် အိုမင်းကြပါပြီ၊ဒါပေမဲ့ သူတို့ရဲ့ရပ်တည်ချက် သဘောထားမျိုးကိုလက်ဆင့်ကမ်းသယ်ဆောင်မည့်သူတွေ ကရှိလာမှာပါဘဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့စစ်အာရှင်စနစ်တိုက်ဖျက်ရေးဟာ ဗမာပြည်ရဲ့ အဓိက လှုပ်ရှားမှုဖြစ်နေလို့ပါဘဲ၊စစ်အာဏာရှင်တွေဟာ ဗမာတွေဖြစ် သလို အဖိနှိပ်ခံ ပြည်သူတွေက လဲ ဗမာတွေဖြစ်နေတယ်။ ဒီတော့ အတန်း အစားတိုက်ပွဲဖြစ်နေတာ။ အတန်းအစားအကြောင်းကို ကွန်မြူနစ်တွေက လွဲလို့ဘယ်သူမှ ပိုမသိပါဘူး၊ ဒီတော့ ကွန်မြူနစ် ဖြစ်တဲ့ အလံနီကွန်မြူနစ် သဘောတရားကိုလဲနောင်တိုးတက်တဲ့သူတော်လှန်ရေးသမားတွေမလွဲမသွေ လေ့လာကြရမှာ ကြောင့်ဘဲ၊
သခင်စိုးရဲ့ ဖြစ်စဉ်ကို အကြမ်းဖျင်းသုံးသပ်ရရင် နှစ်ပိုင်းတွေ့နိုင်တယ်။ အတက်ပိုင်းနဲ့အကျပိုင်း၊ အတက်ပိုင်းက အတွေးအခေါ်တွေကိုစွဲကိုင်ပြီးနေခဲ့ တဲ့ ရဲနီများဟာတော်လှန်ရေးအမြင်ထက်သန်သလို အကျပိုင်းက လူတွေက ဖေါက်ပြန်တယ်လို့ ပြောလို့ရပါ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရန်သူအပေါ် စည်းမပြတ်လို့ပါဘဲ၊သခင်စိုးကွယ်လွန်တဲ့ နောက်ပိုင်း “အလံနီဟာဇာတ်သိမ်းသွားတယ်လို့ ပြောလို့ရတယ် ဆိုတဲ့သူရယ်။” “အလံနီသဘော တရားက ချုပ်ငြိမ်းသွားပြီ” လို့ လက်လွတ်စပယ် ပြောသူတွေဟာ အတက်ပိုင်းက အမြင်တွေကို မလေးနက်ခဲ့လို့ဖြစ်ပါတယ်၊ အတက်ပိုင်းက အမြင်တွေနဲ့ ရပ်တည်နေကြတဲ့ အလံနီ ရဲနီကြီးတွေ ဝေးသီခေါင်တဲ့ ဘင်္ဂလား ဗမာ နယ်စပ်မှာ ရှိပါတယ်၊
သခင်စိုးငြိမ်းချမ်းရေး တမန်တော်ဆိုပြီး မဆလနေ၀င်းနှင့် ဆွေးနွေးဖို့သွားတဲ့ နောက်ပိုင်း ရဲနီသော်တာက အလံနီပါတီကို ဦးဆောင်ဦးရွက် ပြုခဲ့တယ်၊ ရဲနီသော်တာ လူကြီးရောဂါနဲ့ကွယ်လွန်တော့ အလံနီရဲ့ယခုလက်ရှိခေါင်းဆောင်က ရဲနီ အောင်နိုင်ဖြစ်တယ်၊ သူတို့ဟာ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးရဲ့ အဖွဲ့ဝင်တွေလဲ ဖြစ်ပါတယ်၊ သခင်စိုးချခဲ့တဲ့ “ပါတီပေါင်းစုံကွန်ဖရင့် လမ်းစဉ်ကို ဆက်လက်ဆွဲကိုင်ပြီး။ ဘုံရန်သူ စစ်အာဏာရှင်တိုက်ဖျက်ရေး။ အဖိနှိပ်ခံ ညီညွတ်ရေးနဲ့ အချောင်သမားဝါဒ ဆန့်ကျင်ရေး မူတွေ အပေါ်မှာအခြေပြုရင်းအလံနီကွန်မြူနစ် ပါတီ အနေ နဲ့ဆက်လက်ရပ် တည်လှုပ်ရှား နေပါတယ်၊ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအဖွဲ့ ဟာမြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ချုပ် (ဒီအေဘီ)နဲ့ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ( အန်စီယူဘီ)ရဲ့အဖွဲဝင် လဲဖြစ် ပါတယ်။ ဒီတော့အလံနီကွန်မြူနစ် ပါတီ(ဗမာပြည်)ရဲ့လူမျိုးစုဆိုင်ရာ မူတွေကို ယနေ့ထက်တိုင်လက်ခံသုံးစွဲနေဆဲလဲ ဖြစ် ပါတယ်၊အလံနီကွန်မြူနစ်ပါတီဟာမြန်မာပြည်တော်လှန်ရေးရဲ့မြစ်လက်တက်တခုအဖြစ် ရှိနေဆဲပါ၊
သခင်စိုးဟာညီညွတ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီကိုလုပ်ကတည်းကအလံနီပါတီနဲ့ မပတ်သက်တော့ ပါဘူး၊ဒါကြောင့်ဘဲအလံနီပါတီနဲ့မပတ်သက်တော့တဲ့သူတွေအနေနဲ့ အလံနီပါတီဘာဖြစ်တယ၊် ညာဖြစ်တယ်ပြောပိုင်ခွင့်မရှိပါဘူး၊သူတို့တတွေဟာတော်လှန် နေသူအလံနီကွန်မြူနစ်တွေအကြောင်းကို ပြည့်စုံလုံလောက်တဲ့အချက်အလက် မရှိဘဲ စော်ကားရင်း နအဖကပေးမည့် အရိုးအရင်းကို မျှော်ကိုး နေကြသူတွေသာဖြစ်ပါတယ်၊
အလံနီပါတီဟာဗမာ့တော်လှန်ရေးသမိုင်းမှာအထင်ကယဖြစ်ခဲ့တာကြောင့်ပြောစရာ တွေကျန်နေမှာပါ၊ ထင်ရှားတဲ့လမ်းညွှန်သဘောတရားနဲ့ထောက်အထားစာရွက်စာတမ်း တွေလဲထုတ်ဝေခဲ့ပါတယ်၊ ဒါကြောင့်ယနေ့လိုဖိနှိပ်မှုပြင်းထန်လှတဲ့စစ်အာဏာရှင်ကိုဆန့်ကျင် နေရတဲ့ ကာလမှာ၊တွေဝေမှုတွေ များပြားနေတဲ့ကာလမှာဗမာပြည်သူများအတွက်အတန် အစားအမြင်ရှိရှိပြတ်ပြတ်သားသားနဲ့ တော်လှန်ရေး ကိုလုပ်နေကြတဲ့ရဲနီကြီးတွေရဲ့စံနမူနာ ကို လက်ဆင့်ကမ်းမည့်သူတွေ မရှိနိုင်ဘူးလို့ ဘယ်လိုလူက ပြောနိုင်ပါ့မလဲ ။

Thursday, May 31, 2007

လွတ်မြောက်ရေးစာစဉ် အမှတ် (၉၈) အယ်ဒီတာ အာဘော်

အချိန်တွေကုန်ဦးမယ်

ပြည်သူတွေ စတင်တိုက်ပွဲဝင်နေကြပါပြီ၊ပြည်သူတွေရဲ့တောင်းဆိုချက်တွေဟာ သူတို့ဘ၀ အခက်အခဲကို ထုတ်ဖေါ်ပြသရင်း လိုအပ်ချက်တွေကို တောင်းဆိုနေကြတာပါ၊ ဒါ့အပြင် သူတို့အခွင့်အရေးတွေမဟုတ်ဘဲ သူတို့ခေါင်းဆောင်တွေအတွက် အနစ် နာခံ နေကြ တာပါ၊ ပြည်သူတွေရဲ့ တောင်းဆိုချက် လိုလားချက်တွေဟာ လုံးဝ သဘာဝကျ ပါတယ်၊ တရားပါတယ်၊

ဒါပေမဲ့ သူတို့တောင်းဆိုနေသူ တွေကတော့ နုလုံးသားကင်းမဲ့ပြီး လက်မရွံ့လူသတ် သမားတွေဖြစ်နေတာကိုဝမ်းနည်းစွာ တွေ့ရတယ်၊ရစရာလမ်းမမြင်၊ဗမာ့သမိုင်းမှာ အရက်စက်ဆုံး။ အယုတ်မာဆုံး။ အကောက်ကျစ်ဆုံး။အနှိပ်စက်ဆုံးသက်ဦးဆံ စစ်ပဒေသရာဇ်နအဖဟာကြီးမားတဲ့ ပြစ်မှုတွေကိုတခုပြီးတခုအထပ်ထပ်ကျူးလွန်ရင်း လုံးဝမပြန်လမ်းကိုသွားနေပါတယ်၊
သူတို့ဆီကသနားညာတာမှုကိုကျွန်တော်တို့တစိုးတစေ့မျှမျှော်လင့်လို့မရတော့ပါ၊ ဒီပဲယင်းဟာသာဓကဘဲ၊ ဒါကြောင့်ဘဲ သူတို့ထံတောင်းနေခြင်းထက်တိုက်ယူတာကသာရနိုင်မည့်အခြေအနေ ရှိပါတော့တယ်၊ကျားသနားမှ နွားချမ်းသာဆိုတာက ဘယ်တော့မှ အာမခံချက်မရှိ၊တိုက်ပွဲမပါတဲ့ တောင်းဆိုမှုတွေဟာဘာမှရစရာမရှိဘူး၊ ပြည်သူတွေရဲ့ယုံကြည်မှုကိုပျက်ပြား စေပါလိမ့်မယ်၊ ထိခိုက်ဆုံးရှုံးမှုတွေများပြားစေပါလိမ့်မယ်၊မရေရာတဲ့မျှော်လင့်ချက် တွေနဲ့ အချိန်တွေကုန်ပါလိမ့်ဦး မယ်၊

ဒီတော့ တိကျတဲ့အောင်ပွဲအတွက် တိကျတဲ့ တိုက်ပွဲနည်းနာတွေကို ကျင့်သုံးရပါ လိမ့်မယ်၊ စစ်အာဏာကိုလူထုအားနဲ့ ဖြိုချရမှာပါ၊ သဘာဝအတိုင်းဘဲဒီလိုဖြိုချနိုင်ဖို့လက်နက်ကိုင်အင်အားတွေကိုအားထားရမှာပါ၊ လက်နက်ဆိုတာ နိုင်ငံခြားက တင်သွင်းတာ မဟုတ်ပါဘူး ရန်သူ့လက်နက် ကိုယ့်လက်နက် သဘောထားဘဲကျင့်သုံးရမှာပါဘဲ၊ ဒါကိုကျင့်သုံးဖို့အခုအခါ အလွန်လွယ်နေပါတယ်၊ စစ်သားတွေပြေးနေတယ်၊ ဗိုလ်တွေ စစ်တပ်ကထွက် ချင်နေတယ်၊ဒါပေမဲ့ ကျွန်တော်တို့ဘက်က လူတွေက တိုက်ဖို့မပြောဘူး။ စေ့စပ်ဖို့ဘဲပြောနေကြတယ်၊ဘာကြောင့်လဲသူတို့ဟာတော်လှန်ရေးဖြစ်မှာကိုကြောက်လို့ပါ၊ တော်လှန်ရေး ဟာ ဖေါက်ပြန်သူတွေကို ဖေါ်ထုတ်သွားမှာ ပါဘဲ၊ဒီတော့ရန်သူနအဖကဒီလောက်အစွမ်း မရှိတော့ဘူး။ ကိုယ့်ဘက်ကလူတွေက သာအောက်ကြို့ချင်နေတာကို ကြည့်တတ်ရင် အထင်းသားမြင်နိုင်ပါတယ်၊ ဒီတော့ဗိုလ်အောင်ဆန်း စကားလိုဘဲ “အနီးဆုံးရန်သူကို ရှာတိုက်”ပြီးတော်လှန်ရေး ကို တွန်းတင်ခါ ပြည်သူတွေရဲ့လိုလားချက်တွေကို တိုက်ယူပေး သင့်ကြပါတယ်၊

အယ်ဒီတာ ၂၅။၅။၀၇၊