ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, October 17, 2020

ရွေးကောက်ပွဲ သင်ခန်းစာ

 

ရွေးကောက်ပွဲ သင်ခန်းစာ

၁၉၉၀ ရွေးကောက်ပွဲက ၈၈၈၈ အရေးတော်ပုံကို အချိုသတ်လိုက်တဲ့ ပရိယာယ်ပါ။ ကျွန်တော်တို့ DAB က ၁၉၈၈ ခုနှစ် နောက်ဆုံးပိုင်း ရောက်တော့ မာနပလောမှာ လူစုရုံးပြီး ကျားဖမ်းမယ် ဆင်ဖမ်းမယ် လုပ်နေကြတုန်း ရန်သူ နဝတ က ဆွေးနွေးစေ့စပ်မလိုလို လေသံပစ် လိုက်တော့ အချောင်သမားတွေ ခေါင်းထောင်ထလာကြတယ်။ ထိမ်းမနိုင်သိမ်းမရပါဘဲ။ နောက်တော့ အဲဒီကိစ္စ တက်တက်ကြွကြွ လုပ်ဆောင်သူတွေ ရူးချင်ယောင်ဆောင်သွား ကြတယ်။ ခေတ်စကားနဲ့ ဆိုရင် ဂျင်းထည့်ခံလိုက်ရတယ်ပေါ့။ ထလာတဲ့ အချောင်သမားဝါဒကို တိုက်ရမယ်လို့ မသိခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံရေးအားနည်းချက်လည်းပေါ်လွင်ခဲ့တယ်။

ကျင်းပတော့မယ့် ၁၉၉၀ ရွေးကောက်ပွဲကိုလည်း DAB က တရားမျှတမှာ မဟုတ်၊ အာဏာပေးမှာ မဟုတ်တာ ကြောင့်အယုံအကြည်မရှိကြောင်း ဆုံးဖြတ်ထားခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကနိုင်တော့ နိုင်တယ် အာဏာ မလွဲခဲ့တာကြောင့် DAB ရဲ့ ဆုံးဖြတ်ချက်က မှန်ခဲ့တယ်။ ဒါပေမဲ့ အာဏာအတွက်  နဝတ နဲ့ NLD ပဋိပက္ခမှာ NLD ကို အားပေးရမှာကြောင့် DAB က ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြု လိုက်တယ်။

ဒီနေရာမှာဘဲ ကျွန်တော်တို့ မျက်စိလည်ခဲ့ကြတယ်။ DAB က လက်နက်ကိုင်လမ်းစဥ် တပ်ပေါင်းစု၊ NLD က အကြမ်းမဖက်လမ်းစဥ် ဖြစ်တာကို ကျွန်တော်တို့ သတိမထားခဲ့ကြဘူး။ ရွေးကောက်ပွဲရဲ့ရလာဒ်က DAB ကိုလည်း အထောက်အကူပြုလိမ့်မယ်လို့  အချောင်သမားဆန်ဆန်မျှော်လင့်ခဲ့ကြတယ်။ ဒီတော့ လက်နက်ကိုင် လမ်းစဥ် ဦီးဆောင်ရ မည့် တောတွင်း နိုင်ငံရေးကို ရွေးကောက်ပွဲ ရလာဒ်လှုပ်ရှားမှုက လွှမ်းမိုး သွားခဲ့တယ်။ DAB ရဲ့ စစ်ရေး ရည်မှန်းချက်တွေလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်တယ်။ အမျိုးသားညွန့်ပေါင်း အစိုးရဟာ အဲဒီဇာတ်မှာ အာရုံလွှဲ မှုတခု သာဖြစ် ခဲ့တယ်။

အခုတော့ လက်နက်ကိုင်လမ်းစဥ်အပေါ်မှာ ခိုင်ခိုင်မာမာမရပ်ခဲ့တဲ့ နိုင်ငံရေးအမြင်က တော်လှန်ရေး ဟန်ဆောင် အချောင်သမားတွေကို ပေါက်ဖွါးကြီးထွားလာစေ ယုံသာမက DAB အပါအဝင် တခြားတပ်ပေါင်းစု တွေဟာ ပြိုကျ ပျက်သုန်းခဲ့ရတယ်။

ဒီနေရာမှာ ခါးသည်းတဲ့ သင်ခန်းစာက - ကိုယ်လမ်းစဥ်ကို ပိုင်ပိုင်နိုင်နိုင်သိ၊ ခိုင်ခိုင်မာမာလုပ်။ မတူတဲ့ မဟာမိတ် တွေကို လည်းသိ။ သူ့စည်းကိုယ့်စည်းကို အသေအချာ ပိုင်းခြားတတ်ဖို့ နဲ့ ကိုယ့်နိုင်ငံရေး ဦးတည်ချက်ကို မဝေဝါး စေဖို့ လိုအပ်ခဲ့တယ် ဆိုတာကို နာကျင်စွာ ခံစားလိုက်မိပါတယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။

တော်လှန်ရေးကို ဦိးတည်ကြ။

ဦီးအေးဆောင်

၁၆/၁၀/၂၀၂၀။

 

 

 

 

0 comments: