ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Tuesday, March 5, 2013

ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ ?



ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ ?
ဒီနေ့က လူလုံးကွဲနေပြီ။ ဘယ်သူဟာ ခြံခွနေသလဲ၊ဘယ်သူဟာ ရန်သူနဲ့ ပလူးနေတယ်၊ ပလူးချင် နေတယ်။ဘယ်သူဟာမိတ်ဆွေ၊ဘယ်သူဟာရန်သူဆိုတာကွဲပြားသွားပြီ။စစ်အာဏာရှင်ဗိုလ်ချုပ်တွေက သဏ္ဍာန်အရ ဟန်ပြ ဥပဒေပြုအာဏာ လွှတ်တော် ကို ဗန်းပြ၊ စီပွါးရေးဗန်းပြပြီး အချောင်သမားနဲ့ စီးပွါးရေး သမားတွေကို အားဖြည့် မြူဖွယ်နိုင်သွားတယ်။ သူ့ကိုယ်သူကာကွယ်ထားတယ်။ရက်စက်မှုနဲ့ ချုပ်ကိုင် မှုတွေကနည်းနည်းမှမလျှော့တဲ့အပြင် ဖေါက်ပြန်ရေးသမမား၊လူထုဆန့်ကျင်ရေးသမား တွေရဲ့အားပေးမှုနဲ့ လျှော့ ထားတဲ့ သတင်းမီဒီယာဥပဒေကို ပြန်တင်းကြပ်ဖို့တောင် ပြန်လုပ်လာနေတယ်။ သတင်းစာတွေ ထွက်လာ မှာဖြစ်ပေမဲ့ တင်းကြပ်တဲ့ နဖါးကြိုးတမ်းလမ်းနဲ့ ဖြစ်နေလိမ့်မယ်။ တကယ်တော့ သူတို့ပေးမှ ရ ,ရတဲ့ အခွင့် အရေးဟာ ဘာမှ အာမခံချက်မရှိ၊ဘာမှမ ရေရာတာကိုပညာတတ်အကင်းပါးတွေက မြင်သင့်နေတယ်။ရတဲ့ အခွင့်အရေးလေး၊ နေရာလေးကို မက်ပြီး စစ်အာဏာရှင်တွေအလိုကျ လူထုဆန့်ကျင်ရေး အလုပ်တွေကို ဘဲ ဆက်လုပ်ကြရင် မြန်မာပြည်လူထုရဲ့ မျက်လုံးနဲ့ တူတဲ့ သတင်းမီဒီယာ ဟာ ပျက်ယွင်းသွား နိုင်တယ်။ အရင် အမှောင်ဖုံးခေတ်ကို ပြန်မရောက်ဖို့ အင်မတန် အရေး ထားလှုပ်ရှား တိုက်ပွဲဝင်နေကြရဦး မှာ ဖြစ် တယ်။ ပညာ တတ်အသိုင်းအ၀ိုင်းက လူတွေက အဓိက တာဝန်ဖြစ်လာတယ်။ အားကောင်းမောင်သန်တဲ့ မီဒီယာ ဘက်သား တွေ ထကြွကြရတော့မယ်။ သတင်း နည်းပညာ ဖေါက်ထွက် ဖြန့်ကျက်နိုင်ရေးအတွက် နည်းပညာနဲ့ အဆက် အသွယ်ရေးကွန်ယက်တွေကို တိုးတက်လေ့လာဆည်းပူး ထားရတော့မယ်။
ကြံ့ဖွတ်စစ်အာဏာရှင်တွေကလယ်သမားတွေသူတို့လယ်ပြန်ရရေး၊ မြေယာအသိမ်းခံရသူတွေ မြေပြန် ရရေး တောင်းဆိုသူတွေကို ဖြေရှင်းပေးနိုင်တဲ့အစွမ်းမရှိတာ ပေါ်လွင်သထက်ပေါ်လွင်လာသလို၊ လူ ထု တွေ အနေနဲ့ ရန်သူမိတ်ဆွေ ခွဲခြားမြင်လာနိုင်လာပြီ်။ ကြံ့ဖွတ်စစ်အာဏာရှင် စစ်တပ်ဟာ လယ်တွေကို သီးစားချစားတဲ့ မြေရှင် ပဒေသရာဇ် တပ်ဖြစ်တာလည်း ပေါ်လွင်ထင်ရှားလာတော့  ကြံ့ ဖွတ်စစ်တပ်ရဲ့ အဆင့် အတန်းကို သတ်မှတ်လို့ရနိုင်တယ်။ စစ်တပ်ဟာ လယ်သမားအကျိုးနဲ့ တိုက်ရိုက် ဆန့်ကျင်နေတဲ့ စစ်ပဒေ သရာဇ်တပ်အဆင့်  ယခုလို ၂၁ ရာစုမှာ ရှိနေသင့်သေးရဲ့လား။
နိုင်ငံရေးကွင်းမှာတော့ လူပုဂ္ဂိုလ်၊ ပါတီ နံမည်တွေထက် ပြည်သူတွေအနေနဲ့ နိုင်ငံရေး အမြင်၊ ရပ်တည် ချက်၊ လှုပ်ရှားမှု တွေကို အဓိကထား အာရုံစိုက် ဖို့ လိုအပ်မြဲ လိုအပ်နေတယ်။ လူပုဂ္ဂိုလ် ၊ပါတီ ဆို တာ ထက် လူထုအကျိုး၊ ပြည်သူ့ ဘက်က ရပ်တည်မတည်၊ မည်မျှထိရောက်အောင် လုပ်ပါသလဲ၊ လူမှုရေး လား နိုင်ငံ ရေးလားခွဲခွဲခြားခြားပိုကြည့်တတ်အောင်လုပ်ဆောင်ကြရလိမ့်မယ်။ လေးလံတဲ့သစ်တုန်းကိုထမ်းရာမှာ အဖြားထမ်းသူနဲ့ အရင်း ထမ်းသူ ခွဲခြားတတ်ဖို့ နဲ့ အရင်းထမ်းသူကိုပိုအားပေးထောက်ခံကြရလိမ့်မယ်။ရန်သူ စစ်အာဏာရှင် စံနစ်ကို ဆန့်ကျင်တဲ့ နည်းမျိုးစုံ ရှိပေမဲ့ ပြင်းထန်ထိရောက်တဲ့ နည်း ကျင့်သုံးသူတွေကို ဦးစား ပေး ထောက် ခံရ မယ်။ကိုယ့်လူ သူ့ဘက်သားတွေကို ဖေါ်ထုတ်ပြီး ဖွင့်ချ၊ ရှုတ်ချ၊ ထုတ်ပယ်ရမယ်။ ဒီလိုမလုပ်သမျှကာလပတ်လုံး တော်လှန်ရေးဟာ ရှေ့မတိုးနိုင်သလို ပြည်သူတွေရဲ့ယုံကြည်မှုလည်း နိုင်ငံရေး အဖွဲ့အစည်းတွေအပေါ်ပျက်ယွင်းသွား နိုင်တယ်။ ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်တွေကနယ်စပ်နိုင်ငံရေးမှာ ဖြစ်ခဲံတဲ့ ပုံမျိုး၊လူမှုအဖွဲ့အစည်းတွေ၊ NGO တွေဝင်မွှေသလို အခြေအနေမျိုးဖြစ်နေတယ်။ နယ်စပ်အဖွဲ့တွေ အခု ပတ်တုတ်မရ ၊ တော်လှန်ရေးလမ်းကြောင်းက သွေဖီနေတာကို ပြည်သူတွေ မြင်သာပါတယ်။
အရင်းအနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ အရင်းအနှီးမြုပ်နှံတာကို မဆန့်ကျင်ပေမဲ့ လယ်သမားတွေရဲ့ ဘ၀ရပ်တည်မှု အတွက် လယ်ယာမြေပိုင်ဆိုင်ရေး ဟာ မရှိမဖြစ်လိုအပ်တယ်။ အလုပ်သမား တွေ အတွက်လည်း လုပ်ခလ စာက ဖူလုံမှ ဖြစ်မယ်။ လူမျိုးရေး ဆန့်ကျင်မှုမဟုတ်ဘဲ အခွင့် အရေး တိုက်ပွဲဖြစ် တယ်။ ဘ၀ရပ်တည်ရေးတိုက်ပွဲ ဖြစ်တယ်။ ဒါကို ကျွန်တော်တို တတွေ ရှင်းရှင်းလင်း သိထားရမယ်။ ဘာသာ ရေး၊လူမျိုးရေး ပဋိပက္ခတွေဟာ ပယောဂ အမျိုးမျိုးကြောင့် ပေါ်လာနိုင်ပေမဲ့ လက်တွေ့ ဘ၀ရပ် တည်ရေးနဲ့ စီးပွါးရေးရုပ်ဘ၀တွေ အဆင်ပြေတိုးတက်ဖို့လိုတယ်။ဒါတွေ အဆင် ပြေဖို့ ဆိုတာ စစ်ပဒေ သရာဇ်စံနစ်ရဲ့ကြိုးကိုင်ချယ်လှယ်နေတဲ့ဖိနှိပ်မှုအောက်ကလွတ်မြောက်ပြီးကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့၊ လူထုကိုယ်စားပြု လူထုအားကိုးယုံ ကြည်တဲ့  အစိုးရဖြစ်မှ ဖြေရှင်းနိုင်မည့် ကိစ္စတွေဖြစ်နေ တယ်။ဒါကြောင့်အဖိနှိပ်ခံ ပြည်သူ တွေအနေနဲ့စစ်အာဏာရှင်စံနစ် ဖြုတ်ချရေး၊လူတန်းစားတိုက်ပွဲ အောင်မြင်ရေးကိုမြဲမြဲခိုင်ခိုင်နားလည်ဖို့လိုပါ တယ်။
လက်တွေ့ အခြေအနေက အိမ်ဦးခန်းမှာ တက်နေနေတဲ့ စစ်အာဏာရှင်ရဲ့အကျင့်ဆိုးတွေကိုပြုပြင် လို့ မရတာ၊ အမြစ်နက်နက်တွယ်ပြီးလှိုက်စားနေတဲ့ အနိုင်ကျင့် သွေးစုတ်မှုတွေကြောင့် ပြည်သူတွေဘ၀ နစ်သ ထက်နစ်နေတာ တွေ့နေရတော့  “ပြုပြင်ရေး”ထက် “ အမြစ်က  လှန်ရေး” ကို လုပ်ဆောင်ကြရ မှာ ဖြစ် တယ်။ ဒီလိုလုပ်ဖို့က နိုင်ငံရေး အဖွဲ့အစည်းတွေ အောက်ခြေ အထိ ဖွဲ့စည်းနိုင်ရေးကို အကောင် အ ထည်ဖေါ်ရ လိမ့်မယ်။ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး အနေနဲ့ ကျေးရွာ ရပ်ကွက်အထိ “လွတ် မြောက်ရေး ကော်မီတီ” တွေ ဖွဲ့ဖို့ အစီအစဉ်တွေရှိတယ်။ တော်လှန်ရေး အဖွဲ့ အစည်းဖြစ်တော့ လျှိုဝှက်ဘဲ။ တခြား တိုးတက်တဲ့ အဖွဲ့တွေ အနေနဲ့လည်း အခြခံကျကျ လုပ်စေချင် ပါ တယ်။ရည်ရွယ် ချက်ကတော့လူထု တွေ နိုင်ငံရေးလှုပ်ရှားမှုထဲထည်းထည်းဝင်ဝင်ပါလာပြီး ဖေါက်ပြန်တဲ့၊လူထုဆန့်ကျင်ရေး သမားတွေကို ထိထိမိမိ ဆန့်ကျင်နိုင်ဖို့ဖြစ်တယ်။
ဒီနေ့ကြွေးကြော်ရမည့်ကြွေးကြော်သံက “လယ်လုပ်သူလယ်ပိုင်ရေး”“ပုဂ္ဂလိက မြေယာပိုင်ဆိုင်ခွင့်၊” “ဖူလုံတဲ့လုပ်ခလစာစာရေး” ဖြစ်တယ်။“ဖက်ဒရာယ်မူ” ဖြစ်တယ်။ကြံ့ဖွတ်ဗိုလ်ချုပ်တွေကစစ်ပဒေသရာဇ်ပီပီ မြေတွေ၊ ယာတွေကိုအာဏာနဲ့ချုပ်ကိုင်ပြီးခွဲချင်သလိုခွဲ၊ငှါးချင်သလိုငှါး ပြည်သူကိုအမြတ်ထုတ်သွေးစုတ် နေတာတွေကိုဆန့်ကျင်ရမယ်။ အလုပ် သမား တွေ လုံလောက်တဲ့ လစာမ ရတာ၊ ဆန္ဒပြလို့ အလုပ်ထုတ် ခံရ တာတွေဟာ အလုပ်ရှင်တွေ ကို စစ်အာဏာ ရှင်တွေက အကာ အကွယ် ပေးနေလို့ဘဲ။ အလုပ်ရှင် တွေဘက်ကကြံ့ဖွတ်အစိုးရကရပ်ပြီး၊ အလုပ်ရှင် ကုပ္မဏီတွေနဲ့ ပေါင်းခါ အလုပ်သမားတွေကို ဖိနှိပ်သွေး စုတ် တယ်။ သတ်မှတ်တဲ့ စည်းကမ်းနဲ့ ကတိက၀တ်တွေကို အလုပ်ရှင်တွေဘက်က ချိုးဖေါက်တာများနေတယ်။
အဖိနှိပ်ခံလယ်သမားတွေနဲ့အလုပ်သမားတွေကိုအကာအကွယ်ပေးမည့် ပြည်သူ့တော်လှန်ရေးတပ် ဟာ မရှိမဖြစ်လိုအပ်နေတယ်။ ဆရာစံဟာ သူ့ခေတ်နဲ့ သူမြင်သလောက်လုပ်ခဲ့ရှာတယ်။ ဆရာစံခေတ်က နယ်ချဲ့ ကိုလိုနီအင်္ဂလိပ် ဆန့်ကျင်ရေး ခေတ်ဖြစ်တယ်။ ဒီနေ့က လက်တဆုတ်စာ စစ်ဗိုလ်ချုပ်တွေနဲ့ သူ့ လက် ပါးစေ လက်ဝေခံကရိုနီတွေကစစ်တပ်ကိုသုံးပြီး မြန်မာအချင်းချင်းနဲ့လူမျိုးစုတွေကိုဖိနှိပ်သွေးစုတ်နေ တဲ့ ကာလ ဖြစ်နေတော့ အဖိနှိပ်ခံ ဧရာမ လူထုအများစုနဲ့ လက်တဆုတ်စာစစ်အာဏာရှင် ဗိုလ်ချုပ်တွေရဲ့ ပဋိပက္ခ၊ တိုက်ပွဲဖြစ် တယ်။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံတို့တိုက်ပွဲဖြစ်တယ်။အတန်းအစားတိုက်ပွဲဖြစ်တယ်။ဖိနှိပ်ခံရသူ မှန်သမျှ ပါဝင်တော်လှန်ရမည့် တိုက်ပွဲဖြစ်တယ်။ ကိုလိုနီစံနစ်ဆန့်ကျင်ရေးကာလမဟုတ်ဘူး။ တိုင်းရင်း သားတွေဘက် က မြန်မာကိုလိုနီဆန့်ကျင် ဆန့်ကျင်ရေး သဘောထားရှိကောင်းရှိနိုင်ပေမဲ့ အတန်းအစား တိုက်ပွဲ အသွင်တမျိုး သာဖြစ်မြဲ ဖြစ်နေတာကို လက်တွေ့မှာ သူတို့ သိလာကြလိမ့်မယ်။
လွတ်လပ်ရေးအရသာကို ပြည့်ပြည့်၀၀ မခံစားရဘူးသေးတဲ့ မြန်မာနိုင်ငံဟာ ကြမ်းတမ်းရက်စက်တဲ့ စစ်အာဏာရှင်တွေ သွေးစုတ်အဖျက်ဆီးခဲ့လို့ များစွာခေတ်နောက်ကျတဲ့ လယ်သမားနိုင်ငံ ဖြစ်မြဲ ဖြစ်နေ တာမို့ ပြန့်ကျဲနေတဲ့ လယ်သမားတွေကို အချိန်ယူ စုစည်းရလိမ့်မယ်။ ဒါပေမဲ့ ဖိနှိပ်သူ စစ်အာဏာရှင်တွေ ရဲ့ ပြင်းထန်တဲ့ဖိနှိပ်မှုတွေစုခံရခြင်းကြောင့်၊နည်းပညာတွေ၊ဆက်သွယ်ရေးစံနစ်တွေကြောင့် တော်လှန်ရေးလှုပ် ရှားမှုဟာ အရင်က ထက်များစွာ မြန်ဆန်လာပါလိမ့်မယ်။ စုစည်းမှုဟာလွယ်ကူလာပါလိမ့်မယ်။ အာရပ်နိုင်ငံ လှုပ် ရှားမှုတွေက သက်သေပါဘဲ။
“ လူထုမှာ စစ်တပ်မရှိရင် လူထုမှာ ဘာမှမရှိဘူး။” ဆိုတဲ့ မော်စီတုန်းရဲ့စကားကို အလေးအနက် မှတ်သားနားယူကျင့်သုံးသင့်ပါတယ်။ ကျွန်တော်တို့ လူထုမှာ စစ်တပ်ရှိသလား၊ မရှိရင် ဘယ်လိုရှိအောင် လုပ် မလဲ။ ဒါက ဒီနေ့ ခေတ်ရဲ့ တော်လှန်ရေးသမားတွေကို သမိုင်းက တင်ပေးလိုက်တဲ့ လွှဲရှောင်မရတဲ့ တာဝန်ကြီး တခုဖြစ်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
မတ်လ ၅ ၊ ၂၀၁၃။


Friday, March 1, 2013

“လယ်လုပ်သူလယ်ပိုင်ရေး၊ ပြည့်ဝတဲ့လုပ်ခလစာရရှိရေး”



“လယ်လုပ်သူလယ်ပိုင်ရေး၊ ပြည့်ဝတဲ့လုပ်ခလစာရရှိရေး”
မအူပင် မလက်တိုကျေးရွာအုပ်စု ပလောင်ရွာက သွေးစက်၊ လက်ပန်တောင်းက မီးလောင်ဗုံး၊ ကချင်ပြည်နယ်က အမြောက်သံ တွေဟာ  တဆက်တစပ်ထည်း ဖြစ်တယ်။  မြေယာပိုင်ဆိုင်မှုရရှိရေး နယ်မြေပိုင်ဆိုင်မှုရရှိရေး အတွက် လက်ဝါးကြီးအုပ်ပြီး အစိုးရနံမည်နဲ့ ဒီနေ့ကြီးစိုးနေတဲ့ကြံ့ဖွတ်စစ်အာ ဏာ ရှင်တွေကို ဆန့်ကျင်ကြောင်း လက်တွေ့ပြတဲ့ သရုပ်အမှန်တွေဖြစ်တယ်။
တိုင်းပြည်ရဲ့ ကောင်းစားရေးဟာ ပြည်သူတွေရဲ့ဘ၀အဆင်ပြေရေး၊သမာသမတ်ကျမျှတ ရေး၊သာယာရေးဆိုတာထက်လက်ဝါးကြီးအုပ်မြေရှင်စံနစ်နဲ့လက်ပါးစေလက်ဝေခံတွေလောက်ကောင်စား ဖို့သာရည်ရွယ်ချက်ရှိတဲ့ကြံ့ဖွတ်စစ်အာဏာရှင်တွေဟာအစိုးရမဟုတ်ဘဲလူထုတွေကိုဖိနှိပ်သွေးစုတ်တဲ့ နှိပ်စက်တဲ့ လက်တဆုတ်စာစစ်ဗိုလ်ချူပ်တစုတွေသာဖြစ်တယ်။
လူထုတွေရဲ့ မနေမနားလှုပ်ရှားရုန်းကန်မှုတွေကို စစ်အာဏာရှင်တွေက ဖုံးလို့ဖိလို့မရတဲ့ မရ သ လို လယ်သမား၊အလုပ်သမား၊ ကျောင်းသား၊ အောက်ခြေစစ်သား ရဲသားတွေရဲ့ မကျေနပ်မှု တွေဟာတိုးပွါး လို့သာနေတော့တယ်။
ပြဿနာတွေကို ကော်မီရှင်တွေဖွဲ့ အငှါးလက်နဲ့ မြွေဖမ်းသလိုလုပ်၊ အချိန်ဆွဲလှည့်စားတဲ့နည်း နဲ့ ပြည်သူတွေကို၊ နိုင်ငံတကာကို ချွေးသိပ် မေ့လျော့သွားအောင်လုပ်နေတယ်။ အသုံချခံ အချောင် သမား၊ အခွင့်အရေးသမားတွေကလည်း ပြည်သူကိုပျားရည်နဲ့ ၀မ်းချပြီး အပြော့ဆွဲဆွဲနေယုံသာမက လူထုရဲ့ ဘ၀ ကြပ်တည်းမှုကို မစာနာဘဲစစ်အာဏာရှင်တွေကိုမျက်နှာလိုအားရလုပ်နေတာဟာ ပြည်သူတွေရဲ့ ဒေါသကို ပိုပိုတိုးစေခဲ့ပါတယ်။
ရှင်းနေတဲ့ အချက်က ဧရာမ အများစု လူမျိုးစုံပြည်သူတွေရဲ့ အကျိုးစီးပွါးနဲ့ စစ်အာဏာရှင်၊ သူ့လက်ပါးစေ၊ လက်ဝေခံ ကရိုနီ ဆိုသူတွေရဲ့ အကျိုးစီးပွါးဟာ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတယ် ဆိုတာ ထင်ရှားသထက်ထင်ရှားလာနေတော့ လူထုကြီးက ကြံ့ဖွတ်အစိုးရကို အယုံအကြည် မဲ့သ ထက် မဲ့လာနေတယ်။
မျက်နှာစာမှာ အမြင်အရ လွှတ်တော်ဆိုတာရှိပေမဲ့ အများစုက လူထုကိုယ်စားလှယ်အစစ် အမှန် အဖြစ် လူထုရဲ့ အားကိုးမှုကို မရသူတွေဖြစ်နေတယ်။ ပြည်သူ့အကျိုးထက် ကြံ့ဖွတ်စစ် အာ ဏာ ရှင်စံနစ်ကိုအလှချယ်ကာကွယ်ပေးနေတဲ့အလုပ်တွေကိုသာလုပ်ပြရင်း ပြည်သူတွေရဲ့ ငွေနဲ့အချိန် တွေ ဖြုန်းနေကြတယ်။ ပြည်သူတွေမှာက ရောက်နေတဲ့ ဒုက္ခတွေကတိုး၊ဆင်းရဲတွင်းကနက်သထက်နက်နေကြတယ်။ဒီတော့လူထုတွေသည်းညည်းမခံနိုင်တော့ဘဲ ဒေါသပေါက်ကွဲတာဟာ သဘာ ၀ကျတယ်။တရားတယ်။
ကြံ့စစ်အာဏာရှင်တွေရဲ့ ဖွဲ့စည်းပုံဥပဒေ၊ လွှတ်တော်တွေ၊ဖြေလျှော့မှု ဆိုတာတွေဟာ ပြည် သူ့အကျိုးသယ်ပိုးဖို့ မဟုတ်ဘဲ သူတို့ အာဏာမြဲပြီး သူတို့ အကျိုးကို ကာကွယ်ဖို့ ဖြစ်တယ်ဆိုတာက အစဦးးကတည်းက ပြည်သူတွေသိကြတယ်။ ဒါပေမဲ့ ပြည်သူကို မယုံဘဲ၊စစ်အာဏာကို ကြွက် ကကြောင်ကို အထင်ကြီးနေသလို အမြင်ရှိတဲ့ ပညာရှိလိုလို၊ ခေါင်းဆောင်လိုလို လူတွေက သူ့တို့ရဲ့အချောင်သမားဥာဉ်နဲ့ စစ်အာဏာဘက်ကို ပင်းနေကြတဲ့ အခါ ဆင်းရဲသားအဖိနှိပ်ခံ ပြည်သူတွေဟာ အထပ်ထပ်အခါခါ စစ်အာဏာရှင်တွေရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်သွေးစုတ်တာ မြင်မကောင်းအောင် တိုးတိုးပြီး ခံနေ ရတော့တယ်။
“ လယ်လုပ်သူ လယ်ပိုင်ရေး” “ လုံလောက်တဲ့ လုပ်ခ လစာရရေး”“ ပြည့်ဝတဲ့ ဒီမိုကရေစီ” “ လူ့အခွင့်အရေး” “လွတ်လပ်ပွင့်လင်းတဲ့ စီးပွါးရေး ”ဆိုတာတွေက ဒီနေ့ ကျွန်တော်တို့ မရှိမဖြစ် လို အပ်တဲ့ အရာတွေ ဖြစ်တယ်။ ဒီအတွက် တိုက်ပွဲဝင်သူအားလုံးကို ကျွန်တော်တို့ ထောက်ခံ အား ပေးရမယ်။ ဒါကို တာဆီးသူတွေကိုနည်းမျိုးစုံနဲ့ဆန့်ကျင်တိုက်ဖျက်ကြရလိမ့်မယ်။ မြန်မာပြည်ရဲ့ဒီမိုကရေစီ တော်လှန်ရေးဟာ စစ်အာဏာရှင်စစ်တပ်ရဲ့အချိုးနှိမ်ခံခဲ့ရတာကြာပြီး ဖေါက်ပြန်တဲ့တပ်ကို ပြည်သူ့ကိုကာကွယ်မည့် တော်လှန်တဲ့ တပ်နဲ့ တိုက်ဖျက်ရမယ်ဆိုတာ သိလောက်ပြီ။
ဒီဦးတည်ချက်အတွက် တခြား သေးအမွှားကွဲလွှဲချက်တွေကို ဘေးထားပြီးလုပ်နိုင်ရမယ်။တော် လှန်တိုက်ပွဲဝင်တဲ့ အမြင်မရှိသူတွေကို ခေါင်းဆောင်ခန်းမှာရှိနေသရွှေ့ တော့ကျွန်တော်တို့ ပြည်သူ တွေရဲ့ ဘ၀က အဖိနှိပ်ခံ သံသရာ၊ ဆင်းရဲတွင်းသံသရာ၊ သိက္ခါမဲ့ သံသရာက ထွက်လာ နိုင် စရာ အကြောင်းရှိမှာ မဟုတ်ဘူး။ ဒါကြောင့် စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေး၊ လယ်ယာမြေရရှိရေး၊ ပြည့်ဝတဲ့ လူ့အ ခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သူတွေကို ထောက် ခံအားပေးရင်း ကိုယ်တိုင်ကိုယ်ကျ စစ်အာဏာရှင်နဲ့ သူလက်ပါးစေလက်ဝေခံ ကရိုနီတွေကို ဆန့်ကျင် တိုက်ပွဲဝင်ကြ မှသာ ပြည်သူတွေဘ၀ လွတ်မြောက် တိုးတက်လာနိုင်စရာ ရှိမှာဖြစ်ပါတယ်။
စစ်အာဏာရှင်နဲ့ သူ့ဒေါက်တိုင်တို့ကို ဆန့်ကျင်တိုက်ဖျက်ကြ။
ပြည်သူ့အကျိုးသယ်ပိုးကြ။
လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ကြ။

ဦးအေးဆောင်
မတ်လ ၂ ၊ ၂၀၁၃။


Monday, February 18, 2013

ဦးဌေးဦးကို ပြန်ပြောလိုက်ချင်တယ်။



ဦးဌေးဦးကို ပြန်ပြောလိုက်ချင်တယ်။
Hot News Weekly အတွဲ ၃ ၊အမှတ် ၁၂၉ မှာ ပါတဲ့ ကြံ့ဖွတ် ဒုဥက္ကဌ ဦးဌေးဦး နဲ့တွေဆုံခြင်း အခန်းကအကြောင်းတွေပါ။ “ ကိုယ်ပိုင် စစ်တပ် ” ဆိုတာကနေစ ရပါလိမ့်မယ်။ မြန်မာပြည် သမိုင်းမှာ လက်လှမ်းမှီသလောက်က စရရင် အရင် သီဗေါမင်းရှိစဉ်က သီဗေါမင်းတပ်ရှိမယ်။ သူ့ကိုပြည့်ရှင် ဘုရင်လို့ အသိအမှတ်ပြုထားကြလို့။ဆန်ကျင်ပုန်ကန်တဲ့တပ်မရှိလို့၊ရှိရင်သီဗေါတပ်နဲ့ဘယ်သူတပ်ဆိုပြီး ပြောရဦးမယ်။နောက် အရှေ့အိန္ဒိယကုန်မ္ပဏီတပ်က မြန်မာပြည်လာသိမ်းတယ်။ နောက်ဗြိတိသျှတပ်က မြန်မာပြည်ကိုကိုလိုအဖြစ် သွတ်သွင်းလိုက်တယ်။ ဗြိတိသျှတပ်ဟာ ပါလီမန်စံနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရရဲ့ တပ်ဖြစ်တယ်။ဘုရင်မ ဖြစ်တဲ့ အယ်လစ်ဇဘက် တပ်မဟုတ်ဘူး။ ကိုယ်ပိုင်တပ်မဟုတ်ဘူး။ ဆရာစံတို့ ဂဠုန်သူပုန် ထပုန်ကန်တယ်။ ဆရာစံတို့က အစိုးရမဖြစ်သေးဘူး၊ ပါလီမန်တွေ၊ကဲဘိနက်တွေမရှိဘူး။ဆရာစံတပ်လို့ခေါ်နိုင်တယ်။ နောက် ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ ဂျပန်ဝင်၊ ပြန်ထွက် အင်္ဂလိပ်ဝင် လာတယ်။အင်္ဂလိပ်ဆီကလွတ်လပ်ရေးရတယ်။ ဦးနုပါလီမန်အစိုးရ အုပ်ချုပ်တယ်။ တပ်က ပါလီမန်တပ်၊ ဦးနုတပ် မဟုတ်ဘူး။ အစိုးရတပ်လို့ခေါ်နိုင်တယ်။ ဦးနုဆီကဗိုလ်ချုပ်နေ၀င်းကအာဏာသိမ်းတယ်။ပါလီမန်မရှိ တော့ဘူး။ဗိုလ်နေ၀င်းကတပ်ကိုကိုယ်ပိုင်လုပ်လိုက်တယ်။အဲဒီကစပြီး မြန်မာပြည်က စစ်တပ်ဟာ စစ်ဗိုလ်ချုပ်မင်း ဆက်တွေရဲ့ ကိုယ်ပိုင်တပ်ဖြစ်ခဲ့တယ်။ကိုယ်ပိုင်တပ်ဖြစ်သွားတယ်။ နံမည်တွေ ၊ ပုံသဏ္ဍာန်တွေ အမျိုးမျိုး ပြောင်းပေမဲ့  လူထု ရွေးချယ်တာ မဟုတ်တဲ့ စစ်ဗိုလ်တွေက လူထုဘဏ္ဍာနဲ့ တည်ဆောက်ထား တပ်ကိုကိုယ် ပိုင်လုပ်၊ ကိုယ်ကြိုက်တဲ့ ဥပ ဒေပြဌါန်း၊ ကိုယ်အတွက် သေခြာလုံခြုံမည့် လွှတ်တော်ပုံသဏ္ဍာန်ရွေးပြီး လူထုအ စိုးရပုံ ဟန်လုပ်နဲ့ ကြီစိုး နေတာအခုထိပါဘဲ။တပ်ဟာ ဥပဒေအောက် မှာ မရှိရင် တယောက်ယောက်ရဲ့ ကိုယ်ပိုင် တပ်ပါဘဲ။ဒါတွေက ခလေးကအစသိပါတယ်။
စစ်အာဏာကို ဆန့်ကျင်တဲ့ အင်အားစုတွေဘက်ကလည်း စစ်အာဏာရှင်စံနစ်ရဲ့ဖိနှိပ်မှုဒဏ်ကို ဒီအ တိုင်း ငုံခံလို့မရလို့တတ်သိသလောက်လက်နက်ကိုင်တိုက်ပွဲဝင်လာကြရတယ်။ တော်လှန်တိုက်ပွဲဝင်တဲ့ သူတွေအနေနဲ့ မူပေါ်လစီတွေ၊ ညီလာခံတွေ ရွေးပွဲတွေထဲက ခေါင်းဆောင်မှုကို ရှာဖွေကြရတယ်။ စစ်အာဏာရှင်စံနစ်ထက်စာရင် နှိုင်းယှဉ်ချက်အရဒီမိုကရေစီပိုရှိတယ်လို့ဆိုနိုင်ပါတယ်။တပ်ဆိုတာကိုလည်း တက်လာတဲ့ ခေါင်းဆောင်အောက်မှာရှိတယ်။ ပီသတာမပီသတာကတော့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ စံနစ်ကျမှုအပေါ်မူတည်ပါလိမ့်မယ်။ကိုယ်ပိုင်တပ်ရယ်လို့ မဆိုနိုင်ပါဘူး။ ဗိုလ်ချုပ်မြတောင် သူမဆုံးခင်က ဒုဥက္ကဌအဖြစ် လျှော့ချခံသွားခဲ့ရပါသေးတယ်။ဒါပေမဲ့ ထားလိုက်ပါဦး ကိုယ်ပိုင်တပ် ဆိုပါတော့။
ဒီတော့ကြံ့ဖွတ်တပ်ကလည်းကိုယ်ပိုင်တပ်ဖြစ်နေတော့ဘယ်လိုလုပ်သူများကိုကိုယ်ပိုင်မလုပ်နဲ့ ပြောလို့ရတော့မှာတုန်း။ ဒီတာ့ တကယ် နိုင်ငံတော် အဆင့်နဲ့ညီတဲ့တပ် ဖြစ်ဖို့ကအိန္ဒိယမှာလိုတပ်ဟာလွှတ်တော်အောက်မှာရှိရမယ်။ တပ်ကို အခြေပြုတဲ့ နိုင်ငံရေး မလုပ်ရ။ လွှတ်တော်ထဲမှာ အရွေးမခံဘဲမတက်ရ။ဒီလိုလုပ်မှသာကိုယ်ပိုင်တပ် မဟုတ်ကြောင်း လူထုတွေက ယုံလာမယ်။ဒီလိုအလုပ်ဘဲကိုယ်ကျတော့ကိုယ်ပိုင်တပ်ထောင်ပြီးသူများတော့ မထောင်ရဘူး ဆိုလို့ တရားပါ့မလား။ သဘာဝကျပါ့မလား။ ဒီတော့ တပ်တွေအားလုံး လွှတ်တော်အပ်ဖို့ လုပ်ရမှာဘဲ။ ဒါမှ မဟုတ်ဘဲ တဖက်သတ် လုပ်နေ၊ ပြောနေလို့တော့ ပဋိပက္ခကတာရှည်ယုံကလွှဲပြီး ဘာမှ မဖြစ်နိုင်ပါဘူး။
`        စစ်အာဏာရှင်တွေ ရဲ့စံနစ် အောက်မှာ လူထုတွေဘ၀ကမလုံခြုံဘူး၊ စီးပွါးရေးကိုလည်း လက်ဝါးကြီးအုပ်သွေးစုတ်ထားတော့ လူထုတွေက ဆင်းရဲမွဲတေငတ်ပြတ်နေရတယ်။လူအခွင့်အရေးတွေက ဘယ်မှာ ရှိနေမှန်းတောင်မသိရ။ ဒီတော့လည်း သူ့သက်ဆိုင်ရာလူမျိုးတွေ ၊အဖွဲ့အစည်းတွေကသူတို့လူမျိုး၊ သူတို့လူထုကိုသိတဲ့တတ်တဲ့နည်းနဲ့ကာကွယ်စောင့်ရှောက်ဖို့ကိုယ်တိုင်ကိုယ်ကျအုပ်စုဖွဲ့တပ်တွေထောင်လုပ်ဆောင်လာကြရတယ်။ဒါဟာ နိုင်ငံမှာစစ်အာဏာရှင်ကြီးစိုးပြီးဒီမိုကရေစီဆိတ်သုန်းရာက ပေါ်လာတဲ့လူ ထုတွေ ရဲ့ လှုပ်ရှားမှုတွေပါဘဲ။
လတ်တလော  ဦးခင်ရွှေနဲ့ဦးနေမျိုးဝေတို့အကြားပဋိပက္ခမှာဦးခင်ရွှေကဦးနေမျိုးဝေကိုကြိုးနဲ့တုပ်မယ်။ ရိုက်မယ်။ သူ့မှာ လုံခြုံရေး အင်အား ၂၀၀ ရှိတယ်၊ အလုပ်သအား ၃၀၀၀လောက်ရှိတယ်၊ ဆိုတော့ သူလည်း ကိုယ်ပိုင်တပ်လိုဖြစ်နေတာကိုတွေ့နိုင်တယ်။ ဦးဘုန်းဆွေ ဆိုတဲ့ ၀န်ကြီးကလည်း ထားဝယ်ရေနက် ကိစ္စအရေးမှာ လူမှုရေး အဖွဲ့တွေကို ရင်ဆိုင်ဖို့ ပြည်သူ့စစ်တွေ ဖွဲ့ဖို့လိုပြီဆိုတာတွေ၊ ကဘောချိုင်းဝျမ်းမှာ ယုဇန ကုမ္ပဏီက သူလူတွေကို လက်နက်တက်ဆင်ထားတယ် ဆိုတာတွေက ကိုယ်ပိုင်တပ်တွေ ဖြစ်ပေါ် လာမှာကို တွေ့နေရတယ်။
တကယ်က စစ်အာဏာရှင်ဘုရင်စံနစ်ဟာ သူ့နယ်စားပယ်စားတိုင်းမှူး စစ်ဘုရင်လေးတွေမွေးပြီး လူထုကို ဖိနှိပ်သွေးစုတ်နေတာပါ၊ စစ်အာဏာကို ကျားကန်ပေးမည့်၊ စစ်အာဏာကို ထောက်ကူပေးမည့် အင်အားစုတွေကို တိုက်ရိုက်ရောသွယ်ဝှိုက်သောနည်းတွေနဲ့ပါကိုယ်ပိုင်စစ်တပ်ကို မွေးဖို့အားပေးနေတာက ဗဟိုက စစ်ဘုရင်စစ်ဗိုလ်ချုပ်ကြီးတွေပါ။လူထုကြီးရဲ့ တရားမျှတ လွတ်လပ်စွာ မဲပေး မရွေးချယ်ဘဲ အစိုးရနေရာယူ သူတွေ ဟာ တကယ်အားဖြင့် စစ်တပ်ကိုကိုယ်ပိုင်လုပ်၊အမြတ်ထုတ်ပြီးသူတို့အကျိုးစီးပွါးကို ကာကွယ်နေတဲ့  စစ်အာဏာရှင်တွေသာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ စစ်တပ်ဟာ စစ်ဗိုလ်ချုပ်တွေက မောင်ပိုင်စီးထားတာကြာပါပြီ။ အိန္ဒိယမှာ ကိုယ်ပိုင် စစ်တပ်ကိုဖက်ဒရာယ်ခွင့်မပြုဘူးလိုဦးဌေးဦးကဆိုတယ်။သူတို့နိုင်ငံမှာစစ်တပ်ကအာဏာသိမ်းထားတဲ့ နိုင်ငံမဟုတ်တော့ လက်နက်ကိုင်ပုန်ကန်မှုက ရှားပါတယ်။ အစိုးရကိုလည်း ပြည်သူတွေက တိုက်ရိုက်ရွေး ကောက်နိုင်တော့ အစိုးရကို အစိုးရလိုအားကိုးလို့ရမှန်း လူတွေက ယုံကြည်နေကြတယ်။ကာကွယ်ရေးဝန်ကြီး ကလည်း အရပ် သားဖြစ်တယ်၊ မြန်မာပြည်မှာကကာကွယ်ရေးဝန်ကြီးကစစ်ဗိုလ်ချုပ်ဘဲမဟုတ်လား။ မြန်မာ ပြည်မှာက ၀န်ကြီးမပြောနဲ့ သမတက ပြောတာတောင် စစ်ဦးစီးချုပ်က တမျိုးလုပ်တာ။ လူထုတွေကလည်း အန္ဒ ရာယ် ကျရောက်ရင် နာဂစ်လိုဖြစ်ဖြစ် ၊ ရခိုင်အရေးလို ဖြစ်ဖြစ် အားကိုးလို့မရတာ သိနေတော့ ပြည်သူ တွေက သူတို့ကို သူတို့ အားကိုးပြီးလူစု ကြရတာ၊ လိုအပ်ရင် တပ်ထောင်ရတာဟာ သဘာဝအတိုင်းဘဲ လိုအပ်လို့လုပ်သလို ဖြစ်တယ်။ မြန်မာပြည်က အစိုးရဆိုတာ လူထုအစိုးရမဟုတ်ဘူးလေ။ဖိနှိပ်သူအဖြစ်သာ လူထု က သိနေတယ်။
တကယ်ဆိုတော့ဦးဌေးဦးတို့ဘက်ကကိုယ်ပိုင်တပ်ထောင်ပြီးကြီးပွါးနေကြတာကတခြားအင်အားစု တွေ အတွက် စံနမူနာအဖြစ် လိုက်တုနေကြဦးမှာပါ။ အကျိုးစီးပွါးအရ တူညီနေလို စစ်အာဏာရှင်ဘက်က လည်း ဆက်လက် ကာကွယ်နေဦးမှာပါ။တကယ့် တော်လှန်းရေးတပ် အစစ် အမှန်တွေပေါ်လာရတာက ပြည်သူ ကို ကိုယ်စားပြုတဲ့ အစိုးရဟုတ်မဟုတ်၊ လူထုအုပ်ချုပ်ရေးဟုတ်မဟုတ်နဲ့ ဆိုင်တယ် ဆိုတာကို စစ်တပ်မှာ အမှုထမ်းဘူးတဲ့ဦးဌေးဦးကနားလည်နိုင်ဖို့ခက်နေပါလိမ့်မယ်။ကာလအလိုက် တော်လှန်ရေးလှုပ်ရှားမှုတွေဟာ နည်းနာနဲ့သဏ္ဍာန်သာကွဲပြားနေပေမဲ့ လူထုအစိုးရ မပီသသ၍ ရှိနေမယ်။ ပိုဖိနှိပ်လာလေ သူပုန်ထလိုတဲ့ စိတ်တွေက တဖွါးဖွါး ပေါ်လာလေ ဖြစ်နေမှာ ပါ။
မြန်မာပြည်သူတွေကို လှည့်စားတတ်တဲ့ သူတွေထဲမှာ-စစ်အာဏာရှင်လက်ကိုင်ဒုတ်ပညာတတ် တွေက စစ်အာဏာရှင်စံနစ် “ဖျက်သိမ်းရေး” တို့ “ချုပ်ငြိမ်းရေး” တို့ပြောနေကြပေမဲ့ “တိုက်ဖျက်ရေး”ကို မပြောဘူး။ စစ်အာဏာရှင်စံနစ်ရှိနေသမျှဒီမိုကရေစီရေး၊လူ့အခွင့်အရေး၊ငြိမ်းချမ်းရေးဆိုတာမရှိနိုင်ဘူး။ဒါကြောင့် ပြည်သူတွေရဲ့ ဘ၀ အေးချမ်းလုံခြုံရေးနဲ့၊ တိုးတက်မြင့်မားရေးအတွက် အနှောက်အယှက်ကြီးဖြစ် နေတဲ့ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ဖြိုချရေးကိုအလေးထားလုပ်ဆောင်ရမယ်။ဒါမှသာစစ်မှန်တဲ့ ပြည်သူ့အစိုးရ ပေါ်ထွန်းရေးကို အကောင်အထည်ဖေါ်လို့ရမယ်။
ဒီနေ့ မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ ၈၈ နောက်ပိုင်း စစ်အာဏာရှင်စံနစ် ဦးမော့လာနိုင်တာကစစ်အာ ဏာရှင်ဆန့်ကျင်ရေးအင်အားစုအတွင်း ဖေါက်ဖြန်ရေးအင်အားစုတွေ၊အပေးအယူလုပ်လိုတဲ့သူတွေ ကြောင့်ပါ။ နိုင်ငံတ ကာကလေထုကြောင့်လည်းပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စံနစ်ရဲ့ဖိနှိပ်ထားမှုကိုဒါတွေကအဖိနှိပ် ခံပြည် သူတွေအပေါ်က လျှော့သွားအောင် မလုပ်နိုင်တဲ့ အပြင်  စစ်အာဏာရှင်နဲ့ သူ့လက်ဝေခံတွေရဲ့ သွေး စုတ် ဖိနှိပ်မှုက ပိုမိုပြင်းထန်လာနေတာကြောင့် ပြည်သူလူထုက  တော်လှန်ရေးတပ်တွေ ထောင်ပြီး ကိုယ့်အ ခွင့်အရေးအတွက် တိုက်ဝင်ရပါတော့မယ်။ ကြံ့ဖွတ်စစ်အာဏာရှင်တွေ မောင်ပိုင်စီးထားတဲ့  ကိုယ်ပိုင် လုပ်ထား တဲ့ အမျိုးသားစစ်တပ်ကို ပြည်သူဘက်ကပြန် ရပ်တည် တိုက်ပွဲဝင်လာအောင် လှုပ်ဆော်ကြရမှာ ဘဲ။ဦးဌေး ဦးပြောသလို “ ကိုယ်ပိုင်တပ်ထောင်မယ်ဆိုတာကိုတော့ လက်ခံဘူး” ဆိုသလိုဘဲ ကျွန်တော်က လည်း “ စစ်တပ်ကို ကိုယ်ပိုင်တပ်လို အသုံးချနေတာကိုလည်း လက်မခံနိုင်ပါကြောင်း” ပြန်ပြောလိုပါတယ်။
စစ်အအာဏာရှင်စံနစ် ကျဆုံးရမယ်။
ပြည်သူ့အစိုးရပေါ်ထွန်းရမယ်။
ဦးအေးဆောင်
ဖေဖ၀ါရီ ၁၅၊ ၂၀၁၃။

လက်ရှိအခြေအနေနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်။



            
      လက်ရှိအခြေအနေနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်။
နိုင်ငံကို တင်းကြပ်သော စစ်အာဏာရှင် စံနစ်ဖြင့် ကြီးစိုးနေရာမှ  စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစု များ၊လက်နက်ကိုင်အင်အားစုများနှင့် နိုင်ငံတကာဖိအားများကြောင့်သန်းရွှေဦးဆောင်သည့်စစ်အာဏာရှင်တို့ သည် မတရား သည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ဇွတ်ပြဌါန်းခါ ကလိန်ကျထားသည့် ရွေး ကောက် ပွဲဖြင့် လွှတ်တော်ဆိုသော တံတိုင်းကို တည်ဆောက်ပြီး  ဟန်ပြ ဒီမိုက ရေစီ ကျင့်သုံး၍ သူတို့ ကိုယ် သူတို့ ကာ ကွယ်လျှက် ပြည်သူလူထုကိုလှည့်စားပြီး ဆက်လက် ဖိနှိပ်ရမ်းကား ဗိုလ်ကျမြဲ ဗိုလ်ကျ ကြီးစိုးလျှက် ရှိသည်။
 ဖြစ်ပေါ်ခဲ့သော လျှပ်စစ်မီးရရေးလှုပ်ရှားမှု၊ ရခိုင်ပြည်တွင် ဖြစ်ပွါးနေသောအဓိကရုဏ်းများ၊လက်ပံ တောင်း စီမံကိန်းပြဿနာ၊ လယ်ယာမြေများကို မတရားသိမ်းယူခြင်းကိစ္စများ၊ကချင်ပြည်နယ်စစ်ပွဲများ၊မီဒီယာလွတ် လပ်ခွင့်အရေးလှုပ်ရှားမှု၊ စစ်တပ်ထဲမှလည်း မကျေနပ်မှုများ တပ်ပြေးများလည်း များပြားနေခြင်း စသည် တို့မှာ စစ်အာဏာရှင် လက္ခဏာကို တနည်းတဖုံအားဖြင့် ဖေါ်ပြနေချက်များ သာဖြစ်သည်။
 လွှတ်တော်နှင့်အဆင့်ဆင့်သောရာထူးရာခံတို့ဖြင့်၎င်း၊စီးပွါးရေးအခွင့်အလမ်းးများဖြင့်၎င်း၊ဖိနှိပ်မှုများဖြင့်၎င်း၊  လက်ဝေခံ လက်ပါးစေတို့ကို မွေးခါ ပြည်သူလူထုအပေါ် စစ်အာဏာရှင်စံနစ်ကို ပုံစံပြောင်း၍ ဆက်လက် လှည့် စားတည်ဆောက်နေခြင်းသာဖြစ်ပေသည်။အခွင့်အရေးနှင့်မက်လုံးများကြောင့်လည်း ဖေါက်ပြန်သော အချောင် သမားများကို မြူဆွယ်သိမ်းသွင်းနိုင်ခဲ့ပြီး ဖိနှိပ်ရေး ယန္ဒယားကို ပိုမိုမောင်းနှင်လာနေပါသည်။
ဤအခြေအနေအောက်တွင်“ငြိမ်းချမ်းရေး”အရည်ခြုံလျှက်လက်ဝေခံလက်ပါးစေများ၊ကရိုနီများ ဖြန့်ကျက်ခါ လယ်သမား၏ မြေယာသိမ်းခြင်း၊ အလုပ်သမားများ လုပ်ခလစာအပြည့်အ၀မပေးခြင်း၊ လူ့အခွင့်အရေး ချိုး ဖေါက်ခံရ ခြင်းတို့အတွက်ကြံ့ဖွတ်စစ်အာဏာရှင်တို့ကိုကျွန်ုပ်တို့ကအယုံအကြည်မရှိ၊ဆန့်ကျင်တိုက်ပွဲဝင် သွားမည်။
စစ်အာဏာရှင်ကြံ့ဖွတ်တို့၏လုပ်ရပ်များနှင့်၊သူတို့၏လက်ဝေခံလက်ပါးစေ၊လူထုဆန့်ကျင်ရေး ဖေါက်ပြန်သူ အချောင်သမားများတို့၏လုပ်ရပ်ကိုလည်း ဖေါ်ထုတ်ဖွင့်ချခါ ဆန့်ကျင် ရှုတ်ချသွားမည်။
လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ လမ်းစဉ်ကို အဆက်အစပ်ရှိစွာကျင်သုံးပြီး စစ်အာဏာရှင် စံနစ် တိုက်ဖျက် ရေး လှုပ်ရှားမှုကို ဆက်လက်အကောင်အထည်ဖေါ် ကျင့်သုံးသွားမည်။
ကြံ့ဖွတ်စစ်အာဏာရှင် ဖိနှပ်မှုသည် လျှော့မသွားဘဲပုံစံပြောင်းဖိနှိပ်မှုသာဖြစ်နေသဖြင့်ကြံ့ဖွတ်စစ်အာဏာ ရှင်တို့နှင့်စေ့စပ်နားလည်မှုယူခြင်းသည်စစ်အာဏာရှင်စံနစ်ကိုသက်ဆိုးရှည်စေရန်အားပေးရာကျသော ကြောင့် မပြုလုပ်ကြရန် တိုက်တွန်းလိုက်သည်။
ပြည်သူလူထုတို့၏အားသည် စုစည်းမှုအားဖြစ်သောကြောင့် မည်သည့်လှုပ်ရှားမှုကို မဆို ဖြစ်နိုင်သမျှ တပ် ပေါင်းစုအသွင်ဖြင့် လှုပ်ရှားနိုင်ရန် ကြိုးပမ်းကြရမည်၊ သီးခြားအခွင့်အရေးနှင့် တကိုယ်ကေင်းဆန်မှုကို ရန်သူ သည် အကြီးအကျယ် အမြတ်ထုတ်နေကြောင်း အလေးအနက်သိထားသင့်ပေသည်။
ပြည်တွင်းရှိလယ်သမားများအလုပ်သမားများ၊သံဃာများ၊ဆင်းရဲသားများ၊ ပြည်သူ့ဘက်သားတပ်မ တော်သားများသည် သူတို့၏ ဘ၀ရပ်တည်ရေး၊ တရားသော အခွင့်အရေး၊ စစ်မှန်ပြည့်ဝသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက်လှုပ်ရှားတိုက်ပွဲဝင်နေခြင်းကို၎င်း၊စစ်အာဏာရှင်စံနစ်အားလက်နက်ကိုင်ဆန်ကျင်တိုက်ပွဲဝင် နေကြသော KIO, SSPP, PSLF စသည့် တိုင်းရင်း သားညီအကို များကို ၎င်း၊ ကျွန်ုပ်တို့သည် နည်းမျိုး စုံဖြင့် အပြန်အလှန်အားပေး ထောက်ခံကြရမည်။
စစ်အာဏာရှင်ကြံ့ဖွတ်တို့သည် သူတို့၏ ကြမ်းကြုပ်သော စစ်အာဏာ ရေရှည်တည်တန့်ရေးအတွက် အကွက် ချ လုပ် ဆောင်နေခဲ့သဖြင့် ပြည်သူများအနေဖြင့် ပြည့်ဝသော ဒီမိုကရေစီနှင့် လူခွင့်အရေးကို ပီပီပြင်ပြင် ခံစား နိုင်ရေးအတွက် စစ်အာဏာရှင်တို့၏ အကျင့်နှင့် လုပ်ရပ်တို့ကို လူမှုရေးနယ်ပယ်၊စီးပွါးရေး နယ်ပယ်၊ အနုပညာ နယ်ပယ်မှအစဆန့်ကျင်တိုက်ပွဲဝင်မှသာရရှိခံစားနိုင်မှာဖြစ်ကြောင်းတိုက်တွန်းနိုးဆော် လိုက်ပါသည်။
စစ်အာဏာရှင် စံနစ်ကို ဆန့်ကျင်တိုက်ဖျက်ကြ။
လူထုအစိုးရ မုချပေါ် ထွန်းရမည်။

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
မြိတ်ထားးဝယ်ညီညွတ်ရေးတပ်ဦး