ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, February 18, 2013

ဦးဌေးဦးကို ပြန်ပြောလိုက်ချင်တယ်။



ဦးဌေးဦးကို ပြန်ပြောလိုက်ချင်တယ်။
Hot News Weekly အတွဲ ၃ ၊အမှတ် ၁၂၉ မှာ ပါတဲ့ ကြံ့ဖွတ် ဒုဥက္ကဌ ဦးဌေးဦး နဲ့တွေဆုံခြင်း အခန်းကအကြောင်းတွေပါ။ “ ကိုယ်ပိုင် စစ်တပ် ” ဆိုတာကနေစ ရပါလိမ့်မယ်။ မြန်မာပြည် သမိုင်းမှာ လက်လှမ်းမှီသလောက်က စရရင် အရင် သီဗေါမင်းရှိစဉ်က သီဗေါမင်းတပ်ရှိမယ်။ သူ့ကိုပြည့်ရှင် ဘုရင်လို့ အသိအမှတ်ပြုထားကြလို့။ဆန်ကျင်ပုန်ကန်တဲ့တပ်မရှိလို့၊ရှိရင်သီဗေါတပ်နဲ့ဘယ်သူတပ်ဆိုပြီး ပြောရဦးမယ်။နောက် အရှေ့အိန္ဒိယကုန်မ္ပဏီတပ်က မြန်မာပြည်လာသိမ်းတယ်။ နောက်ဗြိတိသျှတပ်က မြန်မာပြည်ကိုကိုလိုအဖြစ် သွတ်သွင်းလိုက်တယ်။ ဗြိတိသျှတပ်ဟာ ပါလီမန်စံနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရရဲ့ တပ်ဖြစ်တယ်။ဘုရင်မ ဖြစ်တဲ့ အယ်လစ်ဇဘက် တပ်မဟုတ်ဘူး။ ကိုယ်ပိုင်တပ်မဟုတ်ဘူး။ ဆရာစံတို့ ဂဠုန်သူပုန် ထပုန်ကန်တယ်။ ဆရာစံတို့က အစိုးရမဖြစ်သေးဘူး၊ ပါလီမန်တွေ၊ကဲဘိနက်တွေမရှိဘူး။ဆရာစံတပ်လို့ခေါ်နိုင်တယ်။ နောက် ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ ဂျပန်ဝင်၊ ပြန်ထွက် အင်္ဂလိပ်ဝင် လာတယ်။အင်္ဂလိပ်ဆီကလွတ်လပ်ရေးရတယ်။ ဦးနုပါလီမန်အစိုးရ အုပ်ချုပ်တယ်။ တပ်က ပါလီမန်တပ်၊ ဦးနုတပ် မဟုတ်ဘူး။ အစိုးရတပ်လို့ခေါ်နိုင်တယ်။ ဦးနုဆီကဗိုလ်ချုပ်နေ၀င်းကအာဏာသိမ်းတယ်။ပါလီမန်မရှိ တော့ဘူး။ဗိုလ်နေ၀င်းကတပ်ကိုကိုယ်ပိုင်လုပ်လိုက်တယ်။အဲဒီကစပြီး မြန်မာပြည်က စစ်တပ်ဟာ စစ်ဗိုလ်ချုပ်မင်း ဆက်တွေရဲ့ ကိုယ်ပိုင်တပ်ဖြစ်ခဲ့တယ်။ကိုယ်ပိုင်တပ်ဖြစ်သွားတယ်။ နံမည်တွေ ၊ ပုံသဏ္ဍာန်တွေ အမျိုးမျိုး ပြောင်းပေမဲ့  လူထု ရွေးချယ်တာ မဟုတ်တဲ့ စစ်ဗိုလ်တွေက လူထုဘဏ္ဍာနဲ့ တည်ဆောက်ထား တပ်ကိုကိုယ် ပိုင်လုပ်၊ ကိုယ်ကြိုက်တဲ့ ဥပ ဒေပြဌါန်း၊ ကိုယ်အတွက် သေခြာလုံခြုံမည့် လွှတ်တော်ပုံသဏ္ဍာန်ရွေးပြီး လူထုအ စိုးရပုံ ဟန်လုပ်နဲ့ ကြီစိုး နေတာအခုထိပါဘဲ။တပ်ဟာ ဥပဒေအောက် မှာ မရှိရင် တယောက်ယောက်ရဲ့ ကိုယ်ပိုင် တပ်ပါဘဲ။ဒါတွေက ခလေးကအစသိပါတယ်။
စစ်အာဏာကို ဆန့်ကျင်တဲ့ အင်အားစုတွေဘက်ကလည်း စစ်အာဏာရှင်စံနစ်ရဲ့ဖိနှိပ်မှုဒဏ်ကို ဒီအ တိုင်း ငုံခံလို့မရလို့တတ်သိသလောက်လက်နက်ကိုင်တိုက်ပွဲဝင်လာကြရတယ်။ တော်လှန်တိုက်ပွဲဝင်တဲ့ သူတွေအနေနဲ့ မူပေါ်လစီတွေ၊ ညီလာခံတွေ ရွေးပွဲတွေထဲက ခေါင်းဆောင်မှုကို ရှာဖွေကြရတယ်။ စစ်အာဏာရှင်စံနစ်ထက်စာရင် နှိုင်းယှဉ်ချက်အရဒီမိုကရေစီပိုရှိတယ်လို့ဆိုနိုင်ပါတယ်။တပ်ဆိုတာကိုလည်း တက်လာတဲ့ ခေါင်းဆောင်အောက်မှာရှိတယ်။ ပီသတာမပီသတာကတော့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ စံနစ်ကျမှုအပေါ်မူတည်ပါလိမ့်မယ်။ကိုယ်ပိုင်တပ်ရယ်လို့ မဆိုနိုင်ပါဘူး။ ဗိုလ်ချုပ်မြတောင် သူမဆုံးခင်က ဒုဥက္ကဌအဖြစ် လျှော့ချခံသွားခဲ့ရပါသေးတယ်။ဒါပေမဲ့ ထားလိုက်ပါဦး ကိုယ်ပိုင်တပ် ဆိုပါတော့။
ဒီတော့ကြံ့ဖွတ်တပ်ကလည်းကိုယ်ပိုင်တပ်ဖြစ်နေတော့ဘယ်လိုလုပ်သူများကိုကိုယ်ပိုင်မလုပ်နဲ့ ပြောလို့ရတော့မှာတုန်း။ ဒီတာ့ တကယ် နိုင်ငံတော် အဆင့်နဲ့ညီတဲ့တပ် ဖြစ်ဖို့ကအိန္ဒိယမှာလိုတပ်ဟာလွှတ်တော်အောက်မှာရှိရမယ်။ တပ်ကို အခြေပြုတဲ့ နိုင်ငံရေး မလုပ်ရ။ လွှတ်တော်ထဲမှာ အရွေးမခံဘဲမတက်ရ။ဒီလိုလုပ်မှသာကိုယ်ပိုင်တပ် မဟုတ်ကြောင်း လူထုတွေက ယုံလာမယ်။ဒီလိုအလုပ်ဘဲကိုယ်ကျတော့ကိုယ်ပိုင်တပ်ထောင်ပြီးသူများတော့ မထောင်ရဘူး ဆိုလို့ တရားပါ့မလား။ သဘာဝကျပါ့မလား။ ဒီတော့ တပ်တွေအားလုံး လွှတ်တော်အပ်ဖို့ လုပ်ရမှာဘဲ။ ဒါမှ မဟုတ်ဘဲ တဖက်သတ် လုပ်နေ၊ ပြောနေလို့တော့ ပဋိပက္ခကတာရှည်ယုံကလွှဲပြီး ဘာမှ မဖြစ်နိုင်ပါဘူး။
`        စစ်အာဏာရှင်တွေ ရဲ့စံနစ် အောက်မှာ လူထုတွေဘ၀ကမလုံခြုံဘူး၊ စီးပွါးရေးကိုလည်း လက်ဝါးကြီးအုပ်သွေးစုတ်ထားတော့ လူထုတွေက ဆင်းရဲမွဲတေငတ်ပြတ်နေရတယ်။လူအခွင့်အရေးတွေက ဘယ်မှာ ရှိနေမှန်းတောင်မသိရ။ ဒီတော့လည်း သူ့သက်ဆိုင်ရာလူမျိုးတွေ ၊အဖွဲ့အစည်းတွေကသူတို့လူမျိုး၊ သူတို့လူထုကိုသိတဲ့တတ်တဲ့နည်းနဲ့ကာကွယ်စောင့်ရှောက်ဖို့ကိုယ်တိုင်ကိုယ်ကျအုပ်စုဖွဲ့တပ်တွေထောင်လုပ်ဆောင်လာကြရတယ်။ဒါဟာ နိုင်ငံမှာစစ်အာဏာရှင်ကြီးစိုးပြီးဒီမိုကရေစီဆိတ်သုန်းရာက ပေါ်လာတဲ့လူ ထုတွေ ရဲ့ လှုပ်ရှားမှုတွေပါဘဲ။
လတ်တလော  ဦးခင်ရွှေနဲ့ဦးနေမျိုးဝေတို့အကြားပဋိပက္ခမှာဦးခင်ရွှေကဦးနေမျိုးဝေကိုကြိုးနဲ့တုပ်မယ်။ ရိုက်မယ်။ သူ့မှာ လုံခြုံရေး အင်အား ၂၀၀ ရှိတယ်၊ အလုပ်သအား ၃၀၀၀လောက်ရှိတယ်၊ ဆိုတော့ သူလည်း ကိုယ်ပိုင်တပ်လိုဖြစ်နေတာကိုတွေ့နိုင်တယ်။ ဦးဘုန်းဆွေ ဆိုတဲ့ ၀န်ကြီးကလည်း ထားဝယ်ရေနက် ကိစ္စအရေးမှာ လူမှုရေး အဖွဲ့တွေကို ရင်ဆိုင်ဖို့ ပြည်သူ့စစ်တွေ ဖွဲ့ဖို့လိုပြီဆိုတာတွေ၊ ကဘောချိုင်းဝျမ်းမှာ ယုဇန ကုမ္ပဏီက သူလူတွေကို လက်နက်တက်ဆင်ထားတယ် ဆိုတာတွေက ကိုယ်ပိုင်တပ်တွေ ဖြစ်ပေါ် လာမှာကို တွေ့နေရတယ်။
တကယ်က စစ်အာဏာရှင်ဘုရင်စံနစ်ဟာ သူ့နယ်စားပယ်စားတိုင်းမှူး စစ်ဘုရင်လေးတွေမွေးပြီး လူထုကို ဖိနှိပ်သွေးစုတ်နေတာပါ၊ စစ်အာဏာကို ကျားကန်ပေးမည့်၊ စစ်အာဏာကို ထောက်ကူပေးမည့် အင်အားစုတွေကို တိုက်ရိုက်ရောသွယ်ဝှိုက်သောနည်းတွေနဲ့ပါကိုယ်ပိုင်စစ်တပ်ကို မွေးဖို့အားပေးနေတာက ဗဟိုက စစ်ဘုရင်စစ်ဗိုလ်ချုပ်ကြီးတွေပါ။လူထုကြီးရဲ့ တရားမျှတ လွတ်လပ်စွာ မဲပေး မရွေးချယ်ဘဲ အစိုးရနေရာယူ သူတွေ ဟာ တကယ်အားဖြင့် စစ်တပ်ကိုကိုယ်ပိုင်လုပ်၊အမြတ်ထုတ်ပြီးသူတို့အကျိုးစီးပွါးကို ကာကွယ်နေတဲ့  စစ်အာဏာရှင်တွေသာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ စစ်တပ်ဟာ စစ်ဗိုလ်ချုပ်တွေက မောင်ပိုင်စီးထားတာကြာပါပြီ။ အိန္ဒိယမှာ ကိုယ်ပိုင် စစ်တပ်ကိုဖက်ဒရာယ်ခွင့်မပြုဘူးလိုဦးဌေးဦးကဆိုတယ်။သူတို့နိုင်ငံမှာစစ်တပ်ကအာဏာသိမ်းထားတဲ့ နိုင်ငံမဟုတ်တော့ လက်နက်ကိုင်ပုန်ကန်မှုက ရှားပါတယ်။ အစိုးရကိုလည်း ပြည်သူတွေက တိုက်ရိုက်ရွေး ကောက်နိုင်တော့ အစိုးရကို အစိုးရလိုအားကိုးလို့ရမှန်း လူတွေက ယုံကြည်နေကြတယ်။ကာကွယ်ရေးဝန်ကြီး ကလည်း အရပ် သားဖြစ်တယ်၊ မြန်မာပြည်မှာကကာကွယ်ရေးဝန်ကြီးကစစ်ဗိုလ်ချုပ်ဘဲမဟုတ်လား။ မြန်မာ ပြည်မှာက ၀န်ကြီးမပြောနဲ့ သမတက ပြောတာတောင် စစ်ဦးစီးချုပ်က တမျိုးလုပ်တာ။ လူထုတွေကလည်း အန္ဒ ရာယ် ကျရောက်ရင် နာဂစ်လိုဖြစ်ဖြစ် ၊ ရခိုင်အရေးလို ဖြစ်ဖြစ် အားကိုးလို့မရတာ သိနေတော့ ပြည်သူ တွေက သူတို့ကို သူတို့ အားကိုးပြီးလူစု ကြရတာ၊ လိုအပ်ရင် တပ်ထောင်ရတာဟာ သဘာဝအတိုင်းဘဲ လိုအပ်လို့လုပ်သလို ဖြစ်တယ်။ မြန်မာပြည်က အစိုးရဆိုတာ လူထုအစိုးရမဟုတ်ဘူးလေ။ဖိနှိပ်သူအဖြစ်သာ လူထု က သိနေတယ်။
တကယ်ဆိုတော့ဦးဌေးဦးတို့ဘက်ကကိုယ်ပိုင်တပ်ထောင်ပြီးကြီးပွါးနေကြတာကတခြားအင်အားစု တွေ အတွက် စံနမူနာအဖြစ် လိုက်တုနေကြဦးမှာပါ။ အကျိုးစီးပွါးအရ တူညီနေလို စစ်အာဏာရှင်ဘက်က လည်း ဆက်လက် ကာကွယ်နေဦးမှာပါ။တကယ့် တော်လှန်းရေးတပ် အစစ် အမှန်တွေပေါ်လာရတာက ပြည်သူ ကို ကိုယ်စားပြုတဲ့ အစိုးရဟုတ်မဟုတ်၊ လူထုအုပ်ချုပ်ရေးဟုတ်မဟုတ်နဲ့ ဆိုင်တယ် ဆိုတာကို စစ်တပ်မှာ အမှုထမ်းဘူးတဲ့ဦးဌေးဦးကနားလည်နိုင်ဖို့ခက်နေပါလိမ့်မယ်။ကာလအလိုက် တော်လှန်ရေးလှုပ်ရှားမှုတွေဟာ နည်းနာနဲ့သဏ္ဍာန်သာကွဲပြားနေပေမဲ့ လူထုအစိုးရ မပီသသ၍ ရှိနေမယ်။ ပိုဖိနှိပ်လာလေ သူပုန်ထလိုတဲ့ စိတ်တွေက တဖွါးဖွါး ပေါ်လာလေ ဖြစ်နေမှာ ပါ။
မြန်မာပြည်သူတွေကို လှည့်စားတတ်တဲ့ သူတွေထဲမှာ-စစ်အာဏာရှင်လက်ကိုင်ဒုတ်ပညာတတ် တွေက စစ်အာဏာရှင်စံနစ် “ဖျက်သိမ်းရေး” တို့ “ချုပ်ငြိမ်းရေး” တို့ပြောနေကြပေမဲ့ “တိုက်ဖျက်ရေး”ကို မပြောဘူး။ စစ်အာဏာရှင်စံနစ်ရှိနေသမျှဒီမိုကရေစီရေး၊လူ့အခွင့်အရေး၊ငြိမ်းချမ်းရေးဆိုတာမရှိနိုင်ဘူး။ဒါကြောင့် ပြည်သူတွေရဲ့ ဘ၀ အေးချမ်းလုံခြုံရေးနဲ့၊ တိုးတက်မြင့်မားရေးအတွက် အနှောက်အယှက်ကြီးဖြစ် နေတဲ့ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ဖြိုချရေးကိုအလေးထားလုပ်ဆောင်ရမယ်။ဒါမှသာစစ်မှန်တဲ့ ပြည်သူ့အစိုးရ ပေါ်ထွန်းရေးကို အကောင်အထည်ဖေါ်လို့ရမယ်။
ဒီနေ့ မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ ၈၈ နောက်ပိုင်း စစ်အာဏာရှင်စံနစ် ဦးမော့လာနိုင်တာကစစ်အာ ဏာရှင်ဆန့်ကျင်ရေးအင်အားစုအတွင်း ဖေါက်ဖြန်ရေးအင်အားစုတွေ၊အပေးအယူလုပ်လိုတဲ့သူတွေ ကြောင့်ပါ။ နိုင်ငံတ ကာကလေထုကြောင့်လည်းပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စံနစ်ရဲ့ဖိနှိပ်ထားမှုကိုဒါတွေကအဖိနှိပ် ခံပြည် သူတွေအပေါ်က လျှော့သွားအောင် မလုပ်နိုင်တဲ့ အပြင်  စစ်အာဏာရှင်နဲ့ သူ့လက်ဝေခံတွေရဲ့ သွေး စုတ် ဖိနှိပ်မှုက ပိုမိုပြင်းထန်လာနေတာကြောင့် ပြည်သူလူထုက  တော်လှန်ရေးတပ်တွေ ထောင်ပြီး ကိုယ့်အ ခွင့်အရေးအတွက် တိုက်ဝင်ရပါတော့မယ်။ ကြံ့ဖွတ်စစ်အာဏာရှင်တွေ မောင်ပိုင်စီးထားတဲ့  ကိုယ်ပိုင် လုပ်ထား တဲ့ အမျိုးသားစစ်တပ်ကို ပြည်သူဘက်ကပြန် ရပ်တည် တိုက်ပွဲဝင်လာအောင် လှုပ်ဆော်ကြရမှာ ဘဲ။ဦးဌေး ဦးပြောသလို “ ကိုယ်ပိုင်တပ်ထောင်မယ်ဆိုတာကိုတော့ လက်ခံဘူး” ဆိုသလိုဘဲ ကျွန်တော်က လည်း “ စစ်တပ်ကို ကိုယ်ပိုင်တပ်လို အသုံးချနေတာကိုလည်း လက်မခံနိုင်ပါကြောင်း” ပြန်ပြောလိုပါတယ်။
စစ်အအာဏာရှင်စံနစ် ကျဆုံးရမယ်။
ပြည်သူ့အစိုးရပေါ်ထွန်းရမယ်။
ဦးအေးဆောင်
ဖေဖ၀ါရီ ၁၅၊ ၂၀၁၃။

0 comments: